၁၉၈၉

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
၁၉၈၉ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
၂၀ ရာစု ခုနှစ်များ
၁၉၀၁ ၁၉၀၂ ၁၉၀၃ ၁၉၀၄ ၁၉၀၅ ၁၉၀၆ ၁၉၀၇ ၁၉၀၈ ၁၉၀၉ ၁၉၁၀
၁၉၁၁ ၁၉၁၂ ၁၉၁၃ ၁၉၁၄ ၁၉၁၅ ၁၉၁၆ ၁၉၁၇ ၁၉၁၈ ၁၉၁၉ ၁၉၂၀
၁၉၂၁ ၁၉၂၂ ၁၉၂၃ ၁၉၂၄ ၁၉၂၅ ၁၉၂၆ ၁၉၂၇ ၁၉၂၈ ၁၉၂၉ ၁၉၃၀
၁၉၃၁ ၁၉၃၂ ၁၉၃၃ ၁၉၃၄ ၁၉၃၅ ၁၉၃၆ ၁၉၃၇ ၁၉၃၈ ၁၉၃၉ ၁၉၄၀
၁၉၄၁ ၁၉၄၂ ၁၉၄၃ ၁၉၄၄ ၁၉၄၅ ၁၉၄၆ ၁၉၄၇ ၁၉၄၈ ၁၉၄၉ ၁၉၅၀
၁၉၅၁ ၁၉၅၂ ၁၉၅၃ ၁၉၅၄ ၁၉၅၅ ၁၉၅၆ ၁၉၅၇ ၁၉၅၈ ၁၉၅၉ ၁၉၆၀
၁၉၆၁ ၁၉၆၂ ၁၉၆၃ ၁၉၆၄ ၁၉၆၅ ၁၉၆၆ ၁၉၆၇ ၁၉၆၈ ၁၉၆၉ ၁၉၇၀
၁၉၇၁ ၁၉၇၂ ၁၉၇၃ ၁၉၇၄ ၁၉၇၅ ၁၉၇၆ ၁၉၇၇ ၁၉၇၈ ၁၉၇၉ ၁၉၈၀
၁၉၈၁ ၁၉၈၂ ၁၉၈၃ ၁၉၈၄ ၁၉၈၅ ၁၉၈၆ ၁၉၈၇ ၁၉၈၈ ၁၉၈၉ ၁၉၉၀
၁၉၉၁ ၁၉၉၂ ၁၉၉၃ ၁၉၉၄ ၁၉၉၅ ၁၉၉၆ ၁၉၉၇ ၁၉၉၈ ၁၉၉၉ ၂၀၀၀


ဇန်နဝါရီလ[ပြင်ဆင်ရန်]

(၂) ရက်။

  • ဒေါ်ခင်ကြည်၏ ဈာပနာ အခမ်းအနားသို့ ထောင်ပေါင်း များစွာသော ပြည်သူများ တက်ရောက် ကြသည်။ အာဏာ သိမ်းအပြီး ပထမ ဦးဆုံး လမ်းပေါ် ချီတက်ကြခြင်း ဖြစ်သည်။ ထိုဈာပနာသို့ အနောက်တိုင်း သံတမန် အများအပြား တက်ရောက် ကြသည်။

(၄) ရက်။

(၅) ရက်။

  • အမေရိကန် အစိုးရ ပြောရေး ဆိုခွင့် ရှိသူ Phyllis Oakley က မြန်မာ စစ်တပ်အား ထိုင်းနယ်စပ် ဒေသများမှ ပြန်လည် ရောက်ရှိ လာသော ကျောင်းသား များကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ် နေကြောင်း စွပ်စွဲ လိုက်သည်။

(၆) ရက်။

  • တာ့ခ်ရှိ ပြန်လည် ပို့ဆောင်ရေး စခန်းတွင် မိမိတို့အား မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခြင်းကို ကန့်ကွက်သည့် အနေဖြင့် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည့် မြန်မာ ကျောင်းသား ၂၆ ဦးသည် လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသည်။

(၁၀) ရက်။

  • အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးက ထိုင်း အစိုးရသည် မြန်မာ ကျောင်းသားများကို တာ့ခ်မှ ရန်ကုန်သို့ အတင်းအကြပ် ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု စွပ်စွဲ လိုက်သည်။ ထိုင်းအစိုးရကမူ မြန်မာ ကျောင်းသားများ အနေနှင့် မတ်လ ၃၁ ရက် မတိုင်မီ နေရပ်သို့ ပြန်ကြရန် သို့တည်းမဟုတ် ထိုင်းနိုင်ငံ ထဲသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲ ခံရမည်ဟု ကြေညာသည်။

(၁၃) ရက်။

  • ဂျပန်က မြန်မာပြည်သို့ ပေးအပ်ခဲ့သည့် အကူအညီများ အားလုံးကို တရားဝင် ရပ်စဲလိုက်သည်။ စုစုပေါင်း ယန်းငွေ ၉၂၇ သန်း (အမေရိကန် ဒေါ်လာ ၇ ဒဿမ ၃ သန်း) တန်ဖိုး ရှိသော နောက်ဆုံး အကူအညီ နှစ်ရပ်ကိုပါ ရပ်စဲလိုက်သည်။

(၁၈) ရက်-(၂၀)ရက်။

  • ရန်ကုန်၊ လွိုင်ကော်၊ တောင်ကြီး၊ မိတ္ထီလာနှင့် ပုဂံသို့ လာရောက်၍ ထိုင်း နယ်စပ်မှ ပြန်ရောက် ခဲ့ကြသည့် ကျောင်းသား များနှင့် တွေ့ဆုံရန် ဘန်ကောက်တွင် အခြေပြုသော ထိုင်းနှင့် နိုင်ငံခြား သတင်းထောက် ၄၆ ယောက်အား ဖိတ်ကြားလိုက်သည်။

(၁၉) ရက်။

  • မြန်မာ အစိုးရ တပ်က ထိုင်း နယ်စပ် အနီးရှိ ဗမာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဌာနချုပ် ရှိရာ ကလယ်ဒေး စခန်းကို သိမ်းပိုက်လိုက်သည်။

(၂၇) ရက်။

  • ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း ခရီးစဉ်မှ ပြန်ရောက် လာသည်။ သူမအား နှောက်ယှက်ခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် ၃၄ ဦးကို ဖမ်းဆီးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့သော ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ လပွတ္တာနှင့် အခြား ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ပြည်သူ များအား ခြိမ်းခြောက်ခြင်းတို့ ပြုလုပ် ခဲ့ကြောင်း စစ်တပ်က စွပ်စွဲခြင်း ခံရသည်။

(၂၈) ရက်။

  • ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် (၇၁ နှစ်)၊ ရန်ကုန်မြို့၌ ကွယ်လွန်သည်။

ဖေဖေါ်ဝါရီလ[ပြင်ဆင်ရန်]

(၅) ရက်။

  • ရန်ကုန် မြို့နယ် များတွင် ဗိုလ်ချုပ်ကြီး ချာဗာလစ်နှင့် ဗိုလ်ချုပ်ကြီး စောမောင်တို့ အပေးအယူ လုပ်ခဲ့သော သစ်ခုတ်ခွင့်နှင့် ငါးဖမ်းခွင့် သဘော တူညီမှု များကို သပိတ် မှောက်ကြရန် တိုက်တွန်းသည့် ပိုစတာများ ထွက်ပေါ် လာသည်။ ထို့အပြင် ထိုင်းနိုင်ငံ တာ့ခ်မှ မြန်မာ ကျောင်းသား များအား အတင်း အဓမ္မ ပြန်ပို့ ခဲ့သည့် ကိစ္စ ကိုလည်း ကန့်ကွက် ကြသည်။

(၇) ရက်။

  • အမေရိကန် အစိုးရက အာရှမှ လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်သည်။ မြန်မာ အစိုးရသည် လူမဆန်စွာ သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ နိုင်ငံရေး အကျဉ်းသား များအား နှိပ်စက် ညှဉ်းပမ်းမှု များကို ကျူးလွန် နေသည်ဟု စွပ်စွဲ လိုက်၏။ ကရင် သူပုန်များက ၎င်းတို့ အကျိုး မရှိသော ထိုင်း - မြန်မာ နယ်စပ် တလျှောက်ရှိ သစ်ခုတ်လှဲမှု လုပ်ငန်း များကို အဟန့်အတား ပြန်လုပ် သွားမည်ဟု ကြေညာ လိုက်သည်။

(၉) ရက်။

  • ဩစတြေးလျ နိုင်ငံမှ အလည်အပတ် ရောက်ရှိ နေသော လွှတ်တော် အမတ် ခရစ္စတိုဖာရှော့ (Christopher Schacht) က ဗိုလ်ချုပ်ကြီး စောမောင်နှင့် တွေ့ဆုံကာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် အတွက် ရက်သတ်မှတ် ပေးရန် တိုက်တွန်း လိုက်သည်။

(၁၂) ရက်။

  • ပြည်ထောင်စုနေ့။ ဤနေ့မျိုးတွင် ရန်ကုန်မြို့၌ စီတန်း လှည့်လည် ချီတက်ပွဲများ လူထု စည်းဝေးပွဲများ မပြု လုပ်သည်မှာ လွတ်လပ်သော မြန်မာ့ သမိုင်းတွင် ပထမဦးဆုံး အကြိမ် ဖြစ်သည်။

(၁၆) ရက်။

  • မြန်မာ့ အသံက ၁၉၉၀ နွေရာသီ၌ ရွေးကောက်ပွဲများ ပြုလုပ် ပေးမည်ဟု ကြေညာသည်။

(၁၇) ရက်။

  • ဂျပန်က ဗိုလ်ချုပ် စောမောင် အစိုးရကို အသိအမှတ် ပြုလိုက်ပြီး ၎င်းအနေနှင့် စီးပွားရေး အကူအညီ တစိတ်တဒေသ ပြန်လည် ပေးအပ် မည်ဟု ပြောကြားသည်။

(၂၂) ရက်။

  • ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရသည် ဆက်လက်၍ လူ့အခွင့်အရေးကို ချိုးဖောက် နေပြီး ဂျပန်က အကူအညီများ ပြန်လည် ပေးအပ် ခဲ့သည်ကို ပြစ်တင် ဝေဖန် ပြောကြား လိုက်သည်။

(၂၈) ရက်။

  • နိုင်ငံခြား သတင်း ဌာန များတွင် လုပ်ကိုင် နေကြသော မြန်မာများနှင့် တာ့စ်၊ ဆင်ဟွာ သတင်းထောက်တို့ ပါဝင်သည့် နိုင်ငံခြား သတင်းထောက်များ ကလပ်ကို ဖွင့်လှစ် ခဲ့သည်။

မတ်လ[ပြင်ဆင်ရန်]

(၂) ရက်။

  • ၁၉၆၂ ခု အာဏာသိမ်းမှု၏ ၂၇ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ နိုင်ငံတော် ငြိမ်/ပိက ရွေးကောက်ပွဲ ဥပဒေသစ် အပြည့်အစုံကို ပြည်သူ တို့အား ထုတ်ပြန် ကြေညာသည်။

(၁၃) ရက်။

  • ရန်ကုန်မြို့၌ မောင်ဖုန်းမော် ကျဆုံးသည့် တနှစ်ပြည့် အခမ်းအနားကို ကျောင်းသားများက ကျင်းပ ကြသည်။ မတ်လ ၁၃ ရက်နေ့ကို မြန်မာပြည် လူ့အခွင့်အရေးနေ့ အဖြစ် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များက ကြေညာ လိုက်သည်။

(၁၄) ရက်။

  • ဝ၊ ရှမ်းနှင့် ကိုးကန့်တရုတ် တပ်ဖွဲ့ များသည် CPB ဗဟိုမှ ခွဲထွက်ကာ မာ့စ်နှင့် လီနင် ဝါဒ တို့ကို စွန့်ပယ် လိုက်ကြသည်။

(၁၆) ရက်။

  • တံတားဖြူ တနှစ်မြောက် အထိမ်းအမှတ် အဖြစ် အင်းလျား ကန်၌ လွမ်းသူ့ ပန်းခွေများ ရေထဲ မျောကြရာ စစ်တပ်က သေနတ် များဖြင့် ချိန်ကာ တားဆီးမှု ပြုသည်။ ကျောင်းသား တထောင်ခန့် အစိုးရကို ကန့်ကွက် ဆန္ဒ ပြကြသည်။

(၂၄) ရက်။

  • မြန်မာပြည်၏ အထင်ပေါ်ဆုံး မြေအောက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်အား ရန်ကုန် မြို့တွင် ဖမ်းဆီး လိုက်ကြောင်း တရားဝင် သတင်း ဌာန များက ကြေညာသည်။

(၂၆) ရက်။

  • တိုက်ပွဲ အပြင်းအထန် ဖြစ်ပွား ခဲ့ပြီးနောက် မြန်မာ စစ်တပ်က ထိုင်းနယ်စပ် အနီးရှိ ကရင် သူပုန်တို့၏ မော်ဖိုးကေ စခန်းကို သိမ်းယူ လိုက်သည်။

(၂၇) ရက်။

  • တပ်မတော်နေ့။ ဦးနေဝင်းသည် ရန်ကုန်၌ ပြုလုပ်သော ညစာ စားပွဲသို့ တက်ရောက်သည်။ ၁၉၈၈ ခုနှစ် ဇူလိုင်လတွင် မဆလ ပါတီ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက် ခဲ့ပြီးနောက် အများ ပြည်သူ ရှေ့မှောက်သို့ ပထမဆုံး အကြိမ် ပြန်၍ ထွက်လာခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် ကျောင်းသား အုပ်စုများ စစ်တပ်ကို ဆန့်ကျင် ဆန္ဒ ပြကြရာမှ သေနတ်သံများ ပြတ်တောင်း ပြတ်တောင်း ကြားနေ ရသည်။ မန္တလေးတွင် ထောင်ပေါင်း များစွာသော ပြည်သူများ ဆန္ဒ ပြကြပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ် ကြသည်။

ဧပြီလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ထိုင်း အာဏာပိုင် များက တာ့ခ်ရှိ မြန်မာ ကျောင်းသားများ ကြိုဆိုရေး စခန်းကို ပိတ်လိုက်သည်။

(၅) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ တခွင် စည်းရုံးရေး ဆင်းခဲ့စဉ် အတွင်း ဓနုဖြူ၌ ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ကြီး မြင့်ဦးက သတ်ဖြတ်ရန် ခြိမ်းခြောက်သည်။

(၁၁)-(၁၃) ရက်။

  • ထိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပရာပတ်စ်လင်ပါဖန် ရန်ကုန်မြို့သို့ ၄ ရက်ကြာ အလည်အပတ် ရောက်ရှိ လာသည်။ ဗိုလ်ချုပ်ကြီး စောမောင်က ထိုင်း နိုင်ငံအား ကုန်သွယ်ရေး ဦးစား ပေးမှုဆု ကမ်းလှမ်း လိုက်သည်။

(၁၃) ရက်။

  • အမေရိကန်က မြန်မာနိုင်ငံသည် လက်ရှိ ရထားသည့် GSP အဆင့် ဆုံးရှုံး လိမ့်မည်ဟု ကြေညာသည်။ ယင်း အဆင့်မှာ မြန်မာ့ ကုန်ပစ္စည်းများ အမေရိကန် နိုင်ငံသို့ တင်သွင်းရာ၌ အကောက် အခွန် ကင်းလွတ်ခွင့် ရရှိခြင်း ဖြစ်သည်။

(၁၃) -(၁၆)ရက်။

  • မြန်မာ ဗုဒ္ဓဘာသာဝင် များ၏ နှစ်သစ်ကူးပွဲ ဖြစ်သည်။ တက္ကသိုလ် ရိပ်သာ လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ အစိုးရ ဆန့်ကျင်ရေး သံချပ် များဖြင့် သင်္ကြန်ပွဲကို ဆင်နွှဲ ကြသည်။ လမ်းမများ ပေါ်၌ စစ်သား များစွာမှာ လက်နက် အပြည့်အစုံဖြင့် ကင်းလှည့်လျက် ရှိသည်။

(၁၇) ရက်။

  • ဝ အမျိုးသား တပ်ဖွဲ့များက ပုန်ကန်ကာ တရုတ် နယ်စပ် အနီးမှ ပန်ဆန်းရှိ ကွန်မြူနစ် ပါတီ၏ ဗဟို ဌာနချုပ်ကို သိမ်းပိုက် ခဲ့သည်။ ဗမာပြည်တွင် ၄၁ နှစ်ကြာ ခဲ့သော ကွန်မြူနစ် သူပုန်ထမှု အဆုံးသတ် သွားသည်။ အသက်အရွယ် ကြီးနေကြပြီ ဖြစ်သော CPB ခေါင်းဆောင်များသည် တရုတ်နိုင်ငံ မိန်းလျန်းမြို့သို့ ထွက်ပြေး သွားသည်။

(၁၈) ရက်။

  • ဂျပန်နှင့် ဩစတြေးလျ နိုင်ငံသည် စစ်အစိုးရနှင့် ပြေပြစ်စွာ ဆက်ဆံ နေသေး သဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင် ဝေဖန် လိုက်သည်။

(၂၃) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သင်္ကြန် သံချပ် ပြိုင်ပွဲတွင် ပါဝင် ခဲ့သော ကျောင်းသား များကို ဖမ်းဆီးမှု စတင် ပြုလုပ်သည်။ ကျောင်းသား ခေါင်းဆောင် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန် ရန်ကုန်မှ ထိုင်း နယ်စပ်သို့ ထွက်ခွာ ခဲ့သည်။

မေလ[ပြင်ဆင်ရန်]

(၄) ရက်။

  • ဝါရင့် အလံနီ ကွန်မြူနစ် ပါတီ ခေါင်းဆောင် သခင်စိုး၊ အသက် ၈၄ နှစ်တွင် ရန်ကုန်၌ ကွယ်လွန် သွားသည်။

(၂၀) ရက်။

  • ကရင် သူပုန် အခြေစိုက် စခန်း ဝမ်းခါးကို သိမ်းပိုက်ရန် ကြိုးစားသည့် အနေဖြင့် အစိုးရ စစ်သား ၄၀၀ ထိုင်းနိုင်ငံ ထဲသို့ ဖြတ်ကျော် ဝင်ရောက်ကာ သူပုန် စခန်းကို နောက်ကျောမှ တိုက်ခိုက်ပြီး ထိုင်းနိုင်ငံ ဘက်ရှိ ဘန်ဝမ်ကွေး မြို့ငယ်ကို မီးရှို့ လိုက်သည်။

(၂၇) ရက်။

  • နိုင်ငံတော် ငြိမ်/ပိက တိုင်းပြည်၏ မူလ နာမည် ဘားမား (BURMA) မှ မြန်မာ (MYANMAR) သို့ ပြောင်းလိုက်ကြောင်း ကြေညာသည်။ လူမျိုးစု သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို ပယ်ချ လိုက်သည်။

(၃၁) ရက်။

  • နိုင်ငံတော် ငြိမ်/ပိက ပြည်သူ့ လွှတ်တော် (သို့မဟုတ်) ပါလီမန်၏ ရွေးကောက်ပွဲ ဥပဒေ သစ်ကို ထုတ်ပြန် ကြေညာသည်။

ဇွန်လ[ပြင်ဆင်ရန်]

(၁၈) ရက်။

  • နိုင်ငံတော် ငြိမ်/ပိက ချုပ်ချယ်မှုများ ပါရှိသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေသစ်ကို ထုတ်ပြန် ကြေညာသည်။
  • နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

(၁၉) ရက်။

  • ၁၉၈၈ ခုနှစ် ဩဂုတ်လ ၉ ရက်မှ စ၍ ပိတ်ခဲ့သော မူလတန်း ကျောင်းများ ပြန်လည် ဖွင့်လှစ်သည်။

(၂၁) ရက်။

  • မြေနီကုန်း လူသတ်ပွဲ၏ ပထမ အကြိမ် နှစ်ပတ်လည် နေ့ကို ထောင်ပေါင်း များစွာသော ပြည်သူ လူထုက မြေနီကုန်း ဈေး၌ အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ရာ စစ်တပ်က ပစ်ခတ် သဖြင့် လူတဦး သေဆုံး ရသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ခေတ္တ ခဏကြာမျှ ထိန်းသိမ်း ခံရသည်။

(၂၃) ရက်။

  • လုပ်သား ပြည်သူ နေ့စဉ် သတင်းစာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြင်းထန်စွာ ထိုးနှက် တိုက်ခိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်၌ ပြုလုပ်သော လူထု ဟောပြောပွဲ များတွင် ဦးနေဝင်းအား ပွင့်လင်းစွာ စတင် ဝေဖန် ပြောဆိုခြင်းဖြင့် ပြန်လည် တုံ့ပြန်သည်။

ဇူလိုင်လ[ပြင်ဆင်ရန်]

ဇူလိုင်လ ၄ ရက်။ သမ္မတ ဟောင်းလည်းဖြစ်၊ ဦးနု၏ အနီးကပ် လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သော မန်းဝင်းမောင်သည် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ (၇)ရက်။

  • ရန်ကုန် တဘက်ကမ်းရှိ သံလျင် ရေနံချက် စက်ရုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

(၁၀)ရက်။

  • ရန်ကုန် မြို့တော် ခမ်းမတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။

(၁၈)ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံတော် ငြိမ်/ပိတို့ ထိပ်တိုက် ရင်ဆိုင်မှု အထွဋ်အထိပ်သို့ ရောက်လာသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မိမိတို့ အစီအစဉ်ဖြင့် ၄၂ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲကို တက်ရောက်မည်ဟု ကြေညာ လိုက်သည်။ ငြိမ်/ပိက လက်နက် အပြည့်အစုံ တပ်ဆင် ထားသည့် စစ်တပ် များကို ရန်ကုန် မြို့တွင်းသို့ ပို့ဆောင် လိုက်သည်။ ရိုက်တာ သတင်းထောက် ဒေးဗစ်စတိုရီ (David Storey) မြန်မာပြည်မှ နှင်ထုတ်ခြင်း ခံရသည်။

(၁၉)ရက်။

  • အာဇာနည်နေ့။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ချီတက်မှုကို ကာကွယ်ရန် ထောင်ပေါင်း များစွာသော စစ်သား များသည် ရန်ကုန်မြို့ လမ်းများ ပေါ်တွင် ကင်းလှည့် လည်ကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သီးသန့် ပြုလုပ်မည့် အထိမ်းအမှတ် ချီတက်ပွဲ အစီအစဉ်ကို ဖျက်သိမ်း လိုက်သည်။

(၂၀) ရက်။

  • ဒေါ်အောင်ဆန်းစုကြည်အား နဝတ အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ တားဆီးလိုက်သည်။ နိုင်ငံတော် ငြိမ်/ပိက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး တို့အား တနှစ် အကျယ်ချုပ် ချထား လိုက်သည်။ တနိုင်ငံလုံးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် မြောက်များစွာ ဖမ်းဆီးခြင်း ခံရသည်။

(၂၃) ရက်။

  • ဥပဒေ ချိုးဖောက် ခဲ့သူများကို စစ်ဆေးရန် အဖွဲ့ဝင် ၃ ဦး ပါသော စစ်ခုံရုံးများ ဖွဲ့စည်း လိုက်ကြောင်း နိုင်ငံတော် ငြိမ်/ပိက ကြေညာ လိုက်သည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်မှ သေဒဏ် အထိ အပြစ်ဒဏ်များ သတ်မှတ် လိုက်သည်။ အတိုက်အခံ များအား ဆက်လက် ဖမ်းဆီး ကြသည်။ တချိန်တည်း၌ ထောင်ပေါင်း များစွာသော ရာဇဝတ် အကျဉ်းသား များကို ထောင်မှ လွှတ်ပေး လိုက်သည်။

(၂၇) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ၃ ဦးကို ဇူလိုင်လ ၇ ရက်နေ့က သံလျက် ရေနံချက် စက်ရုံ၌ ဗုံးဖောက်ခွဲ ခဲ့မှုဖြင့် စစ်ခုံရုံးက သေဒဏ် ပေးလိုက်သည်။

(၃၀) ရက်။

  • မန္တလေး၌ သံဃာတော် အပါး ၅၀၀၀ အစိုးရကို ဆန္ဒ ပြကြသည်။

ဩဂုတ်လ[ပြင်ဆင်ရန်]

(၅) ရက်။

  • ဗိုလ်မှူးချုပ် ခင်ညွန့်က ခြောက်နာရီကြာ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့၌ ပြုလုပ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဗကပ တို့၏ ချယ်လှယ်မှု ခံနေရကြောင်း စွပ်စွဲ လိုက်သည်။ ဗကပတို့ အာဏာ သိမ်းရန် ကြံစည်မှုကို သူ့အနေနှင့် ဖော်ထုတ် ခဲ့သည်ဟု ကြေညာသည်။

(၁၀) ရက်။

  • ရာဇဝတ်မှုဖြင့် တရား စွဲဆိုခြင်း ခံနေရသော အကျဉ်းသား စုစုပေါင်း ၁၇၈၇၇ ယောက်ကို ထောင်မှ လွှတ်ပေး လိုက်သည်။

(၁၄) ရက်။

  • အလယ်တန်း ကျောင်းများ ပြန်ဖွင့်သည်။ နိုင်ငံရေး လှုပ်ရှားသူ များကို ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးမှုများ ပြုလုပ် နေကြောင်း သတင်းများ ထွက်ပေါ် လာသည်။

(၁၅) ရက်။

  • ဇူလိုင်လ ၇ ရက်နေ့တွင် သံလျင် ရေနံချက် စက်ရုံ၌ ဗုံးပေါက်ကွဲမှု အတွက် သေဒဏ် ကျခံ ခဲ့ရသော လူငယ် ၃ ဦး ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ကရင် သူပုန် ကေအန်ယူမှ ပြုလုပ် ခဲ့ခြင်းသာ ဖြစ်ကြောင်း ကေအန်ယူ ပြောရေး ဆိုခွင့် ရှိသူက ပြောကြားသည်။

(၁၈) ရက်။

  • စင်္ကာပူ၌ အခြေစိုက်သော အက်စ်ကေအက်စ် မားကတ်တင်း လီမီတက် (SKS Marketing Ltd) က မြန်မာ အစိုးရနှင့် ဖက်စပ် လုပ်ငန်း တည်ထောင် လိုက်သည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွှန့်က ကုန်သည်များကို အစိုးရ မတည်မြဲအောင် လုပ်ဆောင် နေသည်ဟု စွပ်စွဲ လိုက်သည်။ ရန်ကုန်၌ နေ့စဉ် လူသုံးကုန် ဈေးနှုန်းများ ခေါင်ခိုက် လာသည်။

(၂၁) ရက်။

  • ဆရာ အတတ်သင် သိပ္ပံများ ပြန်လည် ဖွင့်လှစ် လိုက်သည်။

(၂၆) ရက်။

  • ရန်ကုန်ရှိ အမေရိကန် သံရုံးက အစိုးရ အနေနှင့် နိုင်ငံရေး အကျဉ်းသား များကို ရိုက်နှက်ခြင်း၊ ညှဉ်းပမ်းခြင်း စသည့် ခိုင်လုံသော သတင်းများ ရရှိ ခဲ့သည်ဟု ဆိုသည်။

(၂၉) ရက်။

  • ၁၉၈၈ ခု စက်တင်ဘာ လတွင် မန္တလေးတိုင်း တန့်ဆည် ရဲစခန်းကို တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ဆိုသော လူ ၁၁ ဦးကို ရွှေဘို စစ်ခုံရုံးက သေဒဏ် အမိန့် ချလိုက်သည်။ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး ဒေါက်တာ ဖေသိန်းက "မြန်မာပြည်တွင် လွန်ခဲ့သော နှစ်အုံကြွမှု၌ သေဆုံးခဲ့သော ကျောင်းသား ဦးရေမှာ မပြောပ လောက်သော ဦးရေ မျှသာ ဖြစ်၍ ပြောစရာပင် မလိုတော့" ဟု ဆိုသည်။

(၃၀) ရက်။

  • အစ္စရေးနှင့် ဘယ်လ်ဂျီယံမှ ဝယ်ယူ ခဲ့သော လက်နက် ခဲယမ်းများ စင်္ကာပူမှ တဆင့် ရေကြောင်းဖြင့် ရန်ကုန်သို့ ရောက်လာသည်။

(၃၁) ရက်။

  • နိုင်ငံတော် ငြိမ်/ပိက အသစ် ဖွဲ့စည်း လိုက်သည့် ရှေ့နေများ ကောင်စီ၏ ရှေ့နေချုပ် အသစ်ကို ခန့်အပ် လိုက်သည်။

စက်တင်ဘာလ[ပြင်ဆင်ရန်]

(၈) ရက်။

  • ဥရောပ ဘုံဈေး အဖွဲ့ဝင် အစိုးရ ၁၂ ခုက မြန်မာပြည်အား နိုင်ငံရေး ဖိနှိပ်မှုများ အဆုံး သတ်ရန်နှင့် လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပရန် တိုက်တွန်း လိုက်သည်။

(၉) ရက်။

  • ဗိုလ်မှူးချုပ် ခင်ညွန့်က ၇ နာရီကြာ မိန့်ခွန်း ပြောကြား ခဲ့ရာတွင် မိမိ အနေနှင့် လက်ျာ သမားများ အာဏာသိမ်းရန် ကြံစည်မှုကို ဖော်ထုတ် ခဲ့ပြီး ရန်ကုန်ရှိ နိုင်ငံခြား သံရုံး တချို့က ယင်း ကြံစည်မှုတွင် ပါဝင် ပတ်သက် ခဲ့သည်ဟု စွပ်စွဲ လိုက်သည်။

(၁၈) ရက်။

  • နိုင်ငံတော် ငြိမ်/ပိ အာဏာ သိမ်းယူသည့် တနှစ်မြောက်နေ့ ဖြစ်သည်။ ရန်ကုန်မြို့တွင် ငြိမ်သက်လျက် ရှိပြီး လုံခြုံရေး တင်းကြပ်စွာ ချထားသည်။ စစ်အစိုးရကို ဆန့်ကျင်သည့် အနေဖြင့် အလယ်တန်း ကျောင်းသားလေး များက အနီရောင် လက်ပတ်များ တပ်ဆင် ထားကြသည်ကို တွေ့ရသည်။

(၂၃) ရက်။

  • ကိုကာ ကိုလာ ကုမ္ပဏီသည် ယင်း ကုမ္ပဏီထုတ် အဖျော် ယမကာ များကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရန် အစိုးရနှင့် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာက ကြေညာသည်။

(၂၅) ရက်။

  • အထက်တန်း ကျောင်းများ ပြန်လည် ဖွင့်လှစ်သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ထောက်လှမ်းရေး သူလျှို ၃ ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် သင်္ကာ မကင်းဖွယ်ရာ လူ ၅ ဦးကို စစ်ခုံရုံးက သေဒဏ် အမိန့် ချလိုက်သည်။

အောက်တိုဘာလ[ပြင်ဆင်ရန်]

(၃) ရက်။

  • အောက်တိုဘာလ ၃ ရက်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးဝင်းတင်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အပြစ် ပေးလိုက်သည်။ တောင်ကိုရီးယား ရေနံ ကုမ္ပဏီ တခု ဖြစ်သော ယူကောင်း လီမီတက် (Yukong Ltd) က မြန်မာပြည် ကမ်းလွန် ရေနံ ရှာဖွေခွင့်ကို ပထမ ဦးဆုံး ရရှိ လိုက်သည်။

(၅) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးသော်ကအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ အပြစ် ပေးလိုက်သည်။ ရန်ကုန်မှ ရှေ့နေ တဦး ဖြစ်သူ ဦးနေမင်းကို ဘီဘီစီသို့ သတင်းမှားများ ပေးပို့သည် ဟူသော စွပ်စွဲချက်ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၄ နှစ် အပြစ် ပေးလိုက်သည်။

(၆) ရက်။

  • မြိတ်မှ ရန်ကုန်သို့ ထွက်လာသော မြန်မာ လေယာဉ် တစင်းအား မြန်မာ ကျောင်းသား နှစ်ဦးက ထိုင်းနိုင်ငံသို့ ပြန်ပေး ဆွဲလာသည်။

(၇) ရက်။

  • ထောက်လှမ်းရေး တင်ဦးသည် ယခင် ထောက်လှမ်းရေး အကြီးအကဲ ဖြစ်ခဲ့သော ဘိုနီနှင့် အတူ ရန်ကုန် အင်းစိန် ထောင်မှ လွတ်လာသည်။

(၁၈)-(၁၉) ရက်။

  • ဗိုလ်ချုပ် သန်းရွှေ ဦးဆောင်၍ အဖွဲ့ဝင် ၂၄ ဦး ပါသော မြန်မာ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သို့ ရောက်ရှိ လာသည်။

(၂၇) ရက်။

  • နယ်သာလန်မှ ရှဲလ် (Shell) ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ လက်မှတ် ရေးထိုး လိုက်သည်။

(၃၀) ရက်။

  • ဂျပန်နိုင်ငံမှ အီဒီမစ်ဆူ (Idemitsu) ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ လက်မှတ် ရေးထိုး လိုက်သည်။

နိုဝင်ဘာလ[ပြင်ဆင်ရန်]

(၆) ရက်။

  • ပက်ထရို ကနေဒါ (Petro-Canada) ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ လက်မှတ် ရေးထိုး လိုက်သည်။

(၁၀) ရက်။

  • အမေရိကန် ပြည်ထောင်စုမှ အမိုကို (AMOCO) ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ လက်မှတ် ရေးထိုး လိုက်သည်။

(၁၃) ရက်။

  • အမေရိကန် ပြည်ထောင်စုမှ ယူနိုကယ် (UNOCAL Corp) ကုမ္ပဏီက မြန်မာ နိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ လက်မှတ် ရေးထိုး လိုက်သည်။

(၁၅) ရက်။

  • လူပေါင်း ၆၀၀၀ ခန့်သည် နိုင်ငံရေးမှုဖြင့် အဖမ်း ခံခဲ့ရပြီး လူပေါင်း ၃၀၀၀ မှာ ၁၉၈၉ ခုနှစ် ဇူလိုင်လ ကတည်းက အဖမ်း ခံခဲ့ရသည်။ တခြား ခန့်မှန်းချက် များက ထို ကိန်းဂဏန်း တို့ထက် ပို၍ များသည်ဟု အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့အစည်းက ပြန်ကြား လာသည်။ အသစ် ဖွဲ့စည်း လိုက်သော စစ်ခုံရုံး များမှ လူပေါင်း တရာကို သေဒဏ် အပြစ် ပေးခဲ့သည် ဟူ၍လည်း ယင်း အဖွဲ့အစည်းက ပြောဆိုသည်။

(၁၆)-ဒီဇင်ဘာလ( ၆) ရက်။

  • နိုင်ငံတော် ငြိမ်/ပိနှင့် သူပုန် ခေါင်းဆောင် တချို့ ရန်ကုန်မြို့တွင် လျှို့ဝှက် ဆွေးနွေးပွဲ ပြုလုပ်သည်။ အဆိုပါ ခေါင်းဆောင် များသည် မတ်လနှင့် ဧပြီလ များက ဗမာပြည် ကွန်မြူနစ် ပါတီ (ယခုမရှိ) ၏ နိုင်ငံရေး ဦးဆောင်မှုကို ဆန့်ကျင် တော်လှန် ခဲ့ရာ၌ ပါဝင် ခဲ့သူများ ဖြစ်သည်။

(၁၇) ရက်။

  • ဗြိတိန် နိုင်ငံမှ ကရော့ဖ် ရေနံ ရှာဖွေရေး (Croft Exploration) ကုမ္ပဏီက မြန်မာ နိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ လက်မှတ်ရေး ထိုးလိုက်သည်။

(၂၁) ရက်။

  • လက်ျာ ကြံစည်မှု ခေါင်းဆောင် ဦးရဲထွန်းအား နိုင်ငံရေး ပြစ်မှု ကျူးလွန်ခြင်းနှင့် ဟာဝိုင်ယီရှိ ဘဏ် တခုတွင် တရား မဝင် ငွေစာရင်း ဖွင့်ခဲ့ခြင်းတို့ အတွက် ထောင်ဒဏ် ၁၈ နှစ် အပြစ် ပေးလိုက်သည်။

(၂၄) ရက်။

  • ဘီအိပ်ခ်ျပီ (Broken Hill Proprietary) ဟု ခေါ်သော ဩစတြေးလျ နိုင်ငံမှ ကုမ္ပဏီ တခုက မြန်မာနိုင်ငံတွင် ရေနံ ရှာဖွေရန် သဘောတူ လက်မှတ် ရေးထိုး လိုက်သည်။

ဒီဇင်ဘာလ[ပြင်ဆင်ရန်]

(၁၁) ရက်။

  • ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲ များတွင် နိုင်ငံရေး ပါတီပေါင်း ၁၀၀ ခန့် ပါဝင် ယှဉ်ပြိုင်ရန် ကြေညာ လိုက်သည်။ မန္တလေး၌ ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။

(၂၂) ရက်။

  • အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦးအား ရန်ကုန် စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်သည်။

(၂၉) ရက်။

  • နိုင်ငံတော် ငြိမ်/ပိ အဖွဲ့က ဦးနုနှင့် အပေါင်းပါ ၁၂ ဦးကို အကျယ်ချုပ် ချထား လိုက်သည်။ အစိုးရ တပ်ဖွဲ့ များက ထိုင်းနယ်မြေ တွင်းသို့ ဝင်၍ ထိုင်း နယ်စပ်ရှိ ကရင် သူပုန် စခန်း ဖလူးကို နောက်ပိုင်းမှ ဝင်ပြီး သိမ်းပိုက် လိုက်သည်။