မာတိကာသို့ ခုန်သွားရန်

ပယ်ဆောက်ချိန်

ဝီကီပီးဒီးယား မှ
ဦးပယ်ဆောက်ချိန်
白所成
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၃၁ မတ် ၂၀၁၆
ယခင်လူဖွဲ့စည်းပုံ စတင်
မဲဆန္ဒနယ်လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် ၂
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀ ဩဂုတ် ၂၀၁၀  ၃၁ မတ် ၂၀၁၆
လက်ထောက်မြီရှောက်ချန်း
ယခင်လူရာထူးစတင်
ဆက်ခံသူကျောက်တယ်ချန်[]
ရှမ်းပြည်နယ် အထူးဒေသ ၁ ဥက္ကဋ္ဌ (ယာယီ)
တာဝန်သက်တမ်း
ဩဂုတ် ၂၀၀၉  ၂၀ ဩဂုတ် ၂၀၁၀
လက်ထောက်လျိုကောင်းချင်း[]
ယခင်လူဖုန်ကြားရှင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1950-05-14)၁၄ မေ၊ ၁၉၅၀
ကိုးကန့်၊ ရှမ်းပြည်နယ်။
ကွယ်လွန်နိုဝင်ဘာ ၁၁၊ ၂၀၂၅(2025-11-11) (အသက် ၇၅)
တရုတ်နိုင်ငံ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ
  • ပြည်သူ့တပ်မတော် (၁၉၆၇–၁၉၈၉)
  • MNDAA (၁၉၈၉–၂၀၀၉)
  • တပ်မတော် (၂၀၀၉–လက်ရှိ)
အမှုထမ်းကာလ၁၉၆၇–လက်ရှိ

ဦးပယ်ဆောက်ချိန် သို့မဟုတ် ဦးဘေဆော်ချိန် (တရုတ်: 白所成; ပင်ယင်: Bái Suǒchéng)(၁၄ မေ ၁၉၅၀ - ၁၁ နိုဝင်ဘာ ၂၀၂၅) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ကိုးကန့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။၎င်းအား တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့ အဓိကခေါင်းဆောင် အဖြစ် သတ်မှတ်ကာဖမ်းဆီးပြီး၊တရုတ်တရားစီရင်မှုအောက်တွင် သေဒဏ်ချမှတ်ခဲ့သည်။ []

အတ္ထုပ္ပတ္တိ

[ပြင်ဆင်ရန်]

၁၉၉၂ ခုနှစ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ရန်မိုးလျံအား ထုတ်ပယ်ရာတွင် ဖုန်ကြားရှင်အား ပယ်ဆောက်ချိန်က ကူညီပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် ဖုန်ကြားရှင်အား ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။[]၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သုံးရက်ကြာ ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင်အား ဖယ်ရှားရန် တပ်မတော်နှင့် မဟာမိတ်ပြုခဲ့သည်။ ကြွင်းကျန်သော MNDAA အဖွဲ့အား ပယ်ဆောက်ချိန်၏ ဦးစီးမှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသိအမှတ်ပြုခဲ့သည်။[]

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသည်။[] ယင်းနောက်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် ကိုးကန့်ဒေသသည် မူးယစ်ဆေးနှင့် လက်နက် ရောင်းဝယ်မှုများကြောင့် ထင်ရှားလာခဲ့သည်။[] သူသည် လူသိရှင်ကြား နေထိုင်လေ့မရှိဘဲ ၂၀၁၂ ခုနှစ် မတ်လတွင် လုပ်ကြံရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သည်။[]

ပယ်ဆောက်ချိန်၏ လက်ထောက်ဖြစ်သူ Liu Gaoxi သည်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံရပြီး ယခင်က မူးယစ်ဆေးဝါးအမှုများတွင် ပါဝင်ခဲ့သူ ဖြစ်သည်။[]

သူသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။ယင်းနောက် သူသည် နိုင်ငံရေးရာထူးမှ စွန့်ခွာပြီး သားဖြစ်သူတို့၏ နိုင်ငံရေးရာထူး နှင့် လက်နက်ကိုင်အဖွဲ့တို့၏ နောက်ကွယ်တွင် ဆက်ရှိနေခဲ့သည်။[၁၀]

၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာမီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်း ဦးမြင့်ဆွေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။[၁၁]

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တိုင်းစစ် ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် နှင့် အစားထိုးခန့်အပ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် တွင် စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားနေစဉ်အတွင်း ၎င်း အပါအဝင် မိသားစုဝင်များ ကိုးကန့်ဒေသမှ ထွက်ပြေးခဲ့ရသည်။[၁၂]

တရုတ်အစိုးရက ၎င်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် တွင်  ကျားဖြန့်လောင်းကစားသံသယဖြင့်  ဖမ်းဝရမ်းထုတ်သည်။[၁၃] [၁၄]

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဦးပယ်ဆောက်ချိန် အပါအဝင် ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာ နှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ လေးဦးအား တရုတ်အစိုးရ ထံ လွှဲပြောင်းသည်။ [၁၅]တရုတ်အစိုးရက ရာဇဝတ်ကြောင်းများဖြင့် အမှုဖွင့်လှစ်ကာ တရားစွဲဆိုခဲ့သည်။ယင်းနောက် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)၊လူသတ်မှု၊ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ကာစီနိုဖွင့်မှု၊ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပေးရန်စီစဉ်မှု၊ ပြည့်တန်ဆာမှု အပါအဝင် အမှုပေါင်းများစွာဖြင့် စွဲချက်တင်ခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၄ ရက် တွင် ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ပယ်မိသားစုဝင် ငါးဦးကို တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်း ပြည်နယ်၊ ရှန်ကျန်းမြို့ ပြည်သူ့တရားရုံး က ရာဇဝတ်မှုများဖြင့် သေဒဏ် ချမှတ်ခဲ့သည်။[၁၆]

၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၁၁ ရက် တွင် တရုတ်နိုင်ငံ၌ ကွယ်လွန်ခဲ့သည်။၎င်းသည် သေဒဏ်စီရင်ခံရပြီး၊ သေဆုံးကွယ်လွန်ခြင်းမဟုတ်ဘဲ သေဒဏ်အမိန့်ချမှတ်ခံရပြီးနေက်တစ်နေ့တွင် ဆေးရုံတက်ခဲ့ရပြီး ဆေးရုံပေါ်တွင် ကျန်းမာရေးဖောက်ပြန်ကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။[၁၇]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 赵德强担任果敢自治区领导委员会主席 (in Chinese)။ Kokang News။ 2016-04-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-04-10 တွင် ပြန်စစ်ပြီး။
  2. 自治区领导委员会率地区各级机关单位、部门共同吊唁刘国玺老领导 (in Chinese) (2020-01-17)။ 2023-11-15 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. China issues warrants for 10 people in Myanmar’s Kokang region RFA (11 December 2023)။ 31 January 2024 တွင် ပြန်စစ်ပြီး။
  4. Interview on Kokang 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  5. Why civil war in northern Myanmar matters to China 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  6. Does the junta use drugs as a weapon in Burma’s politics? 23 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2015 တွင် ပြန်စစ်ပြီး။
  7. Tens of thousands flee war, airstrikes in Kokang region Democratic Voice of Burma။ 24 February 2015 တွင် ပြန်စစ်ပြီး။
  8. Bai Xuoqian, head of the Kokang Self-Administered Shan Herald။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  9. Heroin traffickers elected in Burma Sydney Morning Herald။ 24 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  10. ကိုးကန့် ဘီလီယံနာမိသားစုတွေ သောကပွေချိန် BBC Burmese (၂၁ နိုဝင်ဘာ ၂၀၂၃)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. Self-administered Division & Zones: Chairman of Self-administered Division and Zones Appointed (in en)။ Myanmar International TV (3 February 2021)။ 18 November 2023 တွင် ပြန်စစ်ပြီး။
  12. 缅北“四大家族”之首头目白所成出逃时被拦 (in zh-cn)။ Yangcheng Evening News (2023-11-17)။
  13. လက်ကျန် ကိုးကန့်သစ္စာခံများကို ဖမ်းပေးရန် တရုတ်က စစ်ကောင်စီကို ရာဇသံပေး Myanmar Now (၁၂ ဒီဇင်ဘာ ၂၀၂၃)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  14. ရှမ်းပြည်နယ် ကိုးကန့်ဒေသ၌ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ် Eleven Media Group (၁၁ ဒီဇင်ဘာ ၂၀၂၃)။ ၃၁ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုးကန့်ခေါင်းဆောင်တွေကို တရုတ်ဆီ စစ်ကောင်စီလွှဲပြောင်း RFA Burmese (၃၀ ဇန်နဝါရီ ၂၀၂၄)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  16. ကိုးကန့် ဒေသခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်ကိုတရုတ်သေဒဏ်ချ လူထုနွေဦး (၄ နိုဝင်ဘာ ၂၀၂၅)။ ၁၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  17. တရုတ်မှာ သေဒဏ်ချခံထားရတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန် ကွယ်လွန် BBC (၁၁ နိုဝင်ဘာ ၂၀၂၅)။ ၁၁ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။