ဆိုက်ဘေးရီးယား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆိုက်ဗီးရီးယား[ပြင်​ဆင်​ရန်​]

ရုရှနိုင်ငံ၏ အရှေ့ပိုင်းဒေသ[ပြင်​ဆင်​ရန်​]

ရှေးအခါကဆိုက်ဗီးရီးယားသည်မဲဇာရပ်ပမာရာဇဝတ်သားများ ပို့ထားရာဒေသအဖြစ်ဖြင့်လူသိများခဲ့သည်။ ရာသီဥတု အလွန်အေးသည်ကတစ်ကြောင်း၊ ခရီးလမ်းပန်းမသာယာ သည်က တစ်ကြောင်း တို့ကြောင့် တိုးတက်ဖွံ့ဖြိုးခြင်းမရှိခဲ့ ချေ။ ယခုအခါ၌မူကား ဆိုက်ဗီးရီးယားဒေသသည် ရုရှနိုင်ငံ၏ စက်မှုလက်မှုလုပ်ငန်း ချဲ့ထွင်လုပ်ကိုင်ရာ ဒေသဖြစ်လာချေပြီ။


ယေဘုယျအားဖြင့် ဆိုက်ဗီးရီးယားဟူသည် အာရှတိုက် မြောက်ပိုင်းတစ်ခုလုံးကို ခေါ်ဝေါ်သော အမည်ဖြစ်သည်။ ဆိုက်ဗီးရီးယားဟူသောဒေသမှာ ရေခဲများဖုံးလွှမ်း၍ အလွန်အမင်းအေးလှသောကြောင့် တစ်ကြောင်း၊ ဝေးခေါင်ကွာလှမ်းလှသောကြောင့်တစ်ကြောင်း၊ မဲဇာရပ်ပမာ ကြောက်မက်ဖွယ်ရာ ဒေသ၊လူသူသွားလာနေထိုင်ရန်မဖြစ်နိုင် သောဒေသ၊ နယ်နှင်ဒဏ်အခတ်ခံရသော ရုရှရာဇဝတ် ကောင်များ မဲဇာပို့ရာဒေသဟူ၍သာလူအများတို့သည် တွေးထင်မှတ်ယူလေ့ရှိကြသည်။ ထိုသို့တွေးထင်ကြသည့် အတိုင်း တစ်ခါကမှန်ခဲ့သော်လည်း ယခုအခါမှာမူ၊ ဆိုက်ဗီးရီးယားဒေသသည် မြို့ရွာများဖြင့် စည်ကား လာရုံသာမက၊ သဘာဝပစ္စည်း ပေါများပြည့်စုံသည် ့အလျောက်၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် ဤဒေသရှိ စက်မှုလက်မှုလုပ်ငန်းများ တရှိန်ထိုးတိုးတက် လာ၍ ရုရှဆိုဗီယက်နိုင်ငံကြီး၏စီးပွားရေးစနစ်တွင်အရေးပါ သော ဒေသကြီးဖြစ်နေပေပြီ။

ဆိုက်ဗီးရီးယားကို ပထဝီသဘောအားဖြင့်၎င်း၊ ယေဘုယျ အားဖြင့်၎င်း အာရှတိုက်၏ မြောက်ပိုင်းဟု ရေးသားပြောဆိုလေ့ ရှိသော်လည်း တိကျစွာဆိုရသော် ဆိုက်ဗီးရီးယားဟူသောအမည် မှာ ဆိုဗီယက်ယူနီယံခေါ် ရုရှပြည်ထောင်စုနိုင်ငံကြီး၏ ကျယ် ဝန်းလှသော အရှေ့ပိုင်ဒေသ၏ အမည်ဖြစ်သည်။ ဆိုက်ဗီးရီး ယားသည် တိုင်းပြည်တစ်ပြည်သတ်သတ်မဟုတ်ပေ။ ရုရှပြည် ထောင်စုနိုင်ငံကြီးတွင် အပါအဝင်ဖြစ်သော အကြီးမားအကျယ် ပြန့်ဆုံး သမ္မတနိုင်ငံမှာ 'ရုရှဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင် စုသမ္မတနိုင်ငံ'ခေါ် ပင်ရင်း(ဝါ) ပြည်မရုရှပြည်ဖြစ်၏။ ထို ပြည်ကို အတိုချုပ်အားဖြင့် ဆိုဗီယက်ရုရှဟူ၍လည်း ခေါ်ဝေါ် ကြ၏။ ထိုပြည်၏ ၃ ပုံ ၂ ပုံမှာ ယူရယ်တောင်တန်း၏ အရှေ့ဘက်တွင်ရှိ၍၊ ဆိုက်ဗီးရီးယားဟု ခေါ်တွင်ခဲ့သည်မှာ ကြာမြင့်လေပြီ။

ဆိုဗီယက်ရုရှနိုင်ငံခေါ် ပြည်မရုရှနိုင်ငံတွင် အုပ်ချုပ်ရေး နယ်ပယ်အများအပြားရှိသည့်အနက် ၁၇ ခုသော အုပ်ချုပ်ရေး နယ်ပယ်တို့မှာ ဆိုက်ဗီးရီးယားဒေသတွင်ရှိသည်။ဤ၁၇ခုမှာ၊ က။ (၁) ဆွာဒလော့စခ၊ (၂) ချီလျာဗျင့်စခ၊ (၃)အွမ့်စခ၊ (၄) နိုဗော်စီဗီယတ်စခ၊ (၅) အီယာကွတ် စခ၊ (၆) ချီ တာ၊ (၇) တွမ့်စခ၊ (၈) ကူရဂန်၊ (၉) ကျူမင်၊ နှင့် (၁ဝ) ကယ်မရိုဗိုခေါ် နယ်ခွဲဆယ်ခု၊ ခ။ (၁) ပင်လယ်ကမ်းခြေဒေသခွဲ၊ (၂) (ယဟူဒီကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်ခွဲအပါအဝင်ဖြစ်သော) ခဗာ ရပ်စခေ ဒေသခွဲ၊ (၃) (ခကတ်စကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်ခွဲအပါ အဝင်ဖြစ်သော) ကရက် စနိုယားစခ၊ (၄) (အွိုင်ရတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်အပါအဝင်ဖြစ်သော) အယ်လ တိုင်ဒေသခွဲ ဟူသော ဒေသခွဲလေးခု၊ ဂ။ (၁) တူးဗာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ခွဲ၊ (၂) ယာ ကွတ်စခနှင့် (၃) ဗူးရယတ်မွန်ဂို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံဟူသော နယ်ခွဲသုံးခုဟူ၍ ဖြစ်လေသည်။

ဆိုက်ဗီးရီးယားဒေသ၏ အကျယ်အဝန်းသည် စတုရန်း မိုင်းပေါင်း ၄၈၈၇၂၂၃ မိုင်ရှိသည်။ ၁၉၃၉ ခုနှစ် သန်ကောင် စာရင်းအရ လူဦးရေမှာကား ၂၁၉၈၁၄၆၇ ယောက်ဖြစ်သည်။ အာတိတ်သမုဒ္ဒရာ ကမ်းခြေ တစ်လျှောက်၌တည်ရှိသောဆိုက် ဗီးရီးယားမြောက်ပိုင်းသည် ရေအစဉ်မပြတ်ခဲသောတန်ဒြာရေခဲ ပြင်ဖြစ် လေရာ ထိုရေခဲပြင်၌ ကျက်စားသောသားကောင်တို့မှ သားမွေးများကို ထုတ်လုပ်သော လုပ်ငန်းသည်အတော်ပင်ကြီး ကျယ်သည်။ မြောက်ပိုင်းသည်ရေခဲပြင်ဟုဆိုရလင့်ကစား ယခုခေတ်၌ တစ်စတစ်စဖြင့်ကောက်ပဲသီးနှံစိုက်ပျိုး၍ရသော ဒေသဖြစ်လာလေပြီ။နှစ်ပေါင်း ၃ဝ အတွင်း တိုးတက်ခဲ့သည် မှာ ၁၉၄၄ ခုနှစ်စာရင်းအရဆိုလျှင် မြေဧကပေါင်း၇၉ဝဝဝဝ တို့သည် စိုက်ပျိုးလုပ်ကိုင်နိုင်သောမြေ ဖြစ်လာလေသည်။ အနောက်ပိုင်း ဆိုက်ဗီးရီးယားကား မြေနိမ့်ပိုင်းဖြစ်သည်။ထို မြေနိမ့်ပိုင်းမှ ကျောက်မီးသွေး၊ ဓာတ်သတ္တု၊ သစ်၊ ကောက်ပဲ သီးနှံနှင့် သားကောင်များထွက်သည်။ အရှေ့ပိုင်း ဆိုက်ဗီးရီး ယားကား တောတောင်ထူထပ်သော ဒေသဖြစ်၏။ဓာတ်သတ္တု ပေါများ၍ ကျောက်မီးသွေးနှင့် သံ၊ သံမဏိတို့သည်စက်မှု လက်မှုလုပ်ငန်းကြီးများ တည်ထောင်နိုင်လောက်အောင်ကြွယ်ဝ သည်။ ကမ်ချတ္တကာနယ်ရှိ အရှေ့တောင်တန်းတွင်၁၅၆၆၆ ပေရှိသော ကလျူချက်ဗစကာယာတောင်သည်ဆိုက်ဗီးရီးယား ဒေသတွင် အမြင့်ဆုံးသော တောင်ဖြစ်သည်။

အော့ဗ၊ ယိနျိဆယေယိ၊ လျိနာမြစ်တို့သည် မြောက်ဘက် ရှိ အာတိတ်သမုဒ္ဒရာထဲသို့ စီးဝင်ကြသည်။အာမူးဝါးမြစ်သည် ကား အရှေ့ဘက်တာတာရေလက်ကြားသို့စီးဝင်သည်၊တောင် ဘက် ဆိုက်ဗီးရီးယားတွင် ဗိုက်ကာအိုင်ကြီးရှိရာထိုအိုင်ကြီး သည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း၁၂၇၄၁မိုင် ရှိသည်။ အာရှမြောက်ပိုင်းတွင် အကြီးဆုံးသောရေချိုအိုင်ဖြစ် လေသည်။

ဆိုက်ဗီးရီးယားဒေသသည် ဆောင်းတာအကြာရှည်ဆုံးသော ဒေသဖြစ်သည်။ အအေးဓာတ်မှာ မြောက်ဝင်ရိုးစွန်း၏အအေး ဓာတ်ထက်ပင်လွန်ကဲ၏။ ဆိုက်ဗီးရီးယားအရှေ့ပိုင်း၏ သုံးပုံ တစ်ပုံသော နယ်မြေတွင် ရေခဲပြင်တို့သည် တစ်ခါမျှအရည်ပျော် သည်ဟု မရှိချေ။ အအေးဆုံး ဒီဂရီမှာ ၉၇ ့၆ ဒီဂရီဖာရင် ဟိုက်ထိ ရှိခဲ့ဘူးသည်။ သို့ရာတွင် သွေ့ခြောက်သောဒေသဖြစ်၍ အအေးဓာတ်မှာ ခံသာသည်ဟုဆိုရသည်။နွေဥတုတွင်အပူချိန် ၅ဝံ မှ ၆၅ံ ဖာရင်ဟိုက်ရှိသည်။

ဆိုက်ဗီးရီးယားတွင် မူလကဂျုံစက်၊ သကြားစက်၊ အရက် ဖို၊ သားရေလုပ်ငန်းစသည်တို့ရှိသည်။နှောင်းအခါ၌ဆိုဗီယက် အစိုးရသည် စက်မှုလက်မှုလုပ်ငန်းတို့ကိုတိုးချဲ့လိုက်လေရာ၊ ယခုအခါ ဆိုက်ဗီးရီးယားသည် စက်မှုလက်မှုလုပ်ငန်းကြီးများ လုပ်ရာဌာန ဖြစ်လာသည့်ပြင် ကုန်ကြမ်းပစ္စည်း ထုတ်လုပ်ရာ ဌာနလည်း ဖြစ်လာလေသည်။ ဆိုက်ဗီးရီးယားဒေသ၌ သံ၊ သံမဏိ အများဆုံးထွက်၍၊ ကျောက်မီးသွေးတွင်းတို့မှာလည်း ကမ္ဘာပေါ်တွင် အကြီးဆုံးသောတွင်းများအပါအဝင်ဖြစ်လေရ ကား၊ စက်မှုလက်မှုလုပ်ငန်းကြီးများသည်တစ်နှစ်ထက် တစ် နှစ် ဖွံ့ဖြိုးတိုးတက်လာလေသည်။ ဆိုဗီယက်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ရွှေxGufရာ၌ ဒုတိယလိုက်သည်။ ဆိုဗီယက် ပြည်ထောင်စုမှ ထွက်သော ရွှေတွင် ဆိုက်ဗီးရီးယား၌ တူးဖော် သောရွှေ အများဆုံးပါဝင်လေသည်။၁၉၅၆-၆ဝ ခုနှစ်အတွင်း ငါးနှစ်စီမံကိန်းအရ များမကြာမီအန်ကာရာမြစ်အနီးတွင် ရေဖြင့်လျှပ်စစ်ဓာတ်အားပေးသောစက်ရုံကို တည်ဆောက်ရန် လျာထားချက်ရှိသည်။အထက်ကပြဆိုခဲ့သောသားရေလုပ်ငန်း အပြင် အကြီးအကျယ်လုပ်ကိုင်သောလုပ်ငန်းမှာပင်လယ်ငါး ဖမ်းခြင်း လုပ်ငန်းဖြစ်လေသည်။

လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ် ရေးအတွက် ထရန်ဆိုက်ဗီးရီးယန်း မီးရထားလမ်းသည် အရှေ့ ဘက်အစွန်ဆုံး ဗလာဒီဗော့စတော့မြို့မှသည် မောစကိုမြို့နှင့် လီနင်ဂရက်မြို့များအထိ ပေါက်ရောက်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မွန်ဂိုးလီးယား သမ္မတနိုင်ငံတို့ကို ဆိုက်ဗီးရီး ယားနှင့် ဆက်သွယ်ထားသော မီးရထားလမ်းမှာ ၁၉၅၆ ခုနှစ် ဇန်နဝါရီလတွင်ပြီးစီးခဲ့၍၊ယခုအခါပီကင်မြို့တော်နှင့်မောစကို မြို့တော်တို့သည် လေယာဉ်ပျံလမ်းသာမကရထားလမ်းဖြင့် လည်း အဆက်အသွယ်ပြုနိုင်ပြီဖြစ်သည်။ထို့ပြင် ဆိုက်ဗီးရီး ယားနှင့် တာကီစတန်နယ်ကို ဆက်သွယ်ထားသောမီးရထား လမ်းသည် မိုင်ပေါင်း ၉ဝ၆ မိုင်ရှည်လျားသည်။

ဆိုက်ဗီးရီးယား၏ ရှေးဟောင်းသမိုင်းအရဆိုလျှင် မွန်ဂို လူမျိုးတို့၏ ဒေသရွှေ့ပြောင်းနေထိုင်ခြင်းတို့ကြောင့်မူလရှိနှင့် သော တိုင်းရင်းသားတို့သည် မြောက်ပိုင်းသို့ တစ်စတစ်စ ရောက်သွားကြသည်တွင် ယခုကာလ သိပြီးဖြစ်ကြသောဆိုက် ဗီးရီးယားဒေသကြီး၌ အိုးအိမ် ထူထောင်ကြရသည်ဟုဆိုလေ သည်။ ၁၅၈၁ ခုနှစ်တွင် ရုရှနှင့် ကော့ဆက်လူမျိုးတို့သည် တာတာလူမျိုးတို့ကို အောင်မြင်၍ ဆယီဗျားရိဟု ခေါ်သော မြို့ကို သိမ်းပိုက်ကြလေသည်။ ဤသည်တွင် ရုရှအင်ပိုင်ယာ သည် အရှေ့ဘက်၌ နယ်ကျယ်လာလေသည်။ ၁၆ ရာစုနှစ် အတွင်း၌ပင် ရုရှ၏ 0x100သဇာအာဏာသည် အာမူးဝါးမြစ်ဝှမ်း ဒေသသို့ ပျံ့နှံ့လာခဲ့သည်။ သို့သော် တရုတ်နိုင်ငံမန်ချူးဘုရင် တို့က ရုရှဘုရင်တို့၏ 0x100သဇာအာဏာကို ခုခံတွန်းလှန်ကြ သည်။

၁၆၈၉ ခုနှစ်၌မူ အာမူးဝါးမြစ် မြောက်ပိုင်းနယ်ကို ရုရှတို့က မသိမ်းပိုက်တော့ဘဲ၊ မန်ချူးနိုင်ငံနှင့်စာချုပ်ချုပ်ကြသည်။၁၈၅၈ ခုနှစ်တွင် ထိုအာမူးဝါးမြစ်ကို ရုရှနှင့် တရုတ်နိုင်ငံတို့၏နယ် ခြားအဖြစ်သတ်မှတ်၍၊ နှစ်နိုင်ငံတို့က စာချုပ်ချုပ်ကြပြန်သည်။ သို့ရာတွင် ၁၈၆ဝ ပြည့်နှစ်သို့ရောက်သော်၊ ပင်လယ်ကမ်းရိုး တန်းဒေသကို တရုတ်တို့က ရုရှတို့သို့ ပေးအပ်ခဲ့ရလေရာ၊ ဗလာဒီဗော့စတော့အထိ ရုရှပိုင်ဖြစ်လာလေသည်။၁၇၁ဝပြည့် နှစ်မှစ၍ ဆိုက်ဗီးရီးယားနယ်ကို ပီတာသဂရိတ်ဘုရင်မင်း မြတ်က အကျဉ်းသမားတို့၏အတွက်တစ်ကျွန်းအဖြစ်ဖြင့် အသုံးပြုခဲ့သည်။သို့ရာတွင်အကျဉ်းသမားတို့သည်နယ်သစ်၌ အိုးအိမ်သစ်တည်ထောင်ရန်အလို့ငှာ မတတ်နိုင်ကြချေ။ ထို့ နောက်၌ရွှေတွင်းစသောသတ္တုတွင်းတို့ကို အကြောင်းပြု၍ ရုရှတောင်သူလယ်သမားများကိုယ်တိုင်ထိုဒေသသို့သွားရောက် ကာ နယ်သစ်တည်ထောင်ကြသဖြင့် ဆိုက်ဗီးရီးယားသည် လူနေများ၍လာလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)