မာတိကာသို့ ခုန်သွားရန်

မဂ္ဂဇင်း

ဝီကီပီးဒီးယား မှ
မဂ္ဂဇင်းစင်တစ်ခု ဆွီဒင် ၁၉၄၁

မဂ္ဂဇင်းဆိုသည်မှာ အကြောင်းအရာ တစ်ခုခုကိုသော်လည်းကောင်း၊ အကြောင်းအရာ စုံလင်စွာကိုသော်လည်းကောင်း အပတ်စဉ်၊ လစဉ် သို့မဟုတ် သတ်မှတ်ထားသော ကာလအပိုင်းအခြားအလိုက် ပုံမှန်ထုတ်ဝေသော စာစောင်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

မဂ္ဂဇင်းတစ်စောင်၏ ထူးခြားချက်များနှင့် ပါဝင်လေ့ရှိသော အစိတ်အပိုင်းများကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။

၁။ ပါဝင်သော အကြောင်းအရာများ

မဂ္ဂဇင်းများသည် သတင်းစာများထက် ပိုမိုနက်ရှိုင်းသော ဆောင်းပါးများ၊ သုတ၊ ရသ စာပေများနှင့် အထူးကဏ္ဍများကို ဖော်ပြလေ့ရှိသည်။ ဥပမာအားဖြင့် -

- ဝတ္ထုတိုနှင့် ကဗျာများ

- သုတစာပေနှင့် နည်းပညာ ဆောင်းပါးများ

- အင်တာဗျူးများနှင့် အနုပညာရှင်များအကြောင်း

- ကျန်းမာရေး၊ ဖက်ရှင်နှင့် လူနေမှုဘဝ လမ်းညွှန်ချက်များ

၂။ ထုတ်ဝေသည့် ပုံစံ

ဂျာနယ်များထက် ထုတ်ဝေမှု အချိန်ကာလ ပိုခြားလေ့ရှိသည် (ဥပမာ - လစဉ်ထုတ်၊ သုံးလပတ်ထုတ်)။

ရုပ်ထွက် - စာမျက်နှာ အရေအတွက် များပြားပြီး ရုပ်ပုံ၊ ဓာတ်ပုံများကို ဝေဝေဆာဆာဖြင့် အရည်အသွေးမြင့် စက္ကူများပေါ်တွင် ရိုက်နှိပ်လေ့ရှိသည်။

၃။ အမျိုးအစားများ

မဂ္ဂဇင်းများကို ရည်ရွယ်ချက်ပေါ် မူတည်၍ အမျိုးမျိုး ခွဲခြားနိုင်ပါသည်။

အထွေထွေသုံး မဂ္ဂဇင်း - လူတန်းစားမရွေး ဖတ်ရှုနိုင်သော စာပေ၊ ဂီတ၊ အနုပညာစုံ

အထူးပြု မဂ္ဂဇင်း - အကြောင်းအရာ တစ်ခုတည်းကိုသာ ဇောက်ချဖော်ပြခြင်း (ဥပမာ - ကွန်ပျူတာမဂ္ဂဇင်း၊ စီးပွားရေးမဂ္ဂဇင်း၊ အားကစားမဂ္ဂဇင်း)။

ကလေးမဂ္ဂဇင်း - ကလေးသူငယ်များအတွက် ပညာပေးနှင့် ဖျော်ဖြေရေး သီးသန့်။


မြန်မာနိုင်ငံတွင် မဂ္ဂဇင်းကို တစ်လတစ်ကြိမ် ထုတ်ဝေလေ့ရှိသည်။ အသင်းအဖွဲ့နှင့် ကျောင်းမဂ္ဂဇင်းများကိုမူ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် ထုတ်ဝေလေ့ရှိသည်။