မာတိကာသို့ ခုန်သွားရန်

ဒီမိုကရက်တစ် မြန်မာ့အသံ

ဝီကီပီးဒီးယား မှ
(ဒီဗွီဘီ မှ ပြန်ညွှန်းထားသည်)
ဒီမိုကရက်တစ် မြန်မာ့အသံ
Democratic Voice of Burma (DVB)
အမျိုးအစားရေဒီယို နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်း
နိုင်ငံနော်ဝေနိုင်ငံ
ဖမ်းယူရရှိနိုင်မှုပြည်တွင်း
နိုင်ငံတကာ  မြန်မာ
အရေးပါ ပုဂ္ဂိုလ်
Executive Director/Chief Editor အေးချမ်းနိုင်၊ Deputy Executive Director ခင်မောင်ဝင်း
စတင်ထုတ်လွှင့်သည့်ရက်
ဇူလိုင် ၁၉၉၂ (ရေဒီယို)

မေ ၂၈၊ ၂၀၀၅ (ရုပ်မြင်သံကြား)
တရားဝင် ဝက်ဘ်ဆိုဒ်
www.dvb.no

ဒီမိုကရက်တစ် မြန်မာ့အသံ (Democratic Voice of Burma, အတိုကောက် ဒီဗွီဘီ - DVB) သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော လွတ်လပ်သည့် အကျိုးမဖက် မီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၁၉၉၂ ခုနှစ် ဇူလိုင်လတွင် နော်ဝေးနိုင်ငံ အော့စလိုမြို့၌ ရေဒီယိုလှိုင်းတိုဖြင့် စတင်တည်ထောင်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် ဂြိုဟ်တုရုပ်သံလိုင်းအဖြစ် တိုးချဲ့နိုင်ခဲ့သည်။ ပြည်ပရောက် မြန်မာများဖြင့် စုဖွဲ့ကာ ပိတ်ဆို့မှုမရှိသော သတင်းနှင့် အချက်အလက်များကို ထုတ်လွှင့်ပေးခဲ့သည့် ဤအဖွဲ့အစည်းသည် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်အခြေစိုက်၍ လူသိများပြီး သြဇာရှိသော ရုပ်သံလိုင်းတစ်ခုအဖြစ် ရပ်တည်ခဲ့သော်လည်း၊ ၂၀၂၁ ခုနှစ် မတ်လတွင် စစ်အာဏာသိမ်းအဖွဲ့၏ ပိတ်ပင်ခြင်းကို ခံခဲ့ရသဖြင့် လက်ရှိတွင် လျှို့ဝှက်နည်းလမ်းများဖြင့် သတင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၁၉၉၂ ခုနှစ် ဇူလိုင်လတွင် နော်ဝေးနိုင်ငံ၊ အော့စလိုမြို့ရှိ စတူဒီယိုမှတစ်ဆင့် Kvitsøy တာဝါတိုင်ကို အသုံးပြု၍ ရေဒီယိုလှိုင်းတိုဖြင့် စတင်ထုတ်လွှင့်ခဲ့ပြီး၊ ယခုအခါ ဂြိုဟ်တုနှင့် ဒီဂျစ်တယ်ရုပ်သံလိုင်းများဖြင့်ပါ တိုးချဲ့ထုတ်လွှင့်လျက်ရှိသည်။ ၂၀၀၅ ခုနှစ် မေလ ၂၈ ရက်တွင် နယ်သာလန်အခြေစိုက် Free Voice၊ National Endowment for Democracy နှင့် Freedom of Expression Foundation စသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ပထမဆုံးသော လွတ်လပ်သည့် မြန်မာဘာသာ ရုပ်သံလိုင်းကို ဂြိုဟ်တုမှတစ်ဆင့် စတင်ဖြန့်ချိခဲ့သည်။ []

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း၌ မာလ်တီမီဒီယာလုပ်ငန်းများကို လူသိထင်ရှား စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် MRTV ၏ DVB-T2 စနစ်ဖြင့် အခမဲ့ရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်ခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတ်လ ၈ ရက်နေ့တွင် ဒီဗွီဘီ (DVB) သည် အခြားသော မီဒီယာကွန်ရက်လေးခုဖြစ်သည့် Myanmar Now၊ မဇ္ဈိမ (Mizzima News)၊ ရန်ကုန်ခေတ်သစ် (Khit Thit Media) နှင့် ၇ ရက် သတင်းစာ (7Day News) တို့နှင့်အတူ စစ်ကောင်စီ၏ ပိတ်ပင်ခြင်းကို ခံခဲ့ရသည်။[]

ဝန်ထမ်းအချို့ ဖမ်းဆီးနှိပ်စက်ခံရခြင်းနှင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် သတင်းထောက်အချို့မှာလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်းဆီးခံရခြင်းစသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပါသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. DVB Dvb.no။ 2012-10-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-04 တွင် ပြန်စစ်ပြီး။
  2. Burmese၊ R. F. A. (2023-07-10)။ ဒီဗွီဘီနဲ့ မဇ္ဈိမ သတင်းဌာနကို တရားစွဲမယ်လို့ စစ်ကောင်စီပြော (in my)။ 2026-05-04 တွင် ပြန်စစ်ပြီး။
  3. ဗွီအိုအေ (မြန်မာပိုင်း) (2021-05-11)။ ထိုင်းမှာ ဖမ်းခံရသူ DVB သတင်းထောက်တွေကို လွဲှပေးဖို့ UNHCR တောင်းဆိုထား (in my)။ 2026-05-04 တွင် ပြန်စစ်ပြီး။
  4. Arrest of journalists a litmus test for how Thailand treats those fleeing persecution in Myanmar 2021-05-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-05-13 တွင် ပြန်စစ်ပြီး။