မာတိကာသို့ ခုန်သွားရန်

အခြေခံအမှုန်

ဝီကီပီးဒီးယား မှ
(အခြေခံအမှုန်များ မှ ပြန်ညွှန်းထားသည်)

အမှုန်ရူပဗေဒတွင် အခြေခံအမှုန် (ခေါ်) အရင်းခံ စမွှား (အင်္ဂလိပ်: elementary particle) ဆိုသည်မှာ ၎င်း၏ အတွင်းဖွဲ့စည်းပုံကို မသိရှိသော၊ ဤအကြောင်းကြောင့် အတွင်းပိုင်းတွင် မည်သည့် အမှုန်(အမှုန်)များဖြင့် ဖွဲ့စည်းထားသည်ကို မသိရှိသော အမှုန်(အမှုန်) လေးများကို ညွှန်းဆို၏၊ ဒြပ်သားသသဘော စမွှား(quantum) လေးများလည်း ဖြစ်နေနိုင်သကဲ့သို့၊ စွမ်းအင်သီးသန့် ဒြပ်မဲ့ စမွှား(quantum) သဘောလေးများလည်း ဖြစ်နေနိုင်၏။
ယနေ့ သိရှိထားကြသော အခြေခံအမှုန်(စမွှားလေး)များမှာ -

စသည်တို့ဖြစ်သည်။ အခြေခံအမှုန် နှစ်ခုနှင့်အထက် စုဖွဲ့၍ စမွှားတစ်ခုတည်းသဖွယ် ဖြစ်တည်သွားလာနေသည့် အစုအမွား တစ်ခုချင်းဆီကို စမွှားစု စမွှား ဟုခေါ်နိုင်သေးသည်။

နေ့စဉ်မြင်တွေ့နေရသော ရုပ်ဒြပ်များကို အက်တမ်များဖြင့် ဖွဲ့စည်းထားသည်။ တစ်ချိန်က အက်တမ်များကို အခြေခံအမှုန် (အရင်းခံ စမွှား) ဟု ယူဆခဲ့ကြသည်။ နောင်အခါတွင် အက်တမ်ကို အခြားသော ပရိုတွန်နျူထရွန်နှင့် အီလက်ထရွန် အမှုန်များဖြင့် ဖွဲ့စည်းထားကြောင်း သိရှိလာကြသည်။ ကွမ်တမ်သီအိုရီအရ နျူထရွန်နှင့် ပရိုတွန်များတွင် အပ်ကွာ့နှင့် ဒေါင်းကွာ့ဟူသော ကွာ့အမှုန်များဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရှိရပြီး ၎င်းကွာ့ အမှုန်များအား ယနေ့တွင် အခြေခံအမှုန်များအဖြစ် ယူဆထားကြသည်။ မော်လီကျူးများတွင်းရှိသော အီလက်ထရွန်များတွင် ကွာစီအမှုန်များဖြင့် ဖွဲ့စည်းထားသည်ဟု ယူဆနိုင်သော်လည်း လွတ်လပ်စွာ ရွေ့လျားနေသည့် အီလက်ထရွန်ကို ဖြိုခွဲ၍ မရနိုင်သော အခြေခံအမှုန်(စမွှား) တစ်မျိုးအပါအဝင်အဖြစ် ယူဆထားသည်။

ဒြပ်ပစ္စည်းများကို ဖွဲ့စည်းရာတွင် ပါဝင်သည့် အသေးဆုံးအစိတ်ပိုင်းကို စမွှားဟူ၍ ခေါ်သည်။ ရောမခတ်မှစတင်၍ ဒြပ်ဝတ္ထုတစ်မျိုးစီ၏ အသေးငယ်ဆုံး ၎င်းစမွှား အစိတ်အပိုင်းလေးများကို အက်တမ် ဟု အမည်တပ်ပြီး ၎င်းသည် လောကအရင်းခံ စမွှားများ ဟု ယူဆခဲ့ကြသည်။ အက်တမ်များသည် ရုပ်ဒြပ်တို့၏ အခြေခံအမှုန်များ ဖြစ်သည်ဟူသော အချက်ကို နှစ်ပေါင်း နှစ်ထောင်ကျော်မှ အစပြု ၍ လက်ခံလာခဲ့ကြရာမှ ၁၉ ရာစု အဆုံးသတ်ပိုင်း၌ အီလက်ထရွန်ကို တွေ့ရှိလိုက်သောအခါ အက်တမ်ကို စမွှားခံအဖြစ် သတ်မှတ်ချက်ကို စွန့်လွှတ်လိုက်ရသည်။ အက်တမ်တွင် အီလက်ထရွန် ပါရှိ နေသည်။ ထို့ကြောင့် စမွှား မဖြစ်နိုင်။ အီလက်ထရွန်သည်သာ စမွှားတမျိုး ဖြစ်သည်ဟု သတ်မှတ်သည်။ ယင်းသည် ပထမဆုံး တွေ့ရှိခဲ့သည့် စမွှား ဖြစ်သည်။

နှစ်ဆယ်ရာစုအစဦးပိုင်းတွင် ဖှိုတွန် (phton - "ဖို"ထက် နှာသံပါသော "ဖှို"တွန်) ကိုစတင်တွေ့ရှိသည်။ အလင်းနှင့် အခြား လျှပ်စစ်သံလိုက်ဖြာထွက်မှုများ၌ လှိုင်းသဘာဝသာမက စမွှားသဘာဝလည်း ရှိကြောင်း၊ ဖြာထွက်မှုအပေါင်းတို့သည် ဖိုတွန်ခေါ် စွမ်းအင်သီးသန့်ကလေးများနှင့် ဖွဲ့စည်းထားကြောင်း အိုင်စတိုင်းက ၁၉ဝ၅ ခုနှစ်၌ အဆိုပြု တင်ပြလာသည်။ အိုင်စတိုင်း၏ ဖှိုတွန်သီအိုရီ သည် လက်တွေ့ အောင်မြင်မှုများကို ဆက်တိုက် ရရှိလာသောအခါ ဖှိုတွန်ကို အခြေခံအမှုန်အဖြစ် လက်ခံလာကြသည်။ ဖှိုတွန်တွင် ထူးခြားသော သဘောသတ္တိများ ရှိနေသည်။ ယင်းသည် လျှပ်စစ်နှင့် ဒြပ်ထုမဲ့၍ အလင်း၏ အလျင်နှင့် ရွေ့လျားသည်။ ဖိုတွန်အသိပညာ ပေါ်ထွက်ပြီး နှစ်အနည်းငယ်အတွင်းမှာပင် တတိယမြောက်အခြေခံ အမှုန်ကို တွေ့ရှိပြန်သည်။ ရူသာဖို့ဒ်၏ အယ်လ်ဖာမှုန် လွင့်စဉ်ခြင်းကို တွေ့ရှိမှုဖြစ်သည်။ ရူသာဖို့ဒ်၏ အယ်လ်ဖာမှုန် လွင့်စဉ်ခြင်း စမ်းသပ်ချက်အရ အက်တမ်၌ နျူကလိယပါရှိကြောင်း သိရှိ ရသည်။ အပေါ့ဆုံးအက်တမ်ဖြစ်သည့် ဟိုဒြိကဂျင် အက်တမ်၏ ဗဟိုဆံမှာ ပရိုတွန်ဟူသော အမှုန် တစ်ခုတည်းနှင့် ဖြစ်နေပြီး၊ ယင်းပရိုတွန်ကို တတိယမြောက် တွေ့သိရသည့် စမွှား ဟု ယူဆခဲ့ကြသည်။

၁၉၃ဝ ပြည့်နှစ်သို့ ရောက်သောအခါ စမွှားခံစာရင်း တွင် ပိုစီထရွန်၊ နျူထရွန်နှင့် နျူထရီနိုဟူသော စမွှားသစ်များ တိုး၍လာသည်။ ပိုစီထရွန်မှာ အဖိုအီလက်ထရွန် ဖြစ်သည်။ ဤအမှုန်မျိုး ရှိရမည်ဟု သီအိုရီပိုင်းဆိုင်ရာ တွက်ချက်မှုများအရ ကြိုတင်ဟောကိန်းထုတ်ထားရာမှ များမကြာမီ အချိန်အတွင်း လက်တွေ့စမ်းသပ်ချက်ဖြင့် တိုင်းတာ တွေ့ရှိရသည်။ နျူထရွန်သည် လျှပ်စစ်မဲ့စမွှားဖြစ်၍ ယင်းသည် အမလျှပ်စစ်ဆောင် အီလက်ထရွန်ထက် အဆနှစ်ထောင်ခန့်လေးပြီး အဖိုလျှပ်စစ်ဆောင် ပရိုတွန်ထက် မဆိုစလောက် ပို၍လေးသည်။ နျူထရွန်ကို ၁၉၃၂ ခုနှစ်၌ ချက်ဒဝစ်က တွေ့ရှိခဲ့သည်။

နျူထရီနိုမှာမူ လျှပ်စစ် နှင့် ဒြပ်ထုမဲ့သည်။ ဘီတာပြိုကွဲမှု ဖြစ်စဉ်ကို ပြေလည်စွာ ရှင်းပြနိုင်ရန် ပေါ်လီဆိုသူက သီအိုရီရှုထောင့်အရ အဆိုပြုထားသည့် အမှုန်ဖြစ်သည်။ လက်တွေ့တိုင်းတာချက်ဖြင့်ကား တိုင်းတာတွေ့ရှိခြင်း မရှိသေးချေ။ သီအိုရီပိုင်းဆိုင်ရာ မှန်းဆချက်သက်သက်သာ ဖြစ်သော်လည်း ခိုင်လုံသော အကြောင်းအရပ်များကြောင့် နျူထရီနို အမှန်တကယ် ရှိလိမ့်မည်ဟု ယုံကြည်ကြသည်။ ၁၉၅၇ ခုနှစ် ရောက်သောအခါမှ နျူထရီနိုကို အောင်မြင်စွာ ထောက်လှမ်းတိုင်းတာမိလေသည်။

ယူကွန် သို့မဟုတ် ဂျပန်အီလက်ထရွန် သို့မဟုတ် မေဇွန်

[ပြင်ဆင်ရန်]

၁၉၄ဝ ပြည့်နှစ် ရောက်ရှိလုနီးလာသောအခါ နျူကလိယ (အက်တမ်၏ဝတ်ဆံ)အတွင်း စုစည်းမိနေကြသော နျူထရွန်များ အကြား၌လည်းကောင်း၊ ပရိုတွန်များအကြား၌လည်းကောင်း ပြန်လှန်သက်ရောက်နေသော အပြင်းစား နျူကလီးယားအားကို ဖြစ်ပေါ်စေသည့် စမွှားတစ်မျိုး ရှိရလိမ့်မည်ဟု ဂျပန် ရူပဗေဒပညာရှင် ယူကာဝါက သီအိုရီဆိုင်ရာ တွက်ချက်မှုများ၏ ရလဒ်အပေါ် အခြေခံ၍ ဟောကိန်းတစ်ရပ် ထုတ်လိုက်သည်။ ဤစမွှားအသစ်၏ ဒြပ်ထုမှာ အီလက်ထြွန် ဒြပ်ထု၏ အဆနှစ်ရာ့ရှစ်ဆယ် နည်းပါးရှိရမည်ဟူ၍ တွက်ချက် ခန့်မှန်းထားသည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ ကော့စမစ်ရောင်ခြည်ဆိုင်ရာ စူးစမ်းချက်များမှ အီလက်ထရွန် ဒြပ်ထု အဆနှစ်ရာကျော်ရှိ အမှုန်သစ်တစ်ခုကို တွေ့ရှိသောအခါ ယူကာဝါ ဟောကိန်းထုတ်ထားသည့်အမှုန်ကို တွေ့ရှိပေပြီဟု မှတ်ထင်ကြလေသည်။ ယင်းကို မယ်စွန်ဟု မှည့်ခေါ်သည်။

ဤမေဇွန်၌ ရှိရမည့် သဘောသတ္တိမျိုး မရှိသည်ကို တွေ့ရှိရသည်။ ယင်းအမှုန်သည် အပြင်းစား ပြန်လှန်သက်ရောက်မှု၌ အကျုံးဝင်သည့် အမှုန်မျိုးမဟုတ်မူပဲ အပျော့စား ပြန်လှန် သက်ရောက်မှု၌သာ အကျုံးဝင်သည့်အမှုန်မျိုး ဖြစ်နေသည်။ ထို့ကြောင့် ယင်းအမှုန်သည် ယူကာဝါအဆိုပြုထားသည့် အမှုန်မဖြစ်နိုင်ပေ။ ယင်းအမှုန်၏ ဒြပ်ထုသည် သီအိုရီမှ ဟောကိန်းအတိုင်း ဖြစ်နေပါလျက် ယင်း၏ပြုမူပုံမှာ သီအိုရီ၏ဟောကိန်းနှင့် ကွဲလွဲနေရခြင်းကို သုတေသီအပေါင်းတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ နောင်စစ်ကြီးပြီးသောအခါ ပါဝဲနှင့် အပေါင်းပါတို့က ကော့စမစ်ရောင်ခြည်ဆိုင်ရာ သုတေသန ပြုချက်မှပင် အထက်ပါအမှုန်နှင့် ဒြပ်ထုမတိမ်းမယိမ်းရှိသည့် နောက် မယ်စွန်တစ်ခုကို တွေ့ရှိလိုက်သောအခါမှ ပြဿနာမှာ ရှင်းသွားလေသည်။ ဤမယ်စွန်အသစ်၏ ဂုဏ်သတ္တိအလုံးစုံသည် ယူကာဝါ၏ အမှုန်၌ ရှိအပ်သည့် ဂုဏ်သတ္တိများပင် ဖြစ်နေ၏။ ပထမတွေ့ရှိသည့် အမှုန်ကို မျူမယ်စွန်၊ နောက် တွေ့ရှိသည့် အမှုန်ကို ပိုင်မယ်စွန်ဟူ၍ ခွဲခြားအမည်ပေးလိုက်ကြသည်။ ပိုင်ယွန်နှင့် မျူယွန်ဟူ၍လည်း သတ်မုတ်သည်။

သာမန်ဒြပ်သားအတွက် စမွှားများ

[ပြင်ဆင်ရန်]

နှစ်ဆယ်ရာစု ပထမပိုင်း မကုန်ဆုံးမီ တွေ့သိပြီးသည့် အထက်ပါ အခြေခံအမှုန်များသည် သဘာဝမှ စမွှားအမျိုးအစား အကုန်အစင် နီးပါးဖြစ်မည်ဟု ထိုခေတ်ရူပဗေဒ ပညာရှင်အများစုက ထင်မြင်ယူဆကြသည်။ ခိုင်လုံသော အကြောင်းအချက်အပေါ် အခြေခံ၍ ဤသို့ ထင်မြင်ယူဆခဲ့ခြင်း ဖြစ်သည်။ အကြောင်းရင်းကား ပရိုတွန်နှင့် နျူထရွန်တို့ စုပေါင်းစည်း၍ နျူကလိယကို ဖွဲ့စည်းဆောက် တည်ထားသည်။ နျူကလိယနှင့် အီလက်ထရွန်များကို ထပ်ဆင့် တွဲဖက် နှောင်ထားခြင်းကြောင့် အက်တမ်ဖြစ်ပေါ်လာသည်။ တစ်ဖန် အက်တမ်အမျိုးမျိုးကို ပေါင်းစည်းရာမှ မော်လီကျူး၊ ဒြပ်ပေါင်း၊ အစိုင်အခဲ၊ ငွေ့ရည် စသည့် သာမန်ဒြပ်သားများကို ဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် မြင်တွေ့ကိုင်တွယ် မှတ်သားနိုင်သော ဒြပ်ဝတ္ထုမှန်သမျှ၏ ဖွဲ့စည်းဆောက်တည်မှုအတွက် အီလက်ထရွန်၊ ပရိုတွန်နှင့် နျူထရွန်သာ လိုအပ်သည်။ ပရိုတွန်နှင့် နျူထရွန်များကို စည်းနှောင်စုဝေးပေးထားသည့် စမွှားမှာ ပိုင်မယ်စွန် ဖြစ်သည်။ နျူကလီယနှင့် အီလက်ထရွန်များကို စည်းနှောင်ပေးသည့် လျှပ်စစ်သံလိုက် ပြန်လှန်သက်ရောက်မှုတွင် ဖလှယ်အမှုန်အဖြစ် ဖိုတွန်ပါဝင်နေသည်။ ပိုင်မယ်စွန်သည် ခိုင်မြဲသောအမှုန် မဟုတ်သဖြင့် သက်တမ်းကုန်သောအခါ ယိုယွင်း သွားပြီး မျူမယ်စွန်အဖြစ်သို့ ဘဝပြောင်းသွားသည်။ မျူမယ်စွန်သည်လည်း မခိုင်မြဲချေ။ ယင်းသည် အချိန်တန်လျှင် ယိုယွင်း၏။ မျူမယ်စွန်သည် ဒြပ်ထုကြီးနေသည်မှအပ ယင်း၏ အပြုအမူများသည် အီလက်ထရွန်နှင့် ဆင်တူနေခြင်းကြောင့် ယင်းကို အီလက်ထရွန်အလေးစားဟု သဘောထားကြသည်။ ပိုစီထရွန်မှာ အီလက်ထရွန်၏ ဆန့်ကျင်ဘက်အမှုန်ဖြစ်ပြီး ယင်းနှင့် အီလက်ထရွန်တို့ ပေါင်းစပ်မိ၍ ဘဝချုပ်ငြိမ်းသွားသော် ဖိုတွန် ဖြစ်ပေါ်လာသည်။ ဘီတာပြိုကွဲမှု ဖြစ်စဉ်၌ အီလက်ထရွန်ကိုသော်လည်းကောင်း၊ ပိုစီထရွန် ကိုသော်လည်းကောင်း ထုတ်လွှင့်သည်။ ထိုသို့ ထုတ်လွှတ်ရာ၌ နျူထရီနို အမှုန်ကိုပါ တစ်ပါတည်း ထုတ်လွှတ်သည်။

ဤသို့လျှင် သာမန်ဒြပ်သားတို့ ဖွဲ့စည်းရာတွင် ပါဝင်သည့် စမွှားများ၊ ထိုစမွှားများအကြား ပြန်လှန်သက်ရောက်မှုတွင် ဖလှယ်ခြင်းခံနေရသော စမွှားများနှင့်တကွ စမွှားများအချင်းချင်း ဆက်စပ်ပတ်သက် နေပုံကို သိရှိနားလည်ကြသည့် အခြေအနေသို့ ဆိုက်ရောက်လာချိန်တွင် ရူပဗေဒပညာရှင်တို့သည် စမွှား ရှာပုံတော်ကို အဆုံးသတ် နိဂုံးချုပ်ရတော့အံ့ဟု ယုံကြည်နေကြသည်။ ရူပဗေဒနယ်ပယ်မှ အခြေအနေအရပ်ရပ်သည် ဤသို့ တည်ငြိမ်မှုရရှိနေရာမှ များမကြာမီအတွင်း ပြန်လည်လှုပ်ရှားလာခဲ့သည်။

စမွှားစာရင်း ဦးရေပေါက်ကွဲမှု

[ပြင်ဆင်ရန်]

၂ဝ ရာစု ဒုတိယပိုင်း အစတွင် ရူပဗေဒပညာချွန်တသိုက် စုဝေးမိနေသည့် ကယ်လီဖိုးနီးယား တက္ကသိုလ်၌ စင်ခရိုထရွန်ဟု ခေါ်တွင်သည့် စွမ်းအင်မြင့် စမွှားအရှိန်မြှင့်စက်တစ်ခုကို တည်ဆောက်ပြီးစီးလေသည်။ ဤစက်သည် ယနေ့အခါ မဟာအရှိန်မြှင့်စက်ဟု သမုတ်နေသည့် စွမ်းအင် အလွန်မြင့်မားသော စမွှားအရှိန်မြှင့်စက် အမျိုးအနွယ်၏ ရှေ့ပြေးစက်ဖြစ်သည်။ ယင်းစက်ဖြင့် ယူကာဝါ၏ မယ်စွန်ကို လက်တွေ့ စမ်းသပ်ခန်းတွင် အောင်မြင်စွာ ဖန်တီးမွေး ထုတ်လိုက်နိုင်သည်။ ဆက်တိုက်ဆိုသလိုပင် အခြားသော မယ်စွန်များနှင့် အခြေခံအမှုန် အသစ်အဆန်းများကိုလည်း တွေ့ရှိလာသည်။ စမွှားစာရင်း အရေအတွက် ဖောင်းပွပေါက်ကွဲမှုအစ ထိုအခါမှဟု ဆိုကြလေသည်။

စမွှား အမျိုးအစား အရေအတွက် တိုး၍လာသည်နှင့်အမျှ ရှင်းလင်းပေးရမည့် မေးခွန်းအသစ်များလည်း တိုးပွားလာသည်။ နောက်တိုး သုတေသန နယ်ပယ် တစ်ရပ်လည်း ပေါ်ပေါက်လာခဲ့သည်။

စမွှားများကို မျိုးခွဲခြင်း

[ပြင်ဆင်ရန်]

၁၉၆ဝ ပြည့်နှစ်မတိုင်မီ တွေ့ရှိပြီးဖြစ်သည့် စမွှားများကို ဒြပ်ထုမဲ့ ဘိုဇွန်၊ လပ်တွန်၊ မေဇွန်နှင့် ဘက်ရီယွန် အုပ်စုများအဖြစ် အမျိုးအစား ခွဲခြားလိုက်သည်။ အမျိုးအစား (အုပ်စု) တစ်ခုချင်းအတွက်မှာပင် အုပ်စုခွဲများ ရှိနိုင်သည်။

သက်တမ်းအရ စမွှားများကို အုပ်စုသုံးခု ခွဲခြားနိုင်သည်။ အခိုင်မြဲဆုံးအုပ်စုမှ စမွှားများ၏ သက်တမ်းသည် ၁ဝ-၆ စက္ကန့်မှ (ထိပါးခြင်း မခံရလျှင်) ထာဝရခိုင်မြဲသည် အထိ ရှိသည်။ အလယ်အလတ် သက်တမ်းရှိ အုပ်စုတွင် ပါဝင်ကြသည့် စမွှားများ၏ သက်တမ်းမှာ ၁ဝ-၈ စက္ကန့်မှ ၁ဝ-၁ဝ စက္ကန့်အထိ ဖြစ်သည်။ မခိုင်မြဲဆုံး အုပ်စုမှ စမွှားများ၏ သက်တမ်းသည် ၁ဝ-၂၃ စက္ကန့်အထိပင် တိုတောင်း နိုင်သည်။ ၁ဝ-၆ စက္ကန့်ဆိုသည်မှာ တစ်စက္ကန့်၏အပုံတစ်သန်းလျှင် တစ်ပုံနှင့် ညီမျှသည်။ သက်တမ်းအတိုတောင်းဆုံးသော စမွှားများကို ရယ်ဇိုးနင့် များဟု ခေါ်သည်။

အခြေခံအမှုန်များမှာ -

  • ဖိုတွန်သည် တစ်ခုတည်း သီးခြားအုပ်စုတွင်ရှိသည်။
  • လက်ပတွန်မိသားစုတွင် အီလက်ထရွန်၊ မျူယွန်၊ နျူထရီနိုနှင့် ယင်းတို့အသီးသီး၏ လျှပ်ပြန်စမွှားများ ပါရှိသည်။
  • မယ်စွန်မိသားစုတွင် ပိုင်ယွန်၊ ကေအွန်နှင့် အီတာ(η ) ပါရှိသည်။
  • ဗယ်ရီယွန်မိသားစုတွင် နျူကလီယွန် (ပရိုတွန်နှင့် နျူထရွန်) နှင့် ဟိုက်ပရွန်များ ပါရှိသည်။

အီလက်ထရွန်၊ ပရိုတွန်၊ နျူထရွန် စသည်ကဲ့သို့သော စမွှား အနည်းအကျဉ်းမှအပ ကျန်အခြေခံ စမွှားများ (ရယ်ဇိုးနင့် အမှုန်များအပါအဝင်)သည် မခိုင်မြဲကြချေ။ သက်တမ်းကုန်သည်နှင့် ဘဝပြောင်းကြသည်။ ယိုယွင်းမှုဖြစ်ပေါ်ပြီး ဘဝပြောင်းပုံအချို့မှာ-

  • ပိုင်ယွန် (-) 0x1000x100စ0x039 မျူယွန် (-) + နျူထရီနိုများ
  • မျူယွန် (-) 0x1000x100စ0x039 အီလက်ထရွန် + နျူထရီနိုများ
  • နျူထရွန် 0x1000x100စ0x039 ပရိုတွန် + အီလက်ထရွန် + နျူထရီနို
  • လမ0x055ဒါ (ဝ) 0x1000x100စ0x039 ပရိုတွန် + ပိုင်ယွန် (-)
  • ဆစ်ဂမာ (ဝ) 0x1000x100စ0x039 လမ0x055ဒါ (ဝ) + ဂမ0x057ာ
  • ပိုင်ယွန် (+) 0x1000x100စ0x039 ပိုစီထရွန် + နျူထရီနိုများ

စမွှား တစ်ခုသည် ယိုယွင်းပြီး တစ်ခုမကသော စမွှားများ အဖြစ်သို့ ဘဝကူးပြောင်းသည်ကို ထောက်ခြင်းအားဖြင့် လည်းကောင်း၊ ယင်းသို့ ကူးပြောင်းသွားသည့် အမှုန်များသည်လည်း ဆင့်ကဲ အခြားအခြေခံအမှုန်များအဖြစ် ကူးပြောင်းသွားပြန်သည်ကို ထောက်ခြင်းဖြင့်လည်းကောင်း အရင်းကျသော စမွှားတိုင်းသည် အခြားသော အရင်းခံကျ စမွှားများဖြင့် ဖွဲ့စည်းထားသည်ဟု တွေ့လာရပြန်သောအခါ "အရင်းခံကျ (fundamental)" နာမဝိသေသနတပ်၍ ခေါ်ဆိုခြင်းသည် မှန်ရဲ့လား ဆိုသည့် မေးခွန်းပေါ်လာသည်။ ၁၉၆ဝ ပြည့်နှစ်တဝိုက်မှစ၍ ဤကိစ္စကို အလေးအနက်ထား စဉ်းစားလာကြသည်။ အရေအတွက်စဉ်တိုင်း ဖောင်းပွနေပြီဖြစ်သော အခြေခံအမှုန်များအတွက် သီအိုရီကိုလည်း ရှာပုံတော်ဖွင့်နေသည့် အချိန်ကာလ ဖြစ်သည်။ ထိုအချိန်လောက်တွင် သီအိုရီဆိုင်ရာ အောင်မြင်မှုနှစ်ရပ်ကို ရရှိကြသည်။

သီအိုရီပိုင်းဆိုင်ရာ အောင်မြင်မှု

[ပြင်ဆင်ရန်]

၁၉၆၁ ခုနှစ်တွင် ဂဲလ်မန်းနှင့် နီမင်းတို့က ဘက်ညီမှု (ခေါက်ချိုးညီမှု)သဘောဖြင့် အခြေခံအမှုန်များကို သုံးသပ်စိစစ်ကြသည်။ အုပ်စုသင်္ချာဘာသာခွဲမှ အက်(စ)ယူ ၃ နည်းဖြင့် အခြေခံအမှုန်များနှင့်ဆိုင်ရာ ကွမ်တမ်နံပါတ် ၆ ခုကို ၃ x ၃ အခင်းအကျင်းအလိုက် ဖြန့်ချိ၍ ပုံစံကွက်ချကြည့်သောအခါ ဗယ်ရီယွန်နှင့် မယ်စွန်တို့သည် တစ်ခု၊ ရှစ်ခု၊ ၁ဝ ခုနှင့် ၂၇ ခုပါဝင်သော အုပ်စုများအဖြစ် ဖွဲ့နိုင်ကြောင်း တွေ့ရသည်။

အုပ်စုတစ်ခုတွင်း ပါဝင်သော အမှုန်များ၏ အမှတ်မှာမူ တူညီသည်။ ယင်းအုပ်စုများအနက်မှ ရှစ်ခု၊ ၁ဝ ခု ပါဝင်သည့် ဗဟုအုပ်စု (စူပါမာတီပလက်)တို့သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ပရိုတွန်၊ နျူထရွန် ပါဝင်သည့် စပင်တန်ဖိုး ၁/၂ ရှိ ရှစ်ဗဟုအုပ်စုပါ အမှုန်အားလုံးကို တွေ့သိပြီး ဖြစ်သည်။ သီအိုရီအရ အမှတ်သုညရှိ မယ်စွန်ရှစ်ခုနှင့် ဖွဲ့စည်းထားသည့် ဗဟုအုပ်စု ရှိရမည်ဟု ဆိုထားသည်။ သို့သော် ထိုအချိန်၌ ခုနစ်ခုသာ တွေ့ရှိထားသေးသည်။ လပ်နေသော အမှုန်တစ်ခုကို သီအိုရီမှ ဟော ကိန်းထုတ်ထားသည့် ဂုဏ်သတ္တိများနှင့်အညီ ၁၉၆၁ ခုနှစ်တွင် တိုင်းတာတွေ့ရှိသည်။ ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ဗယ်ရီယွန် ၁ဝ ဗဟုအုပ်စုဖြစ်သည်။ အမှုန်အသီးသီး၌ ရှိရမည့် ရှိအပ်သည့် ဂုဏ်သတ္တိအပြည့်အဝကိုလည်း ယင်းသီအိုရီက အပြည့်အဝ ဖော်ပြထားသည်။

လက်တွေ့စမ်းသပ်ချက်မှ ကိုးခုသာ တွေ့ရှိထားသေးပြီး ပုံစံကွက်မှ ထိပ်ဖူးနေရာကိုယူသည့် အမှုန်ကိုမူ တွေ့ရှိခြင်း မရှိသေးချေ။ ဂဲလ်မန်း-နီးမင်း-သီအိုရီမှ ယင်းအမှုန်တွင် ရှိရမည့်ဒြပ်ထုနှင့်တကွ အခြားဂုဏ်သတ္တိများကို တိကျစွာ တွက်ထုတ်၍ ပြထားသည်။ တွက်ချက်မှုအပေါ် အခြေခံ၍ ဟောကိန်းထုတ်ထားသည့် ဂုဏ် သတ္တိအရပ်ရပ်နှင့် အတိအကျကိုက်ညီသည့် ယင်းအမှုန်မျိုးကို ၁၉၆၃ ခုနှစ်၌ လက်တွေ့ စမ်းသပ်ချက်ဖြင့် အောင်မြင်စွာ တိုင်းတာတွေ့ရှိလေသည်။

ယင်းအမှုန်ကို အိုမီဂါအနုတ်ဟု မှည့်ခေါ်သည်။ ဤတွင် အမှုန်ရူပဗေဒ လောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ အခြေခံအမှုန်ပါဟု လက်ခံထားသော အမှုန်များကို ယင်းတို့ထက်ပင် ပို၍ အခြေခံကျသည့် အနုစိတ်လွန် အမှုန်ကလေးများနှင့် ထပ်ဆင့် ဖွဲ့စည်းထားပေသလောဟူသည့် အရေးပါသော မေးခွန်းတစ်ရပ်အတွက် အဖြေရှာရပေဦးမည်ဖြစ်သည်။


တြိကွာ့ပုံစံ

[ပြင်ဆင်ရန်]

အမှန်တကယ် အခြေခံအကျဆုံးသော အခြေခံအမှုန်သုံးခု ရှိမည်ဟု ၁၉၆၃ ခုနှစ်၌ ဂဲလ်မန်းနှင့် ဇွိခ်တို့က သီးခြားစီ အဆိုပြုကြသည်။ ယင်းအမှုန်များကို ဂဲလ်မန်းက ကွာ့များဟု ခေါ်၍ ဇွိခ်က အေးစ်များဟု ခေါ်သည်။ (ယခုအခါတွင်မူ ကွာ့ခ် အမည်သာတွင်၍ ကျန်ခဲ့သည်။) ကွာ့များသည် ယခင်အခြေခံ အမှုန်များနှင့် ကွဲပြားသည့် ဂုဏ်သတ္တိများကို ဆောင်သည်။ ထူးခြားပုံမှာ ယင်းတို့၌ အပိုင်းလျှပ်စစ်နှင့် အပိုင်းဗယ်ရီယွန်နံပါတ်များ ရှိနေခြင်း ဖြစ်သည်။ အထက်၌ ဖော်ပြထားသည့် အခြေခံအမှုန်များတွင်မူ ယင်းတန်ဖိုးများသည် ကိန်းပြည့်တန်ဖိုးများသာ ဖြစ်၏။ ကွာ့ခ်များကို ယူ၊ ဒီ၊ အက်စ်-ကွာ့များဟု အမည်ပေးထားသည်။

ကွာ့ခ်သုံးခု၏ အခြေခံကွမ်တမ်နံပါတ်များ

[ပြင်ဆင်ရန်]

ကွာ့ အမှတ် ဟိုက်ပါလျှပ်စစ် လျှပ်စစ်

ကယ က ၁/၂ - ၁/၂ ၁/၃ - ၁/၃ ၂/၃ - ၂/၃ ိယ ိ ၁/၂ - ၁/၂ ၁/၃ - ၁/၃ ၁/၃ - ၁/၃ ျယ ျ ဝ ဝ -၂/၃ - ၂/၃ -၁/၃ - ၁/၃ ကယ ိယ ျ တို့သည် ကယ ိယ ျ ကွာ့ခ်အသီးသီး၏ ဆန့်ကျင် ဘက် ကွာ့ခ်များ ဖြစ်၏။ ကွာ့ခ်သီအိုရီအရ ဗယ်ရီယွန်များကို ကွာ့ခ်သုံးခုတွဲဖြင့် ဖွဲ့စည်းထား၍ မယ်စွန်ကိုကွာ့ခ်-ဆန့်ကျင်ဘက် ကွာ့ခ်အတွဲဖြင့် ဖွဲ့စည်းထားသည်။ အခြေခံအမှုန်အချို့၏ ကွာ့ခ်ဖွဲ့စည်းပုံများ မှာ-


အမှုန် ကွာ့(ခ်) ပေါင်းစည်းပုံ

[ပြင်ဆင်ရန်]
  • ပရိုတွန် ကကိ (ယူယူဒီ)
  • ဆစ်ဂမာအနုတ် (ဒီဒီအက်စ်)
  • ဇိုင်အနုတ် (ဒီဒီအက်စ်)
  • အိုမီဂါအနုတ် (အက်စ်၊ အက်စ်၊ အက်စ်)
  • ဒယ်လတာအပေါင်း ကမိ (ယူယူဒီ)
  • ပိုင်ယွန်အပေါင်း ကိ (ယူဒီဘား)

ကွာ့ခ်များကို နှောင်တွဲထားသည့်အရာမှာ ဂလူယွန်ဖြစ်သည်ဟု အဆိုပြုထားသည်။ ဂလူယွန်အမည်ကို အင်္ဂလိပ်စကားလုံး glue (မြန်မာအဓိပ္ပာယ် ကော်)မှ ရခြင်း ဖြစ်သည်။ ကွာ့ခ်သုံးခုပုံစံဖြင့် သိပြီးသမျှ အခြေခံအမှုန် အားလုံးကို ဖွဲ့တည်ယူနိုင်ပြီ ဖြစ်သော်ငြားလည်း အချို့သော အပျော့စား ပြန်လှန်သက်ရောက်မှုဆိုင်ရာ ယိုယွင်းမှုကို ရှင်းပြနိုင်ရန် အတွက် စတုတ္ထမြောက် ကွာ့ခ်တစ်ခုကို ထပ်တိုး အဆိုပြုလိုက် ရသည်။ ယင်းကွာ့ခ်ကို စီ-ကွာ့ခ်ဟု ခေါ်သည်။ အဆိုပြုပြီးနောက် ဆယ်နှစ် နည်းပါးတိုင်အောင် ယင်းကွာ့ခ် တည်ရှိခြင်းနှင့် ပတ်သက်၍ အထောက်အထား မတွေ့ရှိခဲ့ချေ။

စာမျက်နှာ -၂၇၆ မှ ဇယား

[ပြင်ဆင်ရန်]

၁၉၇၄ ခုနှစ် နိုဝင်ဘာလ၌ ဆယ်မြူရယ်တင်း၏ သုတေသနအုပ်စုနှင့် ဗာတန်ရစ်တာ၏ သုတေသန အုပ်စုတို့မှ တစ်ပြိုင်နက်တည်း အလွန်လေးလံသော မယ်စွန်အမှုန်သစ် တစ်ခုအား တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာလိုက်သောအခါ အခြေခံအမှုန် ရူပဗေဒ၌ မျှော်လင့်မထားသော ကဏ္ဍသစ်တစ်ရပ် ပေါ်ထွန်းလာပေတော့သည်။ ယင်းအမှုန်ကို တင်း၏ အုပ်စုက ဂျေ (ဲ)အမှုန်ဟု ကင်းပွန်းတပ်လိုက်ပြီး ရစ်တာ၏ အုပ်စုက ဆိုင် ( ) ဟု ကင်ပွန်းတပ်လိုက်၏။ ယနေ့အခါ ဂျေ /ဆိုင်(ဲ၊ )အမှုန်ဟု တရားဝင် ခေါ်ဝေါ်သည်။ ခပ်မြန်မြန် ဆို၍ အသံထွက်သော် ဂျစ်ပစီနှင့် နီးစပ်သဖြင့် အချို့က လည်း ဂျစ်ပစီဟု ခေါ်ကြသည်။ ရွှေနှင်းဆီ ဘယ်မည်ပေး သင်းရနံ့လှိုင်လျက်သာမွှေး ဆိုဘိသကဲ့သို့ ဤအမှုန်အသစ်ကို မည်သို့သော အမည်နာမနှင့် ခေါ်စေကာမူ ယင်းသည် အရေးပါသည့် အမှုန်အဖြစ် ရပ်တည်နေမည်သာ ဖြစ်သည်။

ဂျေ /ဆိုင်အမှုန်ကို စီ-ကွာ့ခ်နှင့် ဆန့်ကျင်ဘက် စီ-ကွာ့ခ် အတွဲဖြင့် ဖွဲ့စည်းထားသည်ဟု ယူဆလျက် ယင်းအမှုန်၏ ဝိသေသဂုဏ်သတ္တိများကို တိကျစွာ ရှင်းလင်းဖော်ပြနိုင်သည့် အမှုန်တွေ့ရှိခြင်းကို စီ-ကွာ့ခ် တည်ရှိမှုအားခိုင်လုံစွာ သက်သေထူသည့် ဗွေဆော်ဦး အထောက်အထားအဖြစ် လက်ခံကြသည်။ နောင် မကြာမီကာလအတွင်း အခြားအထောက်အထားများကို ရရှိခဲ့ပေရာ စီ-ကွာ့ခ်တည်ရှိမှုနှင့် ပတ်သက်၍ သံသယ ကင်းသွားလေသည်။

ကွာ့ခ်များနှင့် လက်ပတွန်တို့တွင် ထပ်ဆင့်ဖွဲ့စည်းပုံ မရှိ သဖြင့် ယင်းတို့သည် အမှန်တကယ်ပင် အခြေခံကျသည့် အမှုန်များ ဖြစ်သည်ဟု လက်ခံယုံကြည်ကြသည်။ ကွာ့ခ်လေးခုနှင့် လက်ပတွန်လေးခု (အီလက် ထရွန်၊ မယ်စွန်နှင့် ယင်းတို့၏ တွဲဖက် နျူထရီနိုတစ်ခုစီ)တည်ရှိနေခြင်းကြောင့် ကွာ့ခ်နှင့် လက်ပတွန်အကြား ရှိအပ်သည့် ဘက်ညီမှုသဘောနှင့်လည်း ညီညွတ်နေပေသည်။

သို့သော် ကွာ့ခ်-လက်ပတွန်မိသားစုဝင် အရေအတွက်ကား မပြည့်စုံသေးချေ။ လွန်ခဲ့သည့် နှစ်နှစ် သာသာက သော်လု အမည်ရှိ လက်ပတွန်အသစ်တစ်ခုကို တွေ့ရှိခဲ့ပြန်သည်။ ထို့ကြောင့် ယင်းနှင့် တွဲဖက်ထားသည့် နျူထရီနို အသစ်တစ်ခု လည်း ရှိရလိမ့်မည်။ ထိုသို့ လက်ပတွန်အရေအတွက်ခြောက်ခု အထိ တိုးသွားခြင်းကြောင့် ကွာ့ခ်-လက်ပတွန်ဘက်ညီမှု မပျက်ပြားစေရန် ကွာ့ခ်အရေးအတွက်မှာလည်း ခြောက်ခုဖြစ်ရမည်။ အသစ်တိုးလာမည့် ကွာ့ခ်နှစ်ခုကို ဗီကွာ့ခ်နှင့် တီ-ကွာ့ခ်ဟု မှည့်ခေါ်သည်။ ယခုအခါ ဗီ-ကွာ့ခ် တည်ရှိကြောင်း အထောက် အထားကို ရရှိပြီး ဖြစ်သည်။ တီကွာ့ခ် တည်ရှိမှု အထောက်အထားကိုကား ရှာဖွေဆဲ ဖြစ်၏။

ကွာ့ခ်တို့၏ အရောင်နှင့် အရသာ

[ပြင်ဆင်ရန်]

ယူ-ဒီ-အက်စ်-စီ-ဗီ-တီ ကွာ့ခ်ဟူ၍ ကွာ့ခ်များ ကွဲပြားနေခြင်းကို ကွာ့ခ်များတွင်အရသာကွဲပြားနေသည့် အကြောင်းရင်း ရှိနေသည်။ အရသာတူ ကွာ့ခ်များကို အရောင်အလိုက် ထပ်ဆင့်ခွဲခြားလိုက်သည်။ အရောင်သုံးမျိုးရှိ၏။ ယင်းတို့မှာ အနီ၊ အပြာ၊ အစိမ်းတို့ ဖြစ်ကြသည်။ အနီ၊ အပြာ၊ အစိမ်း ဆိုရာ၌ စက္ခု အာရုံနှင့် ရှုစားတွေ့ရှိရသည့် သွေးအရောင်၊ ကောင်းကင်အရောင်၊ မြက်အရောင် စသည့် သာမန်အရောင်မျိုးကို မဆိုလိုပါ။ အရသာတူ ကွာ့ခ်များကို ခွဲခြားရန် သတ်မှတ်ပေးသည့် သီးခြားဂုဏ်သတ္တိရပ်စီအတွက် မှည့်ခေါ်ထားသည့် အမည်နာမထူး သန့်သန့်ဟုသာ မှတ်ယူရမည်။

အရောင် အရသာအလိုက် ခွဲခြားရသော် ကွဲပြားသောကွာ့ခ် အရေအတွက် ပေါင်မှာ ၆ ထ ၃Ó၁၈ ခု တိတိ ရှိ၏။ ဤသို့ရှိမူ ကွာ့ခ်အရည်အတွက်မှာ ဖောင်းပွစပြုနေချေပြီ။ ထိုအခါ ကွာ့ခ်သည် အခြေခံကျသော အမှုန်ဟုတ်ပါလေစဟု သံသယ ဖြစ်လာဖွယ် ရှိသည်။ ယင်းတို့ထက်ပင် အခြေခံကျသည့် သာလွန်ကွာ့ခ် (ဆပ်ဗ် ကွာ့ခ်)များ ရှိနေပေဦးမည်လောဟု တွေးထင်ဖွယ် ဖြစ်နေသည်။

ကွာ့ခ်များ တည်ရှိနိုင်မှု အထောက်အထား အခိုင်အမာ ရရှိထားသော်ငြားလည်း ကွာ့ခ်အလွတ်များ(ပူးတွဲမနေပဲ သီးခြားလွတ်ကင်းစွာ ရပ်တည်နေသည့် ကွာ့ခ်)များကို ယနေ့ထက်တိုင် တိုင်းတာမိခြင်း မရှိသေးပါ။ အချို့သော သီအိုရီဆိုင်ရာ တွက်ချက်မှု ရလဒ်များကမူ မည်သည့်အခါမျှ တိုင်းတာမိလိမ့်မည် မဟုတ်ဟု ဆိုထားသည်။ သို့ဖြစ်ပေရာ ကွာ့ခ်အလွတ်ကို မတိုင်းတာ မတွေ့ရှိရသေးမီ သာလွန်ကွာ့အကြောင်းမှန်း ဆချက်သာ ဖြစ်ပေသလောဟူသော မေးခွန်းတစ်ရပ် ပေါ်လာနိုင်သည်။

အနာဂတ်၏ မဟာရူပဗေဒ

[ပြင်ဆင်ရန်]

ယနေ့အခါတွင် အံ့ဖွယ်လိလိဖြစ်သော မဟာအရှိန်ပေးစက် များကို အပြိုင်အဆိုင် ဆောက်လုပ်လျက် ရှိကြသည်။ ယင်း စက်များနှင့် ဗျူဟာခင်းပြီး သုတေသန တိုက်ပွဲကျင်းပရာမှ ပေါ်ထွက်လာဦးမည့် ရလဒ်အလီလီတို့သည် အမှုန် ရူပဗေဒဆိုင် ရာ အသိပညာ သိုက်နန်းကို ပို၍ တိုးချဲ့ထွင်ပေးလိမ့်မည် ဖြစ် သည်။

ဤသို့လျှင် အပြောကျယ်လှသည့် စကြဝဠာအနန္တကို အနုစိတ်မှု လွန်ကဲဆုံးသော အစိတ်အပိုင်းအဖြစ် အဆင့်ဆင့် စိတ်ဖြာ၍ လေ့လာစူးစမ်း သုံးသပ်နေပြီ ဖြစ်ပေသည်။ []

ဆက်စပ် ကြည့်ရှုဖွယ်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)