မြဝတီစာပေတိုက်

ဝီကီပီးဒီးယား မှ
အခြားကြည့်ရန်။ မြဝတီရုပ်မြင်သံကြား
မြဝတီစာပေတိုက်
မြဝတီစာပေတိုက် လိုဂိုအမှတ်တံဆိပ်
ဖွဲ့စည်းခြင်းနိုဝင်ဘာ ၁၉၅၂ (၇၁ နှစ် အကြာက) (၁၉၅၂-၁၁)
တည်ထောင်သူတပ်မတော်စာပေမြှင့်တင်ရေးအဖွဲ့
တည်နေရာ
ဝန်ဆောင်မှုများစာပေရေးသားထုတ်ဝေရေး
မိခင်အဖွဲ့အစည်း
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကာကွယ်ရေးဝန်ကြီးဌာန
ဝက်ဘ်ဆိုဒ်myawadyliteraturehouse.com
မြဝတီစာပေတိုက်
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့တံဆိပ်
လှုပ်ရှားချိန်နိုဝင်ဘာ ၁၉၅၂ (၇၁ နှစ် အကြာက) (၁၉၅၂-၁၁)-လက်ရှိ
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
စာပေတိုက်
အခန်းကဏ္ဍစာပေရေးသားထုတ်ဝေရေး
အစိတ်အပိုင်းကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး
တပ်ဌာနချုပ်မြဝတီစာပေတိုက်၊ အမှတ်(၁၅)၊ မိုးကောင်းလမ်း၊ (၁၅)ရပ်ကွက်၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အုပ်ချုပ်သူများ
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးဗိုလ်ချုပ် ဇော်မင်းထွန်း
စာတည်းမှူးချုပ်ဒုတိယဗိုလ်မှူးကြီး နေမျိုးထက်
ထင်ရှားသော
အုပ်ချုပ်သူများ
ဒုတိယဗိုလ်မှူးကြီး ချစ်နိုင် (စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ))

မြဝတီစာပေတိုက်သည် ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးလက်အောက်တွင်ရှိသော စာပေတိုက်ဖြစ်ပြီး တပ်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ စာပေတိုက်၏ အမည်မှာ မြန်မာ့သမိုင်းတွင် ထင်ရှားသော စာဆိုစစ်သည်တော်ကြီးတစ်ဦးဖြစ်သည့် မြဝတီမင်းကြီး ဦးစကို ရည်ညွှန်း၍ ပေးထားခြင်းဖြစ်သည်။ ၎င်းအား တပ်မတော်သားများ၏ စာပေအရည်အသွေးကိုမြှင့်တင်ရန်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေကြသော တပ်မတော်သားများနှင့် ပြည်သူလူထုအကြား ပေါင်းကူးဆက်သွယ်ပေးရန်အတွက် ရည်ရွယ်ထားသည်။[၁]

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

မြဝတီမဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတွင် တပ်မတော်စာပေမြှင့်တင်ရေးက စတင်ထုတ်ဝေခဲ့သည်။ မြဝတီမဂ္ဂဇင်းစတင်ထုတ်ဝေပြီးနောက် ၁၉၅၃ ခုနှစ်၊ မေလတွင် အမှတ်-၁၈၄၊ ၃၂ လမ်း(အထက်)၊ ပန်းဘဲတန်းမြို့နယ်ရှိ ၂ ထပ်တိုက်တန်းရှည်အဆောက်အအုံတွင် မြဝတီပုံနှိပ်တိုက်ရုံးဖွင့်လှစ်ခဲ့သည်။ မြဝတီမဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ထုတ်ဝေခဲ့ရာတွင် တပ်မတော်စာပေမြှင့်တင်ရေးအဖွဲ့က စစ်ရေးအပြင် စာပေရေးရာပါ စွယ်စုံကုံလုံ ကြွယ်ဝသည့် မြဝတီမင်းကြီး ဦးစကို ရည်ညွှန်းကာ အထိမ်းအမှတ်တစ်ခုအဖြစ် ဦးစ၏ အမွေကို ဆက်ခံကြမည့် စာဆိုစစ်သည်လောင်းများအတွက် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။[၂]

မြဝတီမဂ္ဂဇင်း ကြီးကြပ်ရေးအဖွဲ့အဖြစ် ၁၉၅၃ ခုနှစ်တွင် ပထမဆုံးရွေးချယ်တာဝန်ပေးခဲ့သော အဖွဲ့ဝင်များမှာ -

  1. ဗိုလ်မှူးချုပ် တင်ဖေ (ဥက္ကဋ္ဌ)
  2. ဗိုလ်မှူးကြီး အောင်ကြီး (အမှုဆောင်အဖွဲ့ဝင်)
  3. ဒုတိယဗိုလ်မှူးကြီး စန်းယု (အမှုဆောင်အဖွဲ့ဝင်)
  4. ဒုတိယဗိုလ်မှူးကြီး သန်းစိန် (အမှုဆောင်အဖွဲ့ဝင်)
  5. ဒုတိယဗိုလ်မှူးကြီး ရှိန်း (အမှုဆောင်အဖွဲ့ဝင်)
  6. ဗိုလ်ကြီး ဘသောင်း (အမှုဆောင်အဖွဲ့ဝင်)

ဟူ၍ ပါရှိသည်။ ထိုစဉ်က ဒုတိယဗိုလ်မှူးကြီး စန်းယုသည် နောင်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် နိုင်ငံတော်သမ္မတကြီး ဖြစ်လာသူဖြစ်သည်။[၂]

မြဝတီမဂ္ဂဇင်းကို တပ်မတော်စာပေမြှင့်တင်ရေးအဖွဲ့က ထုတ်ဝေနိုင်ရန်အတွက် ဗိုလ်ကြီး အေးငွေ (ဒဂုံမြတ်လေးနွယ်)၊ ဦးထွန်းလွင် (ထွဏ်းနေနွယ်)၊ ကိုချစ်ဆွေ နှင့် ကာတွန်း ကိုတင်လှတို့က စာမူများ ရရှိနိုင်ရေး အပူတပြင်းရှာဖွေကြသည်။ ထိုစဉ်က အယ်ဒီတာချုပ်အဖြစ် ဗိုလ်ကြီး ဝင်းမောင် (မင်းရှင်) က တာဝန်ယူခဲ့ရသည်။ မြဝတီမဂ္ဂဇင်း ထုတ်ဝေရန်လုံးပန်းနေသော်လည်း ထိုစဉ်က မြဝတီပုံနှိပ်တိုက်ဟူ၍ မရှိသေးသဖြင့် နုယဉ်ပုံနှိပ်တိုက်ကို ပင်တိုင်ထား ရိုက်နှိပ်ထုတ်ဝေခဲ့ရသည်။ ထို့အပြင် အခြားပုံနှိပ်တိုက်ကြီးများဖြစ်သည့် ချိုးဖြူ၊ ကောင်ဝှာ၊ ရွှေပြည်ညွန့်၊ ကာလာမောင်ဝင်းနှင့် အောင်မိတ်ဆက်တိုက်များတွင်ခွဲ၍ ပုံနှိပ်ကြရသည်။[၂]

မြဝတီစာပေတိုက်က ထုတ်ဝေလျက်ရှိသည့် ငွေတာရီ မဂ္ဂဇင်းကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဦးဝင်းမောင် (မင်းယုဝေ)က စတင်ထုတ်ဝေခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြဝတီပုံနှိပ်တိုက်ကို ပြည်သူပိုင်အဖြစ်သတ်မှတ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြဝတီပုံနှိပ်တိုက်အပါအဝင် ပြည်သူပိုင်သိမ်းထားသော သတင်းစာတိုက်များကို မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ခဲ့သည်။[၂]

စာတည်းမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]

မြဝတီစာပေတိုက်၏ စာတည်းမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူများအား အောက်တွင်ဇယားဖြင့် ဖော်ပြထားသည်[၂] -

စဉ် ပြန်တမ်းဝင်အမှတ် အဆင့် / အမည် ကာလ မှတ်ချက်
မှ ထိ
၁။ ကြည်း ၁၂၂၄၄ ဒုတိယဗိုလ်မှူးကြီး ချစ်နိုင် ၁- ၁၀- ၁၉၉၆ ၁၇- ၁၂- ၁၉၉၇ စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ) ဖြစ်သည်
၂။ ကြည်း ၁၁၈၂၉ ဒုတိယဗိုလ်မှူးကြီး စိန်ဝင်း ၁၇- ၁၂- ၁၉၉၇ ၁ဝ- ၆- ၁၉၉၉
၃။ ကြည်း ၁၆၇၃၁ ဗိုလ်မှူး ချစ်သန်း ၁ဝ- ၆- ၁၉၉၉ ၃ဝ- ၉- ၂ဝဝဝ
၄။ ကြည်း ၁၄၈၇၂ ဒုတိယဗိုလ်မှူးကြီး စံငြိမ်း ၃ဝ- ၉- ၂ဝဝဝ ၂၅- ၁ဝ- ၂ဝဝ၂
၅။ ကြည်း ၁၅၅၂၄ ဒုတိယဗိုလ်မှူးကြီး တင့်ဝေ ၂၅- ၁ဝ- ၂ဝဝ၂ ၁- ၈- ၂ဝဝ၈
၆။ ကြည်း ၂ဝ၂၄၉ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး ၁- ၈- ၂ဝဝ၈ ၂၇- ၁၂- ၂ဝ၁၈
၇။ ကြည်း ၃၂၂၈၂ ဒုတိယဗိုလ်မှူးကြီး နေမျိုးထက် ၃- ၆- ၂၀၁၉ လက်ရှိ

ထုတ်ဝေလျက်ရှိသော မဂ္ဂဇင်း၊ စာစောင် နှင့် ဂျာနယ်များ[ပြင်ဆင်ရန်]

မြဝတီစာပေတိုက်မှ အောက်ဖော်ပြပါ စာအုပ်/ စာစောင်များအား အပတ်စဉ်၊ လစဉ် ထုတ်ဝေလျှက်ရှိသည်[၁] -

စဉ် အမည် အမျိုးအစား စတင်ထုတ်ဝေမှု
၁။ မြဝတီ မဂ္ဂဇင်း နိုဝင်ဘာ ၁၉၅၂
၂။ ငွေတာရီ မဂ္ဂဇင်း အောက်တိုဘာ ၁၉၆၀
၃။ တေဇ ရုပ်စုံစာစောင် ဇန်နဝါရီ ၁၉၆၄
၄။ မိုးသောက်ပန်း ဂျာနယ် ဇန်နဝါရီ ၁၉၈၀
၅။ အားကစားမြင်ကွင်း အားကစားဂျာနယ် ဇန်နဝါရီ ၂၀၁၂
၆။ သုတအလင်း မဂ္ဂဇင်း ဧပြီ ၂၀၁၆
၇။ သုတကမ္ဘာ ဂျာနယ် မတ် ၂၀၁၈
၈။ လုံးချင်း စာအုပ်များ

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြဝတီစာပေတိုက်၏ ရည်ရွယ်ချက် (in မြန်မာဘာသာ)။ မြဝတီစာပေတိုက် ဝဘ်ဆိုဒ်။ 8 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 08-02-2023 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ မြဝတီစာပေတိုက်၏ သမိုင်းအကျဉ်း (in မြန်မာဘာသာ)။ မြဝတီစာပေတိုက် ဝဘ်ဆိုဒ်။ 8 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 08-02-2023 တွင် ပြန်စစ်ပြီး။