မာတိကာသို့ ခုန်သွားရန်

တိုးရီ

ဝီကီပီးဒီးယား မှ
ဇေယျကျော်ထင်
ဗိုလ်ချုပ်

တိုးရီ
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၂၃
ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ယခင်လူဗိုလ်ချုပ် စိုးတင့်နိုင်
ဒုတိယ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်
တာဝန်သက်တမ်း
၂၀၁၉ – ၂၀၂၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၆
မိခင်ကျောင်းတပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
အမှုထမ်းကာလ၁၉၈၉ - ၂၀၂၃
ရာထူးဗိုလ်ချုပ်
ဆုတံဆိပ်များဇေယျကျော်ထင် (၂၀၂၂)

ဗိုလ်ချုပ် တိုးရီ သည် လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး တာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော် အရာရှိကြီးတစ်ဦး ဖြစ်သည်။ယခင်က တပ်မတော် စစ်ကြောရေးစခန်းများတွင် တာဝန်ယူကြီးကြပ်ရသူတစ်ဦးဖြစ်ခဲ့ပြီး ၎င်းနောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ ဒုတိယ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်သည်။

ငယ်စဉ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဗိုလ်ချုပ် တိုးရီ သည် ဗထူးမြို့ တွင် ဖွင့်လှစ်ထားသည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း ဆင်းတစ်ဦး ဖြစ်သည်။၎င်းသည် (၇၇)ကြိမ်မြောက် ဖွင့်လှစ်သည့် ထို သင်တန်းကျောင်း မှ ၁၉၈၉ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် အပတ်စဉ် တူသည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ပြန်တမ်းဝင်အမှတ် ကြည်း ၂၁၄၃၂ ဖြင့် စစ်မှုထမ်းသည်။ တပ်မတော် တွင် ရာထူးအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် သူသည် ဒုတိယအကြီးအကဲဖြစ်လာသည်။[]ယင်းမတိုင်မီက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၏ တန်ပြန်ထောက်လှမ်းရေးဌာန အကြီးအမှူးအဖြစ် လှုပ်ရှားခဲ့သူ ဖြစ်သည်။၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက်တွင် ကျော်မင်းယုနှင့် ဇေယျာသော် တို့ကို စစ်ဆင်ရေးများဖြင့် ဖမ်းဆီးခဲ့ရာတွင် သူသည် ဦးဆောင်ခဲ့သည်။[]သူသည် စစ်ဘက်ရေးရာလုံခြုံရေး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ တွင် တပ်မတော်စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် တစ်ခု ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အပ်နှင်းခဲ့သည်။[]၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ရာထူးတိုးခံရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်ထောက်လှမ်းရေးဟောင်းများ၏ အကြံဉာဏ်ဖြင့် စစ်ကောင်စီလှုပ်ရှားနေMyanmar Now (၁၇ ဇန်နဝါရီ ၂၀၂၂)။ ၈ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. စစ်ကြောရေးစခန်းများကိုင်တွယ်သူ ဒုပြည်ထဲရေးဝန်ကြီးဖြစ်လာMyanmar Now (၆ ဖေဖော်ဝါရီ ၂၀၂၃)။ ၈ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၂)စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းMOI Myanmar (၄ ဇန်နဝါရီ ၂၀၂၂)။ ၈ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နေရာတွင် ဗိုလ်ချုပ်တိုးရီအား ပြောင်းလဲခန့်အပ်Eleven Media Group (၄ ဖေဖော်ဝါရီ ၂၀၂၃)။ ၈ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။