ယူရေးရှား

ဝီကီပီးဒီးယား မှ
ယူရေးရှား
Eurasia
ဧရိယာ၅၅,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ
လူဦးရေ၅,၁၃၂,၀၀၀,၀၀၀ (၂၀၁၅ ဇူလိုင် ၁ အရ) [၁]
လူဦးရေ သိပ်သည်းမှု93/km2
DemonymEurasian
နိုင်ငံများ~နိုင်ငံပေါင်း ၉၀ ဝန်းကျင်
အမှီအခိုနယ်မြေများ၉ ခု
အချိန်ဇုန်များUTC−1 မှ UTC+12

ယူရေးရှား (အင်္ဂလိပ်: Eurasia; /jʊˈrʒə/) သည် ဥရောပနှင့်အာရှ တိုက်နှစ်ခုတို့၏ ပေါင်းစည်းနေသည့် ကုန်းမြေကို ခေါ်ဆိုခြင်းဖြစ်သည်။ ယူရေးရှားသည် မြောက်ကမ္ဘာလုံးခြမ်းနှင့် အရှေ့ကမ္ဘာလုံးခြမ်းတွင် တည်ရှိကာ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ မြောက်ဘက်တွင် အာတိတ် သမုဒ္ဒရာ၊ တောင်ဘက်တွင် အာဖရိကတိုက်မြေထဲပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာ နှင့် အိန္ဒိယသမုဒ္ဒရာ တို့က ဝန်းရံလျက်ရှိသည်။[၂]

ဥရောပနှင့် အာရှတိုက် တို့မှာ သဘာဝတရားအရ သီးခြားတိုက်နှစ်ခုအနေဖြင့် တိတိကျကျကွဲပြားမှုမရှိပဲ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရသာ ကွဲပြားနေသည့်အတွက် ယူရေးရှားကို ကမ္ဘာ့တိုက်ကြီး ငါးတိုက် သို့ ခြောက်တိုက်အနက် အကြီးဆုံးအနေဖြင့်လည်း မှတ်ယူကြသည်။[၃][note ၁]

ယူရေးရှား၏ အကျယ်အဝန်းမှာ ၅၂,၉၉၀,၀၀၀ စတုရန်းကီလိုမီတာ (၂၀,၄၆၀,၀၀၀ စတုရန်းမိုင်)ဖြစ်ပြီး ကမ္ဘာ့ကုန်းမြေစုစုပေါင်း၏ ၃၆.၂ % ရှိသည်။ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းနှင့် ညီမျှသော လူဦးရေ သန်းပေါင်း ၄.၆ ထောင် သည် ယူရေးရှား၏ ကုန်းမြေတွင် နေထိုင်လျက်ရှိသည်။ အာဖရိကမှ ယူရေးရှားသို့ ပထမဆုံး အခြေချနေထိုင်မှုမှာ လွန်ခဲ့သောနှစ်ပေါင်း ၆၀,၀၀၀ နှင့် ၁၂၅,၀၀၀ ခန့်က ဖြစ်သည်။[၄][၅]

မှတ်စု[ပြင်ဆင်ရန်]

  1. အစဉ်အလာသဘောတူညီချက်များအရ တိုက်ကြီး ခုနစ်တိုက်မှာ- အာရှတိုက်, အာဖရိကတိုက်, မြောက်အမေရိကတိုက်, တောင်အမေရိကတိုက်, ဥရောပတိုက်, ဩစတြေးလျတိုက်နှင့် အန္တာတိကတိုက် တို့ဖြစ်ကြသည်။ အချို့သော ပထဝီဝင်ပညာရှင်များကမူ ဥရောပနှင့် အာရှကို ယူရေးရှား အဖြစ် တစ်ပေါင်းတည်း သတ်မှတ်ကာ တိုက်ကြီး ခြောက်တိုက်ဟု စာရင်းသွင်းကြသည်။ ကမ္ဘာ့အချို့နေရာများတွင် ယူရေးရှား၊ ဩစတြေးလျ၊ အာဖရိကနှင့် အမေရိက ဟူ၍ တိုက်ကြီးငါးတိုက် အနေဖြင့် ကျောင်းသင်ခန်းစာတွင် ထည့်သွင်းသင်ကြားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. United Nations, Department of Economic and Social Affairs, Population Division (2015). World Population Prospects: The 2015 Revision, DVD Edition. File POP/1-1: Total population (both sexes combined) by major area, region and country, annually for 1950-2100 (thousands). Estimates, 1950 - 2015. POP/DB/WPP/Rev.2015/POP/F01-1.
  2. What is Eurasia?။ geography.about.com။ 18 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဒီဇင်ဘာ ၂၀၁၂ တွင် ပြန်စစ်ပြီး။
  3. How many continents are there?။ National Geographic Society။ ၂၆ စက်တင်ဘာ ၂၀၁၀ တွင် ပြန်စစ်ပြီး။
  4. Hints Of Earlier Human Exit From Africa။ Science News (၂၀၁၁-၀၅-၀၁)။ 3 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ DOI:10.1126/science.1199113။ 5 December 2014 တွင် ပြန်စစ်ပြီး။
  5. Paul Rincon Humans 'left Africa much earlier' ဘီဘီစီသတင်း၊ ၂၇ ဇန်နဝါရီ ၂၀၁၁