ကော့မစ်ရောင်ခြည်

ဝီကီပီးဒီးယား မှ
Cosmic flux versus particle energy

ကော့မစ်ရောင်ခြည် (အင်္ဂလိပ်: Cosmic ray) ဆိုသည်မှာ ကမ္ဘာမြေပြင်ပေါ်သို့ အာကာသမှ အဆက်မပြတ် သွန်းချနေသော အရာဝတ္တုများ(ရောင်ခြည်မြူများ) ဖြစ်သည်။ မူလ ကော့မစ်ရောင်ခြည်၌ ပါရှိသော ပရိုတွန်နှင့် အခြားစွမ်းအင်ပါ မြူများမှာ လေပြင်ရှိ မြူများနှင့် ထိခိုက်မိသောကြောင့် မြေပြင်ပေါ်သို့ ရောက်သောအခါ အာနိသင်တစ်မျိုး ပြောင်းလဲသွားသည်။ အချို့မှာ လျှပ်စစ်ဓာတ်ကိန်း ပစ္စည်းများ ဖြစ်သွားသည်။ ထိုရောင်ခြည်ကို အနုမြူသုတေသနလုပ်ငန်းတွင် စွမ်းအင်ထုတ်ယူရာအဖြစ် အသုံးပြုနိုင်သည်။ သို့ရာတွင် အချို့မြူ၌ အင်အားကြီးမားလှ၍ ဖမ်းယူသော ကရိယာကို ထိန်းသိမ်းရန် ခက်ခဲသဖြင့် ထိုနည်းကို မသုံးဝံ့သေးပေ။[၁] ကော့မစ်ရောင်ခြည်၏ မူလပင်မနေရာသည် နေအဖွဲ့အစည်းပြင်ပမှ ဖြစ်သည်။[၂] အဓိကပင်ရင်းမှာ အင်မတန်ကြီးမားသည့် ကြယ်တို့၏ ဆူပါနိုဗာများမှ ဖြစ်ကြသည်။[၃]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကော့မစ်ရောင်ခြည်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  2. Sharma (2008)။ Atomic And Nuclear Physics။ Pearson Education India။ p. 478။ ISBN 978-81-317-1924-4
  3. Ginger Pinholster (2013-02-13)။ Evidence Shows that Cosmic Rays Come from Exploding Stars