အာဖရို-ယူရေးရှား

ဝီကီပီးဒီးယား မှ
အာဖရို-ယူရေးရှား
Afro-Eurasia
ဧရိယာ၈၄,၉၈၀,၅၃၂ စတုရန်း ကီလိုမီတာ (၃၂,၈၁၁,၁၆၆ စတုရန်းမိုင်)
လူဦးရေ၆,၁၅၁,၈၁၀,၀၀၀ (၂၀၁၃)
DemonymAfro-Eurasian, Afroeurasian, Eurafrasian
နိုင်ငံများ၁၄၇
အမှီအခိုနယ်မြေများ၁၇
ဘာသာစကားများ၄,၇၂၅[၁][၂]
အချိန်ဇုန်များUTC-1 (Cap-Vert)
UTC+12 (ဆိုက်ဘေးရီးယား)

ကမ္ဘာဟောင်း ဟုခေါ်ဆိုကြသော အာဖရို-ယူရေးရှား (အေဖရိုယူရေးရှားယူရာဖရေးရှား[၃] သို့ ယူဖရေးရှား[၄]) သည် အရှေ့ကမ္ဘာခြမ်းတွင် တည်ရှိသော ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ကုန်းမြေဖြစ်သည်။ ဆူးအက်ကျွန်းဆက်ဖြင့် ဆက်စပ်နေသော အာဖရိက နှင့် ယူရေးရှား (ဥရောပနှင့် အာရှ) နှစ်ခုကို ပေါင်းစပ်၍ ခေါ်ဆိုထားခြင်းဖြစ်သည်။ စူပါတိုက် ဟူ၍လည်း ခေါ်ဆိုကြသေးသည်။ အာဖရို-ယူရေးရှား သည် ဧရိယာစုစုပေါင်း ၈၄၉၈၀၅၃၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ လူဦးရေ သန်း ၆ ထောင်ခန့် (ကမ္ဘာ့လူဦးရေ၏ ၈၅% ခန့်) နေထိုင်ကြသည်။[၅] အမေရိကအန္တာတိက နှင့် အိုရှန်းနီးယား တို့အား ကမ္ဘာသစ် ဟု ခေါ်ဆိုသကဲ့သို့ အာဖရို-ယူရေးရှား ကို ကမ္ဘာဟောင်း ဟူ၍ ခေါ်ဆိုကြလေသည်။

ဘူမိဗေဒအယူအဆ[ပြင်ဆင်ရန်]

အာဖရိကနှင့် အာရှ တို့သည် ကုန်းမြေတံတားဖြင့် ဆက်စပ်လျက်ရှိသည်။ နောင်နှစ်ပေါင်း ၆ သိန်းကျော်ခန့်တွင် အာဖရိက သည် ဥရောပနှင့် အပြင်းအထန် တိုက်မိလိမ့်မည်ဟု ယူဆထားကြသည်။ ထိုသို့ တိုက်မိမှုကြောင့် ဂျီဘရော်လ်တာ ရေလက်ကြား ပိတ်သွားကာ မြေထဲပင်လယ်သည် အတ္တလန္တိတ်သမုဒ္ဒရာ မှ သီးခြားဖြစ်သွားပေလိမ့်မည်။ နောင်နှစ်ပေါင်း ၅ သန်းကျော်တွင်လည်း တောင်တန်းများလှုပ်ရှားခြင်းကြောင့် မြေထဲပင်လယ် ကွယ်ပျောက်သွားလိမ့်မည်ဟု ယူဆထားကြသည်။[၆]

နယ်မြေအပိုင်းအခြား[ပြင်ဆင်ရန်]

ယူရေးရှား (ဥရောပနှင့် အာရှ) နှင့် အာဖရိက တို့ကို ဆူးအက်တူးမြောင်းဖြင့် ပိုင်းခြားထားသည်။ ယဉ်ကျေးမှုနှင့် သမိုင်းအချက်အလက်များအရ ယူရေးရှားမြောက်အာဖရိက နှင့် အာဖရိက ဆာဟာရဒေသ ဟူ၍လည်း ခွဲခြားခေါ်ဆိုကြသည်။[၇]

ပထဝီဝင်အရ ဒေသများ[ပြင်ဆင်ရန်]

 

ကိုးကား[ပြင်ဆင်ရန်]

  1. The world’s languages, in 7 maps and charts။ WorldViews: The Washington Post (2015-04-23)။ 2015-04-24 တွင် ပြန်စစ်ပြီး။
  2. အာဖရိကရှိ ဘာသာစကား ၂,၁၃၈ ခု၊ အာရှ ၂,၃၀၁ နှင့် ဥရောပ ၂၈၆ ခုပေါင်း ဖြစ်သည်။
  3. For example, Henry Field uses both terms in The University of California African Expedition: I, Egypt. American Anthropologist, New Series, Vol. 50, No. 3, Part 1 (Jul. - Sep., 1948), pp. 479-493.
  4. Vincent Capdepuy, 2011, Un espace : l'Eufrasie Archived 11 September 2014 at the Wayback Machine., M@ppemonde, N°104
  5. ကုလသမဂ္ဂ၏ ၂၀၀၇ ခုနှစ် ခန့်မှန်းလူဦးရေစာရင်း ကို အခြေခံထားသည်World Population Prospects: The 2006 Revision (Highlights).
  6. Africa will collide with Europe and Asia, 50 Million years from now
  7. Diamond၊ Jared (1997)။ Guns, Germs, and Steel: The Fates of Human Societies။ Norton & Company။ ISBN 0-393-03891-2