ဖာမီယွန်

ဝီကီပီးဒီးယား မှ
အန်ရစ်ကို ဖာမီ
Antisymmetric wavefunction for a (fermionic) 2-particle state in an infinite square well potential.

အမှုန်ရူပဗေဒတွင် ဖာမီယွန် သည် အန်ရစ်ကို ဖာမီအား ဂုဏ်ပြုသောအားဖြင့် အမည်ပေးခြင်းဖြစ်ပြီး Fermi–Dirac statistics နှင့် သက်ဆိုင်သည့် မည်သည့် အမှုန်ကိုမဆို ခေါ်ဆိုသည်။ ယင်းအမှုန်များသည် ပါအူးလီ ကန့်ပယ်စည်းမျဉ်း (Pauli Exclusion Principle)ကို လိုက်နာပြီး ဖာမီယွန်တွင် ကွာခ့်နှင့် လက်ပတွန်များ ပါဝင်သည်။ ဖာမီယွန်သည် ဘိုဇွန်နှင့်မူ မတူပေ။ ဖာမီယွန်သည် အီလက်ထရွန်ကဲ့သို့ အခြေခံအမှုန်များဖြစ်နိုင်သည်၊ သို့မဟုတ် ပရိုတွန်ကဲ့သို့ ပါဝင်အမှုန်များ ဖြစ်နိုင်သည်။ ကွမ်တမ်စက်ကွင်းသီအိုရီထဲတွင် ကိန်းပြည့် လည်အင်ရှိသော မည်သည့်အမှုန်မဆို ဘိုဇွန်များဖြစ်ပြီး ကိန်းပြည့်ဝက် စပင်ရှိသော အမှုန်များသည် ဖာမီယွန်များဖြစ်ကြသည်။ ယင်းစပင်လက္ခဏာများအပြင် ဖာမီယွန်တွင် အခြားဂုဏ်အင်များလည်း ရှိသေးသည်။ ယင်းသည် ဘာယွန် သို့မဟုတ် လက်ပတွန် ကွမ်တမ်နံပါတ်ကို ပိုင်ဆိုင်ကြသည်။ [၁] ပရိုတွန်နှင့် နယူထရွန်ကဲ့သို့သော ပါဝင် ဖာမီယွန်များသည် ဘာယွန်းနစ်ဒြပ်များအတွက် အချက်အချာကျသော အပိုင်းများဖြစ်ကြသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Physical Review D volume 87, page 0550003, year 2013, author Weiner, Richard M., title "Spin-statistics-quantum number connection and supersymmetry" arxiv:1302.0969