မာတိကာသို့ ခုန်သွားရန်

အန္တာတိက

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 90°S 0°E / 90°S 0°E / -90; 0

အန္တာတိက
Antarctica
This map uses an orthographic projection, near-polar aspect. The South Pole is near the center, where longitudinal lines converge.
ဧရိယာ၁၄,၀၀၀,၀၀၀ km2 (၅,၄၀၀,၀၀၀ sq mi)[]
လူဦးရေယာယီနေထိုင်သူ ၅,၀၀၀
အင်တာနက်ဒိုမိန်း.aq

အန္တာတိကတိုက် (အင်္ဂလိပ်: Antarctica; ဗြိတိသျှအသံထွက် /ænˈtɑːktɪkə/ သို့မဟုတ် /ænˈtɑːtɪkə/, အမေရိကန်အသံထွက် /æntˈɑːrktɪkə/ ( )) သည် ကမ္ဘာ့တောင်ဘက်ဆုံး တိုက်ကြီး ဖြစ်ပြီး တောင်ဝင်ရိုးစွန်း တည်ရှိရာ နေရာ ဖြစ်သည်။ ကမ္ဘာ့ တောင်ဘက်ခြမ်း အန္တာတိတ် ဒေသအတွင်းတွင် တည်ရှိပြီး အန္တာတိတ် စက်ဝိုင်း၏ တောင်ဘက်တွင် တည်ရှိပြီး တောင်ဘက် သမုဒ္ဒရာက ဝန်းရံထားသည်။ စတုရန်းမိုင်ပေါင်း ၅.၄ သန်း (စတုရန်း ကီလိုမီတာ ၁၄ သန်း) မျှ ကျယ်ဝန်းပြီး အာရှအာဖရိကမြောက်အမေရိကတောင်အမေရိက တိုက်တို့ပြီးလျှင် ပဉ္စမမြောက် အကြီးဆုံးတိုက် ဖြစ်ပြီး ဧရိယာ၏ ၉၈% သည် ပျမ်းမျှ (၁.၆) ကီလိုမီတာ အထူရှိသည့် ရေခဲများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ အရွယ်အစားအားဖြင့် နှိုင်းယှဉ်ကြည့်ပါက အန္တာတိကတိုက်သည် ဩစတေးလျတိုက်၏ နှစ်ဆမျှ ကျယ်ဝန်းသည်။ အန္တာတိကတိုက်၏ ၉၈ ရာခိုင်နှုန်းသည် ရေခဲများ ဖုံးလွှမ်းနေပြီး ရေခဲထု၏ အထူမှာ ၁.၂ မိုင် (၁.၉ ကီလိုမီတာ) မျှ ရှိပြီး[] မြောက်ဘက်စွန်း အန္တာတိက ကျွန်းဆွယ်မှ အပ အခြားဒေသအားလုံးကို လွှမ်းခြုံထားသည်။

အန္တာတိကတိုက်သည် ကမ္ဘာပေါ်ရှိ တိုက်ကြီးများတွင် ပျမ်းမျှအားဖြင့် အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေတိုက်နှုန်းအများဆုံး တိုက်ကြီး ဖြစ်ပြီး တိုက်ကြီးများထဲတွင် ပျမ်းမျှအားဖြင့် အမြင့်ဆုံး ဖြစ်သည်။[] အန္တာတိက ကမ်းရိုးတန်းတွင် နှစ်စဉ်မိုးရေချိန် ၈ လက်မ (၂၀၀ မီလီမီတာ) မျှသာ ရှိပြီး အတွင်းပိုင်းတွင် ပိုနည်းသွားသဖြင့် ကန္တာရ ဒေသဟု ယူဆနိုင်သည်။ ထို့ကြောင့် အန္တာတိကတိုက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကန္တာရ ကြီးဖြစ်သည်။ [] အပူချိန်မှာ အနှုတ် ၈၉ ဒီဂရီ ဆဲလ်စီးယပ်စ် ( အနှုတ် ၁၂၉ ဒီဂရီ ဖာရင်ဟိုက်) အထိ ရှိသည်။ အမြဲတမ်း နေထိုင်သူ မရှိဘဲ တိုက်ကြီးပေါ်ရှိ သုတေသန စခန်းများတွင် နေထိုင်သူ ၁,၀၀၀ မှ ၅,၀၀၀ အထိ ရှိတတ်သည်။ အန္တာတိကတိုက်​အား မည်​သည်​နိုင်​ငံမှ မပိုင်​ဆိုင်​ရဟု သ​ဘောတူညီထားသည်​။

တိုက်ကြီးများထဲတွင် အအေးဆုံး၊ အခြောက်သွေ့ဆုံး၊ လေအထန်ဆုံး၊ အမြင့်ဆုံးစသည့် ထူးခြားချက်များ ပိုင်ဆိုင်သည်။ ယင်းကဲ့သို့ အစွန်းရောက်သော ကိန်းဂဏန်းများကို ပိုင်ဆိုင်သော အန္တာတိကတိုက်၏ အခြားထူးခြားချက်နှစ်ခုမှာ မည်သည့်နိုင်ငံကမျှ ပိုင်ဆိုင်ခြင်း မရှိသော ဘုံပိုင်တိုက်ကြီး ဖြစ်ခြင်းနှင့် အတည်တကျနေထိုင်သူတစ်ယောက်မျှ မရှိခြင်း ဖြစ်သည်။ အတည်တကျနေထိုင်သူ မရှိသော်လည်း သိပ္ပံပညာရှင်တို့က လေ့လာရေးစခန်းများ ထူထောင်၍ အလှည့်ကျ နေထိုင်သုတေသနပြုနေကြရာ အန္တာတိကတိုက်ပေါ်ရှိ သိပ္ပံသုတေသနစခန်းပေါင်း (၈၀)ခန့်ရှိသည်။ ပညာရှင်ပေါင်း ၄၀၀၀-ခန့် အလည့်ကျ လာရောက် အလုပ်လုပ် နေသည်။ ၎င်းတို့ထဲတွင် အမေရိကန်ပြည်တွင် နေထိုင်သော မြန်မာအမျိုးသမီး တစ်ဦးပင် ပါခဲ့သည်ဟု သိရသည်။

လူများ အတည်တကျနေထိုင်သူ မရှိသော်လည်း ပင်ဂွင်းငှက်များ အများအပြား ကျက်စားနေထိုင်သည်။ ပင်ဂွင်းငှက်များသည် အတောင်ရှိသော်လည်း မပျံနိုင်သော တိရစ္ဆာန်ဖြစ်သည်။ ပင်ဂွင်းငှက်အုပ်ကြီးကို အန္တာတိကတိုက်၏ ကျွန်းတစ်ကျွန်းတွင် တွေ့ရသည်။ ကမ္ဘာရေခဲပြင်စုစုပေါင်း ဧရိယာ၏ ၈၅-ရာခိုင်နှုန်းသည် အန္တာတိက ဒေသတွင်ရှိ၍ ယင်းကို ရေခဲကန္တာရဟု တင်စားခေါ်ဝေါ်ကြသည်။ ကမ္ဘာပူနွေးလာမှုကြောင့် အန္တာတိကတိုက် ရေခဲပြင်သည် ကမ္ဘာ့မြောက်ခြမ်းရှိ ရေခဲပြင်လောက် အရည်ပျော်မှု မများသော်လည်း ပညာရှင်တို့၏ မူလက ယူဆထားသည်ထက် ပို၍ မြန်ဆန်စွာ အရည်ပျော်နေသည်။ အန္တာတိက ရေခဲပြင်များ၏ အောက်တွင် အရည်ပျော်နေသော ရေကန်များ၊ မြစ်များရှိကြောင်း မကြာသေးမီက ဂြိုဟ်တုတိုင်းတာချက်များအရ တွေ့ရှိရသည်။ တစ်ခါတစ်ရံ အန္တာတိကတိုက် ၏ညကောင်းကင်ယံတွင် အံ့ဩဖွယ်ကောင်းအောင် လှပသော တောင်ပိုင်းဉတ္တရအလင်း Southern Lights သို့မဟုတ် Aurora Australis များကိုတွေ့ရတတ်သည်။ ထိုအလင်းတန်းများကို အန္တာတိကတိုက်၏ ဆောင်းရာသီဖြစ်သော မေလမှ ဩဂုတ်လအတွင်း အများဆုံးတွေ့ရတတ်သည်။ ထူးခြားသည့်ဝင်ရိုးစွန်းဖြစ်စဉ်ကိုလည်း ထိုတိုက်ကြီးတွင် တွေ့ရသည်။ ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းမှုကြောင့် ကမ္ဘာမြောက်ဘက်စွန်းနှင့် တောင်ပိုင်းစွန်းတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်သည် အန္တာတိကတိုင်ပေါ်တွင်လည်း ဖြစ်ပေါ်သည်။ ထိုဖြစ်စဉ်မှာ နွေရာသီများတွင် 6 လပတ်လုံးနေ့ကာလပဲ ဖြစ်ပေါ်ပြီး နေရောင်ခြည်ရရှိခြင်းဖြစ်သည်။ ဆန့်ကျင်ဘက် ဆောင်းရာသီများတွင် 6 လပတ်လုံး ညကာလပဲ ဖြစ်ပေါ်ပြီး နေကို လုံးဝမမြင်ရတော့ချေ။ အန္တာတိတ်စက်ဝိုင်း အတွင်းရှိမည့်သည့်နေရာမဆိုယင်းကဲ့သို့ ဖြစ်ပေါ်သည်။ အန္တာတိကတိုက်ကို 1820 ခုနှစ် ဇန်နဝါရီလ တွင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခင်အခါက ထိုတိုက်ကြီးကို သွားလာရန် အလွန်ခက်ခဲပြီး စိတ်ကူးတောင်မယဉ်ခဲ့ရပေမယ့် ယခုအခါ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံများမှ သဘ်ောများနှင့်အလွယ်တကူသွားလာနိုင်ပြီဖြစ်သည်။

အရည်ပျော်မှု

[ပြင်ဆင်ရန်]

လွန်ခဲ့သော ၁၉၉၆ခုနှစ်မှ စတင်ကာ ရေခဲများ ဆုံးရှုံးလာမှု့မှာ ၇၅% အထိ ရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ပိုမိုလျင်မြန်စွာ အရည်ပျော်လျက်ရှိကြောင်း၊ အန္တာတိက အစွန်ပိုင်းရှိ ရေခဲမြစ်များ အရည်ပျော်ခြင်းမှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်စဉ်(၀.၄) မီလီမီတာ မြင့်တက်လျက်ရှိကြောင်းနှင့် လာမည့် ၂၀၁၀ ခုနှစ်တွင် လက်ရှိရေမျက်နှာပြင်အမြင့်မှ (၈၀) စင်တီမီတာနှင့် နှစ်မီတာ အကြားတွင် မြင့်တက်လာဖွယ် ရှိနေပါကြောင်း ဗစ်တိုရီးယားတက္ကသိုလ် အန္တာတိကဒေသဆိုင်ရာ သုတေသနစင်တာမှ ပါမောက္ခ ပီတာဘားရတ်က နှစ်စဉ်ကျင်းပမြဲဖြစ်သော အန္တာတိကဒေသဆိုင်ရာ ကွန်ဖရင့်တွင် တင်ပြသွားခဲ့သည်။

ထို့ပြင် သုတေသနစင်တာမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ပါမောက္ခကင်မ်နက်ရှ် ဦးဆောင် သော အဖွဲ့သည် အန္တာတိကမှ ကျောက်လွှာများကို တူးဖောက်သုတေသနပြုလုပ်ခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်းသုံးသန်းမှ ငါးသန်းခန့်ကာလက ပင်လယ်ရေ၏ အပူချိန်သည် ရေများကို အရည် ပျော်စေနိုင်သည့် အပူချိန်တွင်ရှိနေခဲ့ကြောင်း၊ ထိုကာလများက လေထုထဲတွင် ပါဝင်သည့် CO2 ပမာဏသည် ယနေ့အန္တာတိက လေထုတွင် ရှိနေသည့် CO2 ပမာဏထက် အနည်းငယ်သာ ပိုနေခဲ့သည်ကို လေ့လာတွေ့ရှိ ရသည်ဆိုသည်။ လေထုတွင် အပူချိန် မြင့်တက်လာရန်အတွက် CO2 ပမာဏထက် အနည်းငယ်သာ ပိုနေခဲ့သည်ကို လေ့လာတွေ့ရှိ ရသည်ဆိုသည်။ လေထုတွင် အပူချိန်မြင့်တက်လာရန်အတွက် CO2 ပမာဏ မည်မျှပါဝင်နေရမည်ဆိုသည့် မေးခွန်းကိုမူ အဖြေ ရှာဆဲဟု သိရသည်။

အန္တာတိကအရှေ့ပိုင်းရှိ ရေခဲပြင်များနှင့် နှိုင်းယှဉ်ပါက အနောက်ပိုင်းရှိ ရေခဲပြင်များသည် ပင်လယ်ရေမျက်နှာပြင် ပိုနိမ့်သည့်အပိုင်းတွင် တည်ရှိနေပြီး အပူချိန်မှာလည်း ပိုမိုမြင့်မားသည့်အတွက် အရှေ့ပိုင်းရှိ ရေခဲပြင်ထက် ပိုမိုစောစီးစွာ အရည်ပျော် သွားလိမ့်မည်ဟု နက်ရှ်ကဆို သည်။

နယူးယောက် မြို့ကြီး၏ ပမာဏမျှ ရှိသည့် စတုရန်း မိုင်ပေါင်း (၂၇၀.၃) မျှရှိ ရေခဲပြင်ကြီး တစ်ခုသည် အန္တာတိက မြောက်ဘက်ခြမ်း ရေခဲလွှာကြီးမှ ပဲ့ထွက် သွားကြောင်း သိပ္ပံပညာရှင်များ က ပြောကြား လိုက်သည်။ ကမ္ဘာကြီး ပူနွေးလာမှုသည် ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပြီး မကြာသေးမီ နေ့များအတွင်း ရေခဲလွှာများ ပဲ့ထွက်ပြိုကျမှု သည် ဆက်တိုက် ဖြစ်ပေါ် နေကြောင်း ၎င်းက ဆိုသည်။ ယခု ရာစုအတွင်း အန္တာတိက တိုက်၏ အပူချိန် သည် (၃) ဒီဂရီ စင်တီဂရိတ်မျှထိ တိုးမြင့်လာမှုကြောင့် ပညာရှင်များ က ရေကြီး ရေလျှံမှုများ ပေါ်ပေါက် လာမည်ကို စိုးရိမ်လျက် ရှိနေကြသည်။ ရေခဲထုများ အရည်ပျော်ကျခြင်း တို့ကြောင့် ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်ကို မြင့်တက်လာစေ သလို ကမ္ဘာကြီး၏ ရာသီဥတု ကိုလည်း ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်လာ စေရန် သက်ရောက်မှု များရှိနေသည်။ []

လေ့လာရေး စခန်းများ

[ပြင်ဆင်ရန်]

အန္တာတိက၏ အတွင်းပိုင်းတွင် နိုင်ငံ ခြောက်နိုင်ငံမှ လေ့လာရေးစခန်းများ တည်ဆောက်ထားပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် တောင်ဝင်ရိုးစွန်းအန္တာတိကဒေသတွင် အမြင့်ဆုံးဖြစ်သော Dome A ၌ အန္တာတိကကုန်းပြင်၏ အတွင်းပိုင်းကို လေ့လာနိုင်ရန် စခန်းတစ်ခုကို နှစ်နှစ်အတွင်း တည်ဆောက်နေသည်။ Dome A သည် ကုန်းပြင်၏ အတွင်းပိုင်း ၁၂၀၀ ကီလိုမီတာတွင်ရှိ၍ သဘာ၀အလျှောက် အအေးဆုံးနေရာဖြစ်ပြီး အမြဲတမ်း အနုတ် ၉၀ ဒီဂရီ C ဝန်းကျင်တွင် ဖြစ်ပေါ်လျက် ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. United States Central Intelligence Agency (2011)။ AntarcticaThe World Factbook။ Government of the United States။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 October 2011 တွင် ပြန်စစ်ပြီး။
  2. British Antarctic Survey. "Bedmap2: improved ice bed, surface and thickness datasets for Antarctica". The Cryosphere journal. Retrieved on 6 January 2014. 
  3. National Satellite, Data, and Information Service။ National Geophysical Data Center။ Government of the United States။ 13 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2006 တွင် ပြန်စစ်ပြီး။
  4. Joyce, C. Alan (18 January 2007)။ The World at a Glance: Surprising FactsThe World Almanac။ 4 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2009 တွင် ပြန်စစ်ပြီး။
  5. ဂျာမနီနိုင်ငံ၊ မူစတာ တက္ကသိုလ် မှ ပညာရှင်တဦး ဖြစ်သည့် အန်ဂျီလင်ကာ ဟမ်းဘတ်