ရေဒီယို

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ရေဒီယို

ရေဒီယို (အင်္ဂလိပ်: Radio) ဆိုသည်မှာ မျက်စိနှင့် မမြင်နိုင်သော အလင်းအောက် တိုသော ကြိမ်နှုံး (Frequency) ရှိသည့် လျှပ်စစ်သံလိုက်လှိုင်းများကို လှိုင်းခွင်သ၍ အချက်ပြ(Signal)များ အဖြစ် ထုတ်လွှင့်ခြင်းကို ခေါ်ဆိုသည်။ ၎င်း လျှပ်စစ်သံလိုက်လှိုင်းများသည် လေထုအတွင်းနဲ့ လေဟာနယ်အတွင်းရှိ လျှပ်စစ်သံလိုက်စက်ကွင်းတွင် လှိုင်းခွင် တက်ကျညီညီဖြင့် ဖြတ်သန်းကာ သွားနိုင်သည်။ ၎င်းလှိုင်း၏ ကြိမ်နှုန်း (Frequency) ၊ လှိုင်းခွင် (Amplitude) နှင့် လှိုင်းအသွင်(Phase) စသည့် တန်ဖိုးများ စနစ်တကျ အလိုက်သင့် ပြောင်းလဲခြင်းဖြင့် သတင်းအချက်အလက်များကို သယ်ယူပို့ဆောင်ပေးသည်။ ဤရေဒီယိုလှိုင်းများ လျှပ်ကူးပစ္စည်းတစ်ခု အတွင်း ဖြတ်သန်းသောအခါ လှိုင်းညှို့မှုဖြစ်ပေါ်လာပြီး လျှပ်ကူးပစ္စည်းအတွင်း သွင်ပြောင်းလျှပ်စီး (Alternating Current) ကို ဖြစ်ပေါ်စေသည်။ ၎င်း လျှပ်စီးကို ဖမ်းယူ၍ သတင်းအချက်အလက်များ သယ်ဆောင်လာသော အသံ(သို့မဟုတ်) အခြား အချက်ပြများအဖြစ် ပြောင်းလဲနိုင်သည်။

လျှပ်စစ်သံလိုက်လှိုင်းနှင့် ၎င်း၏ စမ်းသပ်မှုများ၊ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်နှင့် ၎င်း၏ နည်းပညာ ဖွံ့ဖြိုးမှု၊ ရေဒီယို ထုတ်လွှင့်ခြင်းနှင့် ဈေးကွက်ဝင်လူသုံးများလာစေရေး ကြိုးပမ်းမှု စသည့် သိသာထင်ရှားသော ဖြစ်ပေါ် တိုးတက်မှုများနှင့်အတူ ယှဉ်တွဲလျက် ရေဒီယိုဟူသော စကားလုံး၏ အဓိပ္ပာယ်နှင့် အသုံးတွင်ကျယ်မှုများလာခဲ့သည်။ မြောက်မြားလှစွာသော တီထွင်သူများ၊ အင်ဂျင်နီယာများ၊ ထပ်မံအဆင့်မြှင့်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များစွာ ဤ ရေဒီယို၏ ခေတ်ရှေ့ပြေးသော အသုံးချအတတ်ပညာရရှိအောင် ဆောင်ရွက်လာခဲ့ကြတဲ့အတွက် ရေဒီယိုပညာ စတင်တွေ့ရှိလာခဲ့ပုံနဲ့ တီထွင်သူ မည်သူနည်း ဆိုတဲ့ ကိစ္စသည် အငြင်းပွားဖွယ် ကိစ္စဖြစ်လာခဲ့သည်။

စကော့လူမျိုး သိပ္ပံပညာရှင် ဂျိမ်းစ်ကလာ့ခ် မက်စ်ဝဲက လျှပ်စစ်သံလိုက်ဖြစ်ခြင်း အယူအဆကို ရှင်းပြဖို့ရာ သီအိုရီအခြေခံကို စတင်ဖော်ထုတ်ခဲ့သည်။ လျှပ်စစ်နှင့် သံလိုက်လှိုင်း ၂ ခုကို ပေါင်းစပ်ပြီး လျှပ်စစ်သံလိုက်လှိုင်းထုတ်လုပ်နိုင်သည်ဟု သူ ဟောကိန်းထုတ်ခဲ့သည်။ ဂျာမနီ သိပ္ပံပညာရှင် ဟိန်းရစ်ချ် ဟာ့စ်က ၁၈၈၈ မှာ Sparkgap Transmitter ကို ကြိမ်နှုံး အလွန်မြင့်တဲ့ အခြေအနေမှာ အသုံးပြုပြီး ရေဒီယိုလှိုင်းများ ထုတ်လုပ်နိုင်ကြောင်းနဲ့ လှိုင်းကို အာရုံခံနိုင်ကြောင်း သက်သေပြခဲ့သည်ဟု မှတ်သားထားတာ တွေ့ရှိရသည်။

၁၈၉၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက နီကိုလာ တက်စလာ မှာ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာ၏ ဥပဒေသများကို ပထမဦးဆုံး အကြိမ် လက်တွေ့ သရုပ်ပြသခဲ့သည်။ တက်စလာက အဲဒီနောက်မှာ အမေရိကန်နိုင်ငံတွင်း ယင်းနည်းပညာအတွက် မူပိုင်ခွင့်ရရှိခဲ့သည်။ အဲဒီအချိန်က ပထမကမ္ဘာစစ်အတွင်း ၎င်း၏ စက်ပစ္စည်းများ အသုံးချမှု မူပိုင်ခွင့်အတွက် မာကိုနီ ကုမ္ပဏီက အမေရိကန် အစိုးရကို တရားစွဲဆိုခဲ့မှုစတဲ့ အချက်တွေက ဒီမူပိုင်ခွင့်ကို တက်စလာ ရယူသွားနိုင်ခြင်းကို အများကြီး လွှမ်းမိုးသည်ဟု ယူဆကြသည်။ ရူပဗေဒနဲ့ တီထွင်သူများဖြစ်ကြတဲ့ ဂျွန်စတုံး စတုံးနဲ့ အလက်ဇန္ဒား စတပ္ပါနိုဗစ် ပိုပေါ့တို့က တက်စလာကို ကြိုးမဲ့ဆက်သွယ်မှုနည်းပညာ စတင် အသုံးချသူလို့ သတ်မှတ်ခဲ့ကြသည်။

၁၈၉၄ခုနှစ် ဩဂုတ်လမှာ အင်္ဂလိပ် ရူပဗေဒပညာရှင်နှင့် စာရေးဆရာလည်းဖြစ်သူ အိုလီဗာ လော့ဒ်ဂျ်ဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ ကျင်းပတဲ့ ဗြိတိသျှ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း အစည်းအဝေးမှာ ရေဒီယို အချက်ပြ စတင်ထုတ်လွှင့်ပြနိုင်ခဲ့သည်။ ၁၈၉၅ ခုမှာ အီတလီ တီထွင်သူ ဂါ့တ်လီယယ်မို မာကိုနီက ကြိုးမဲ့ဆက်သွယ်မှု နည်းပညာကို ဈေးကွက်ဝင်တဲ့ စနစ်ဖြစ်အောင် ထပ်မံ မွမ်းမံခဲ့သည်။ ၁၈၉၆ ခုနှစ်မှာ ဗြိတိသျှမူပိုင်ခွင့် အာဏာပိုင်ရုံးမှနေ၍ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ ကြေးနန်းဆိုင်ရာ မူပိုင်ခွင့်ကို ပေးအပ်ခဲ့သည်။ စကော်လာများ သမိုင်းပညာရှင်များက မာကိုနီကို ကျေးဇူးတင်ခဲ့ကြတယ်။ ကြိုးမဲ့ကြေးနန်း နည်းပညာ ဖွံ့ဖြိုးရေးအတွက် ပါဝင်လုပ်ဆောင်ခဲ့သည့် အတွက် သက္ကရာဇ် ၁၉၀၉ ခုနှစ်ရဲ့ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ကားလ်ဖာဒီနန် ဘရောင်းနဲ့ အတူ ပူးတွဲ ချီးမြှင့်ခံခဲ့ရသည်။ သက္ကရာဇ် ၁၉၄၃ မှာတော့ အမေရိကန်နိုင်ငံ တရားရုံးချုပ်ကနေ မာကိုနီရဲ့ ကြိုးမဲ့ ကြေးနန်းမူပိုင်ခွင့်ကို ကျော်ပြီး နီကိုလာ တက်စလာကို မူပိုင်ခွင့်ပြန်ပေးခဲ့သည်။

ရေဒီယို သမိုင်း[ပြင်ဆင်ရန်]

၁၉ ရာစုအစောပိုင်းကာလတွင် wireless ဆက်သွယ်မှုနှင့် ပတ်သက်ပြီး လေ့လာခဲ့သူတွေ မြောက်များစွာပေါ်ပေါက်ခဲ့ပါသည်။ တကယ်တော့ မာကိုနီ၏ တီထွင်ဆန်းသစ်မှုတွေသည် တစ်ခုမှ အသစ်မဟုတ်ခဲ့ကြောင်းကို အလက်ဇန္ဒားပေါ့ပတ်ဖ် (Alexander Stepanovich Popov)က ၁၈၉၃ ခုနှစ်မှာကျင်းပသော ရုရှလျှပ်စစ်အင်ဂျင်နီယာများ ညီလာခံတွင် ငြင်းချက်ထုတ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ရုရှအစိုးရက ၁၉၄၅ ခုနှစ်တိုင်အောင် ထုတ်ပြန်ကြေငြာခြင်း မရှိခဲ့ပါ။ အလက်ဇန္ဒားပေါ့ပတ်ဖ်သည် စိန့်ပီတာစပတ်( saint petersburg) မြို့ တက္ကသိုလ်ပရိဝုဏ်အတွင်းမှ အဆောက်အဦနှစ်ခုကြား radio waves များ လွှင့်၊ဖမ်းလုပ်ခြင်းကို မာကိုနီထက် ၆လ စောပြီး သရုပ်ပြလုပ်ခဲ့သူဖြစ်ပါသည်။ ဘာကြောင့် ရေဒီယိုဆိုရင် မာကိုနီဟု လူသိများခဲ့ကြပါသလဲ? နည်းပညာ အသစ်မဟုတ်ပေမယ့် အသုံးချနိုင်မှုမှာ အရေးပါခဲ့သည်ဟု ယူဆပါသည်။ ရေဒီယိုသမိုင်းကို လေ့လာကြည့်သောအခါ

(၁) Michael Faraday သည် ၁၈၃၁ ခုနှစ်တွင် electromagnetic introduction ကိုစတင်တွေ့ရှိခဲ့သူဖြစ်သည်။ နောင်တစ်ချိန်တွင် Maxwell equation ၄ခုထဲမှ တစ်ခုဖြစ်လာမည့် Faraday Law ကိုထုတ်ခဲ့သူလည်းဖြစ်ပါသည်။

(၂) Maxwell ကတော့ ၁၈၆၁ နှင့် ၁၈၆၅ အတွင်းမှာ Faraday နှင့် အခြား scientists တွေ၏ အစောပိုင်းစမ်း သပ်ချက်တွေအပေါ်မှာ အခြေခံခဲ့ပါသည်။ ၁၈၇၃-ခုနှစ်တွင် Adynamical theory of the electromagnetic Field ဆိုသော စာတမ်းကိုထုတ်ဝေခဲ့ပါသည်။ ဒါသည် electromagnetic wave တွေ ရွေ့လျားမှုအကြောင်း အခြေခံသီအိုရီဖြစ်ခဲ့ပါသည်။

(၃) William Henry Ward က ၁၈၇၂ တွင် ရေဒီယိုဖွင့်ဖြိုးတိုးတက်မှုအတွက် အမေရိကန်နိုင်ငံတီထွင်မှု ဆိုင်ရာမူပိုင်ခွင့် ကိုရရှိခဲ့သူဖြစ်ပါသည်။ သို့သော် ဒီမူပိုင်ခွင့်သည် ဘယ်သီအိုရီကိုမှ ညွှန်းဆိုထားခြင်း မရှိသလို၊ radio waves တွေကိုလည်း ဖမ်းယူနိုင်ခြင်း၊ လွှင့်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

(၄) Mahlon Loomis သည် ၁၈၇၂ ခုနှစ်တွင် wireless telegraph နည်းပညာဆိုင်ရာ မူပိုင်ခွင့်ကို ရရှိခဲ့သူဖြစ်ပါသည်။ ထိုမူပိုင်ခွင့်သည်လည်း William Henry Ward ၏ မူပိုင်ခွင့်လိုပါပဲ၊ ဖမ်းယူနိုင်ခြင်း၊ လွှင့်ထုတ်နိုင်ခြင်းမရှိခဲ့ပါ။

(၅) Thomas Edison (၁၈၇၅)က ၁၈၇၅ နှောင်းပိုင်းတွင် etheric force ဟု သူနာမည်ပေးခဲ့သည့် telegraph ဆိုင်ရာသဘောတရားကို ထုတ်ဝေခဲ့ပါသည်။ ထိုသဘောတရားသည် Maxwell၏ electromagnetic waves များပေါ်မှာ အခြေခံ ထားခြင်းမရှိပါဘူး။

(၆) David E. Hughes ကတော့ ၁၈၇၈မှာ ပထမဆုံး radio wavesတွေ လွှင့်ဖမ်းလုပ်ခြင်းကို သက်သေပြနိုင်ခဲ့တဲ့ သူပါ။ သူ၏ အိမ်လုပ်တယ်လီဖုန်း receiver မှာ noise ကြောင့် ဖြစ်ပေါ်လာသော introduction balanceကို သတိထားမိခဲ့ခြင်း ဖြစ်သည်။ ၁၈၈၀-ခုနှစ်တွင် ထိုအကြောင်းကို သရုပ်ပြခဲ့ပါသည်။ သို့သော် သူ့ရည်ရွယ်ချက်က radio communication အတွက် မဟုတ်သည့်အပြင် သူ၏ စက်ပစ္စည်းများသည်လည်း ထိုအတွက် ဒီဇိုင်းလုပ်ထားတာမဟုတ်ခဲ့ပါ။

(၇) Calzecchi-Onesti ကတော့ အီတလီနိုင်ငံသားတစ်ယောက်ပါ။ သူသည် နောင်တစ်ချိန်တွင် radio detectorဖြစ်လာသော coherer လို့ခေါ်သော deviceလေးကို ပထမဆုံး စတင်တီထွင်ခဲ့သူဖြစ်သည်။

(၈) Edouard Branly ကတော့ version ပိုမြင့်သည့် coherer လေးကိုထုတ်လုပ်ခဲ့သူ ဖြစ်သည်။

(၉) Edison (၁၈၈၅) ကတော့ သင်္ဘောအချင်းချင်းဆက်သွယ်သော radio communication နည်းပညာဆိုင်ရာ မူပိုင်ခွင့်ကို ရရှိခဲ့သူဖြစ်ပါသည်။ နောင်တစ်ချိန်မှာ ထိုမူပိုင်ခွင့်ကို မာကိုနီဆီရောင်းချခဲ့ပါသည်။ ထိုမူပိုင်ခွင့်က electromagnetic wave များ၏ လွှင့်၊ဖမ်း လုပ်ခြင်းအပေါ်မှာ အခြေခံထားတာမဟုတ်ပါ။

(၁၀) Hertz ကတော့ maxwell equations များပေါ်တွင် အခြေခံပြီး လေ့လာခဲ့ခြင်း ဖြစ်သည်။ maxwell equations များ၏ electromagnectic waves များ အလုပ်လုပ်ပုံကို သရုပ်ပြနိုင်ခဲ့ပါသည်။ ထိုelectromagnectic waves များကို wave equation ဟုခေါ်သော partial differential equation ကို တွက်ထုတ်ခဲ့သူလည်း ဖြစ်သည်။ သို့သော် သူ၏ တွေ့ရှိချက်များသည် လက်တွေ့တွင် အသုံးမချနိုင်ခဲ့ပါ။

(၁၁) Stubblefield ကတော့ ၁၈၈၅နှင့် ၁၈၉၂ ကြားတွင် ရေဒီယိုဖန်တီးသူများထဲက တစ်ယောက်အပါအဝင် ဖြစ်ပါသည်။ အံ့ဩဖို့ကောင်းသည်က သူသည် လယ်သမားတစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်သည်။ သူ၏ device က radio transmission ဆိုသည်ထက် transmission မိတ်ဆက်သဘော လောက်သာရှိခဲ့ပါသည်။

(၁၂) Landell de Moura ကတော့ Brazil နိုင်ငံသား။ ကြိုးမဲ့အသံလွှင့်ခြင်းနှင့် ပတ်သက်ပြီး သရုပ်ပြခဲ့ပေမယ့် ၁၉၀၀-ပြည့်နှစ် တိုင်အောင်သူ၏ အောင်မြင်မှုကို ကြေငြာခြင်းမရှိခဲ့ပါ။

အထက်ပါ ပုဂ္ဂိုလ်ကြီးများသည် အစဦးပိုင်းလေ့လာခဲ့သူများ ဖြစ်ပါသည်။

Nikola Tesla[ပြင်ဆင်ရန်]

Nikola Tesla သည် electromechanical engineer တစ်ယောက်ဖြစ်သည်။ သူ့ကို wireless telegraphy ၏ ဖခင်ကြီးဟုလည်း အသိအမှတ်ပြုကြပါ သေးသည်။ သူသည် သုတေသနမြောက်မြားစွာလုပ်ခဲ့ပါသည်။ သို့သော် radio ဖက်ကို ဦးတည်လာတာ ကတော့ ၁၈၉၁-ခုနှစ်မှာ ဖြစ်ပါသည်။ သူ၏ သုတေသနပြုချက်ကိုလည်း The true wireless theory လို့ခေါ်သော စာအုပ်မှာ ဖော်ပြခဲ့ပါသည်။ ၁၈၉၂-ခုနှစ်မှာ Experiments with Alternate Currents Of High Pontential and High Frequency ဟုခေါ်သော သင်ခန်းစာတစ်ခုကို လန်ဒန်မြို့တွင် ပို့ချခဲ့ပါသည်။ ၁၈၉၃-ခုနှစ်တွင် St.Louis,Missouriမှာ wireless နည်းပညာကို သရုပ်ပြပြုလုပ်ခဲ့ပါသည်။ Franklin Institute နှင့် National Electric Light Associationမှာ သူ၏ ရေဒီယိုဆက်သွယ်ရေး ဥပဒေသတွေကို အသေးစိတ်ဖော်ပြခဲ့ပါသည်။

Tesla၏ အစဦးဆုံး တီထွင်သော ရေဒီယိုမှာ “oscillation valve” တွေ အသုံးမပြုခင်က ရေဒီယိုတစ်လုံးမှာပါသည့် elementsများ အားလုံးပါဝင်ခဲ့ပါသည်။ ထို့အပြင် ရေဒီယိုလှိုင်းများ လွှင့်ထုတ်မှုမှာ sensitive electromagnetic receivers များကို အစဦးဆုံး အသုံးပြုခဲ့သူဖြစ်ပါသည်။ (ဆိုလိုသည်မှာ current မဟုတ်ဘဲ Flux များ၏ စီးဆင်းမှုကို စတင်အသုံး ပြုသူဖြစ်ပါလိမ့်မယ်။) spaceကိုဖြတ်ပြီး receiver အရောက်ပြန်ပို့သော radio communication ဥပဒေသများ၊ စမ်းသပ်ချက်များ အားလုံးကိုလည်း သရုပ်ပြပြု လုပ်ခဲ့ပါသည်။ အမျိုးမျိုးသော သိပ္ပံပညာရှင်များ၊ စူးစမ်းလေ့လာသူများသည် Tesla၏ သရုပ်ပြမှုနောက်ပိုင်းမှာ wireless နည်းပညာ ကိုစိတ်ဝင်စားလာခဲ့ကြပါသည်။ သူသည် အမေရိကန်နိုင်ငံ၏ wireless communication ဆိုင်ရာမူပိုင်ခွင့်ရရှိထားသူဖြစ်ပြီး၊ ထိုမူပိုင်ခွင့်၏ မှန်ကန်မှုအတွက် ဆုတံဆိပ်ကို သူကွယ်လွန်ပြီးနောက်၁၉၄၃-ခုနှစ်တွင် ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

Alexander Popov[ပြင်ဆင်ရန်]

Alexander Popov ကတော့ ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ coherer လို့ခေါ်တဲ့ device လေးကို 1895 ခုနှစ်မှာတီထွင်ခဲ့ပါတယ်။ အဲဒီနှစ်မေလ ၇ ရက်နေ့မှာ radio waves များကို သူ့ရဲ့coherer လေးအသုံးပြုပြီး လွှင့်၊ဖမ်းပြု လုပ်နိုင်ကြောင်း Russian Physical and Chemical Society မှာသရုပ်ပြပြုလုပ်ခဲ့ပါတယ်။ အဲဒီ မေလ ၇ ရက်နေ့ကို ရုရှနိုင်ငံမှာ Radio Day အဖြစ်ယခုတိုင်ကျင်းပနေဆဲဖြစ်ပါတယ်။ သူဟာသူ့ရဲ့ တီထွင်စမ်းသစ်မှုအတွက်မူပိုင်ခွင့် ပြုလုပ်ခဲ့ ခြင်းမရှိပါဘူး။ Popov ရဲ့စမ်းသပ်ချက်ဟာ ကိုက် 600 အတွင်းမှာသက်ရောက်မှုရှိခဲ့ပါတယ်။ coherer လေးကိုအခြေခံပြီး လက်တွေ့ဆက်သွယ်ရေးနည်းပညာ တိုးတက်ဖို့ရာ ပထမဆုံးဆောင်ရွက်ခဲ့သူဟာ Popov ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှလူမျိုးများအနေနဲ့ radio တီထွင်သူဟာ Popov လို့ပဲနားလည်လက်ခံထားကြပါတယ်။

1896 ခုနှစ်ဝန်းကျင်မှာတော့ radio wave များလွှင့်၊ဖမ်းလုပ်ခြင်းကို စိန့်ပီတာစပတ်မြို့ (Saint Petersburg) တကသိုလ်ဝင်းအတွင်းမှာ သက်သေပြခဲ့ပါတယ်။ ဒီသရုပ်ပြလုပ်ခြင်းဟာ မာကိုနီထက် ၆ လစောခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့စမ်းသပ်ချက် ရလာဒ် အားလုံးကို 1897 ဒီဇင်ဘာမှအဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါဟာ မာကိုနီရဲ့မူပိုင်ခွင့်ထက်တော့နောက်ကျခဲ့ပါတယ်။ 1898 ခုနှစ်မှာ Popov ဟာ ၆ မိုင်အကွာထိလွှင့်၊ ဖမ်းလုပ်နိုင်ခဲ့ပါတယ်။ 1899 မှာတော့ မိုင် ၃၀ ထိစွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 1900 ပြည့်နှစ် ရုရှားလျှပ်စစ်အင်ဂျင်နီယာများညီလာခံမှာတော့ ” မာကိုနီရဲ့ electric oscillations အားဖြင့်လွှင့်၊ ဖမ်းလုပ်နိုင်မှုဟာတစ်ခုမှ အသစ်မဟုတ်ပါဘူး။ Nikola Tesla ဟာ ဒီလို စမ်းသပ်မှုမျိုးကို 1893 ခုနှစ်မှာပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်” လို့အတိအလင်းပြော ကြားခဲ့ပါတယ်။ ဒါပေမယ့် ရုရှအစိုးရက သူသေဆုံးပြီး နှစ် ၃၀ ကြာ၊ 1945 ခုနှစ်အထိဒီအကြောင်းကို ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ပါဘူး။

Marconi[ပြင်ဆင်ရန်]

Marconi ဟာ 1896 ခုနှစ်မှာ မူပိုင်ခွင့်ရရှိထားတဲ့ Improvements in Transmitting Electrical Impulses and Signals and in Apparatus There-for ဆိုတဲ့စာတမ်းနဲ့ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒီစာတမ်းဟာ Tesla ၊ Popov နဲ့အခြားသော သိပ္ပံပညာရှင်များရဲ့ နည်းပညာများ၊ သုတေသနပြုချက်များကိုစုပေါင်းထားတဲ့ စဦးရေဒီယိုမူပိုင်ခွင့်တစ်ခုဖြစ်ခဲ့ပါတယ်။ မာကိုနီဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ကြိုးမဲ့ဆက်သွယ်နိုင်အောင်ကြိုးစားခဲ့သူဖြစ်ပါတယ်။ မာကိုနီရဲ့ radio-telegraph service ဟာ 1907 အောက်တိုဘာလမှာ Clifden နဲ့ Glace ပင်လယ်အော်အကြား စတင်ဆက်သွယ်နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ယုံကြည်စိတ်ချရတဲ့ဆက်သွယ်မှုတစ်ခုဖြစ်လာဖို့ အချိန်အတော်ကြာတိုက်ခိုက်ခံခဲ့ရပါတယ်။ အံ့ဩဖို့ကောင်းတာတစ်ခုက ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးမှာအမှုထမ်းတဲ့ ဆက်သွယ်ရေးသမားနှစ်ယောက်ဟာ အဖြူရောင်ကြယ်စင် (White Star Line) ရေကြောင်းလိုင်းကမဟုတ်ဘဲ မာကိုနီရဲ့ International Marine Communication Company ကဖြစ်နေခြင်းပင်။

ရေဒီယိုနေ့[ပြင်ဆင်ရန်]

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ကမ္ဘာ့ရေဒီယိုနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ထားပါသည်။[၁]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ရေဒီယို အသံလွှင့်ဌာနများ စာရင်း၊ မြန်မာနိုင်ငံ

ကိုးကား[ပြင်ဆင်ရန်]

  1. ဒီမိုခရက်တစ်မြန်မာ့အသံ၊ ၂၀၁၂.၂.၁၃