ဇီလန်းဒီးယား

ဝီကီပီးဒီးယား မှ

   

ဇီလန်းဒီးယား၏ မြေမျက်နှာသွင်ပြင်ပြ စတလိုက်မြေပုံ[၁]

ဇီလန်းဒီးယာ (သို့မဟုတ် တက်စ်မန်တစ်) ဆိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း သန်း၈၀ခန့်က နစ်မြုပ်ပျောက်ကွယ်သွားသော တိုက်ကြီး တစ်တိုက်ဖြစ်သည်။[၂] ဇီလန်းဒီးယားဟူသော အမည်နှင့် အဆိုပါတိုက်ကြီးတည်ရှိခဲ့ကြောင်း အယူအဆကို ၁၉၉၅ခုနှစ်တွင် အမေရိကန်လူမျိုး ဘူမိဗေဒပညာရှင် လူယန်ဒိုက်ဆိုသူက အဆိုပြုခဲ့သည်။ ၎င်း၏ ဂြိုဟ်တုပုံရိပ်အရ ဇီလန်းဒီးယားတိုက်၏ အရွယ်အစားမှာ လက်ရှိ ဩစတြေးလျတိုက်နီးပါးအရွယ်အစား ဖြစ်မည်ဟု သုံးသပ်ကြသည်။[၃] ၂၀၂၁ ခုနှစ် လေ့လာမှုတစ်ခုအရ ဇီလန်းဒီးယားသည် နှစ်ပေါင်း ၁ ဘီလီယံသက်တမ်းရှိပြီး ယခင်က ဘူမိဗေဒပညာရှင်များ ထင်ခဲ့ကြသည်ထက် နှစ်ဆခန့်ပိုကြီးသည်ဟု ဆိုသည်။[၄]

ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၃ သန်းခန့်ကတည်းက ဇီလန်းဒီးယားတိုက်၏ မြေထုသည် လုံးလုံးမြုပ်နှင့်ပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် ဇီလန်းဒီးယားတိုက်၏ မြေထုအများစု (၉၄%) သည် ပစိဖိတ်သမုဒ္ဒရာ အောက်၌နစ်မြုပ်နေဆဲဖြစ်သည်။ နယူးဇီလန်နိုင်ငံ သည် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ရှိနေသော ဇီလန်းဒီးယားတိုက်၏ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး နယူးကယ်လီဒိုးနီးယားမှာ ဒုတိယဖြစ်သည်။

ဗျုပ္ပတ်[ပြင်ဆင်ရန်]

နယူးဇီလန် ဘူမိဗေဒနှင့် နျူကလိယဆိုင်ရာ သုတေသနအဖွဲ့အစည်း ဂျီအန်အက်စ် က နာမည်နှစ်ခုကို အသိအမှတ်ပြုထားသည်။ တစ်ခုမှာ ဇီလန်းဒီးယား (Zealandia) ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားတွင် အသုံးအများဆုံးဖြစ်ကာ နယူးဇီလန်နိုင်ငံ၏ လက်တင်ဘာသာအမည်လည်း ဖြစ်သည်။ အဆိုပါအမည်ကို ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် စတင်သုံးစွဲလာခဲ့သည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် အချက်အလက်များအရ ဇီလန်းဒီးယားတိုက် ဒေသတစ်ဝိုက်တွင် နေထိုင်သူ လူဦးရေ ၅.၄သန်းခန့် ရှိသည်။

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကားချက်[ပြင်ဆင်ရန်]

  1. Figure 8.1: New Zealand in relation to the Indo-Australian and Pacific PlatesThe State of New Zealand's Environment 1997 (1997)။ 18 January 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2021 တွင် ပြန်စစ်ပြီး။
  2. Gurnis, M., Hall, C.E., and Lavier, L.L., 2004, Evolving force balance during incipient subduction: Geochemistry, Geophysics, Geosystems, v. 5, Q07001, https://doi.org/10.01029/02003GC000681
  3. The missing continent it took 375 years to find
  4. A fragment of a mysterious 8th continent is hiding under New Zealand - and it's twice as old as scientists thoughtBusiness Insider
  5. Population | Stats NZ
  6. 268 767 habitants en 2014.
  7. 2016 Census QuickStats: Norfolk Island။ 7 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]