၁၉၈၇

ဝီကီပီးဒီးယား မှ
၁၉၈၇ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
ထောင်စုနှစ်: ၂ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

၁၉၈၇ (MCMLXXXVII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် ကြာသပတေးနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၈၇ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၂ ထောင်စုနှစ်၏ ၉၈၇ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၈၇ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၈၀ ဆယ်စုနှစ်၏ ၈ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

ဇန်နဝါရီလ[ပြင်ဆင်ရန်]

(၁) ရက်။

ဖေဖော်ဝါရီလ[ပြင်ဆင်ရန်]

(၁) ရက်။

မတ်လ[ပြင်ဆင်ရန်]

(၁) ရက်။

ဧပြီလ[ပြင်ဆင်ရန်]

(၁) ရက်။

မေလ[ပြင်ဆင်ရန်]

(၁) ရက်။

ဇွန်လ[ပြင်ဆင်ရန်]

(၁) ရက်။

ဇူလိုင်လ[ပြင်ဆင်ရန်]

(၁) ရက်။

ဩဂုတ်လ[ပြင်ဆင်ရန်]

(၁၀) ရက်။

  • ဦးနေဝင်းက ရေဒီယိုနှင့် ရုပ်မြင် သံကြားမှ မိမိ ၂၅ နှစ်ကြာ အုပ်ချုပ် ခဲ့စဉ် ကာလ အတွင်း အမှားများ ပြုလုပ် ခဲ့ကြောင်း၊ အချိန် အခါနှင့် လျော်ညီစွာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ၉ မိနစ်ခွဲကြာ ပြောကြားသော မိန့်ခွန်းတွင် ဝန်ခံ လိုက်သည်။

စက်တင်ဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ၁၉၆၆ ခုနှစ် ကတည်းက အစိုးရ ချုပ်ကိုင် ခဲ့သည့် ဆန်၊ ပြောင်းနှင့် ပဲ အမျိုးမျိုး ရောင်းဝယ် ဖောက်ကားမှုများ အပေါ် ကင်းလွတ်ခွင့် ပြုလိုက်သည်။

(၅) ရက်။

  • ကျပ်ငွေ ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန် များကို သုံးစွဲရန် တရား မဝင်တော့ကြောင်း နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင် လက်မှတ် ရေးထိုး ခဲ့သည့်အမိန့်ကို ထုတ်ပြန်သည်။ တိုင်းပြည်၏ ငွေကြေး လည်ပတ်မှု ၈၉ ရာခိုင်နှုန်းမှာ ပျောက်ကွယ် သွားပြီး ပြည်သူများအား သုံးစွဲခွင့် ရပ်စဲ လိုက်သည့် ငွေစက္ကူများ အတွက် လျော်ကြေး မပေးပေ။

(၆) ရက်။

  • အစိုးရက တက္ကသိုလ်နှင့် ကောလိပ် အားလုံးကို ပိတ်လိုက်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းမှ ရန်ကုန်တွင် လာရောက် ပညာ သင်ကြား နေသော ကျောင်းသားများကို နေရပ်သို့ ပြန်ပို့ လိုက်သည်။

(၇) ရက်။

  • အခွန်ကောက် ဥပဒေ အများအပြားကို ပြန်လည် ပြင်ဆင် လိုက်သည်။ လယ်သမားများ ငွေအစား ကုန်ပစ္စည်း များဖြင့် အခွန် ပေးရန် ဥပဒေကို ချမှတ်ခဲ့ရာ ကျေးလက် ဒေသများတွင် မကျေနပ်မှုများ ပေါ်ပေါက် လာသည်။

အောက်တိုဘာလ[ပြင်ဆင်ရန်]

(၉) ရက်။

  • ဦးနေဝင်းက ထိုနေ့ မဆလ ပါတီ အစည်းအဝေး တရပ်တွင် "ကျွန်တော်တို့ အနေနဲ့ နိုင်ငံသားတိုင်း ဘယ်သူမဆို ပုဂ္ဂလိက လုပ်ငန်းများကို မှတ်ပုံတင်ပြီး လုပ်ကိုင်နိုင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာခဲ့ပြီး ဖြစ်ပါတယ်" ဟူ၍ ပြောကြားသည်။

(၁၄) ရက်။

  • ပြည်သူ့ လွှတ်တော်က စက်တင်ဘာလ ၅ ရက်နေ့တွင် ငွေစက္ကူ တန်ဖိုး ချခဲ့မှုကို သဘောတူကြောင်း အတည် ပြုလိုက်သည်။ အသုံး မပြု နိုင်တော့သည့် ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန် ငွေစက္ကူများ အစား ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် ငွေစက္ကူ များဖြင့် အစား ထိုးလိုက်သည်။

(၂၈) ရက်။

  • နံနက် ၄ နာရီ ခွဲခန့်တွင် ရန်ကုန် မြို့လယ်ရှိ သမ္မတ ရုပ်ရှင်ရုံ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။ တစုံတယောက်မှ ထိခိုက်မှု မရှိပေ။

(၂၉) ရက်။

  • ကုလ သမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကောင်စီက မြန်မာပြည်သည် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံ အဆင့်အတန်းတွင် ပါဝင်ကြောင်း လက်ခံလိုက်သည်။

နိုဝင်ဘာလ[ပြင်ဆင်ရန်]

(၂-၃) ရက်။

  • ရခိုင်ပြည်နယ် စစ်တွေ ဒေသ ကောလိပ်မှ ကျောင်းသားများ အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံ များဖြင့် ဆန္ဒ ပြကြသည်။

(၇) ရက်။

  • မန္တလေးတိုင်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် ပျဉ်းမနား တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ကျောင်းသားများက ဦးနေဝင်း ရုပ်ပုံများကို မီးရှို့၍ ဆန္ဒ ပြကြသည်။

ဒီဇင်ဘာလ[ပြင်ဆင်ရန်]

(၁၁) ရက်။

  • ကုလ သမဂ္ဂ အထွေထွေ ညီလာခံက မြန်မာနိုင်ငံသည် ဖွံဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်ကြောင်း သဘောတူ အတည် ပြုလိုက်သည်။ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေ အဖွဲ့အစည်း ကိန်းဂဏန်း အရ မြန်မာ့ နိုင်ငံခြား ငွေသည် အမေရိကန် ဒေါ်လာ ၂၈ သန်း အထိ ကျဆင်း သွားသည်။
  • ရန်ကုန် စက်မှု တက္ကသိုလ်မှ ကြိုးကြား ကြိုးကြား သတင်းများ ကြားရသည်။ မန္တလေးရှိ ရဲအဖွဲ့သို့ မြေအောက် ကျောင်းသား အဖွဲ့က ခြိမ်ချောက် စာများ ပေးပို့သည်။

ဇန်နဝါရီ ဖွားများ[ပြင်ဆင်ရန်]

ဖေဖော်ဝါရီ ဖွားများ[ပြင်ဆင်ရန်]

မတ် ဖွားများ[ပြင်ဆင်ရန်]

ဧပြီ ဖွားများ[ပြင်ဆင်ရန်]

မေ ဖွားများ[ပြင်ဆင်ရန်]

ဇွန် ဖွားများ[ပြင်ဆင်ရန်]

ဇူလိုင် ဖွားများ[ပြင်ဆင်ရန်]

ဩဂုတ် ဖွားများ[ပြင်ဆင်ရန်]

စက်တင်ဘာ ဖွားများ[ပြင်ဆင်ရန်]

အောက်တိုဘာ ဖွားများ[ပြင်ဆင်ရန်]

နိုဝင်ဘာ ဖွားများ[ပြင်ဆင်ရန်]

ဒီဇင်ဘာ ဖွားများ[ပြင်ဆင်ရန်]

ဇန်နဝါရီ ကွယ်လွန်သူများ[ပြင်ဆင်ရန်]

ဖေဖော်ဝါရီ ကွယ်လွန်သူများ[ပြင်ဆင်ရန်]

မတ် ကွယ်လွန်သူများ[ပြင်ဆင်ရန်]

ဧပြီ ကွယ်လွန်သူများ[ပြင်ဆင်ရန်]

မေ ကွယ်လွန်သူများ[ပြင်ဆင်ရန်]

ဇွန် ကွယ်လွန်သူများ[ပြင်ဆင်ရန်]

ဇူလိုင် ကွယ်လွန်သူများ[ပြင်ဆင်ရန်]

ဩဂုတ် ကွယ်လွန်သူများ[ပြင်ဆင်ရန်]

စက်တင်ဘာ ကွယ်လွန်သူများ[ပြင်ဆင်ရန်]

အောက်တိုဘာ ကွယ်လွန်သူများ[ပြင်ဆင်ရန်]

နိုဝင်ဘာ ကွယ်လွန်သူများ[ပြင်ဆင်ရန်]

ဒီဇင်ဘာ ကွယ်လွန်သူများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]