မာတိကာသို့ ခုန်သွားရန်

လိမ်လည်မှု

ဝီကီပီးဒီးယား မှ

လိမ်လည်မှု (အင်္ဂလိပ်: Fraud, တရုတ်: 诈骗 (Zhàpiàn) ) ဆိုသည်မှာ တစ်ဖက်လူအား လှည့်ဖြား၍ အကျိုးအမြတ် ရယူခြင်း သို့မဟုတ် နစ်နာစေခြင်းကို ဆိုလိုသည်။ ယင်းတွင် ငွေကြေးလိမ်လည်မှု၊ ဖြားယောင်းသွေးဆောင်မှုနှင့် အချက်အလက်အမှားဖြင့် လှည့်စားမှု အမျိုးမျိုး ပါဝင်သည်။[]

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် အွန်လိုင်းနည်းပညာသုံး ငွေကြေးလိမ်လည်မှု အမျိုးအစားကို ကျားဖြန့် (သို့မဟုတ်) ကျားဖျန့် ဟူ၍ အသုံးများသော အရပ်အခေါ်အဝေါ် ဖြင့် လူသိများသည်။

ကျားဖြန့် (အသုံးအနှုံး)

[ပြင်ဆင်ရန်]

"ကျားဖြန့်" ဟူသော အသုံးအနှုံးမှာ တရုတ်ဘာသာစကား 诈骗 (Zhàpiàn) ၏ အသံထွက်ကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ကျားဖြန့်ကို အွန်လိုင်း သို့မဟုတ် အင်တာနက်ကို အသုံးပြု၍ လိမ်လည်ခြင်း (အွန်လိုင်းငွေလိမ်လုပ်ငန်း) ဟု နားလည်ထားကြသည်။

နောက်ခံသမိုင်းနှင့် ပျံ့နှံ့မှု

[ပြင်ဆင်ရန်]

ကျားဖြန့်လုပ်ငန်းများသည် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ (COVID-19) ကမ္ဘာ့ကပ်ရောဂါကာလအတွင်းနှင့် ထိုနောက်ပိုင်းတွင် ပိုမိုဖွံ့ဖြိုးလာခဲ့သည်။ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ အဆိုအရ ယခုအခါ ၎င်းသည် နိုင်ငံပေါင်းချုပ် အွန်လိုင်းငွေကြေးလိမ်လည်မှု အသင်းကြီး (Transnational Organized Crime) အသွင် ဖြစ်နေပြီဖြစ်သည်။[][][]

အခြေစိုက်ရာဒေသများနှင့် လည်ပတ်ပုံ

[ပြင်ဆင်ရန်]

ကျားဖြန့်လုပ်ငန်းများကို အောက်ပါအရှေ့တောင်အာရှနိုင်ငံများတွင် အဓိကအခြေစိုက် လုပ်ဆောင်လေ့ရှိသည်။

အဆိုပါလုပ်ငန်းများသည် လူကုန်ကူးမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားမှုများ ထူပြောရာ နယ်စပ်ဒေသများတွင် အခြေစိုက်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဒေသများတွင် စစ်အာဏာရှင်များနှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ပေးမှုအောက်၌ လုပ်ငန်းလည်ပတ်လေ့ရှိကြသည်။

လူကုန်ကူးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ

[ပြင်ဆင်ရန်]

တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် အာဖရိကနိုင်ငံများမှ ပညာတတ်လူငယ်များစွာသည် မြင့်မားသော လစာမက်လုံးဖြင့် လူကုန်ကူးခံရကာ အတင်းအကျပ် စေခိုင်းခံနေရသည်။ ၎င်းတို့သည် အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းခံရခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများ ကြုံတွေ့နေရပြီး၊ ဤလုပ်ငန်းသည် ပြန်ပေးဆွဲမှုနှင့် အခြားရာဇဝတ်မှုများနှင့် ဒွန်တွဲနေသည်။[]

လိမ်လည်သည့် ပုံစံများ

[ပြင်ဆင်ရန်]

ကျားဖြန့်ပုံစံမျိုးစုံ ရှိနိုင်သည်။ [][][][][]

  • သားကောင်ရှာဖွေခြင်း: လူမှုကွန်ရက်တွင် အကောင့်အတုများဖြင့် ချဉ်းကပ်ခြင်း။
  • ဖြားယောင်းခြင်း: အနောက်နိုင်ငံသားများကို ခရစ်တိုကာရန်စီ (Cryptocurrency) များ လွှဲပြောင်းလာအောင် ဆွဲဆောင်ခြင်းနှင့် အချစ်ဇာတ်လမ်းများဖြင့် လှည့်စားခြင်း။
  • အတုအယောင်များ: ဂိမ်းအပလီကေးရှင်း (App) အတုများ၊ ဝက်ဘ်ဆိုဒ်အတုများနှင့် ကုမ္ပဏီအတုများဖြင့် ငွေကြေးမက်လုံးပေးခြင်း။

နှိမ်နင်းမှုများ

[ပြင်ဆင်ရန်]

ကျားဖြန့်လိမ်လည်ခံရမှုကြောင့် ဒေါ်လာဘီလီယံနှင့်ချီ၍ နစ်နာနေသဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ ဖမ်းဆီးနှိမ်နင်းမှုများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက် ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. What does 诈骗 (Zhàpiàn) mean in Chinese?
  2. 1 2 ကျားဖျန့်၊ လောက်ကိုင်နဲ့ ဒေသတွင်းနိုင်ငံသားတွေပါ အဓမ္မစေခိုင်းခံနေရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း
  3. 1 2 3 ဖမ်းဆီးမှုများရှိနေသည့်ကြားက အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်ကြီးထွားနေ
  4. ကြံ့ခိုင်ရေးအမတ်ဟောင်းနှင့် မိသားစုကို ကျားဖြန့်အမှုဖြင့် စစ်ကောင်စီ ဖမ်းဝရမ်းထုတ် 15 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 December 2023 တွင် ပြန်စစ်ပြီး။
  5. Fraud factory
  6. အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ - မြန်မာနယ်စပ်မြို့တွေက ငွေလိမ်ဂိုဏ်းတွေ လူငယ်တွေကို အသုံးချနေ
  7. ကူကယ်ရာမဲ့ ကျားဖြန့် သားကောင်များ 19 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2023 တွင် ပြန်စစ်ပြီး။