မြန်မာနိုင်ငံ တိုင်းရင်းသားများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အလွန်ရှေးကျသော အချိန်ကတည်းက မြန်မာနိုင်ငံတွင် လူများနေထိုင်လာခဲ့ကြ သည်။ ရှေးအကျဆုံး နေထိုင်ခဲ့သူတို့မှာ ကျောက်အသုံးအဆောင် လက်နက်ပစ္စည်းတို့ကိုသာ အသုံးပြု၍ အသက်မွေးဝမ်းကျောင်းသော ကျောက်ခေတ် လူမျိုးများ ဖြစ်ကြသည်။ ထိုလူမျိုးတို့နောက်၊ အနည်းငယ်မျှသာ ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်ရရှိခဲ့သည့် နီဂရီတို ခေါ် နီဂရိုး အငယ်စား လူမျိုးများ နေထိုင်သွားခဲ့ကြ၏။

ကျောက်ခေတ်လူမျိုးတို့၏ အဆက်အနွယ်သည် အခြားသော နိုင်ငံများမှာကဲ့သို့ ကွယ်ပျောက်ခဲ့ပြီ ဖြစ်သော်လည်း နီဂရီတိုတို့၏အနွယ်ကား မြန်မာနိုင်ငံတောင်ဘက် ဘင်္ဂလားပင်လယ်အော် အတွင်းရှိ အန္ဒမန်ကျွန်း ခေါ်ကပ္ပလီကျွန်းတွင် ယနေ့တိုင် တွေ့ရသေးသည်။


နီဂရီတိုတို့၏နောက် ရောက်ရှိလာသော လူတို့မှာ အမျိုးအားဖြင့် များပြားလှ၏။ မြန်မာနိုင်ငံ သမိုင်း၏ အစပိုင်း ခေတ်မှာ အမှန်အားဖြင့် ထိုမြောက်မြားလှသော လူမျိုးတို့ဝင်ရောက် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း အကြောင်းသာဖြစ်ပေ၏။ အချို့လူမျိုးများသည် မိမိတို့ ရောက်ရှိရာဒေသတွင် အခြေစိုက် နေထိုင်၍ ယဉ်ကျေးမှု အချက်အလက်တို့၌ တိုးတက် ဖွံ့ဖြိုးလျက် ရှိကြ၏။ အချို့သည် ယဉ်ကျေးမှုနယ်နှင့် ကွာလှမ်းရာ ဒေသတို့၌ တိုးတက်မှု လုံးဝမရှိဘိသကဲ့သို့ ရှေးအခါက အဆင့်အတန်းနှင့်ပင် ရပ်တန့် တည်မြဲလျက်ရှိ၏။ အချို့ကား လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အထိ ဆက်လက်ရွှေ့ပြောင်း နေထိုင်ဆဲပင် ရှိသေး၏။ ၁၉၆၄ ခုနှစ် ခန့်မှန်း သန်ခေါင်စားရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၂၄ သန်းကျော်ဖြစ်၏။ အထက်ပါ ၂၄သန်းကျော်မျှသော လူဦးရေတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အကျုံးဝင်နေ၏။ ထိုသူတို့ကို လူမျိုးအလိုက် ခွဲခြားရာတွင် ပြောဆိုသော ဘာသာစကားကို လိုက်၍ ခွဲခြား ဖော်ပြလေ့ရှိသည်။ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားတို့ ပြောဆိုသည့်ဘာသာ စကားများကို အမျိုးအလိုက် ခွဲခြားလျှင် အစုကြီးနှစ်စု ရသည်။ တစ်စုမှာ ဩစထရစ်အစုကြီး(ဝါ) ရှေးကျသော တောင်ပိုင်း အစုကြီးဖြစ်၏။ အခြားတစ်စုမှာ တိဗက် - တရုတ်အစုကြီးဖြစ်သည်။ ဩစထရစ် အစုကြီးတွင် အစုခွဲ နှစ်ခုကွဲ၏။ တစ်စုမှာ ပင်လယ်ပိုင်းတွင် ပြောဆိုသော ဩစထရိုနီးရှ အစုခွဲဖြစ်၏။ အခြားအစုခွဲမှာ ကုန်းပိုင်းတွင် ပြောဆိုသော ဩစထရိုအာရှ အစုခွဲဖြစ်သည်။ မြန်မာနိုင်ငံ၌ ဩစထရိုနီးရှ အစုခွဲတွင် ပါဝင် သည့် ဘာသာစကားရပ်များကို ပြောဆိုသူတို့သည် မလေးလူမျိုးများနှင့် ဆလုံလူမျိုးများဖြစ်သည်။ ထိုသူတို့သည် မြန်မာနိုင်ငံ တောင်ဘက်ဆုံးအပိုင်းလောက်တွင် နေထိုင်ကြ၏။ မလေးလူမျိုး ဦးရေမှာ ၄…၄ဝဝ မျှရှိ၍၊ မြိတ်ခရိုင် တောင်ဘက်ပိုင်းတွင် တွေ့ရသည်။ ထိုသူတို့သည် မြန်မာနိုင်ငံ တောင်ဘက်ပိုင်းနှင့် ဆက်လျက်ရှိသော မလ္လာယု ကျွန်းဆွယ်ရှိ မလေးလူမျိုးများနှင့် တစ်ဆက်တည်းဖြစ်၏။


ထားဝယ်ကျွန်းစု၊ တောင်ဘက် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ရှိ မြိတ်ကျွန်းစုများတွင် မိမိတို့ကိုယ်ကို မော်ကင်ဟုခေါ်သော ဆလုံလူမျိုးများရှိသည်။ လူဦးရေအားဖြင့် မြန်မာ နိုင်ငံတွင်း၌ ၅…ဝဝဝ ကျော်မျှရှိ၏။ ဩစထရိုအာရှ အစုခွဲတွင် ဘာသာစကားများကို ပြောဆိုသူတို့အနက် မြန်မာနိုင်ငံ၌ တိုင်းရင်းသားအဖြစ် နေထိုင်ကြ သူတို့မှာ မွန်လူမျိုးပလောင်လူမျိုးနှင့် ဝလူမျိုးများ ဖြစ်သည်။


၁၉၃၁ ခုနှစ် သန်ခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ မွန်လူမျိုးဦးရေမှာ ၃၃၆…၇၂၈ ဖြစ်၏။ ပလောင် - ဝ လူမျိုးတို့၏ ဦးရေမှာ ၁၇၆…၃၂၈ ဖြစ်၏။ ဤဩစထရစ် အစုကြီးဝင် ဘာသာစကားများကို ပြောဆိုသူတို့သည် တစ်ကြိမ်က အနောက် ဘက် အာသံနယ် ခါစီတောင်များမှ အရှေ့ဘက် တရုတ်ပင်လယ်ရှိ ဟိုင်နံကျွန်းအထိဖြစ်သော မျဉ်းကြောင်း၏ တောင်ဘက် အာရှတိုက် အရှေ့တောင်ပိုင်း ဒေသတစ်ခုလုံးတွင် နေထိုင်ခဲ့ဘူးဟန် ရှိလေသည်။ အကြောင်းမှာ ဩစထရိုအာရှ အစုဝင် ဘာသာစကားများကို ပြောဆိုသူတို့အား ဤဒေသအတွင်း အနှံ့အပြား တွေ့ရှိှရသော ကြောင့် ဖြစ်၏။ အထူးသဖြင့် ထိုအစုခွဲ ဝင် မွန်လူမျိုးတို့သည် မြန်မာနိုင်ငံတွင်သာမက ယိုးဒယားနိုင်ငံတွင်း၌လည်း ခရစ်ခုနစ်ရာစု နှစ်လောက်မှစ၍ စိုးမိုးအုပ်ချုပ်ခဲ့ သော လူမျိုးတစ်မျိုးဖြစ်ခဲ့သည်။ ထိုသူတို့နှင့် အနွယ်တူသော ခမာလူမျိုးတို့သည်လည်း ယိုးဒယားနိုင်ငံ အရှေ့ဘက် ဒေသများ တွင် ထိုခေတ်လောက်မှစ၍ ကြီးစိုးခဲ့၏။ ထိုပြင် ဤအစုခွဲဝင် ဘာသာစကားတစ်မျိုးကို ပြောဆိုသော လူမျိုးအချို့ကို အိန္ဒိယ နိုင်ငံတောင်ပိုင်း၌ တွေ့ရှိရလေသည်။ ထိုသူတို့မှာ မွန်ဒ ( မုဏ္ဍ ) စကားများကို ပြောဆိုသူများဖြစ်၏။ အာသံနယ် ခါစီတောင်များတွင် နေထိုင်သော ခါစီလူမျိုးတို့သည်လည်း ဤအစုခွဲဝင် လူမျိုးများဖြစ်သည်။ မွန်၊ ပလောင်နှင့် ဝလူမျိုးတို့အပြင် မြန်မာနိုင်ငံ၌ နေထိုင်သော ဤအစုခွဲဝင် အခြားလူမျိုးများလည်း ရှိသေး၏။ ထို သူတို့အား ယင်း ( ရိယန်း (ဝါ) ယန်းလည်းဟူ၏။ ) လူမျိုးနှင့် ဓနော၊ သို့မဟုတ် ဂနောခေါ် လူမျိုးများဖြစ်သည်။ ပထမ အမျိုးမှာ လူဦးရေ ၁၄…ဝဝဝ ခန့်ရှိ၍ ရှမ်းပြည်တောင်ပိုင်း အထူးသဖြင့် မိုးနဲနယ်၌ ပါဝင်သော သံလွင်မြစ် အနောက်ဘက် တောင်များပေါ်တွင် အများဆုံး တွေ့ရသည်။ ယင်းလူမျိုး

ဒုတိယ လူမျိုးမှာ လူဦးရေအားဖြင့် ၁…၁၆ဝ ခန့်ရှိ၍ ယခုအခါတွင် ရှမ်းပြည်နယ် မြေလတ်ပိုင်းတွင် ဓနုလူမျိုးများနှင့် ရောနှောလျှက် ပင်းတယ၊ သမခမ်း၊ ပင်မှီစသော ဒေသများတွင် တွေ့ရသည်။

တိဗက်-တရုတ် အစုကြီး[ပြင်ဆင်ရန်]

တိဗက်-တရုတ် အစုကြီးတွင် တိဗက်-မြန်မာနှင့် ထိုင်း-တရုတ်ဟူသော အစုခွဲ နှစ်စုပါဝင်သည်။ မြန်မာနိုင်ငံအတွင်း၌ တိဗက်-မြန်မာ အစုခွဲတွင် လူဦးရေ အများဆုံး ဖြစ်သူတို့မှာ မြန်မာအစုငယ်ဖြစ်၍၊ ထိုင်း-တရုတ် အစုခွဲတွင် လူဦးရေ အများဆုံးမှာ ရှမ်းအစုဖြစ်သည်။

တိဗက်-မြန်မာ အစုခွဲ[ပြင်ဆင်ရန်]

တိဗက်-မြန်မာ အစုခွဲတွင် မြန်မာ၊ သက်၊ လိုလို-မူဆို၊ ကချင် ( ဂျင်းဖော )၊ ချင်းခေါ် ကုကီချင်း၊ နဂနှင့် ကရင် စသော အစုငယ်များ ပါဝင်သည်။

မြန်မာ အစုငယ်[ပြင်ဆင်ရန်]

၁၉၃၁ ခုနှစ် သန်ခေါင်င်စာရင်းအရ မြန်မာအစုငယ်ဝင် ဘာသာစကားများကို ပြောဆိုသူတို့၏ ဦးရေ မှာ ၉၈…၆၃…ဝဝဝ ဖြစ်၏။ နိုင်ငံ လူဦးရေ၏ ၆၇ ရာခိုင်နှုန်းဖြစ်၏။ သို့ရာတွင် ယင်းတို့အနက် မြန်မာစကားများကို ပြောဆိုသူ ဦးရေမှာ ၆ဝ ရာခိုင်န့န်းသာရှိ၍ ကျန်ခုနစ်ရာခိုင်န့န်းမှာ မြန်မာစကားနှင့်တူ၍ ပြောဆိုရာတွင် ကွဲသော အသံကွဲ ဘာသာစကားများကို ပြောဆိုသူများဖြစ်ကြ၏။ မြန်မာတို့၏ ဗဟိုချက်ချာဒေသသည် မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်၏။ လူဦးရေမှာ ထိုဒေသရှိ လူအားလုံး၏ ၉၅ ရာခိုင်န|န်းဖြစ်လေသည်။ မြစ်ဝကျွန်းပေါ် ဒေသရှိ လူအားလုံး၏ သုံးပုံ နှစ်ပုံသည် မြန်မာစကားကို ပြောကြသည်။ ကျန် အခြားဒေသတို့၌ အနည်းနှင့်အများ တွေ့ရှိရလေသည်။ မြန်မာစကားနှင့် တူ၍ ပြောဆိုရာတွင် ကွဲသော အသံကွဲ ဘာသာစကားများကို ပြောဆိုသူတို့မှာ ရခိုင်များ (၂…၂၂…ဝဝဝ)၊ ရမ်းဗြဲများ (၃…၂၇…ဝဝဝ)၊ စစ်တွေနယ်နှင့် ရခိုင်တောင်တန်းနေ ချောင်းသားများ (၃၅…ဝဝဝ)၊ သာယာဝတီနယ် ပဲခူးရိုးမ အစွန်းတွင် နေသော ယဗိန်းများ၊ မြန်မာများနှင့် တဖြည်းဖြည်း ရောနှောလျက် ရှိကြသည့်ယောများ (၁…ဝဝဝ)၊ မြေပြန့်နှင့် ရှမ်းကုန်းပြင်မြင့် ဆုံရာ မြေလတ်ဒေသများတွင် အများဆုံး တွေ့ရသော ဓနု၊ သို့မဟုတ် ရှမ်းဓနုများ (၆…ဝဝဝ)၊ ညောင်ရွှေနယ်နှင့် ရှမ်းပြည်နယ် မြေလက်ပိုင်းတွင် တွေ့ရသော တောင်ရိုးများ (၂၂…ဝဝဝ)၊ အင်းလေးနယ်တွင် နေထိုင်ကြသော အင်းသားများ (၅၇…ဝဝဝ)၊ တနင်္သာရီတိုင်းမှထားဝယ်များ (၁…၆ဝ…ဝဝဝ)နှင့် မြိတ်များ (၁…ဝဝ…ဝဝဝ)တို့လည်း ပါဝင်သည်။ ရခိုင်လူမျိုး ဓနုလူမျိုး တောင်ရိုးလူမျိုး အင်းသား ထားဝယ်လူမျိုး

ထိုသူတို့အပြင် မြန်မာစကားနှင့် အနွယ်တူ၍ အလွန်ရှေးကျသော ဘာသာစကားကို ပြောဆိုသည့် လူမျိုးစုများ ရှိသေးသည်။ ထိုသူတို့မှာ မြန်မာနိုင်ငံ မြောက်ဖျား မေခမြစ်နှင့် သံလွင်မြစ်စပ်ကြား၊ တရုတ်-မြန်မာနယ်စပ် နှစ်ဘက်နှစ်ချက် စလုံးတွင် နေထိုင်ကြသူများ ဖြစ်သည်။ မြန်မာအစုဝင် လူမျိုတို့ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာစဉ်တွင် လမ်းခရီး၌ ကျန်ရစ်ခဲ့သောသူများ ဖြစ်ဟန်တူသည်။ ထိုသူတို့သည် မြစ်ကြီးနားနှင့် ဗန်မော် စပ်ကြား၊ ဧရာဝတီမြစ်ကျဉ်း ဒေသတွင် နေသော ဖွန်းများ (၇ဝဝ)၊ မြစ်ကြီးနားနယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေတွင် နေထိုင်သော ဇီးခေါ် အဇီးများ (၅…ဝဝဝ)၊ မေခမြစ်တောင်ပိုင်း ထောဂေါ၊ဇီမောတို့ တောင်ဘက်နှင့် ဆဒုံဒေသတွင် နေထိုင်သော လရှီများ (၁၂…ဝဝဝ)၊မြစ်ကြီးနားခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော မရှုများ (၁၈…ဝဝဝ)၊ ဗန်းမော် အရှေ့မြောက်ဘက် နယ်စပ်တွင် နေထိုင်သော မိုင်းသာများ (မြန်မာနိုင်ငံအတွင်း၌ အနည်းငယ်မျှသာရှိသည်။)၊ စစ်တွေခရိုင်နှင့် ရခိုင်တောင်ရိုးတွင် နေထိုင်ကြသော မြိုလူမျိုး (၁၄…ဝဝဝ)နှင့် ပျောက်ကွယ်သွားပြီ ဖြစ်သော ပျူလူမျိုးများ ပါဝင်သည်။ မရူလူမျိုးမြိုလူမျိုးလရှီလူမျိုးပျူလူမျိုးဖွန်းလူမျိုး

သက်အစုငယ်[ပြင်ဆင်ရန်]

လူဦးရေအားဖြင့် ၅ဝ…ဝဝဝ မျှရှိ၍ ဘာသာစကား ပြောဆိုသူများ အနေအားဖြင့် ၃၅…ဝဝဝ ရှိသော သက်အစုဝင် လူမျိုးတို့သည် မြန်မာတို့ထက် ရှေးကျသော လူမျိုးများဖြစ်၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ရှမ်း၊ မြန်မာတို့နှင့် ရောနှော၍ စစ်တွေ နယ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံ အပ မဏိပူရနယ်တွင်လည်းကောင်း ပျံ့နှံ့နေထိုင်ကြ၏။ သက်အစုငယ်ဝင် ဘာသာစကားများကို ပြောဆိုသည့်လူမျိုး ငါးမျိုးမျှရှိ၏။ ထိုသူများမှာ ဧရာဝတီမြစ် အနောက်ဘက် ဖြစ်သောကသာခရိုင်၊ မြစ်ကြီးနား ခရိုင်၊ ဗန်းမော်ခရိုင်နှင့် အထက်ချင်းတွင်း ခရိုင်(မော်လိုက်ခရိုင်)များတွင် နေကြသော ကဒူးများ (၃၆…ဝဝဝ)၊ ကသာခရိုင်နှင့် ဗန်းမော်အနောက်ဘက် မူးမြစ်ဖျားဒေသတွင်နေကြသော ကနန်းများ (၇…ဝဝဝ)၊ စစ်တွခရိုင်တွင် နေကြသော သက်(၇ဝဝ)နှင့် ဒိုင်းနက်များ (၆…ဝဝဝ)၊ အထက်ချင်းတွင်း ခရိုင်တွင် နေကြသော ထမန်းများ (၁…ဝဝဝ)၊ ယခုအခါတွင် ပျောက်ကွယ်လုမတတ်ဖြစ်၍ မဏိပူရမြစ်ဝှမ်း၌ နေကြသော အန္ဒရိုနှင့် အနွယ်တူများ ဖြစ်ကြ သည်။ ဒိုင်းနက်လူမျိုးထမန်းလူမျိုးသက်လူမျိုး


လိုလိုမူဆိုအစုငယ်[ပြင်ဆင်ရန်]

လိုလို-မူဆို အစုငယ်ဝင် ဘာသာစကားများကို ပြောဆိုသူများမှာ မြန်မာနိုင်ငံ၌ ၉၃…ဝဝဝ မျှရှိ၍ လူဦးရေမှာ တဖြည်းဖြည်း တိုးတက်လျက်ရှိ၏။ ထိုသူတို့၏ ဗဟိုချက်ချာဒေသမှာ တရုတ်နိုင်ငံယူနန်ဖြစ်၏။ ရှမ်းပြည်တောင်ပိုင်းတွင် ၇၅…ဝဝဝ၊ ရှမ်းပြည်မြောက်ပိုင်းတွင် ၉…ဝဝဝ၊ မြစ်ကြီးနားနယ်တွင် ၈…ဝဝဝ မျှစီ ပျံ့နှံ့လျက်ရှိသည်။ ဤအစုငယ်ဝင် ဘာသာ စကားများကို ပြောဆိုသူတို့တွင် လီရှောလူမျိုး (လီဆိုး(ဝါ)လီဆူး(ဝါ)ယောယင်လည်းဟူ၏။) စုစုပေါင်း ၂ဝ…ဝဝဝ ရှိ၍၊ ရှမ်းပြည်မြောက်ပိုင်းတွင် ၈…ဝဝဝ၊ မြစ်ကြီးနား ခရိုင်တွင် ၆…ဝဝဝ၊ ကသာနှင့် ဗန်းမော် ခရိုင်တို့တွင် ၃…ဝဝဝ ပျံ့နှံ့နေကြသည့် အပြင်၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံနယ်တွင် အများဆုံး တွေ့ရပြီးလျှင် တောင်ဘက်ယိုးဒယား၊ အရှေ့ဘက် ဗီယက်နမ် နယ်များအတွင်းသို့ ပျံ့နှံ့နေကြသော ကော(အီကော (ဝါ) ခကောလည်း ဟူ၏။) (၃၉…ဝဝဝ) တို့ပါဝင်ကြသည်။ လီရှောလူမျိုးကောလူမျိုး

ဤအစုငယ်ဝင် မူဆိုလူမျိုးများကို ယူနန်ပြည်နယ် အနောက်မြောက်ပိုင်း၌ တွေ့ရ၏။ သို့ရာတွင် ထိုသူတို့နှင့် အနွယ်တူ ဖြစ်သော လားဟူများကိုကား ရှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့၌ တွေ့ရ၏။ လားဟူ လူဦးရေမှာ ၂၇…ဝဝဝ မျှရှိ၍၊ ရှမ်းပြည်မြောက်ပိုင်း၌ ၁…၆ဝဝ မျှသာရှိသည်။ လားဟူများကို ကျိုင်းတုံနယ်၌ အများဆုံး တွေ့ရ၍ လားဟူနှင့် လားဟူစီဟူ၍ နှစ်မျိုး ကွဲပြားနေကြသည်။ လားဟူလူမျိုး

ဤအစုငယ်တွင် အပါအဝင်ဖြစ်၍ ယခုအခါ တိမ်မြုပ်ပျောက်ကွယ်လုမတတ် ရှိသော ဆီးရှား ဘာသာစကားလည်း ရှိသေးသည်။ ထိုဘာသာစကားကို ပြောဆိုသူတို့မှာ ဒရူးလူမျိုးနှင့် နုံလူမျိုး(ရဝမ်းလူမျိုး) တို့ဖြစ်သည်။ သူတို့ကို မြန်မာနိုင်ငံ မြောက်ဘက်စွန်း မေခမြစ်ဖျား ဒေသတွင် တွေ့ရသည်။ ( ဒရူးလူမျိုး။) ( နုံလူမျိုး --- ။)

ကချင် (ဂျင်းဖော) အစုငယ်[ပြင်ဆင်ရန်]

ကချင်အစုငယ်ဝင် ဘာသာစကားများကို ပြောဆိုသူတို့၏ လူဦးရေမှာ ၁၉၃၁ခုနှစ် သန်ခေါင်စာရင်းအရ၁…၅၃…၃၄၅ ရှိ၏။ သန်ခေါင် စာရင်း မကောက်ယူဘဲ ချန်လှပ်ထားသော ဒေသတို့၌ အများပင် ရှိသေးသည်။ ထိုသူတို့ကို ရှမ်းပြည် မြောက်ပိုင်း၊ ဗန်းမော်၊ မြစ်ကြီးနားနှင့် ကသာ ခရိုင်များတွင် တွေ့ရသည်။ သို့သော် ထိုစဉ်က သန်ခေါင်စာရင်း ကောက်ယူရာတွင် မပါသော မြစ်ကြီးနားခရိုင် အချို့သော နယ်များတွင် ၁၆…ဝဝဝ၊ တြိဂံဒေသတွင် ၂၄…ဝဝဝ၊ ဟူးကောင်း တောင်ကြားတွင် ၁၃…ဝဝဝမျှရှိ၏။ အာသံနယ်တွင် ကချင်အများပင် ရှိသေး၏။ ထိုဒသ၌ သူတို့ကို သိမ်းဖော (စင်ဖို)ဟုခေါ်သည်။ ကချင်အစုသည် အမျိုးအနွယ်အားဖြင့် ငါးမျိုး ကွဲပြား၏။ ယင်းတို့မှာ မရစ်၊ လထော်၊ လဖိုင်၊ အင်ခုပ်နှင့် မရမ်တို့ ဖြစ်သည်။ ကချင်အစုတွင် ကချင်(ဂျင်းဖော)၊ ခတ်ခု၊ကောရီ(သို့မဟုတ် ဂေါရီ)နှင့် ဒူးလင်းစသည့် လူမျိုးစုများပါဝင်ကြသည်။ ( ကချင်ပြည်နယ်။) ( ကချင်လူမျိုး၊) ( ဒူးလင်းလူမျိုး --- ။)


ချင်းအစုငယ်[ပြင်ဆင်ရန်]

့မြန်မာနိုင်ငံ အနောက်ဘက်တွင် နံရံတံတိုင်းကဲ့သို့ တည်ရှိနေသော တောင်တန်း တောင်စွယ် ဒေသတို့၌ နေထိုင်သူ များအနက် ချင်းအစုဝင် ဘာသာစကားများကို ပြောဆိုသူတို့မှာ အများဆုံးဖြစ်သည်။ ( ချင်းဝိသေသတိုင်း။) ( ချင်းလူမျိုး --- ။)

လူဦးရေမှာ ၃…၅ဝ…ဝဝဝ ကျော်ဖြစ်၏။သူတို့၏ဒေသမှာ မြောက်ဘက်မဏိပူရနှင့် ဆုမ္မရာ တောင်တန်းတို့မှတောင်ဘက် နေဂရေ့အငူလောက်အထိ၊ အရှေ့ဘက်မြစ်သာမြစ်မှ အနောက်ဘက် ဗဂသ္မလားအော်လောက်အထိ ဖြစ်သော ဒေသများတွင် ပျံ့နှံ့ နေထိုင်ကြသည်။ မြန်မာနိုင်ငံ၏အပ အာသံပြည်နယ်၊ မဏိပူရနယ် လူရှိုင်းတောင်တန်းတွင်လည်း အများအပြား ရှိသေးသည်။ မြန်မာနိုင်ငံတွင်း၌ ရခိုင်တိုင်း မြောက်ပိုင်း၊ ပခုက္ကူ တောင်တန်းများ၊ မင်းဘူး၊ သရက်နှင့် ပြည်ခရိုင် များတွင်လည်း တွေ့ရလေသည်။ သူတို့၏ဗဟို ဒေသမှာ မြောက်ဘက်တွင် တီးတိန်၊ အလယ်တွင် ဖလမ်း၊ တောင်ဘက်တွင် ဟားခါးတို့ပါဝင်သော ချင်းတောင်နယ် ဒေသဖြစ်၏။ သို့ရာတွင် ထိုဒေသမှာ ချင်းနယ် တစ်ခုလုံး၏ သုံးပုံ တစ်ပုံဖြစ်သော မြောက်ပိုင်းဒေသ၏ တစ်စိတ်တစ်ဒေသ မျှသာဖြစ်သည်။ ပြောဆိုသော ဘာသာစကားကိုလိုက်၍ ချင်းအစုကို အစုခွဲနှစ်ခု ထပ်ခွဲထားသည်။ ယင်းတို့မှာ မဏိပူရ နယ်တွင် ပြောဆိုသည့် ကသည်းခေါ်မေထေးနှင့် ချင်းရိုးရိုးတို့ဖြစ်သည်။ ချင်းရိုးရိုးကို ရှေးကုကီ၊ မြောက်ပိုင်းချင်း၊ အလယ်ပိုင်း ချင်းနှင့် တောင်ပိုင်းချင်းဟူ၍ ထပ်ခွဲထားသေးသည်။ ကသည်းခေါ်မေထေးတို့ကို ဆိုခဲ့သည့်အတိုင်း မဏိပူရနယ်၌ အများဆုံးတွေ့ရသည်။ ( ကသည်းလူမျိုး --- ။)

မြန်မာ နိုင်ငံတွင်းရှိ ကသည်းတို့မှာ မြန်မာဘုရင်တို့ ခေါ်ဆောင်လာ၍ မြန်မာနိုင်ငံတွင်းသို့ ရောက်လာခဲ့သော ရှေးကသည်း လူမျိုးများ၏ အဆက်အနွယ်များ ဖြစ်၏။ လူဦးရေအားဖြင့် ၆…ဝဝဝ မျှရှိသည်။ ယင်းတို့အနက် ၄…ဝဝဝ ကို မန္တလေးတိုင်းတွင် တွေ့ရလေသည်။ ရှေးကုကီ ချင်းတို့ကိုလည်း မြန်မာနိုင်ငံအပ၌ အများဆုံးတွေ့ရသည်။ မြန်မာနိုင်ငံအတွင်း၌ တွေ့ရသော ရှေးကုကီ တို့တွင် ပါဝင်သူတို့မှာ ကုလားတန် မြစ်ကမ်းတွင် နေကြသော ကျော၊ သို့မဟုတ် ချောခေါ် လူမျိုးများ ဖြစ်သည်။ လူဦးရေမှာ နည်းလှ၏။ မြန်မာနိုင်ငံ အပတွင် ထိုသူတို့၏ အနွယ်များသည် လူရှိုင်းတောင်တန်း၌ အများဆုံးး နေကြသည်။ မြောက်ပိုင်း ချင်းအစုခွဲတွင် ပါဝင်သူတို့အနက် သာဒိုး ချင်းများသည် မြန်မာနိုင်ငံ တွင်း၌ ၆…ဝဝဝ မျှသာရှိ၏။ သူတို့သည် နာဂတို့ ဒေသဖြစ်သော ဆုမ္မရာ တောင်တန်းနယ်တွင် စတင် နေထိုင်လာရာမှ ယခုအခါ တီးတိန်နယ်၏ မြောက်ဘက် အစွန်းဒေသနှင့် မဏိပူရ နယ်တို့တွင်တွေ့ရသည်။ ထိုအစုခွဲဝင် အခြားချင်းများမှာ စုတ်တေး၊ ကမ်းဟောင်နှင့် စိယင်တို့ ဖြစ်သည်။ စုတ်တေး ဦးရေမှာ ၁၇…ဝဝဝ၊ ကမ်ဟောင်မှာ ၂ဝ…ဝဝဝ၊ စိယင်မှာ ၃…၅ဝဝ အသီးအသီးရှိသည်။ ထိုသူတို့ကို ချင်းတောင်မြောက်ပိုင်း တီးတိန်နယ်တွင် တွေ့ရသည်။ အလယ်ပိုင်း ချင်းအစုခွဲတွင် ပါဝင်သူတို့ကို ဖလမ်းနှင့် ဟားခါးနယ်တို့တွင် တွေ့ရ၏။ ဖလမ်းချင်းတို့တွင် တာရှုံး (တာရွှန်း) (၃…ဝဝဝ)၊ ယဟောင်၊ သို့မဟုတ် ဇဟောင် (၉…၅ဝဝ)၊ လိုင်ဇို (၆…၅ဝဝ)၊ ကွန်လီ (၃…၅ဝဝ)၊ ငွန် (၆…ဝဝဝ)၊ ငင်တေ (၄ဝဝ)၊ ဝှန်နိုး (၃…၅ဝဝ)၊ ဇင်နျင် (၆…ဝဝဝ) တို့ပါဝင်သည်။ ဟားခါး ချင်းတို့တွင် ဟားခါးနယ် မြောက်ပိုင်း၌ နေထိုင်သောလိုင်၊ ကလန်နှင့် ယိုကွ (စုစုပေါင်း ၂၄…ဝဝဝ)နှင့် ဟားခါးနယ် တောင်ပိုင်းတွင် နေထိုင်သော လောထု (၁ဝ…ဝဝဝ)၊ ဇိုတုန် (၉…ဝဝဝ)၊ ဆမ်တန် (ရ…ဝဝဝ)တို့ပါဝင်သည်။ အလယ်ပိုင်း ချင်းစုခွဲတွင် အရေးကြီး သော လူမျိုး တစ်မျိုးမှာ လူရှိုင်းတို့ဖြစ်ကြ၏။ ထိုသူတို့သည် မြန်မာနိုင်ငံအတွင်း၌ ၄ဝဝ မျှပင်တွေ့ရသော်လည်း သူတို့နှင့် အနွယ်တူလခါတို့မှာ မြန်မာနိုင်ငံတွင် ၃…ဝဝဝ မျှရှိသည်။ လူရှိုင်းတောင်များဆီသို့ ရွှေ့ပြောင်းသွားကြသဖြင့် ထိုဒေသတွင် ယခုအခါ၌ အများဆုံး တွေ့ရခြင်းဖြစ်သည်။ ( လူရှိုင်းလူမျိုး --- ။)

တောင်ပိုင်း ချင်းအစုခွဲတွင် ပါဝင်သော ချင်းတို့မှာ ပခုက္ကူ တောင်တန်းဒေသတွင် နေထိုင်သည့် ချင်းများ၊ ရခိုင် တောင်တန်းနေ ချင်းများနှင့် မင်းဘူး၊ သရက်နှင့်ပြည်ခရိုင် များတွင်နေသော ချင်းများမှစ၍ ပါဝင်ကြသည်။ ပခုက္ကူ တောင်တန်း မြောက်ဘက်ဖျားတွင် ဝေလောင်းချင်းများ၊ တစ်မံဂ (၈…ဝဝဝ)၊ မီရမ် (၅…ဝဝဝ)၊ ဇိုလမ်နီ (၂…၅ဝဝ)နှင့် မဂန်(၃…ဝဝဝ) တို့ရှိကြသည်။ တောင်ဘက်ပိုင်း တစ်လျှောက်တွင် ကန်ပက်လက်ချင်းများ၊ ယင်ဒူးများနှင့် ချင်းပုန်းများ ရှိကြသည်။ မြောက်ဘက် အစွန်းတွင် ကန်ပက်လက်ချင်း (၂ဝ…ဝဝဝ)၊ စလင်းချောင်း တစ်ဝိုက်တွင် ယင်ဒူး (၄၅…ဝဝဝ)၊ တောင်ဘက်ပိုင်း မုန်းချောင်း ဒေသတွင် ချင်းပုန်း (၈…ဝဝဝ)တို့ အသီးအသီး ရှိကြသည်။ ချင်းပုန်းတို့သည် မင်းဘူးနယ်တွင်းသို့ လည်းကောင်း၊ ရခိုင်ရိုးမကို ဖြတ်ကျော်၍ စစ်တွေခရိုင်တွင်းသို့လည်းကောင်း ပျံ့နှံ့နေထိုင်ကြသည်။ ရခိုင်တောင်ခြေ တစ်လျှောက်တွင် တောင်သားများ (၁ဝ…ဝဝဝ) ရှိသေးသည်။ မြန်မာနိုင်ငံတွင်း တောင်ဘက်အကျဆုံး ချင်းများမှာ ရှို၊ သို့မဟုတ် အရှိုခေါ် ချင်းများ (၆…ဝဝဝ ခန့်ရှိသူများ) ဖြစ်ကြသည်။ ထိုပြင် အောက်မြန်မာနိုင်ငံ ဒေသတွင် ပျံ့နှံ့နေသော အမျိုးအမည် မခွဲခြားသည့် ချင်း ၂၅…ဝဝဝ မျှရှိသေး၏။ ရခိုင်တိုင်း အတွင်းရှိ ချင်းတို့မှာ ကုလားတန် အဖျားရှိ ခမွီး (၃ဝ…ဝဝဝ)၊ ကျောက်ဖြူနှင့် စစ်တွေခရိုင်များရှိ ပို၊ မုံယင်၊ ကိုနှင့် ကယင်တို့ ဖြစ်ကြသည်။ ထိုပြင် ရခိုင်တောင်တန်း ဒေသတွင် အခြားချင်းမျိုးများနှင့် အခြားဘာသာ စကားကို ပြောဆိုသည့် ယဉ်ကျေးခြင်း မရှိလှသေးသော လူမျိုးအများပင် ရှိသေးသည်။


နာဂအစုငယ်[ပြင်ဆင်ရန်]

ချင်းတောင်နယ်၏ မြောက်ဘက်ရှိ ဆုမ္မရာနယ်၏ မြောက်ပိုင်းတွင် နေထိုင်ကြသူတို့မှာ နာဂ လူမျိုးများဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်ခေါင် စာရင်းအရ သူတို့၏ ဦးရေမှာ(၄…ဝဝဝ) မျှရှိသည်။ သူတို့ကို ချင်းတွင်းမြစ်ဖျား ရှမ်းဒေသဖြစ်သော ခန္တီးနယ်တွင်လည်း တွေ့ရှိရသေးသည်။ မြန်မာနိုင်ငံတွင်းနေ နာဂတို့မှာ အမှန်အားဖြင့် နာဂလူမျိုးစု၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သည်။ နာဂအားလုံးတို့၏ လူဦးရေကို (၃…၆ဝ…ဝဝဝ)မျှ ခန့်မှန်းရကား ကျန်နာဂတို့သည် အာသံပြည်နယ်တွင်း၌ နေထိုင်ကြ၏။ မဏိပူရ မြောက်ဘက် မြန်မာနိုင်ငံနှင့် ဗြန္ဓပုတ္တရ မြစ်လက်တက်တစ်ခု ဖြစ်သော ဒန်စီရိ မြစ်၏ စပ်ကြား ဒေသသည် နာဂတို့၏တိုင်းပြည်ဖြစ်၏။ နာဂ အမျိုးပေါင်း အများအပြားရှိရာ မြန်မာနိုင်ငံတွင်းရှိ ထင်ရှားသော နာဂအမျိုးစုများမှာ နောက်ကော်နာဂ၊ ဟေမြဲနာဂ၊ ရန်ပန်နာဂ၊ တန်ခူး နာဂ၊ ပါရာ နာဂ၊ ခေါင်ဆိုင် နာဂ၊ စန်း နာဂ၊ ပုံညို နာဂ၊ ဆော်လော် နာဂ စသည်တို့ ဖြစ်ကြ၏။ ( နာဂလူမျိုး --- ။)


ကရင်အစုငယ်[ပြင်ဆင်ရန်]

ကရင်ဘာသာစကားကို အိန္ဒိယနိုင်ငံ ဘာသန္တရ စစ်တမ်းကြီးတွင် မန်အစုဝင် ဖြစ်သည်ဟု ယူဆ ဖော်ပြထား၏။ မစ္စတာ မာရှယ်ကမူ ထိုင်း-တရုတ် အနွယ်ဝင်ဟု ဆိုသည်။ ပါမောက္ခ ဂျီ၊ အိပ်၊ လု(စ)က မူကား ကရင်ဘာသာစကားသည် တိဗက်-မြန်မာအစုတွင် အပါအဝင်ဖြစ်သည်ဟု ဆိုလေသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း အရဤအစုဝင် ဘာသာစကားကို ပြောဆို ကြသူ ဦးရေမှာ ၁…၃၅ဝ…ဝဝဝ ကျော်ဖြစ်သည်။ထိုလူဦးရေအနက် လူများစုမှာ မြေပြန့်တွင် နေကြ၏။ ထိုသူတို့၏ ဦးရေမှာ တိုးတက်ဆဲပင်ဖြစ်၏။ ( ကရင်လူမျိုး --- ။)

မြေပြန့်နေ ကရင်အမျိုးသားတို့အနက် စကော(မြန်မာကရင်)နှင့် ပိုး(မွန်ကရင်)တို့သည် အများဆုံးဖြစ်သည်။ ( ပိုးကရင်လူမျိုး --- ။)

စကောဦးရေမှာ ၅ဝဝ…ဝဝဝ ကျော်ဖြစ်၍ ပိုးမှာ ၅ဝ…ဝဝဝ နီးပါးရှိသည်။ သူတို့သည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ပျံ့နှံ့နေကြ၏။ ဧရာဝတီတိုင်းတွင် ပိုးတို့သည်စကောတို့၏ နှစ်ဆမျှရှိ၍၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတွင် စကောတို့က ပိုးတို့ထက် များစွာ ပိုလေသည်။ လူဦးရေအားဖြင့် မများလှသော်လည်း စကောကရင်တို့ကို မြောက်ဘက် ရမည်းသင်းခရိုင်အထိ တွေ့ရသည်။ တောင်ပေါ်ကရင်တို့မှာ အမျိုးအားဖြင့် များလှ၏။ သူတို့ကို ရှမ်းပြည်တောင်ပိုင်း၊ အထူးသဖြင့် ကယားပြည်နယ် အပါအဝင် ရှမ်းပြည်နယ် အနောက်တောင်ထောင့်ရှိ တောင်စွယ်များတွင် အနှံ့အပြား နေထိုင်ကြသည်ကို တွေ့ရ၏။ ထိုသူတို့တွင် တောင်ကြီးမြို့မှ တောင်ဘက် သထုံခရိုင်ထိ ပျံ့နှံ့နေထိုင်ကြသော ပအိုဝ်ႏ(တောင်သူ)များ (၂…၂၃…ဝဝဝ)၊ ကယားပြည်နယ်တွင် နေကြသော ကယားလူမျိုးများ (၃၁…၅ဝဝ)၊ တောင်ငူ အရှေ့တောင်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်တွင် တွေ့ရသော ပဒေါင်းများ (၁၆…၅ဝဝ)၊ တောင်ငူ ခရိုင်တွင် တွေ့ရသော ပကု(၈…၅ဝဝ)၊ ဘွဲ့ (၆…ဝဝဝ)၊ မွန်နေဘွား (၂…ဝဝဝ)၊ ကဲခို(၄…ဝဝဝ)၊ တောင်ငူနယ်မှ မြောက်ဘက်သို့ ပျံ့နှံ့၍ နေထိုင်ကြသော ကရင်ဖြူများ (၁၅…၅ဝဝ)၊ ရှမ်းပြည် တောင်ပိုင်းရှိ ဇယိမ်များ (၄…ဝဝဝ)၊ ကယားပြည်နယ်ရှိ ဗရဲ့များ (၇…ဝဝဝ)၊ ယင်းဘော်များ (၂…၉ဝဝ) စသည်တို့ ပါဝင်ကြသည်။ (ကယားပြည်နယ် အစိုးရ၏ ယူဆချက်အရ ကယားလူမျိုး အုပ်စုတွင် ကယား၊ ယင်းဘော်၊ ပဒေါင်၊ ဗရဲ့၊ ကဲခိုတို့ပါဝင်၏။) ( ကယားလူမျိုး။) ( ဒေါင်လူမျိုး၊) ( ယင်းဘော်လူမျိုး၊) ( ဗရဲ့လူမျိုး --- ။)

ထိုင်း-တရုတ်အစုခွဲ[ပြင်ဆင်ရန်]

ဤအစုခွဲတွင် အဝင်အပါဖြစ်၍ မြန်မာနိုင်ငံ၌ အများဆုံး ပြောဆိုသည့် ဘာသာစကားများမှာ ထိုင်းအစုငယ်ဝင် ဘာသာစကားများပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း၌ ထိုအစုငယ်ဝင် ဘာသာစကားများကို ပြောဆိုသူ ဦးရေမှာ ၁…ဝဝဝ…ဝဝဝ ကျော်ရှိသည်။ ထိုသူတို့အနက် ဆယ်ပုံ ကိုးပုံမှာ ရှမ်းလူမျိုးများ ဖြစ်ကြ၏။ သုံးပုံတစ်ပုံမျှသော ထိုင်းအစုငယ်ဝင်တို့သည် ရှမ်းပြည်နယ်၏ အပတွင် နေကြ သည်။


ရှမ်းတို့အပြင် ဤအစုငယ်ဝင် ဘာသာစကားများကို ပြောဆိုသူတို့မှာ ကျိုင်းတုံနယ်၌ ခွန် (၃ဝ…ဝဝဝ)နှင့် လူ (၃ဝ…ဝဝဝ)၊ တနင်္သာရီနယ်၌ ယိုးဒယားများ (၉…ဝဝဝ)၊ ရှမ်းပြည်တောင်ပိုင်း၌ လဝ်(လော)များ (ရ…ဝဝဝ)၊ တိုင်းလင်း (၂…၅ဝဝ)နှင့် ရှမ်းပြည်မြေလတ်၌ သုံးလေးရာမျှရှိသော ဒယယ်များ၊ မြောက်ဘက် ချင်းတွင်း မြစ်ဖျား၌ ခန္တီးရှမ်းများနှင့်၊ မြစ်ကြီးနားနှင့် ဗန်းမော်နယ်များ၌ ရှမ်းတရုတ်နှင့် ရှမ်းဗမာများ ဖြစ်ကြသည်။


ထိုအစုငယ်ဝင် ဘာသာစကားကို ပြောဆိုသူများကို မြန်မာနိုင်ငံ အပ၌လည်းတွေ့ရ၏။ ထိုသူတို့သည် အင်ဒိုချိုင်းနား ကျွန်းဆွယ်နေလူမျိုးတို့တွင် အများဆုံးဖြစ်၍ အနောက်ဘက်အာသံနယ်မှ အရှေ့ဘက်ဟိုင်းနံကျွန်းအထိဖြစ်သော မျဉ်းကြောင်း၏ တောင်ဘက် မလ္လာယုကျွန်းဆွယ်ရှိ ပတာနီမြို့အတွင်း ဖြစ်သော မြန်မာနိုင်ငံမှအပ ဒေသတို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ ယိုးဒယားနိုင်ငံရှိ ထိုင်းများနှင့် အာသံနယ်ရှိ အဟုမ်တို့သည် ဤအစုငယ်ဝင် ဘာသာစကားကို ပြောဆိုသူများ ဖြစ်ကြသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)