ဖုန်ကြားရှင်
ဖုန်ကြားရှင် | |
---|---|
မွေးဖွား | ဗြိတိသျှဘားမား၊ ကျောက်နီမြစ် | ၅ ဖေဖော်ဝါရီ၊ ၁၉၃၁
ကွယ်လွန် | ၁၆ ဖေဖော်ဝါရီ၊ ၂၀၂၂ | (အသက် ၉၁)
သစ္စာခံနိုင်ငံ | ကိုးကန့် ပြည်သူ့တော်လှန်ရေးတပ်မတော် (၁၉၆၅-၁၉၆၉) မြန်မာပြည်ကွန်မြူနစ်ပါတီ (၁၉၆၉–၁၉၈၉) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (၁၉၈၉–၂၀၂၀) |
အမှုထမ်း ကာလ | ၁၉၆၅ | –၂၀၂၀
ရာထူးအဆင့် | Commander in chief of the MNDAA |
တိုက်ပွဲ/စစ်ပွဲများ | ပြည်တွင်းသောင်းကျန်းမှုသမိုင်း
|
ဖုန်ကြားရှင် (တရုတ်: 彭家声; ပင်ရင်: Péng Jiāshēng; အင်္ဂလိပ်: Pheung Kya-shin)[n ၁] သည် မြန်မာနိုင်ငံ၊ ကိုးကန့်အထူးဒေသ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ခဲ့ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ ခေါင်းဆောင်တစ်ဦးအဖြစ် ၂၀၂၀ ဒီဇင်ဘာ ၁၉ အထိ တာဝန်ယူခဲ့သည်။ဖုန်ကြားရှင်သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ဌာနချုပ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ၁၆ရက် မနက်ပိုင်းက လူကြီးရောဂါဖြင့်ကွယ်လွန်သွားသည်။ [၁]
ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]
ဤ sectionသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဇို့ချွမ် (Szechuan) တရုတ်မျိုးနွယ်မှ ဆင်းသက်လာသော ဖုန်ကြားရှင်ကို ၁၉၃၁ခုနှစ်တွင်ကိုးကန့်ဒေသ ဟောင်ဆော်ထူးဟော် ရွာလေးတွင်မွေးဖွားသည်။
၁၉၆၀ ကျော်ကာလများက ဂျင်မီယန်း၏ ကိုးကန့်တော်လှန်ရေး တပ်ဖွဲ့တွင် အရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ခုနှစ်တွင်တရုပ်ပြည်ရှိ ဗမာပြည် ကွန်မြူနစ်ပါတီကေဒါများနှင့် အဆက်အသွယ်ရခဲ့ကာ လက်နက်အထောက်အပံ့ပါရမည်ဆိုသည့် ကတိကဝတ်ပါ ရရှိခဲ့သူဖြစ်သည်။
နောက်ပိုင်းတွင် ဖုန်ကြားရှင်သည် သူ့ညီ ဖုန်ကြားဖူနှင့်အတူ ဘေကျင်းကို သွားခဲ့သည်။ ၁၉၆၈၊ ဇန်နဝါရီ ၅ရက်နေ့တွင်တရုတ်ပြည်မှနေ၍ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဦးဆောင်ပြီး ကိုးကန့်ဒေသကို ပြန်လည်ဝင်ရောက်ခဲ့သည်။ ထို့နောက် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းခဲ့သည်။
၁၉၇၀ အစောပိုင်းကာလက မူးယစ်ဆေးဝါးရောင်းဝယ်မှုကို စတင်လုပ်ကိုင်သည်ဟု သုံးသပ်သူများကဆိုသည်။
၁၉၈၉ မတ်လတွင်ညီဖြစ်သူ ဖုန်ကြားဖူနှင့်အတူ ကွန်မြူနစ်ပါတီကိုပြန်လည် ပုန်ကန်သည်။[၂] မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှရေးပါတီ (MNTJP) ကို ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် ဖုန်ကြားရှင်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်MNDAA ဖြစ်သည်။
စတင်တည်ထောင်ခဲ့သည့် ၁၉၈၉ ခုနှစ်တွင်ပင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ်ချုပ်ဆိုခဲ့သည်။ စာချုပ်ချုပ်ဆိုပြီးနောက် ကိုးကန့်ဒေသသည်ရှမ်းပြည်နယ်အထူးဒေသ (၁) ဖြစ်လာခဲ့သည်။[၃]
နောက်ပိုင်းအစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများအား တရားဝင်နီးပါး လုပ်ကိုင်ခဲ့သည်ဟု မှတ်တမ်းများကဆိုသည်။ ထင်ရှားသော ဘိန်းရာဇာတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။၁၉၉၃ ခုနှစ်က စစ်အစိုးရကပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံကိုပင် တက်ခဲ့သူဟု ဖော်ပြခြင်းလည်းခံခဲ့ရသည်။[၄]
၁၉၉၂တွင်ကိုးကန့်ဒေသ ဘိန်းစစ်အတွင်း ဖုန်ကြားရှင်သည်ယန်းမျိုးဆက်တစ်ဦးဖြစ်သော ယန်းမိုလျန်ကို စစ်ရှုံးပြီး ကျိုင်းတုံသို့ပြေးသည်။ ၁၉၉၄အရောက်တွင်ယန်မိုလျန်းကို ဘိန်းမှုဖြင့် ကူမင်းက ကွပ်မျက်သောအခါ ဖုန်ကြားရှင်သည်ကိုးကန့်သို့ ပြန်အခြေချလာခဲ့သည်။
တပ်မတော်နှင့်ဆက်ဆံရေးတောက်လျောက်ကောင်းမွန်ခဲ့သော်လည်း ၂၀၀၉ စက်တင်ဘာတွင် MNDAA ကို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲရန် တပ်မတော် က ညွှန်ကြားခဲ့ပြီးနောက် လက်မခံသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားကာ ဖုန်ကြားရှင်သည် လောက်ကိုင်မှတဆင့်သားမက်ဖြစ်သူ ဦးစိုင်းလင်းရှိရာ မိုင်းလားမြို့တွင် ခိုလှုံခဲ့ခြင်းဖြင့်ဖုန်ကြားရှင်နှင့် စစ်ခေါင်းဆောင်များ၏ ဆက်ဆံရေးသည် တခန်းရပ်သွားခဲ့သည်။[၅]
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့သည် ကုန်းကြမ်းဒေသရှိ ခမရ-၂၂၅တပ်ကို အင်အားအလုံးအရင်း ဝင်ရောက်တိုက်ခိုက်ရာ မြန်မာတပ်မှ အကျအဆုံးများခဲ့သည်။[၆] နောက်ပိုင်းတွင် မြန်မာတပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်တို့ တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားကြသည်။
ထိုစဉ်ကမြန်မာစစ်တပ်မှ လေကြောင်းပစ်ကူများဖြင့် ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရသည်။ စစ်ပွဲကာလအတွင်းတွင် မြန်မာစစ်တပ်မှ တိုက်လေယာဉ်တစ်စင်းပစ်ခတ်သည့် ဒုံးလက်နက်လမ်းကြောင်းလွဲကာ တရုတ်ပိုင်နက်ထဲသို့ ကျရောက်ပေါက်ကွဲပြီး တရုတ်လူမျိုး ၄ ယောက် သေခဲ့သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ တရုတ်က မြန်မာအား စစ်ရေးနှင့် သံတမန်ရေး အရ ပြင်းထန်စွာသတိပေးခဲ့သည်။[၇]
MNDAA သည် ကိုးကန့်ဒေသ မြောက်ပိုင်းအစွန်ရှိ ဟုန်အိုင်ဒေသတွင် အခြေပြုနိုင်ခဲ့ပြီးနောက်ဖုန်ကြားရှင်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်းမှ စတင်ကာ MNDAA တွင် ပါဝင်တာဝန်မယူတော့ဘဲ၊ နာယက အဖြစ်သာ ရှိခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင်ကျရောက်သည့် ၎င်း၏ မွေးနေ့တွင် ဦးဖုန်ကြားရှင် သည် မွေးနေ့အထိမ်းအမှတ်အဖြစ် တရုတ်ဘာသာဖြင့် နှုတ်ခွန်းဆက်စကား ပြောခဲ့သေးသည်ကိုတွေ့ရသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကို တည်ထောင်ခဲ့သူ ဦးဖုန်ကြားရှင်သည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ၁၆ရက် မနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ဌာနချုပ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။[၁]
ဦးဖုန်ကြားရှင်ကွယ်လွန်သွားခြင်းနှင့်ပတ်သတ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်တူထပ်မျှကြေကွဲဝမ်းနည်းရကြောင်း သဝဏ်လွှာပင် ပေးပို့ခဲ့ကြောင်းတွေ့ရသည်။[၂]
ဖုန်ကြားရှင်ကို ကိုးကန့်တိုင်းရင်းသားများက တိုင်းရင်းသားများအပေါ် တာဝန်ယူစိတ် ရှိသူ၊ မျိုးချစ်စိတ်ရှိသူ၊ကိုးကန့်တိုင်းရင်းသားများ တိုးတက်ရေး ဆောင်ရွက်ပေးခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် မှတ်ယူထားကြကြောင်း တရုတ်မြန်မာနယ်စပ်အရေး လေ့လာသူ ဒေါက်တာလှကျော်ဇော မှတ်ချက်ပြုထားသည်။[၃]
အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၁၀ဖွဲ့၏ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST)ကလည်း ဖုန်ကြားရှင်ကို ကိုးကန့်ပြည်သူလူထုနှင့်ကိုးကန့်နယ်မြေကို လုံခြုံစွာကာကွယ်ပေးပြီး၊လူမှုဘဝတိုးတက်အောင်ဆောင်ရွက်ပေးခဲ့သည့် ခေါင်းဆောင်တစ်ဦးဟု အသိအမှတ်ပြုထားသည်။[၄]
ဘိန်းရာဇာတစ်ဦးအဖြစ် ဖော်ပြခံခဲ့ရသည့် ဖုန်ကြားရှင်ကို MNDAAကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဟု ဈာပနနာရေးကြေညာချက်တွင် ဖော်ပြခဲ့သည်။ကိုးကား အမှား - Closing </ref>
missing for <ref>
tag အသွင်မတူ၊အမြင်မတူကြသည့် တပ်မတော်မှ ခေါင်းဆောင်များက ပေးပို့သော လွမ်းသူပန်းခွေများ၊စုံလင်စွာတက်ရောက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အထူးသဖြင့် အေအေခေါင်းဆောင် ထွန်းမြတ်နိုင်၏ ပြောစကားက ဦးဖုန်ကြားရှင်၏ ဂုဏ်သရေကို ပိုမိုထင်ပေါ်စေခဲ့သည်။[၅]
မှတ်စု[ပြင်ဆင်ရန်]
- ↑ Other spellings include Peng Jiasheng, Phon Kyar Shin, Phone Kyar Shin, and Peng Kya Shen.
ကိုးကား[ပြင်ဆင်ရန်]
- ↑ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန် (in en)။
- ↑ ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ (၁၇ ဖေဖော်ဝါရီ ၂၀၂၂)။
- ↑ ဦးဖုန်ကြားရှင်ကွယ်လွန်သွားပေမယ့် MNDAA ကိုးကန့်အဖွဲ့ မူဝါဒ ပြောင်းမှာမဟုတ် (in my)။
- ↑ NCA-S EAO | ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင် ကွယ်လွန်အနိစ္စရောက်သည့်အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ပေးပို့သော “ဝမ်းနည်းကြောင်း သဝဏ်လွှာ” (in en)။
- ↑ ဦးဖုန်ကြားရှင်ဈာပန မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက် (in my)။