ဒြပ်

ဂန္ထဝင် ရူပဗေဒနှင့် ယေဘုယျ ဓာတုဗေဒတို့တွင် ဒြပ် (အင်္ဂလိပ်: Matter) ဆိုသည်မှာ ဒြပ်ထုနှင့်ထုထည်ပါရှိသောအရာဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နေ့စဥ်ထိတွေ့နိုင်သော အရာများအားလုံးသည် အက်တမ်များဖြင့် ဖွဲ့စည်းထားပြီး ထိုအက်တမ်များကို အက်တမ်အောက်အမှုန်များဖြင့် ထက်မံဖွဲ့စည်းထားသည်။[၁] ထိုအရာများအားလုံးသည် ဒြပ်၌အကျုံးဝင်သည်။ ဖိုတွန်ကဲ့သို့သော ဒြပ်ထုမဲ့အမှုန်များ၊ အလင်း၊ အပူကဲ့သို့သော စွမ်းအင်နှင့် လှိုင်းများသည် ဒြပ်၌အကျုံးမဝင်ပေ။[၂] ဒြပ်သည် အခြေအနေအမျိုးမျိုး (သို့မဟုတ် အဆင့်များ) တွင်တည်ရှိနိုင်သည်။ ယင်းတို့သည် အစိုင်အခဲ၊ အရည်၊ အငွေ့ ဟူသောအများသိသည့် အခြေအနေများဖြစ်ကြသည်။ သာဓကအားဖြင့် ရေသည် ရေခဲ၊ ရေနှင့် ရေနွေးငွေ့ အခြေအနေသုံးမျိုးလုံးအဖြစ်တည်ရှိသည်။ ဤအခြေအနေသုံးရပ်အပြင် ဒြပ်များသည် ပလာစမာ၊ ဘို့စ်–အိုင်းစတိုင်း ကွန်ဒန်စိတ်၊ ဖာမီယွန်နစ် ကွန်ဒန်စိတ်၊ ကွာ့–ဂလူယွန် ပလာစမာစသော အခြားအခြေအနေများတွင်လည်း တည်ရှိနိုင်ကြသည်။.[၃]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ။R. Penrose (1991)။ "The mass of the classical vacuum"။ in S. Saunders; H.R. Brown (eds.)။ The Philosophy of Vacuum။ Oxford University Press။ pp. 21–26။ ISBN 978-0-19-824449-3။
- ↑ "Matter (physics)"။ McGraw-Hill's Access Science: Encyclopedia of Science and Technology Online။ 17 June 2011 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2009-05-24 တွင် ပြန်စစ်ပြီး။
- ↑ "RHIC Scientists Serve Up "Perfect" Liquid" (သတင်းထုတ်ပြန်ချက်)။ Brookhaven National Laboratory။ 18 April 2005။ 16 July 2012 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2009-09-15 တွင် ပြန်စစ်ပြီး။