ဂျေ အာ အာ တော်ကီးန်

ဝီကီပီးဒီးယား မှ
ဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန်
Tolkien in the 1940s
အမည်ရင်းဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန်
မွေးဖွား3.1.1892
ဘလူးဖောင်တိန်မြို့၊  တောင်အာဖရိက
ကွယ်လွန်၁၉၇၃
ဘောန်မာ့သ် (Bournemouth)၊ အင်္ဂလန်
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ၊ ဝေါဟာရဗေဒပညာရှင်၊ တက္ကသိုလ်ပါမောက္ခ
လူမျိုးအင်္ဂလိပ်
နိုင်ငံသားဗြိတိသျှ
မိခင်ကျောင်းExeter College, Oxford
စာပေအမျိုးအစားFantasy, high fantasy, translation, literary criticism
ထင်ရှားသည့်လက်ရာ
အိမ်ထောင်ဖက်အက်ဒစ်ဘရက်
သားသမီး
  • John Francis (1917–2003)
  • Michael Hilary (1920–1984)
  • Christopher John (1924–2020)
  • Priscilla Anne (b. 1929)
ကိုးကွယ်မှုရိုမန်ကက်သလစ်

ဂျွန်ရော်နယ် ရူးလ် တော်လ်ကီးန် (အင်္ဂလိပ်: John Ronald Reuel Tolkien) သည် အင်္ဂလိပ်လူမျိုး စာရေးဆရာ၊ ကဗျာဆရာ၊ ဘာသာဗေဒပညာရှင်၊ တက္ကသိုလ်ဆရာ ဖြစ်၍ ဂန္ထဝင်မြောက် ကျယ်ပြန့်စိတ်ကူးယဉ် (high fantasy) လက်ရာများဖြစ်သော ဟော့ဘစ်လက်စွပ်များ၏ အရှင်သခင်လင်းလက်တောက်ပသောရတနာသုံးသွယ် (The Silmarillion) တို့ကိုရေးသားသူလည်းဖြစ်သည်။

၎င်းသည် ရော်လင်ဆန်နှင့် ဘော့စ်ဝပ်သ် ပါမောက္ခ (အန်ဂလို-ဆက်ခ်ဆန်ဘာသာစကား)၊ ၁၉၂၅-၁၉၄၅ထိ အောက်စဖို့ဒ်တက္ကသိုလ်၊ ပမ်းဘရုတ်ကောလိပ် (Pembroke College, Oxford) ပညာရေးရာအဖွဲ့ဝင်ရာထူး၊ ၁၉၄၅-၁၉၅၉ထိ မာတန် အင်္ဂလိပ်ဘာသာစကားနှင့် စာပေ ပါမောက္ခ (Merton Professor of English Language and Literature) နှင့် အောက်စဖို့ဒ်တက္ကသိုလ်၊ မာတန်ကောလိပ်ပညာရေးရာအဖွဲ့ဝင်ရာထူးကို ထမ်းဆောင်ခဲ့သည်။[၁] စီ အက်စ် လူးဝစ် (C. S. Lewis) နှင့် မိတ်ဆွေရင်းချာဖြစ်၍ ထိုနှစ်ဦးစလုံးမှာ အလွတ်သဘောစာပေဆွေးနွေးသည့်အဖွဲ့ Inklings အဖွဲ့ဝင်များလည်းဖြစ်သည်။ ၁၉၇၂ မတ်လ ၈ တွင် ဗြိတိသျှဘုရင်မ အဲလိဇဘတ် ၏ သူကောင်းပြုခြင်းခံရသည်။

တော်ကီးန်ဆုံးပါပြီးနောက် သား ခရစ်တိုဖာက ဖခင်ဖြစ်သူ၏ The Silmarillion အပါအဝင် ထုတ်ဝေခြင်းမပြုရသေးသော လက်ရေးစာမူများ၊ အကျယ်တဝံ့ရေးထားသော မှတ်စုများကို အခြေခံ၍ စာအုပ်များစွာထုတ်ဝေခဲ့သည်။ ဟော့ဘစ်၊ လက်စွပ်များ၏ အရှင်သခင်များနှင့်အတူ ထိုစာအုပ်များသည် ဇာတ်လမ်းများ၊ ကဗျာများ၊ စိတ်ကူးယဉ်သမိုင်းကြောင်းများ၊ တီထွင်ထားသော ဘာသာစကားများ၊ စိတ်ကူးယဉ်ကမ္ဘာ အာဒါ (Arda)၊ ထိုအာဒါ အတွင်းရှိ အလယ်ပိုင်းကမ္ဘာမြေ (Middle-earth) စသည်တို့၏ ဆက်စပ်ကြောင်းရာ ကိုယ်ထည်များဖြစ်ကြသည်။[မှတ်စု ၁] ၁၉၅၁နှင့် ၁၉၅၅အကြား တော်ကီးန်က ထိုရေးသားခြင်းများ၏ ကြီးမားသောအပိုင်းအား legendarium ဆိုသော ဝေါဟာရဖြင့် သုံးစွဲခဲ့သည်။[၂]

တော်ကီးန်မတိုင်ခင် စာရေးဆရာအများအပြားမှာ စိတ်ကူးယဉ်လက်ရာများစွာအား ထုတ်ဝေပြီးဖြစ်ခဲ့သော်လည်း[၃] ဟော့ဘစ်လက်စွပ်များ၏ အရှင်သခင် ဝတ္ထုတို့၏ ကြီးမားသည့်အောင်မြင်မှုများကြောင့် စိတ်ကူးယဉ်စာပေအမျိုးအစားပြန်လည်နိုးထလာခဲ့သည်။ ဤအချက်သည် တော်ကီးန်အား ခေတ်ပေါ်စိတ်ကူးယဉ်စာပေ[၄][၅] (သို့) စကားလုံးတိတိကျကျဆိုရလျှင် ကျယ်ပြန့်စိတ်ကူးယဉ်စာပေ (high fantasy) ၏ ဖခင်ကြီး အဖြစ် လူသိထင်ရှားကွဲပြားစေခဲ့သည်။[၆] ၂၀၀၈၌ The Times မဂ္ဂဇင်းက ၁၉၄၅မှစ၍ အကြီးအကျယ်ဆုံး ဗြိတိသျှစာရေးဆရာ (၅၀)စာရင်း၌ အဆင့် ၆ အဖြစ်သတ်မှတ်ထည့်သွင်းခဲ့သည်။[၇] Forbes မဂ္ဂဇင်းက ၂၀၀၉တွင် ကွယ်လွန်ပြီးစာရေးဆရာများ၏ ထိပ်တန်းဝင်ငွေရစာရင်း၌ အဆင့် ၅ သတ်မှတ်ခဲ့ပေသည်။[၈]

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

အင်္ဂလန်၊ ဘာမင်ဟမ်ရှိဆွေမျိုးများထံသို့ပို့ပေးသော ခရစ်စမတ်ကဒ်။ ပုံတွင် တော်ကီးန်မိသားစု တောင်အာဖရိက ဘလူးဖောင်တိန်တွင်ရှိစဉ်။(၁၈၉၂)

ဂျေ အာ အာ တော်လ်ကီးန် ကိုတောင်အာဖရိကနိုင်ငံ ဘလူးဖောင်တိန်မြို့၌ ၁၈၉၂ ဇန်နဝါရီ ၃ရက် တွင်မွေးဖွားခဲ့သည်။ မိဘနှစ်ပါးမှာ အင်္ဂလိပ်ဘဏ်မန်နေဂျာ အားသာ ရူးလ် တော်ကီးန်(Arthur Reuel Tolkien)နှင့် မေဘယ်လ် (မွေးဖွားစဉ်အမည် - Suffield) တို့ဖြစ်ကြသည်။ အားသာကို ဖလူးဖောင်တိန်မှ ဗြိတိသျှဘဏ်ကို ဦးစီးရန် ရာထူးတိုးမြှင့်လိုက်သောအခါ ဇနီးမောင်နှံသည် အင်္ဂလန်မှထွက်ခွာခဲ့သည်။[၉] တော်ကီးန် အသက်သုံးနှစ်တွင် မိခင် မေဘယ်လ်နှင့်အတူ အင်္ဂလန်သို့ပြန်ရောက်ခဲ့သည်။ နောက်တစ်နှစ်၌ ဖခင်ဖြစ်သူ အဆစ်မြစ်ရောဂါတစ်မျိုးဖြစ်သည့် (rheumatic fever) ဖြင့်ဆုံးပါးသည်။[၁၀] ထို့ကြောင့် မိသားစုမှာ ဝင်ငွေမရှိဖြစ်လာသည်။ မိခင်က သားဖြစ်သူကိုခေါ်၍ မိဘများရှိရာ ဘာမင်ဟမ်၊ ကင်းစ် ဟိ(သ်) (Kings Heath) တွင်သွားရောက်နေထိုင်သည်။[၁၁] မကြာမီ ၁၈၉၆၌ ဆဲရ်ဟိုးလ် (Sarehole) (ယခု- ဟောလ် ဂရီးန်(Hall Green)) သို့ပြောင်း၊ ယင်းနောက် ဝုစတာရှီးယား (Worcestershire) ရွာ၊ ထို့နောက်မှ ဘာမင်ဟမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။[၁၂] ထိုသို့နေထိုင်စဉ် ပတ်ဝန်းကျင်နေရာဒေသများကို စူးစမ်းရသည်အား နှစ်သက်၍ နောက်ပိုင်း၎င်းစာအုပ်များတွင်ပါဝင်သော အခန်းများကို စေ့ဆော်နိုင်ခဲ့သည်။ ဥပမာ - ၎င်းအဒေါ်၏ ယာခင်းအမည် ဘက်ဂ်အန့်ဒ် (Bag End) ကို ၎င်းစိတ်ကူးယဉ်ဇာတ်လမ်းထဲမှအမည်တစ်ခုအဖြစ်သုံးစွဲခဲ့သည်။[၁၃]

ဘာမင်ဟမ်ဝတ်ပြုကျောင်းတော်၊ တော်ကီးန်သည် ထိုကျောင်း၌ ဘုရားကျောင်းတက်၊ ကပ္ပိယလုပ်ခဲ့၏။(1902–1911)

မိခင် မေဘယ်လ်တော်ကီးန်းက သားနှစ်ယောက်ကို အိမ်၌စာသင်ကြားပေးခဲ့ကာ တော်ကီးန်သည် စိတ်အားထက်သန်သောသူဖြစ်လေသည်။[၁၄] မိခင်သည် သားဖြစ်သူအား ရုက္ခဗေဒအများအပြားသင်ကြားပေးရင်း သစ်ပင်ပန်းမန်များကို ကြည့်တတ်၊ခံစားတတ်စေရန်လည်း နှိုးဆော်ပေးနိုင်ခဲ့သည်။ ကလေးတစ်ယောက်အဖြစ် ရှုခင်းပုံ၊ သစ်ပင်ပုံများဆွဲရသည်ကိုနှစ်သက်သော်လည်း ၎င်း၏အကြိုက်ဆုံးမှာ ဘာသာစကားသင်ခန်းစာများဖြစ်၍ မိခင်က လက်တင်ဘာသာအခြေခံများကို ခပ်စောစောကပင်သင်ကြားပေးခဲ့သည်။[၁၅] အသက်လေးနှစ်မှစ၍ စာဖတ်တတ်ပြီး များမကြာမီ ကြွယ်ကြွယ်ဝဝစာရေးတတ်လာခဲ့၏။ စာအုပ်များစွာဖတ်ရန် မိခင်ကခွင့်ပြုသည်။ ရတနာကျွန်း (Treasure Island) နှင့် ကြွက်ဖမ်းသမားပလွေမှုတ်သူ (The Pied Piper) များကိုမကြိုက်တတ်၊ စာရေးဆရာလူးဝစ် ခဲရာ(Lewis Carroll) ၏ အဲလစ်နှင့် ထူးဆန်းဖွယ်တိုင်းပြည် (Alice's Adventures in Wonderland)ကား မြူးထူးဖွယ်ဖြစ်သည် သို့သော် စိတ်အနှောင့်အယှက်ပေးတတ်၏ ဟုဆိုသည်။ ဂျော့မက်ဒေါ်နယ်လ်(George MacDonald])၏ စိတ်ကူးယဉ်စာအုပ်များနှင့် ရက်ဒ်အင်ဒီးယန်းများ(Red Indians) ကဲ့သို့သော ဇာတ်လမ်းများကိုနှစ်သက်၏။[၁၆] ထို့ပြင် အန်ဒရူးလန်၏ မိရိုးဖလာပုံပြင်များစာအုပ်သည် ၎င်းအဖို့အရေးကြီး၍ တော်ကီးန်၏ နောက်ပိုင်းအရေးအသားများပေါ်တွင် သိသိသာသာလွှမ်းမိုးခဲ့သည်။[၁၇]

တော်ကီးန် တက်ခဲ့သော ဘာမင်ဟမ်ရှိ ကင်းအက်ဒ်ဝပ်ကျောင်း (1900–1902, 1903–1911)[၁၈]

ဘပ်တစ်ခရစ်ယာန်မိသားစုမှ ပြင်းပြင်းထန်ထန် ကန့်ကွက်သော်လည်း ၁၉၀၀ပြည့်၌ မိခင် မေဘယ်လ်က ရိုမန်ကက်သလစ်သို့ပြောင်းလဲကိုးကွယ်သည်။[၁၉]သို့အတွက်ကြောင့် မိသားစုတွင်းငွေကြေးထောက်ပံ့မှုမရတော့ပေ။ ၁၉၀၄ ခုနှစ် အသက် ၁၂ အရွယ်တွင် မိခင်ကွယ်လွန်ပြန်သည်။ မိခင်က သူမ မသေဆုံးခင် ရင်းနှီးသောမိတ်ဆွေဖြစ်သည့် ဘာမင်ဟမ်ဝတ်ပြုကျောင်းတော်က ကတ်သလစ်ဘုန်းတော်ကြီး ဖာသာ ဖရန်စစ် မောဂန်(Fr. Francis Xavier Morgan) ကို သူမသားများအား ကြည့်ရှုအုပ်ထိန်းပေးရန်အပ်နှံထားခဲ့၏။ ထိုဘုန်းတော်ကြီးကပင် ၎င်းတို့အား ကသလစ်ဘာသာဝင်ကောင်းများဖြစ်စေရန် သွန်သင်နိုင်ခဲ့သည်။ မိခင်သေဆုံးပြီးနောက် ဘာမင်ဟမ်ဒေသ၊ အက်ဂျ်ဘစတန် (Edgbaston) တွင်ကြီးပြင်းခဲ့ပြီး King Edward's School၊ St. Philip's School စသည်တို့၌ပညာသင်ကြားခဲ့သည်။ အက်ဂျ်ဘစတန်၌နေစဉ် ပက်ရော့တ် မျှော်စင်၊ အက်ဂျ်ဘစတန်မြို့တွင်းရေပေးရေးအဆောက်အဦး၏ ဝိတိုရိယခေတ်က မျှော်စင်များအရိပ်၌ နေထိုင်ရပြီး ထိုမျှော်စဉ်များသည် ၎င်း၏စာပေလက်ရာများထဲက အနက်ရောင်ရဲတိုက်ကြီးများ၏ပုံရိပ်များအပေါ် လွှမ်းမိုးကောင်းလွှမ်းမိုးနိုင်ခဲ့သည်။[၂၀][၂၁] နောက်ထပ် အတော်ဩဇာသက်ရောက်စေမှုများမှာ Edward Burne-Jonesနှင့် Pre-Raphaelite Brotherhoodအဖွဲ့တို့၏ ချစ်ရေးချစ်ရာ romantic အလယ်ခေတ်ပန်းချီကားများဖြစ်သည်။ (ဘာမင်ဟမ်ပြတိုက်နှင့် ပန်းချီပြခန်းတွင် ပြည်သူများကြည့်ရှု့ရန် ထိုလက်ရာအများအပြားရှိခဲ့သည်။)[၂၂]

ငယ်စဉ်ဆယ်ကျော်သက်အရွယ်၌ပင် တော်ကီးန်သည် ၎င်းအကိုဝမ်းကွဲများ (အတု)တည်ဆောက်ထားသောဘာသာစကားတစ်ခုဖြစ်သော Animalicကို တွေ့ကြုံဖူးခဲ့သည်။ ယင်းအချိန်များက တော်ကီးန်သည် လက်တင်၊ အန်ဂလိုဆက်ခ်ဆွန် ဘာသာများလေ့လာနေသောကာလလည်းဖြစ်၏ ထိုစဉ်အချိန်လောက်က ၎င်းကိုယ်တိုင်ထွင်သည်ဟု ယူဆနိုင်သည့် တီထွင်ဘာသာတု(constructive language)မှာ Naffarin ဖြစ်သည်။[၂၃][၂၄] ကမ္ဘာပေါ်တွင်လူပြောအများဆုံး တီထွင်ဘာသာတုမှာ အက်စ်ပရန်းတိုး (Esperanto) ဖြစ်၍ ၁၉၀၉မတိုင်မီလောက်က ထိုဘာသာကို တော်ကီးန်ကလေ့လာကြည့်ခဲ့သည်။ ၁၉၀၉ ဇွန်တွင် "The Book of the Foxrook" မှတ်စုစာအုပ်ကိုရေးဖွဲ့ခဲ့ပြီး ၎င်းတီထွင်ထားသောအက္ခရာများ၏ အစောဆုံးနမူနာအဖြစ်တွေ့မြင်နိုင်သည်။[၂၅] ထိုမှတ်စုစာအုပ်မှ စာပိုဒ်တိုများကို အက်စ်ပရန်းတိုး ဖြင့်ရေးသားထားသည်။[၂၆] ၁၉၁၁တွင် ကင်းအက်ဒ်ဝဒ်ကျောင်း၌နေစဉ် တော်ကီးန်နှင့် သူငယ်ချင်းသုံးယောက်တို့က T.C.B.S. ဟုခေါ်သော တစ်ပိုင်းလျှို့ဝှက်အဖွဲ့တစ်ခုကို ဖွဲ့စည်းကြ၍ နာမည်အရှည်မှာ Tea Club and Barrovian Society ဖြစ်ကြ၍ ကျောင်းအနီး ဘဲရိုးစတိုးဆိုင်များ(Barrow's Stores) နှင့် ကျောင်းစာကြည့်တိုက်တွင် ခိုး၍ လက်ဖက်ရည်သောက်ခြင်းနှစ်သက်သူများဟု ရည်ညွှန်းကြသည်။[၂၇][၂၈]

၁၉၁၁၊ ဆွစ်ဇာလန်သို့ နွေအားလပ်ရက်ထွက်ခဲ့ကာ ထူးထူးဆန်းဆန်းမှတ်မိနေသော ခရီးစဉ်လည်းဖြစ်သဖြင့် ၁၉၆၈ ပေးစာ တွင် [၂၉] ဘီလ်ဘိုဘက်ဂင်၏ နှင်းမြူခိုးရိုးမတောင်တန်းကြီး(Misty Mountains)ကိုဖြတ်သန်းသည့် ခရီးစဉ်အပိုင်းသည် ၎င်း၏ အဖွဲ့ဝင် ၁၂ယောက်ဖြင့် ရေအိုင်ကြားကမြို့ (Interlaken) မှ ခရီးကြမ်းထွက်လာကာ လောက်တားဘလူးနန်ရွာ (Lauterbrunnen)၊ ထိုမှ မူးရန် (Mürren) တောင်စခန်းမြို့အလွန်က ရေခဲမြစ်ကျိုးကမ်းပါး ကမူ (moraine) တွင်စခန်းချခဲ့သည့် စွန့်စားခြင်းကိုတိုက်ရိုက်အခြေခံထားသည်။ ထိုနှစ်အောက်တိုဘာ၌ အောက်စဖို့ဒ်၊ အက်ခ်ဇစ်တာကောလိပ်(Exeter College, Oxford)၌ စတင်ပညာသင်ကြားခဲ့သည်။ အစောပိုင်း "ဂန္ထဝင်စာပေ"ကို စတင်လေ့လာခဲ့ပြီး ၁၉၁၃တွင် အင်္ဂလိပ်ဘာသာစကားနှင့် စာပေကို ပြောင်းလဲသင်ယူခဲ့သည်။ ၁၉၅၁တွင် ပထမတန်းဂုဏ်ထူး(first-class honours)ဖြင့် ဘွဲ့ရရှိခဲ့သည်။[၃၀]

ချစ်ကြိုးသွယ်ခြင်းနှင့် အိမ်ထောင်ပြုခြင်း[ပြင်ဆင်ရန်]

အသက်၁၆နှစ်တွင် သူ့ထက် ၃နှစ်မျှစီနီယာကျသော အက်ဒစ်မေရီဘရက်(Edith Mary Bratt)နှင့်တွေဆုံ ချစ်ကြိုက်ခဲ့သည်။ အုပ်ထိန်းသူ ဖာသာ ဖရန့်စစ်က အက်ဒစ်ကို တော်ကီးန်အားစာမေးပွဲများမဖြေဘဲလက်လွှတ်သွားစေမည့် အကြောင်းပြချက်အဖြစ်မြင်ကာ ၎င်းမွေးစားသားသည် အသက်အရွယ်ကြီးသောပရိုတက်စတင့်အမျိုးသမီးနှင့် ချစ်ကြိုးသွယ်ခြင်းသည် လုံးဝလာဘ်တိတ်သည် ကံမကောင်းနိုင်[၃၁]ဟုယူဆသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးတွေ့ဆုံခြင်း၊စကားပြောခြင်းစသည်တို့ကို တော်ကီးန်အသက် ၂၁အထိမလုပ်ရဟု ပိတ်ပင်သည်။ မွေးစားဖခင်က သူထိုသို့ဆက်လုပ်နေလျှင် တက္ကသိုလ်ပညာရေးလမ်းကြောင်းထောက်ပံ့မှုဖြတ်တောက်မည်ဆိုခြင်းအပေါ် ခြွင်းချက်တစ်ခုနှင့်အတူ ထိုတားမြစ်ချက်ကိုလိုက်နာခဲ့သည်ဟု ၎င်းပေးစာတွင်ဖော်ပြထားသည်။[၃၂] [၃၃]

၁၉၄၁ သားဖြစ်သူ မိုက်ကယ်ကိုပေးသောစာ၌ တော်ကီးန်က ယခုလို ပြန်ပြောင်းအောက်မေ့၍ ရေးသားခဲ့သည်။

"ချစ်ရေးကိစ္စကို အသက်(၂၁)နှစ် မပြည့်မချင်း ဘေးဖယ်ထားမလား ဒါမှမဟုတ် ဖခင်ဆိုသည်များထက်ပိုပြီး ငါ့အပေါ်မှာ အဖေတစ်ယောက်လိုဖြစ်နေတဲ့ ငါ့အုပ်ထိန်းစောင့်ရှောက်သူကို စိတ်ဆင်းရဲစေမလား (သို့) လှည့်ဖျားမလားဆိုတဲ့ ကိစ္စနှစ်ခုထဲက တစ်ခုရွေးခဲ့ရတယ်။ ငါ့ချစ်သူအပေါ်တော့ မတရားရာကျပေမယ့် ငါ့ဆုံးဖြတ်ချက်ကို နောင်တမရပါဘူး။ ဒါပေမယ့်လည်း ငါ့အပြစ်မှမဟုတ်ဘဲ။ သူလည်း အဲ့ဒီတုန်းက လုံးဝလွတ်လပ်နေပြီး ငါနဲ့ပတ်သက်လို့ ကတိသစ္စာတွေဘာတွေထားတာမျိုးလည်းမရှိသေးဘူး။ သူတစ်ခြားလူတစ်ယောက်ကို လက်ထပ်ခဲ့မယ်ဆိုရင်လည်း ငါ့အနေနဲ့ ဘာစောဒကတက် ညည်းညူနေမိမယ်မဟုတ်ဘူး။ အဲဒီသုံးနှစ်နီးပါးလောက်ကို ငါ့ချစ်သူဆီကို သွားလည်းမတွေ့ စာလည်းတစ်စောင်မှမရေးခဲ့ဘူး။ အစပိုင်းမှာဆိုရင် အတော့်ကိုဆိုးဝါးခက်ခဲတာ။ ဖြစ်လာတဲ့အကျိုးဆက်ကလည်း မကောင်းဘူးကွာ : လူလည်းရူးကြောင်မူးကြောင်ပြန်ဖြစ်၊ ပျင်းကလည်းပျင်း၊ ပထမနှစ်တစ်တွင်းလုံးကို အချိန်တွေဖြုန်းမိခဲ့တာ" [၃၁]

၎င်းအသက် (၂၁)ပြည့်မွေးနေ့တွင် အက်ဒစ်ထံစာရေး၍ အိမ်ထောင်ပြုရန်တောင်းဆိုသည်။ အက်ဒစ်က သူငယ်ချင်းတစ်ယောက် အကို၏ ချစ်ခွင့်ပန်ထားသည်ကိုလက်ခံထားပြီး လက်ထပ်မည်ဟုကတိပေးသဘောတူထားကြောင်း စာပြန်ခဲ့သည်။ အကြောင်းမှာ သူမကို လိုချင်ခဏသာ တွဲသည်ဟု ခံစားမိ၍ တော်ကီးန်က သူမအပေါ် ဂရုစိုက်သေးကြောင်းကို စတင်သံသယဝင်ခဲ့၍ဖြစ်သည်။ တော်ကီးန်ရေးပို့သောစာကြောင့် အရာရာပြောင်းလဲခဲ့လေသည်။ ၁၉၁၃ ဇန်နဝါရီ ၈၌ တော်ကီးန်ကိုယ်တိုင် ချက်လ်တန်ဟမ်း(Cheltenham)သို့ ရထားဖြင့်သွား၍ အက်ဒစ်အား တွေ့ဆုံခဲ့ပြီးနောက် တော်ကီးန်၏ တောင်းဆိုမှုကိုလက်ခံခဲ့သည်။[၃၄] စေ့စပ်အပြီး တော်ကီးန်၏ ဇွတ်တရွတ်တောင်းဆိုမှုကြောင့် ရိုမန်ကက်သလစ်သို့ စိတ်မပါ့တပါဖြင့်ပြောင်းခဲ့ရသည်။ ၁၉၁၃ ဇန်နဝါရီ ၌ စေ့စပ်၍ ၁၉၁၆ မတ်လ ၂၂တွင် ဝေါဝစ်မြို့၊ စိန့်မယ်ရီ ရိုမန်ကက်သလစ်ဘုရားကျောင်း၌(St. Mary Immaculate Roman Catholic Church) လက်ထပ်ခဲ့သည်။[၃၅] ၁၉၄၁ သားဖြစ်သူ မိုက်ကယ်ကိုပေးသောစာ၌ တော်ကီးန်က ၎င်းဇနီးသယ်သည် အလုပ်မရှိ၊ ငွေကြေးဆို၍ ဖြူကာပြာကာသာရှိသော၊ စစ်ကြီးတွင် သေချင်သေသွားနိုင်သည်မှတပါး ဘာအလားအလာမှမရှိသော သူ့အားလက်ထပ်လိုစိတ်ရှိပုံကို လေးစားကြောင်း ဖော်ပြခဲ့သည်။[၃၁]

ပထမကမ္ဘာစစ်[ပြင်ဆင်ရန်]

၁၉၁၄ ဩဂုတ်တွင် ဗြိတိန်နိုင်ငံ ပထမကမ္ဘာစစ်ထဲသို့ဝင်ရောက်သည်နှင့် တော်ကီးန်သည် ဗြိတိသျှစစ်တပ်အတွက် ချက်ချင်းလက်ငင်း စစ်ထဲမဝင်ရန်ရွေးချယ်လိုက်သောအခါ ဆွေမျိုးတစ်သိုက်က တုန်လှုပ်သွားကြသည်။ ၁၉၄၁-သားထံပေးစာတွင် " အဲဒီနေ့တွေတုန်းက ချာတိတ်တွေစစ်ထဲဝင်ကြတယ် အဲလိုမှမဝင်ပြန်ရင်လည်း လူရှေ့သူရှေ့နှာခေါင်းအရှုံ့ခံရတယ်လေ။ အတွေးတွေတပုံတပင်နဲ့ ကာယသတ္တိကျမရှိသလောက် လူငယ်တစ်ယောက် စစ်ထဲဝင်ဖို့ကျ အတော်ကိုဆိုးရွားတဲ့ကိစ္စကြီးပဲ။"[၃၁] ထိုအစား အများ၏ရှုံချခြင်းကိုသည်းခံကာ[၃၁] ဘွဲ့မရမခြင်း တပ်ထဲမဝင်ရန် ရွှေ့ဆိုင်းခဲ့သည်။ ဘွဲ့ရပြီး ၁၉၁၅ ဇူလိုင်တွင် လန်ကရှီးယား ဖြူးဇစ်လီယာ၌ ယာယီဒုဗိုလ်အဖြစ်တာဝန်ပေးခြင်းခံရသည်။[၃၆][၃၇] ၁၉၁၆ ဇွန်လ ၂တွင် တော်ကီးန်ကို ပြင်သစ်သို့ရာထူးပြောင်းရွှေ့ခန့်ထားရန် ဖော့က်စတန်မြို့(Folkestone)သို့ ဆင့်ခေါ်သည့် သံကြိုးရခဲ့သည်။ သူက နောက်ပိုင်း၌ ဤသို့ရေးခဲ့သည်။ "အငယ်တန်းအရာရှိတွေ ကျသွားတာ တစ်မိနစ်ကို တစ်ဒါဇင်ပဲ။ မိန်းမနဲ့ခွဲပြီး...နောက်...... သေရသလိုပါပဲ။"[၃၈]

ပြင်သစ်နိုင်ငံ ခဲလေးမြို့ (Calais) (ပြင်သစ်အသံ ခယ်လဲ) သို့ညတွင်းခြင်းပင်လယ်ခရီးစဉ် ပို့ဆောင်သင်္ဘောဖြင့် ၁၉၁၆ ဇွန် ၅၌ သွားခဲ့၍ ဗြိတိသျှစစ်ဆင်ရေးတပ်၏ အက်တာပဲလ်(Étaples)ဆိပ်ကမ်း အခြေစိုက်လေ့ကျင့်ရေးစခန်းသို့ ပို့ဆောင်ခံရသည်။ ဇွန် ၂၇၌ အဲမီယဲ့မြို့ (Amiens) အနီး ရီးဘုန်းပေး(Rubempré)ရှိ တပ်ရင်းသို့ ပြောင်းခဲ့သည်။[၃၉] တော်ကီးန်သည် တစ်ခါကညည်းညူဖူးသည်။ "တစ်ခြားလူတွေကို ဆရာလုပ်ဩဇာပေးနေရတာ ဘယ်သူတစ်ယောက်အတွက်မှ သင့်တော်တဲ့အလုပ်မဟုတ်ဘူး။ လူတစ်သန်းမှာ အဲဒါအတွက် တစ်ယောက်တောင်အံ့မဝင်ဘူး။ အနည်းဆုံး အဲဒီအခွင့်ရေးရှာနေတဲ့သူတွေလည်း အံ့မဝင်ပါဘူး။ "[၄၀]

​၁၉၁၆ ဇူလိုင်အစောပိုင်း၌ စော(မ်)မြစ်သို့ရောက်ရှိသည်။ ထို၌ တိုက်ပွဲတချို့တွင်ပါဝင်တိုက်ခိုက်ခဲ့၏။ ဇနီးသယ် အက်ဒစ်အဖို့ ဆိုးဝါးသည့်စိတ်ဖိဆီးမှုရှိခဲ့ရပြီး ခင်ပွန်းဖြစ်သူ ကျဆုံးကြောင်း အကြောင်းလာကြားနိုင်သည့် တံခါးခေါက်သံတိုင်းကို လန့်နေမိခဲ့သည်။

၁၉၁၆ အောက်တိုဘာ ၂၇၊ ၎င်းတပ်ရင်းသည် ဂျာမန်ကတုတ်ကျင်း Regina Trenchကို တိုက်ခိုက်သောအခါ ကူးစက်ရောဂါဖြစ်သည့် trench fever ရခဲ့၏။ အင်္ဂလန်သို့ ကျန်းမာရေးကြောင့် နိုဝင်ဘာ ၈တွင်ပြန်ခဲ့လေသည်။[၄၁] ကျောင်းနေဘက် သူငယ်ချင်းအများအပြား စစ်ကြီးတွင် ကျဆုံးခဲ့သည်။ ၎င်းတပ်ရင်းမှာလည်း တော်ကီးန်အင်္ဂလန်သို့ ပြန်ရောက်ပြီးနောက် ချေမှုန်းခြင်းခံခဲ့ရသည်။

Beaumont Hamelအနီး ဆက်သွယ်ရေးကတုတ်ကျဉ်း၊ ဖြူးဇစ်လီယာ၊ လန်ကရှီးယား ပထမတပ်ရင်းမှ စစ်သားများ၊ ၁၉၁၆။ Ernest Brooksရိုက်ကူးထားသော ဓာတ်ပုံ။

နောက်ပိုင်းနှစ်များတွင် ၎င်းက စိတ်ဆိုးမာန်ဆိုးဖြင့် ဒုတိယကမ္ဘာစစ်နှင့်နှိုင်းယှဉ်ရန် ၎င်း၏စာပေအရေးအသား၌ ရှာဖွေသောသူများသည် လုံးဝအမှားကြီးကျူးလွန်ကြသည်ဟု ပြောဆိုခဲ့၏။

လူတစ်ယောက်ဟာ စစ်ရဲ့ဖိစီးမှုကို အပြည့်အဝခံစားဖို့ ကိုယ်တိုင်ကိုယ်ကျ စစ်ရဲ့အရိပ်အောက်ရောက်ရှိရပါတယ်။ ဒါပေမယ့်လည်း နှစ်တွေကြာညောင်းလာတာနဲ့အမျှ ငယ်စဉ် ၁၉၁၄လောက်ကပါဝင်ခဲ့ရတာ ၁၉၃၉နဲ့ အဲဒီနှစ်နောင်းပိုင်းကာလတွေမှာ ပါဝင်ပတ်သတ်တာထက်တော့ ကြောက်စရာကောင်းခြင်းမလျော့ခဲ့ပါဘူးဆိုတာတော့ အခုများမှာ မေ့ချင်သယောင်ယောင်ဖြစ်နေပြီ။ ၁၉၁၈မှာ သူငယ်ချင်းတစ်ဦးကလွဲလို့ အကုန်သေခဲ့ကြရတာပါ။[၄၂]

အားနဲပြီး ပိန်လှီနေသောတော်ကီးန်သည် ဆေးရုံတက်လိုက်ရ အစောင့်တပ်တာဝန်ထမ်းရ စသဖြင့် တလှည့်စီဖြစ်နေခဲ့သည်။ ကျန်းမာရေးကြောင့် ပုံမှန်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်ခဲ့ပါ။[၄၃][၄၄][၄၅] အင်္ဂလန် စတက်ဖရှီးယား၊ လစ်တဲလ် ဟေးဝု(ဒ်)ရှိ တဲအိမ်လေး၌ ကျန်းမာရေးပြန်လည်ကောင်းမွန်လာစဉ်အတွင်း ဂွန်ဒိုလင် ကျဆုံးခြင်း(The Fall of Gondolin) မှစတင်ကာ ပျောက်ဆုံးသွားသော ဇာတ်လမ်းများစာအုပ်(The Book of Lost Tales]) ဟုခေါ်သည့် ရေးသားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။ "ပျောက်ဆုံးသွားသော ဇာတ်လမ်းများ" သည် အင်္ဂလန်အတွက် ဒဏ္ဍာရီတစ်ခုဖန်တီးခြင်းကို ကိုယ်စားပြုနိုင်၍ ပြီးမြောက်ခြင်းမရှိခဲ့ဘဲ ၎င်းစွန့်ပစ်ခဲ့မည့် လုပ်ငန်းဖြစ်တစ်ခုလည်းဖြစ်ပေသည်။[၄၆] ၁၉၁၇ နှင့် ၁၉၁၈တွင် ကျန်းမာရေးချူချာခဲ့သည် ထို့နောက်ပြန်လည်ကောင်းမွန်ပြီး အမိမြေ စခန်းများ၌တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်၌ပင် ပထမဆုံးသားကို မွေးဖွားခဲ့လေသည်။

၁၉၁၈ ဇန်နဝါရီ၌ ယာယီဗိုလ်ဖြစ်လာသည်။[၄၇] ၁၉၁၉ ဇူလိုင် ၁၆တွင် တော်ကီးန်ကို ယာယီမသန်စွမ်းပင်စင်ဖြင့် တပ်မှထွက်ခွင့်ပြုခဲ့သည်။ [၄၈]

ပညာရေးရာနှင့် စာရေးသားခြင်း[ပြင်ဆင်ရန်]

လိဒ်စ်မြို့ ဒါးန်လေလမ်း အနောက်ပန်းခြံအရပ်ရှိ တော်ကီး၏ ယခင်နေအိမ်။
အောက်စဖို့ဒ်မြောက်ပိုင်း တော်ကီးန်၏ ယခင်နေအိမ်။

၁၉၀၂ နိုဝင်ဘာ ၃တွင် တော်ကီးန်ကို စစ်မှုထမ်းခြင်းမှထွက်ခွာခွင့်ပြုပြီး ၎င်း၏ရာထူး 'ဗိုလ်'(lieutenant) ဖြင့် တပ်မှထွက်ခွာသည်။[၄၉] ၎င်း၏ ပထမကမ္ဘာစစ်အပြီး အရပ်ဘက်လုပ်ငန်းအဖြစ် အောက်စဖို့ဒ် အင်္ဂလိပ်အဘိဓာန် (Oxford English Dictionary) ပြုစုရေးတာဝန်ဖြစ်သည်။ ထိုအဘိဓာန်၌ အင်္ဂလိပ်အက္ခရာ "W" ဖြင့်စသော ဂျာမန်ဇစ်မြစ်ရှိသော စကားလုံးများ၏ ရင်းမြစ် (etymology) နှင့် သမိုင်းကြောင်းကို အဓိကထားလုပ်ကိုင်ခဲ့သည်။[၅၀] ၁၉၂၀၌ လိဒ်စ် တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာစကား ပညာရှင်အဖြစ်ရာထူးရရှိခဲ့သဖြင့် ယင်းတက္ကသိုလ်၌ အငယ်ဆုံး ပါမောက္ခဖြစ်လာသည်။[၅၁] လိဒ်စ်၌ရှိစဉ် အလယ်ခေတ်အင်္ဂလိပ်ဝေါဟာရ စာအုပ်ကို ပြုစု၍ ဆာ ဂဝေးန် နှင့် အစိမ်းရောင်သူရဲကောင်း ၏ အကောင်းဆုံးမူကို E. V. Gordon နှင့်အတူ ပြုစုခဲ့သည်။ နှစ်အုပ်စလုံးသည် ဆယ်စုနှစ်အနည်းငယ်ကြာကြာ တက္ကသိုလ်အဆင့်စာအုပ်များဖြစ်လာခဲ့သည်။ ဆာ ဂဝေးန်ပုလဲ(ကဗျာ)ဆာ အော့ဖီယို(Sir Orfeo) တို့ကို ဘာသာပြန်ဆိုခဲ့သည်။ ၁၉၂၅တွင့် အောက်စဖို့ဒ်သို့ပြန်ရောက်၍ ပမ်းဘရုတ်ကောလိပ်(Pembroke College, Oxford)ပညာရေးရာအဖွဲ့ဝင်ရာထူးနှင့်အတူ ရော်လင်ဆန်နှင့် ဘော့စ်ဝပ်သ် ပါမောက္ခ(အန်ဂလို-ဆက်ခ်ဆန်ဘာသာစကား)အဖြစ်ထမ်းဆောင်သည်။ ပမ်းဘရုတ်ကောလိပ်၌ တာဝန်ထမ်းဆောင်စဉ် တော်ကီးန်သည် ဟော့ဘစ် နှင့် လက်စွပ်များ၏ အရှင်သခင် ရှေ့နှစ်တွဲကို ရေးသားခဲ့၏။ ၁၉၂၈ ဂလောက်စတာရှီးယားအရပ်(Gloucestershire) လစ်ဒ်နီဥယျာဉ်ရှိ အက်စကက်လ်ပီယန် ဂရိဘုရားကျောင်းကို ဆာ မော့တီမာ ဝီးလာ (Sir Mortimer Wheeler) ၏ တူးဖော်ရှာဖွေပြီး၌ Nodens အမည်ဖြင့် ဝေါဟာရဗေဒဆိုင်ရာ စာတမ်းတစ်ခုကိုရေးသားထုတ်ဝေခဲ့သည်။[၅၂]

ဘိုးဝု(ဖ်)[ပြင်ဆင်ရန်]

၁၉၂၀တွင် တော်ကီးန်သည် ဂန္ထဝင်စာပေတစ်ခုဖြစ်သော ဘိုးဝု(ဖ်) (ကဗျာရှည်)ကို ဘာသာပြန်ဆိုခဲ့ကာ ၁၉၂၆တွင်ပြီးမြောက်ခဲ့၏။ ထုတ်ဝေခြင်းမရှိခဲ့ပါ။ နောက်ဆုံး၌ ထိုဘာသာပြန်ခြင်းပြီးနောက် နှစ်ပေါင်း (၉၀)နီးပါး၊ တော်ကီးန်ကွယ်လွန်အပြီး နှစ်လေးဆယ်ကျော် ၂၀၁၄တွင် သားဖြစ်သူက တည်းဖြတ်၍ ထုတ်ဝေခဲ့သည်။ [၅၃] ဘာသာပြန်ပြီးနောက် ဆယ်နှစ်အကြာတွင် ဘိုးဝု(ဖ်) : မိစ္ဆာများနှင့် ဝေဖန်ရေးသမားများ စာပေပို့ချချက်တစ်ခုပြုလုပ်၍ ချီးကျူးမှုအများအပြားရခဲ့လေသည်။ ထိုပို့ချချက်သည် ဘိုးဝု(ဖ်)သုတေသနတွင် ကြာရှည်စွာဩဇာညောင်းခဲ့သည်။[၅၄] ထိုစဉ်က ပညာရှင်နယ်ပယ်၏ သဘောဆန္ဒသည် ဘိုးဝု(ဖ်)ဇာတ်လမ်းကား အစစ်အမှန် မျိုးနွယ်စုတိုက်ပွဲများထက် သရဲသဘက်မိစ္ဆာတိုက်ပွဲများကိုသာ ဖော်ကျူးခြင်းကြောင့် ပြစ်တင်ရှုံချကြသည်။ တော်ကီးန်က ဘိုးဝု(ဖ်)ရေးသော စာရေးဆရာသည် လူသားတို့ဘဝကံကြမ္မာကို ယေဘုယျညွှန်းဆိုတင်ပြခြင်းဖြစ်သည်၊ သီးသန့်အနေဖြင့် ဤမျိုးနွယ် ထိုမျိုးနွယ်တို့၏ နိုင်ငံရေးရာများဖြင့်သန့်သတ်ထားသည်မဟုတ်၊ ထို့ကြောင့် ထိုထဲတွင် မိစ္ဆာများပါဝင်ရမည်ဟု တုံ့ပြန်ပြောခဲ့သည်။[၅၅] ဘိုးဝု(ဖ်)၏ ဖင်းစ်ဘာ့ဂ် (Finnsburg) တိုက်ပွဲ၌ သီးသန့်မျိုးနွယ်စုများ၏ တိုက်ပွဲ(အငြင်းပွားမှု) ပါဝင်လေရာ ထိုအခန်းကို မှော်ဇာတ်လမ်းဖတ်ခြင်းမျိုးဖြင့်ဖတ်ရှုကြသည်ကို ပြင်းထန်စွာ ငြင်းခုံပြောဆိုခဲ့၏။[၅၆] အက်ဆေးစာတမ်းတစ်ခုတွင် ၎င်းက ဘိုးဝု(ဖ်)ကို မည်မျှတန်ဖိုးထားကြောင်းဆိုသည်နှင့်ပတ်သက်၍ " ဘိုးဝု(ဖ်)သည် ကျွန်တော်တန်ဘိုးအထားဆုံးရင်းမြစ်များထဲကတစ်ခုဖြစ်၍ ထိုလွှမ်းမိုးမှုကို ၎င်း၏ အလယ်ပိုင်ကမ္ဘာမြေဂန္ထဝင်ဇာတ်လမ်းများ(Middle-earth legendarium) ၌ မြင်တွေ့နိုင်ပါ၏။[၅၇]

W. H. Auden က သူ့၏ပါမောက္ခဟောင်း တော်ကီးန်ဆီသို့စာရေးသားဖူး၏။ စာမှာ

"ဘွဲ့ကြိုကျောင်းသားတစ်ဦးအနေနဲ့ လုံးဝ မမေ့နိုင်တဲ့အဖြစ်အပျက်လေးပါ။ ဆရာ့ကို ပြောဖူးသလားတောင်မသိဘူး။ ဆရာ ဘိုးဝု(ဖ်)ကဗျာကြီးကို အဲဒီလို ရွတ်ဆိုသွားတာ အသံက ဂန်ဒက်ဖ်ရဲ့အသံမျိုးနဲ့လေ။"[၅၈]

ဒုတိယကမ္ဘာစစ်[ပြင်ဆင်ရန်]

အင်္ဂလိပ်ဘာသာစကားနှင့် စာပေပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သော မာတန်ကောလိပ်။ (၁၉၄၅-၁၉၅၉)

ဒုတိယကမ္ဘာစစ်မဖြစ်ခင် တော်ကီးန်အား ကုတ်(လျှို့ဝှက်စာ)ဖြေသူ(codebreaker)အဖြစ်လျာထားသတ်မှတ်၏။[၅၉][၆၀] ၁၉၃၉ ဇန်နဝါရီတွင် နိုင်ငံ၏ အရေးကြီးကာလများ၌ နိုင်ငံခြားရေးရုံး လျှို့ဝှက်စာဌာန၌အမှုထမ်းရန် အဆင်သင့်ဖြစ်နိုင်သလားဟု မေးမြန်းရာ[၅၉][၆၀] သဘောတူ၍ အစိုးရ၏လျှို့ဝှက်စာသင်တန်းကျောင်း လန်ဒန်ရုံးချုပ်တွင် လမ်းညွှန်သင်တန်းတက်ရောက်ခဲ့သည်။[၅၉][၆၀] အောက်တိုဘာတွင် တာဝန်ထမ်းဆောင်ခြင်းမလိုအပ်ဟု ၎င်းအားအကြောင်းကြားခဲ့သည်။[၅၉][၆၀]

၁၉၄၅၌ အောက်စဖို့ဒ်၊ မာတန်ကောလိပ်သို့ပြောင်းရွှေ့၍ ထိုကျောင်း၌ အင်္ဂလိပ်ဘာသာစကားနှင့် စာပေပါမောက္ခဖြစ်လာခဲ့သည်။[၆၁] ယင်းနေရာ၌ပင် အငြိမ်းစားယူသောနှစ် ၁၉၅၉ထိ ဆက်လက်လုပ်ကိုင်ခဲ့သည်။ ဒဘလန်တက္ကသိုလ်ကောလိပ် (University College, Dublin) ၌လည်း ပြင်ပစာစစ်သူအဖြစ် နှစ်အတော်ကြာလုပ်ကိုင်ခဲ့၏။ ၁၉၅၄ အိုင်ယာလန်အမျိုးသားတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည်။ ၁၉၄၈တွင် ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ရသော လက်စွပ်များ၏ အရှင်သခင် ဝတ္ထုပြီးမြောက်သည်။ Book of Jonahကို ဂျေရုစလင် သမ္မာကျမ်းစာ အတွက်ဘာသာပြန်ခဲ့ပြီး ၁၉၆၆၌ ထုတ်ဝေခဲ့သည်။[၆၂]

မိသားစု[ပြင်ဆင်ရန်]

သားသမီးလေးဦးရှိသည်။ ၎င်းတို့မှာ ဂျွန် ဖရန်စစ် ရူးလ် တော်ကီးန် (၁၇ နိုဝင်ဘာ ၁၉၁၇ – ၂၂ ဇန်နဝါရီ ၂၀၀၃)၊ မိုက်ကယ် ဟစ်လာရီ ရူးလ် တော်ကီးန် (၂၂ အောက်တိုဘာ ၁၉၂၀ – ၂၇ ဖေဖော်ဝါရီ ၁၉၈၄)၊ ခရစ်တိုဖာ ဂျွန် ရူးလ် တော်ကီးန် (၂၁ နိုဝင်ဘာ ၁၉၂၄ – ၁၅ ဇန်နဝါရီ ၂၀၂၀)၊ ပရစ်ဆီလီယား မယ်ရီ အန်း ရူးလ် တော်ကီးန် (မွေးဖွား ၁၈ ဇွန် ၁၉၂၉) တို့ဖြစ်ကြသည်။ သားသမီးများကို လွန်စွာချစ်မြတ်နိုးပြီး ၎င်းတို့ငယ်စဉ်အချိန်တွင် "ခရစ်စမတ်ဖေဖေထံမှ ပေးစာများ" ကို သရုပ်ဖော်ပုံများနှင့်အတူပို့ပေးခဲ့၏။ နှစ်စဉ် ဇာတ်ကောင်အသစ်များထပ်တိုးထည့်ပေးခဲ့သည်။[၆၃]

အငြိမ်းစားယူခြင်းနှင့် နောက်ပိုင်းနှစ်များ[ပြင်ဆင်ရန်]

အောက်စဖို့ဒ်၊ အက်ခ်ဇစ်တာကောလိပ်၏ ဝတ်ပြုကျောင်းတွင် တော်ကီးန်၏ ကိုယ်တစ်ပိုင်းရုပ်တု

အငြိမ်းစားယူခြင်း (၁၉၅၉)မှ ကွယ်လွန်(၁၉၇၃)ထိ တော်ကီးန်သည် များစွာသောစာပေဆိုင်ရာကျော်ကြားမှုနှင့် လူထုအကြားအာရုံစိုက်မှုခံရလေသည်။ ၁၉၆၁၌ မိတ်ဆွေဖြစ်သူ စီ အက် လူးဝစ်က နိုဘဲလ်စာပေဆု (Nobel Prize in Literature )အတွက် ၎င်းကို ဆန်ကာတင်ရွေးချ​ယ်ပေးခဲ့၏။[၆၄] မြေးဖြစ်သူ ဆိုင်မွန်တော်ကီးန်းပြောချက်အရ ၁၉၇၃ နိုဝင်ဘာ ၂၉ ရက် အသက် ၈၂ အရွယ်တွင်ကွယ်လွန်သည်။

ဂျေ အာ အာ တော်ကီးန် နှင့် ဇနီးတို့၏ အုတ်ဂူ၊ အောက်စဖို့ဒ်၊ ဝိုလ်ဗာကို့တ် သင်္ချိုင်း

အဲလိဇဘတ်ဘုရင်မမှ တော်ကီးန်ကို ၁၉၇၂၌ "Commander of the Order of the British Empire" ဘွဲ့ဖြင့်သူကောင်းပြုခဲ့သည်။[၆၅] ထိုနှစ်၌ပင် အောက်စဖို့ဒ် တက္ကသိုလ်က ၎င်းအား စာပေဂုဏ်ထူးဆောင်ဆု (Doctorate of Letters) ကို ချီးမြှင့်ခဲ့သည်။[၃၀][၆၆] တော်ကီးန်သည် ဝိုလ်ဗာကို့တ်ရှိ ဇနီးသည်အုတ်ဂူ၌ လူးသီယန်(Lúthien)အမည်[မှတ်စု ၂]ကို ထွင်းထုစေခဲ့သည်။ ၎င်းသည်လည်း ၁၉၇၃ စက်တင်ဘာ ၂တွင် bleeding ulcer နှင့် chest infection ဖြင့်ကွယ်လွန်ခဲ့သည်။[၆၈][၆၉] ၎င်းကိုဇနီးဖြစ်သူနှင့် အတူတူမြှုပ်နှံ၍ ဘဲရန်(Beren)ဆိုသည့်အမည် [မှတ်စု ၃] ကိုထပ်ပေါင်းထည့်ခဲ့သည်။

တော်ကီးန်၏ အလယ်ပိုင်းကမ္ဘာမြေဇာတ်လမ်း (Middle-earth )များထဲတွင် လူးသီယန်(Lúthien)သည် ဘုရားသခင် Ilúvatar ၏ သားသမီးများထဲ၌ အလှပဆုံးဖြစ်၍ လူသားမျိုးနွယ် ဘဲရန်(Beren)ကို ချစ်ကြိုက်မိသည့်အတွက် သူမ၏ ထာဝရရှင်သန်ခြင်းဘဝကို စွန်လွှတ်ခဲ့သည်။

အမြင်များ[ပြင်ဆင်ရန်]

စာပေရေးရာအလွတ်သဘောအဖွဲ့ဖြစ်သည့် Inklingsအဖွဲ့ဝင်များတွေ့ဆုံရာ the Eagle and Child ယမကာဆိုင်၏ ထောင့်တစ်နေရာ(1930–1950)

ရိုမန်ကက်သလစ်ဘာသာအပေါ် ယုံကြည်ကိုင်းရှိုင်းသောတစ်ဦးဖြစ်သည်။ လွတ်လပ်စွာတွေးခေါ်လုပ်ကိုင်ခြင်းဝါဒ (Libertarianism)၊ ကုန်ထုတ်လုပ်မှုတန်ဖိုးများကို တစ်စုတစ်ဖွဲ့ပိုင်ဆိုင်သည်ထက် အများပြည်သူများ ကျယ်ပြန့်စွာပိုင်ဆိုင်မှုကိုနှစ်သက်သောဝါဒ (Distributism)၊ ဘုရင်စနစ်ကိုလိုလားထောက်ခံသည့်ဝါဒ (monarchism) စသည့် တိမ်းညွတ်မှုများနှင့်အတူ အလယ်လတ်သဘော ရိုးရာအစဉ်ဆက်ထိန်းသိမ်းသော (traditionalist) နိုင်ငံရေးအမြင်၊ ဘာသာရေးအမြင်များရှိသည်။ တစ်ဖက်တွင် အစိုးရ၏ တင်းကျပ်သည့်အုပ်ချုပ်ရေးစနစ် (bureaucracy) ကို ပြင်းထန်စွာဝေဖန်ကာ တစ်ဖက်တွင်လည်း တီထွင်ဖန်တီးမှုများ၊ ခေတ်ပေါ်တိုးတက်ပြောင်လဲလာမှုအပေါ်၌ ခိုင်မာစွာရှိနေသောသမားရိုးကျအစဉ်ဆက်သဘောများကို နှစ်သက်သဘောကျသော ပုံစံမျိုးရှိသည်။[၇၁] တော်ကီးန်သည် စက်မှုဖွံ့ဖြိုးတိုးတက်လာခြင်း၏ ဆိုးကျိုးများကိုကား ပြင်းထန်စွာမုန်းတီး၏။ အင်္ဂလိပ်ကျေးလက်ဒေသနှင့် ရိုးရှင်းစွာနေထိုင်သည့် ဘဝများကို ဝါးမျိုခြင်းဟုယူဆသည်။ ကားများကိုမနှစ်မြို့ စက်ဘီးစီးခြင်းကိုသာခုံမင်သည်။[၇၂] အမှန်တရား၏ အံ့မခန်းပဲ့တင်ရိုက်ခတ်မှုသည် ဒဏ္ဍာရီများဟုလည်းကောင်းက ခိုင်မာမြဲမြံစွာယုံကြည်ပြီး ထိုယုံကြည်မှု အတွင်း၌ ပါဝင်နေသည်မှာ ထိုဒဏ္ဍာရီများကို မြတ်နိုးခြင်းနှင့် ယုံကြည်ကိုးကွယ်သည့်ဘာသာတရားပင်ဖြစ်သည်။[၇၃] ထိုအမြင်ကို "ဒဏ္ဍာရီ"တည်ဆောက်ခြင်း (Mythopoeia) အမည်ရသည့် ၎င်း၏အက်ဆေးနှင့် ကဗျာထဲ၌ ဖော်ထုတ်တင်ပြထားလေသည်။[၇၄]

တော်ကီးန်၏ ရိုမန်ကက်သလစ်အပေါ် သက်ဝင်ယုံကြည်မှုသည် စီ အက် လူးဝစ်အား ဘာသာမဲ့မှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းသွားစေသည့် အဓိကအချက်ဖြစ်သည်။ သို့သော်မနှစ်မြို့မိသည်မှာ လူးဝစ်က အင်္ဂလန်ဘုရားရှိခိုးကျောင်း (ပရိုတက်စတင့်) သို့ ဝင်ရောက်မှုပင်ဖြစ်လေသည်။ [၇၅] destroy စပိန်တွင် ကွန်မြူနစ်များက ဘုရားကျောင်းများဖျက်ဆီးခြင်း၊ ဘုန်းကြီး၊ သီလရှင်များအပေါ်သတ်ဖြတ်ခြင်းအပေါ်တွင် ဖြစ်ပွားသော စပိန်ပြည်တွင်းစစ်အတွင်း ဖရန်ကိုဦးဆောင်သည့် အမျိုးသားရေးဝါဒီအပေါ် ထောက်ခံကြောင်းဖွင့်ဟပြောဆိုဖူးသည်။[၇၆] ဂျိုးဇတ် စတာလင်ကို စက်ဆုပ်သည်။ စတာလင်အား အဲဒီသွေးဆာသောလူသတ်ကောင်ကြီး (bloodthirsty old murderer)ဟု ရည်ညွှန်းခဲ့သည်။[၇၇] ၁၉၆၁၌ ဆွီဒင်သုံးသပ်ဝေဖန်သူက လက်စွပ်များ၏ အရှင်သခင် သည် ကွန်မြူနစ်ဆန့်ကျင်သည့် ပညာပေးဝတ္ထု(ဇာတကကဲ့သို့)ဖြစ်၍ ဆော်ရွန်သည် စတာလင်ဖြစ်သည်ဟုဖော်ပြသုံးသပ်ရာ တော်ကီးန်က ငြင်းဆိုပြီး ဝတ္ထုဇာတ်လမ်းစိတ်ကူးသည် အောက်တိုဘာတော်လှန်ရေး မတိုင်ခင်ကတည်းက စိတ်ကူးအကြံဖြစ်သည်။ ထိုသို့ ရူပကတင်စားချက်မှာ ၎င်း၏အတွေးများအဖို့ လုံးဝအစိမ်းသက်သက်ဖြစ်သည်ဟုပြောဆိုခဲ့သည်။[၇၈]

တော်ကီးန်သည် အဒေါ့ဖ် ဟစ်တလာ နှင့် နာဇီပါတီကို ဒုတိယကမ္ဘာစစ်မတိုင်ခင်ကပင် ဆန့်ကျင်ကြောင်းပြောဆိုခဲ့သည်။ အထူးအားဖြင့် နာဇီလူမျိုးရေးခွဲခြားမှုနှင့် အာရပ်၊ ဂျူးဆန့်ကျင်သည့် (anti-semitic) အတွေးအမြင်စနစ်ကို ရွံ့မုန်းသည်။

မဟာမိတ်တို့၏ အကန့်သတ်မဲ့စစ်ပွဲဆိုင်ရာနည်းဗျူဟာများ (total war tatics) အား နာဇီဂျာမနီပြည်သူများနှင့် ဂျပန်အင်ပါယာအပေါ်အသုံးပြုခြင်းကို ပြင်းထန်စွာဝေဖန်သည်။ ထို့ပြင် လိုသည်ထက်ပိုသော ဂျာမန်ဆန့်ကျင်ရေးဝါဒဖြန့်မှုကိုလည်း ဒေါသတကြီးဖြင့်တုံ့ပြန်သည်။[၇၉]}} ၁၉၄၅၌ ဟီရိုရှီးမားမြို့ နှင့် နာဂါဆာကီမြို့ များကို အနုမြူဗုံးကြဲလိုက်သောအခါ တုန်လှုပ်ခဲ့ရသည်။[၈၀]

သက်တမ်းတစ်လျှောက် ကွန်ဆာဗေးတစ် ဝါဒ သည် ၎င်း၏နိုင်ငံရေးလုပ်ငန်းစဉ်ထဲတွင် ပါဝင်မလာခဲ့ပါ။ ကိုယ်ပိုင်သီးသန့်ပေးစာများမှတပါး ကွန်ဆာဗေးတစ်အမြင်များကိုတိုက်ရိုက် ဖော်ပြခြင်းမရှိခဲ့ပေ။ ထိုစာများ၌ သစ်တောများကိုနှစ်သက်ပုံ၊ သစ်ပင်ခုတ်လှဲခြင်းများကို ဝမ်းနည်းပုံစသဖြင့်ပြောပြထားခဲ့သည်။ နောက်ပိုင်းနှစ်များ၌ တော်ကီးန်နှင့်ပတ်သက်သော အတ္ထုပ္ပတ္တိနှင့် စာပေရေးရာသုံးသပ်ချက်အများအပြား၌ ဤသို့အကျဉ်းချုပ်ဖော်ပြထားသည်။ လက်စွပ်များ၏ အရှင်သခင် ရေးသားစဉ် တော်ကီးန်သည် အရိုင်းသဘာဝပတ်ဝန်းကျင်၏ တန်ဖိုးများအား အကြီးအကျယ်စိတ်ဝင်စားခဲ့ပြီး ဖွံ့ဖြိုးပြီးကမ္ဘာများတွင် ကျန်ရှိနေသေးသော သဘာဝတောရိုင်းကို ကာကွယ်ရန်လည်း စိတ်ဝင်စားခဲ့သည်။[၈၁][၈၂]

စာရေးခြင်း[ပြင်ဆင်ရန်]

ပျောက်ဆုံးသွားသောဇာတ်လမ်းများ စာအုပ် (the Book of Lost Tales) မှစတင်၍ ၎င်း၏ သီးသန့်ဂန္ထဝင်စာပေများ၏ စဉ်ဆက်စာမူများတွင် ထပ်ခါတလဲပြန်လည်အသုံးချခဲ့သည့် အကြောင်းအရာတချို့ကို တီထွင်ဖန်တီးထား၏။ အထူးထင်ရှားသည့် ဇာတ်လမ်းနှစ်ပုဒ်မှာ ဘဲရန်နှင့် လူးသီယန် (Beren and Lúthien) နှင့် တျူရင် (Túrin)တို့ဖြစ်ပြီး ထိုနှစ်ပုဒ်ကို ဇာတ်လမ်းကဗျာရှည်ပုံစံဖြင့် ရွေ့ပြောင်းရေးသားထားသည်။ ( "ဘဲရန်၏ သာချင်းများ" (The Lays of Beren)အမည်ဖြင့်ထုတ်ဝေ)


လွှမ်းမိုးမှုများ[ပြင်ဆင်ရန်]

ဗြိတိသျှစွန်းစားခန်းဇာတ်လမ်းများ[ပြင်ဆင်ရန်]

တော်ကီးန်အပေါ် ဩဇာသက်စေသောအဓိကအချက်များအနက် စွယ်စုံပညာရှင် ဝီလီယန် မောရစ် (William Morris) ၏အနုပညာလက်ရာများလည်း အပါအဝင်ဖြစ်သည်။ မောရစ်၏ မေတ္တာဘွဲ့ကဗျာ၊ လင်္ကာများကို အတုယူချင်ခဲ့၏။[၈၃] မေတ္တာဘွဲ့ကဗျာ၊ လင်္ကာများမှ လက်စွပ်များ၏ အရှင်သခင် နှင့် ဟော့ဘစ်တွင် အရိပ်အမြွက်ဆိုသလိုယူငင်ထားသော အရာများမှာ ရွှံ့နွံ့အိုင်သေ (Dead Marshes)[၈၄]၊ အမှောင်လွှမ်းတောနက်(Mirkwood)[၈၅]နှင့် တစ်ခြားအထွေထွေ သွင်ပြင်တချို့တို့ဖြစ်ကြသည်။ ဟော့ဘစ်၌ ဘီလ်ဘိုနှင့်ပတ်သက်သော အကြောင်းအရာများစွာမှာ အက်ဒ်ဝဒ် ဝိုက်စမစ်သ်(Edward Wyke-Smith) ရေးသော "စနာ့ဂ်တို့၏ အံ့ဖွယ်ပြည်"(The Marvellous Land of Snergs) ၏လွမ်းမိုးမှုများပါဝင်သည်။[၈၆] ဟင်နရီ ရိုက်ဒါ ဟဲဂါ့ဒ် (Henry Rider Haggard)ဖန်တီးသော ဝတ္ထု "She" မှလွှမ်းမိုးမှုလည်းရှိရာ[၈၇] သုံးသပ်ဝေဖန်သူတချို့က ထိုဇာတ်လမ်းအကွက်တချို့ကို အစ်ဆီဒူးလ်၏ သေတမ်းစာပုံစံဖော်ကျူးမှုနှင့် နှိုင်းယှဉ်ကြသည်။[၈၈] ဟဲဂါ့ဒ် နှင့် တော်ကီးန်တို့၏ အချစ်ဇာတ်လမ်းများတူညီမှုများရှိကြသည်ကိုလည်း တွေ့မြင်နိုင်ပါ၏။[၈၉][၉၀][၉၁] ဆန်းမြူရယ်လ် ရာဿာဖာ့ဒ် ခရော့ကစ် (Samuel Rutherford Crockett) ၏ သမိုင်းဝင်ဝတ္ထု The Black Douglas ကို တော်ကီးန်ငယ်ရွယ်စဉ်က အလွန်နှစ်သက်ခဲ့ကာ လက်စွပ် အဖွဲ့ဝင်များ ၌ မိစ္ဆာဝံပုလွေများနှင့်ဖြစ်သည့်တိုက်ပွဲကို အထက်ပါဇာတ်လမ်းကို အခြေခံရေးသားထားသည်။[၉၂]

ဥရောပ ဒဏ္ဍာရီများ[ပြင်ဆင်ရန်]

အစောပိုင်း ဂျာမန်နစ်လူမျိုးများမှ အထူးသဖြင့် အန်ဂလို-ဆက်ခ်ဆန် (Anglo-Saxons - Old English) စာပေများ၊ ဂျာမန်နစ်ကဗျာလင်္ကာများ၊ ဒဏ္ဍာရီများသည် တော်ကီးန်၏ မြတ်နိုးသော ကျွမ်းကျွမ်းကျင်သောနယ်ပယ်များဖြစ်ကာ ၎င်းကိုစေ့ဆော်နိုင်သောအရာများလည်းဖြစ်ပေသည်။ ရှေးဟောင်းအင်္ဂလိပ်မှ ဘိုးဝု(ဖ်)၊ နော့စ်ဇာတ်လမ်းတွဲရှည်ကြီးများ(Norse sagas) မှ Volsunga saga နှင့် Hervarar saga၊ အက်ဒါ ကဗျာလင်္ကာ (Poetic Edda)၊ အက်ဒါ စကားပြေ (Prose Edda)၊ ဂျာမန်ကဗျာ Nibelungenlied နှင့် မြောက်မြားစွာသောလက်ရာများသည် ၎င်းအား လှုံဆော်အားပေးထားသော ရင်းမြစ်များဖြစ်ကြ၏။[၉၃][၉၄] ဂျာမန်နစ်မဟုတ်သော ရင်းမြစ်တချို့ကိုလည်း ၎င်း၏ ဝတ္ထုဇာတ်လမ်းများအပေါ်လွှမ်းမိုးခြင်းရှိသည်ကို တော်ကီးန်က လက်ခံသည်။ ဥပမာ -ဆော့ဖာကလီးစ် (Sophocles) ၏ ပြဇာတ် အီးဒစ်ပ(စ်) ရက်ခ်စ်(Oedipus Rex)၊ ဖင်လန်အမျိုးသားဇာတ်လမ်းရှည် ခါးလဲဗားလာ(Kalevala)၊[၉၅] ဆဲလ်တစ်ဒဏ္ဍာရီ၊ အိုင်ယာလန်ဒဏ္ဍာရီ၊ စကော့တလန်ဒဏ္ဍာရီ၊ ဝေလဒဏ္ဍာရီများတို့ဖြစ်ကြသည်။[၉၆][၉၇]

တော်ကီးန်အထုပ္ပတ္တိရေးသူ ဟမ်းဖရေး ကားပန်တာ(Humphrey Carpenter)အရ အလယ်ပိုင်းကမ္ဘာမြေ(Middle-earth)စာအုပ်များကိုရေးသားသည့်အခါ ရည်ရွယ်ချက်များစွာအနက် အင်္ဂလန်အတွက် ဒဏ္ဍာရီတည်ဆောက်ခြင်းဟူသော ရည်ရွယ်ချက်လည်းပါရှိသည်။ ကားပန်တာက မစ်လ်တန် ဝေါလ်ဒ်မန်း (Milton Waldman)ဆီသို့ "တော်ကီးန်၏ပေးစာ" ကို ကိုးကား၍ပြောဆိုသည်။ ထိုစာ၌ အင်္ဂလန်သည် စကော့၊အိုင်ယာလန်၊ ဝေလကဲ့သို့ ကိုယ်ပိုင်ဒဏ္ဍာရီမရှိ "တိုင်းပြည်၏ ဆင်းရဲမှု"ဟု ညည်းညူထားလေသည်။[၉၆] တော်ကီးန်ကိုယ်တိုင် "အင်္ဂလန်အတွက် ဒဏ္ဍာရီ"ဟူသော စကားစုကို မသုံးစွဲသော်လည်း ထိုပုံစံမျိုးကိုညွှန်ဆိုသည့် ပြောဆိုရေးသားမှုများမကြာခဏဆိုသလိုရှိခဲ့ပေသည်။[၉၆]

ကက်သလစ်သာသနာ[ပြင်ဆင်ရန်]

ကက်သလစ်ဘာသာရေးယုံကြည်မှု၊ ပုံရိပ်များသည်လည်း ၎င်း၏စိတ်ကူးနယ်ပယ်ကို ပုံသွင်းရာတွင် တစ်စိတ်တစ်ပိုင်းအားဖြင့်ပါဝင်ပေသည်။[၉၄][၉၈] အထူးအားဖြင့် Paul H. Kocher က တော်ကီးန်သည် ကောင်းချီးတရားမဲ့ခြင်းအဖြစ် မကောင်းမှုအကုသိုလ်ကို ရှေးရိုးစွဲခရစ်ယာန်ပုံစံအတိုင်းပင် ဖော်ပြသည်ဟုဆိုသည်။ လက်စွပ်များ၏ အရှင်သခင်မှ ဆော်ရွန်၏ မျက်ခွံမရှိသော မျက်လုံးကြီးကို ဖော်ပြရာ၌ "ဟင်းလင်းချိုင့်ခွက်ကြီးထဲကပွင့်နေသော မျက်လုံးအိမ်ကြီး၏ အနက်ရောင်အက်ကွဲကြောင်းကြီး၊ နတ္ထိသဘောကိုဖွင့်ထားသည့် ပြူတင်းတံခါး"ဟု ရေးသားမှုဥပမာကို Kocherက ကိုးကားပြသည်။[၉၉] Stratford Caldecott ကလည်း တစ်ကွင်းတည်းသောလက်စွပ် (the Ring) ကို ဤသို့အနက်ဖော်ထုတ်သည်။ "ဘုရားသခင်ကိုအံ့တုသော အတ္တကိုယ်၏ ပြင်းထန်စွာဖော်ကျူးပြသခြင်း(assertion of self) သည် ဖျက်ဆီးခံလိုက်ရသော စိတ်ဓာတ်များ(corrupted will) ဖြစ်၏။ လက်စွပ်၏စွမ်းအားကား ထိုပျက်စီးသွားသောစိတ်ဓာတ်များ၏ အမှောင်မှော်ပညာကို သရုပ်ဖော်သည်ဟုဆိုသည်။ လက်စွပ်က လွတ်လပ်မှုကို ပေးသယောင်ယောင်ဖြင့် တကယ့်အစွမ်းသတ္တိမှာ ဝတ်ဆင်သူကို နတ်သက်ကြွေစေသည့် အဖြစ်မျိုးကို ပို့ဆောင်တတ်၏။ ဝတ်ဆင်သူကို ပေါ့ပါးစေကာ အစစ်အမှန်မဟုတ်သောသဘာဝကိုပေးအပ်ပြီး ဝတ်ဆင်သူ၏စိတ်ဓာတ်ကို ဖျက်ဆီးတတ်၏။ မမြင်နိုင်ခြင်း(ကိုယ်ပျောက်ခြင်း)သည် လူ့သဘာဝဆက်ဆံရေးများ၊ လူ့ဂုဏ်သတ္တိများကို ဖျက်ဆီးသည့် အစွမ်းကို သရုပ်သကန်ဖြစ်စေ၏။ လက်စွပ်ကိုယ်တိုင်သည် အကုသိုလ်အပြစ်ပင်ဖြစ်သည်။ ဖြားယောင်းတတ်သည့်သဘော၊ အစပိုင်းတွင် ပြဿနာမရှိသည့်ပုံစံ စရိုက်လက္ခဏာများနှင့် နောက်ပိုင်းတွင် ဖြတ်တောက်ဖို့ခက်ခဲခြင်း၊ ရေရှည်၌ ဖျက်ဆီးတတ်ခြင်းသဘောများကိုဆောင်သည်။[၁၀၀]

ထုတ်ဝေခြင်းများ[ပြင်ဆင်ရန်]

"ဘေးယာဝုဖ်: မိစ္ဆာများနှင့် ဝေဖန်ရေးသမားများ"[ပြင်ဆင်ရန်]

ဝတ္ထုဇာတ်လမ်းများအပြင် တော်ကီးန်သည်ပညာပိုင်းဆိုင်ရာ စာပေဝေဖန်ဦးဆောင်သူတစ်ယောက်လည်းဖြစ်သည်။ စာပေဝေဖန်သူများ၏ အန်ဂလိုဆက်ခ်ဆွန်ကဗျာရှည် ဘေးယာဝုဖ်ကို ကိုင်တွယ်ပုံများအားတော်လှန်သော နောက်ပိုင်းဤနယ်ပယ်၌ဩဇာညောင်းခဲ့သော ၁၉၃၆စာပေပို့ချချက်တစ်ခုကို ပြုလုပ်ခဲ့၏။ နောက်တွင် ဆောင်းပါးတစ်ခုအဖြစ်ပြန်လည်ထုတ်ဝေခဲ့လေသည်။ ယနေ့အထိ ရှေးဟောင်းအင်္ဂလိပ်စာပေလေ့လာမှုတွင် မြင့်မားစွာလွှမ်းမိုးနိုင်သည့် စာတမ်းဆောင်းပါးတစ်ခုဖြစ်သည်။ ထိုကဗျာကို မှီငြမ်း၍ ဟော့ဘစ်၊ လက်စွပ်များ၏ အရှင်သခင်တို့၏ အဓိကအသေးစိတ်များနှင့်အတူ တော်ကီးန်၏နောက်ပိုင်းလက်ရာများအပေါ် များစွာလွှမ်းမိုးမှုရှိခဲ့၏။[၁၀၁]

"မိရိုးဖလာ ပုံပြင်ဇာတ်လမ်းများ"[ပြင်ဆင်ရန်]

ရိုးရာပုံပြင်များစုဆောင်းသူ၊ ရေးသားသူတစ်ဦးဖြစ်သော အန်ဒရူးလန် (Andrew Lang) ၏ လက်ရာများအပေါ် တော်ကီးန်က အလေးနက်ထား၏။ သို့သော် အန်ဒရူးလန်၏ တစ်ခြားသောပုံစံရှိသည့် ပုံပြင်များ၊ တိရစ္ဆာန်ပုံပြင်များ ခရီးသွားပုံပြင်များအား မိရိုးဖလာပုံပြင်များထဲသို့ ကျယ်ကျယ်ပြန့်ပြန့်ထည့်သွင်းခြင်းကိုကား သဘောမတူခဲ့ချေ။

ကလေးများအတွက် စာအုပ်နှင့် တစ်ခြားလက်ရာတိုများ[ပြင်ဆင်ရန်]

ဒဏ္ဍာရီတစ်ခုဖွဲ့သည်းတည်ဆောက်ခြင်းအပြင် ​တော်ကီးန်သည် သူ့သားသမီးများကို ပျော်ရွှင်နိုင်စေရန် စိတ်ကူးယဉ် ဇာတ်လမ်းများတည်ထွင်ရခြင်းကိုလည်း ခုံမင်သည်။[၁၀၂] ၎င်းတို့အတွက် "ခရစ်စမတ်ဖေဖေထံမှ ပေးစာများ"ကိုနှစ်စဉ်ရေးသားသည်။ နောင်တွင် "The Father Christmas Letters" အမည်ဖြင့် စုပေါင်းထုတ်ဝေခဲ့သည်။ အခြားလက်ရာများတွင် "ကိုပျော်ရွှင်" (Mr. Bliss)၊ "ရိုဗာရန်ဒန်" (Roverandom)၊ "အပင် နှင့် အရွက်"မှ အပိုင်းဖြစ်သော "နစ်ဂဲလ်၏ သစ်ရွက်" (Leaf by Niggle)၊ "တွန်ဘွန်ဘာဒီလ်၏စွန့်စားခန်းများ" (The Adventures of Tom Bombadil)၊ ဟော့ဘစ်ကဲ့သို့ ဇာတ်လမ်းမျိုးဖြစ်သော "ဝုတန်းမေဂျာရွာမှ ပန်းပဲသမားလေး" (Smith of Wootton Major)စသဖြင့်ပါဝင်ကာ ၎င်း၏ ဂန္ထဝင်စာပေမှ စိတ်ကူးများယူငင်သုံးစွဲထားခြင်းဖြစ်သည်။


ဟော့ဘစ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဟော့ဘစ်

The Hobbit, or There and Back Again ဝတ္ထုမှာ ကလေးများအတွက် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ပြီး ၁၉၃၇ စက်တင်ဘာတွင် ထုတ်ဝေသည်။ Shire ရှိုင်းယားဒေသက ဘီလ်ဘိုဘက်ဂင်ဆိုသည့် ဟော့ဘစ်တစ်ယောက်၏ အံ့မခန်းစွန့်စားခန်းဖြစ်ပြီး The Lord of the Rings ၏ ရှေ့ပြေးဇာတ်လမ်းဖြစ်၏။ ကလေးစာပေပုံစံ၏ ဂန္ဓဝင်စာအုပ်တစ်အုပ်အဖြစ်သတ်မှတ်ထားသည်။

လက်စွပ်များ၏ အရှင်သခင်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လက်စွပ်များ၏ အရှင်သခင်

ဟော့ဘစ်အောင်မြင်လာပြီးနောက် အဆက်ရေးရန်တောင်းဆိုမှုကြောင့် ၎င်း၏အကျော်ကြားဆုံးလက်ရာဖြစ်သည့် လက်စွပ်များ၏ အရှင်သခင် ကို စတင်ရေးသားခဲ့သည်။ မူလအစ သုံးတွဲလုံးကို ဖြန်ချိသည့်နှစ်မှာ ၁၉၅၄-၁၉၅၅ဖြစ်၏။ မူလဇာတ်လမ်းနှင့် အခန်းဆက်များကို ဆယ်စုနှစ်တစ်ခုကျော်ကြာပြုစုရေးသားခဲ့၍ နာနီးယားဇာတ်လမ်းတွဲများ (The Chronicles of Narnia)ရေးသူ စီ အက် လူးဝစ် အပါအဝင် Inklings အဖွဲ့သားများ၏ ထောက်ခံအားပေးမှုများရရှိခဲ့သည်။ ဟော့ဘစ်ရော လက်စွပ်များ၏ အရှင်သခင်ရော နှစ်မျိုးလုံးသည် The Silmarillion ၏ နောက်ခံအကြောင်းအရာပေါ်တွင်မူတည်၍ တည်ဆောက်ထား၏။ သို့သော် The Silmarillion ဇာတ်လမ်းပါအချိန်ကာလ၏နောက် ဝေးကာသောကာလတစ်ခု၌ အခြေတည်ပြီးတည်ဆောက်ထားသည်။

လက်စွပ်များ၏ အရှင်သခင်ကို ဟော့ဘစ်ကဲ့သို့ ကလေးများအတွက်ဇာတ်လမ်းဖြစ်ရန် မူလကရည်ရွယ်ခဲ့သော်လည်း လျင်မြန်စွာပင် လေးနက်သော၊ အမှောင်ဘက်ဆန်သော အရေးအသားများဖြစ်လာခဲ့သည်။[၁၀၃] ဟော့ဘစ်၏ တိုက်ရိုက်အဆက်ဖြစ်သော်လည်း ၎င်းအရင်ကတည်ဆောက်ထားသော ဘလဲရီးယန်(Beleriand)နောက်ခံကိုဆွဲယူကာ အသက်ရွယ်ပိုကြီးသောစာဖတ်သူများအတွက် ရေးသားတင်ပြခဲ့၏။ ဘလဲရီးယန်ကို ၎င်းသေဆုံးပြီး The Silmarillionနှင့် အခြားဇာတ်လမ်းတွဲများတွင် တွေ့နိုင်ပါ၏။ ဤဝတ္ထုကြီးအောင်မြင်လာပြီးနောက် "စိတ်ကူးယဉ်စာပေ"(fantasy fiction)အပေါ်တွင် တော်ကီးန်၏ လေးနက်လှစွာသောလွှမ်မိုးမှုများရှိခဲ့သည်။

လက်စွပ်များ၏ အရှင်သခင် သည် ၁၉၆၀နှစ်များမှစ၍ ယခုထိတိုင် အကြီးအကျယ်အောင်မြင်ခဲ့ကာ စာဖတ်သူ၊ ရောင်းအားစာရင်းကောက်ယူမှုများက ဆုံးဖြတ်ပေးသည်မှာ နှစ်ဆယ်ရာစု၏ အကျော်ကြားဆုံးဇာတ်လမ်းများထဲက တစ်ခုအပါအဝင်ဖြစ်သည်။[၁၀၄] ၂၀၀၃ ခုနှစ် BBC ၏ (The Big Read)စာရင်းကောက်လေ့လာမှုအရ ဗြိတိန်နိုင်ငံ၏ နှစ်သက်မှုအရှိဆုံးဝတ္ထုများစာရင်းတွင် နံပါတ်တစ်နေရာ၌ရပ်တည်ခဲ့သည်။[၁၀၅] အလားတူစွာ ၂၀၀၄ ဩစတေးလျနိုင်ငံတွင် Australian Broadcasting Corporation ကကောက်ယူသောစစ်တမ်းများကလည်း ၎င်းလူမျိုးတို့၏ အနှစ်သက်ဆုံးစာအုပ်("My Favourite Book" )အဖြစ်မှတ်တမ်းဝင်ခဲ့၏။[၁၀၆] ၁၉၉၉ Amazon.comဖောက်သည်များ၏ စစ်တမ်းမဲတွင် ထောင်စုနှစ်၏ အကြိုက်ဆုံးစာအုပ်(book of the millennium)အဖြစ် ဆုံးဖြတ်ချက်ပေးကြသည်။ [၁၀၇] သက္ကရာဇ် (၂၀၀၀)တွင် တော်ကီးန်အား အကြီးကျယ်ဆုံးသော ဗြိတိန်သား အယောက်(၁၀၀)၌ (၉၂)နေရာ၌ မဲပေးရွေးချယ်ကြသည်။ ၂၀၀၄ တွင် ကြီးကျယ်သောတောင်အာဖရိကသားများ စာရင်း၌ အဆင့် (၃၅)သတ်မှတ်မဲပေးခဲ့ကြသောကြောင့် စာရင်းနှစ်ခုလုံး၌ပါဝင်သော တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်လေသည်။ ၎င်း၏ကျော်ကြားမှုသည် အင်္ဂလိပ်စကားပြောနယ်မြေများတွင်သာမက နှစ်သိန်းခွဲသော ဂျာမန်ပြည်သူများကလည်း လက်စွပ်များ၏ အရှင်သခင်ကို ၎င်းတို့အကြိုက်ဆုံးစာပေဟု ဖော်ပြထားသည်။[၁၀၈]

ကွယ်လွန်ပြီးမှ ထုတ်ဝေခြင်းများ[ပြင်ဆင်ရန်]

  1. လင်းလက်တောက်ပသောရတနာသုံးသွယ်" (The Silmarillion)
    တော်ကီးန်က ဒဏ္ဍာရီအကြမ်းအတိုချုပ်ကိုရေးသားခဲ့၏။ ထိုအထဲတွင်ဘဲရန်နှင့် လူးသီယန်၊ တျူရင်စသဖြင့် အကြောင်းရာများပါဝင်လေသည်။ နောက်ဆုံး၌ ထိုအကြမ်းထည်သည် Quenta Silmarillionဟုအမည်ရ simirals ခေါ် ရတနာသုံးသွယ်၏ သမိုင်းကြောင်းဇာတ်လမ်းအဖြစ်ထွက်ပေါ်လာသည်။
  2. "မပြီးသေးသော ဇာတ်လမ်းများ နှင့် အလယ်ပိုင်းကမ္ဘာမြေသမိုင်း" (Unfinished Tales and The History of Middle-earth)
    ၁၉၈၀တွင် သားဖြစ်သူ ခရစ်တိုဖာ တော်ကီးန်က ပြန့်ကျဲနေသောစာများကို စုစည်း၍ ထုတ်ဝေခဲ့သည်။
  3. "ကိုပျော်ရွှင်" (Mr. Bliss)
    ကလေးစာပေအတွက် လူသိအနည်းဆုံး လက်ရာတိုတစ်ခုဖြစ်ကာ ၁၉၈၂တွင် ထုတ်ဝေသည်။
  4. "ဟျူရင်၏ မျိုးဆက်များ"(The Children of Húrin)
    များမကြာသေးခင် ၂၀၀၇၌ ဟာ့ပါကောလင်းတိုက်(HarperCollins)က ယူကေနှင့် ကနေဒါအတွက်ထုတ်ဝေ၍ ဟာတန်မစ်ဖ်လင်း(Houghton Mifflin)က ယူအက်စ်အတွက်ထုတ်ဝေသည်။
  5. "ဆင်းဂါ့ဒ်နှင့် ဂဒ်ရန်၏ ဒဏ္ဍာရီ"(The Legend of Sigurd and Gudrún)
    ၂၀၀၉ မေ ၅ ၌ ဟာ့ပါကောလင်းတိုက်နှင့် ဟာတန်မစ်ဖ်လင်းတိုက်တို့ကထုတ်ဝေခဲ့သည်။
  6. "အာသာကျဆုံးခြင်း" (The Fall of Arthur)
    ၂၀၁၃ မေ ၂၃တွင် တွင်ထုတ်ဝေ၍ ဇာတ်လမ်းကဗျာရှည်ပုံစံရေးဖွဲ့ထားသည်။
  7. "ဘိုးဝု(ဖ်) : ဘာသာပြန်နှင့် မှတ်ချက်" (Beowulf: A Translation and Commentary)
    ရှေးခေတ်အင်္ဂလိပ်စာပေမှ အလယ်ခေတ်အစောပိုင်းဇာတ်လမ်းကဗျာရှည် ဘိုးဝု(ဖ်)ကို စကားပြေပုံစံဖြင့်ဘာသာပြန်ရေးသားကာ ၂၀၁၄ မေ ၂၂တွင် ထုတ်ဝေခဲ့သည်။
  8. "ခူလားဗိုဇာတ်လမ်းပုံပြင်"(The Story of Kullervo)
    ၂၀၁၀တွင် မူလထုတ်ဝေခဲ့သည်။ ၂၀၁၅၌ နောက်တိုးအခန်းများဖြင့် ပြန်လည်ထုတ်ဝေ၍ ၁၉ရာစု ဖင်လန်ကဗျာကို ပြန်ပြောသောပုံစံဖြစ်၏။
  9. "ဘဲရန်နှင့် လူးသီယန်" (Beren and Lúthien)
    ဤဇာတ်လမ်းသည် The Silmarillion၌ပါသော အခန်းသုံးခန်းထဲက တစ်ပုဒ်ဖြစ်ကာ ရှေးအကျဆုံးဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သည်။ ခရစ်တိုဖာ တော်ကီးန်ကတည်းဖြတ်၍ လုံးချင်းစာအုပ်အဖြစ် ၂၀၁၇တွင် ရိုက်နှိပ်ထုတ်ဝေသည်။ [၁၀၉]
  10. "ဂွန်ဒိုလင်ကျဆုံးခြင်း"(The Fall of Gondolin)
    အက်လ်ဖ်တို့၏ လှပဆန်းကျယ်သောမြို့တော်ကြီးဖြစ်သည် ဂွန်ဒိုလင်တိုင်းပြည်ကို အမှောင်အင်အားစုများကအနိုင်ယူခြေမှုန်းခြင်းအကြောင်းဖြစ်ကာ ၂၀၁၈ ဩဂုတ်လ ၃၀တွင် ထုတ်ဝေခဲ့သည်။[၁၁၀]

စာမူများ၏ တည်နေရာ[ပြင်ဆင်ရန်]

၎င်းမသေဆုံးခင် လက်စွပ်များ၏ အရှင်သခင်ဟော့ဘစ်ဟမ်၏ လယ်သမား ဂစ်လ်စ် အပါအဝင် ထိုစဉ်ကထုတ်ဝေခဲ့သောစာအုပ်များနှင့်ပတ်သက်သည့် လက်ရေးမူ၊ စာမူကြမ်း၊ ပုံမူကြမ်း၊ ပုံနှိပ်စာမူကြမ်း စသည်တို့ကို ဝစ်ကောဆင်ပြည်နယ် မစ်လ်ဝေါကီမြို့၊ မားကတ်တက္ကသိုလ် John P. Raynor, S.J.,စာကြည့်တိုက်ရှိ အထူးစုဆောင်းရေးနှင့် တက္ကသိုလ်မော်ကွန်းဌာနသို့ ရောင်းချခြင်းအားညှိနှိုင်းခဲ့သည်။[၁၁၁] ၎င်းကွယ်လွန်ပြီးနောက် ၎င်း၏အကျိုးဆောင်လုပ်ငန်းက အောက်စဖို့ဒ်တက္ကသိုလ် Bodleian Library သို့ Silmarillion ဒဏ္ဍာရီနှင့် ပညာရပ်ဆိုင်ရာစာအုပ်စာတမ်းများကို လှုဒါန်းခဲ့သည်။[၁၁၂] ဤစာကြည့်တိုက်က ၂၀၁၈တွင် ၎င်းလက်ရာများကိုပြသခဲ့၍ အမျိုးပေါင်း (၆၀)ကျော်ပါဝင်သည်။[၁၁၃]

ဘာသာစကားများနှင့် ဝေါဟာရဗေဒ[ပြင်ဆင်ရန်]

ဘာသာဗေဒကျွမ်းကျင်ပညာရှင်[ပြင်ဆင်ရန်]

တော်ကီးန်၏ ပညာရေးရာလုပ်ငန်းနှင့် စာပေရေးသားဖန်တီးခြင်းများသည် ၎င်း၏ဘာသာစကားများနှင့် ဝေါဟာရဗေဒအပေါ်နှစ်သက်မြတ်နိုးမှုမှ ခွဲခြားမရသော နှစ်ကိုယ့်တစ်စိတ်ပင်ဖြစ်သည်။ တက္ကသိုလ်၌ အင်္ဂလိပ်ဝေါဟာရဗေဒကို အထူပြုသင်ယူခဲ့ပြီး ၁၉၁၅တွင် ရှေးဟောင်းနော့စ်ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၁၈မှစ၍ အောက်စဖို့ဒ် အင်္ဂလိပ်အဘိဓာန်တွင် စကားလုံး "walrus"အပါအဝင် အက္ခရာ "W" ဖြင့်စသော စကားလုံးအမြောက်အမြားကိုပြုစုရာ၌ ဂုဏ်ပြုခံရသည်။ ထို walrus စကားလုံးအားအထူးပင်အားစိုက်ပြုစုခဲ့ရသည်။ [၁၁၄] ၁၉၂၀၌ လိဒ်စ် တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာစကား ပညာရှင်အဖြစ်ရာထူးထမ်းဆောင်သည်။ ရှေးဟောင်းအင်္ဂလိပ် သူရဲကောင်းအလင်္ကာများ၊ အင်္ဂလိပ်စာသမိုင်းကြောင်း၊ ရှေးဟောင်းအင်္ဂလိပ်နှင့် အလယ်ခေတ်အင်္ဂလိပ်စာများ၊ ဝေါဟာရများ၊ ဂျာမန်နစ်ဝေါဟာရဗေဒမိတ်ဆက်၊ ဂေါ့သစ်ဘာသာစကား၊ ရှေးဟောင်းအိုက်စလန်ဘာသာစကား၊ အလယ်ခေတ်ဝေလဘာသာစကား စသဖြင့်မြောက်မြားစွာသောသင်ရိုးများကိုပို့ချခဲ့သည်။ ၁၉၂၅ အသက် (၃၃)တွင် ပမ်းဘရုတ်ကောလိပ်(Pembroke College, Oxford)ပညာရေးရာအဖွဲ့ဝင်ရာထူးနှင့်အတူ ရော်လင်ဆန်နှင့် ဘော့စ်ဝပ်သ် ပါမောက္ခ(အန်ဂလို-ဆက်ခ်ဆွန်ဘာသာစကား)ရာထူးလျှောက်ထားသည်။[၁၁၅] ဖင်လန်ဘာသာစကားကို ပြည့်စုံစွာမကျွမ်းကျင်သော်တောင်မှ အတော်အတန်ထိုဘာသာစကားနှင့်ပတ်သက်၍ ဗဟုသုတရှိသည်။[၁၁၆]

ဘာသာစကားများတည်ဆောက်ခြင်း[ပြင်ဆင်ရန်]

Ah! like gold fall the leaves in the wind, long years numberless as the wings of trees!
(အင်း! ရေတွက်မရနှစ်အနန္တမှာ သစ်ပင်ခက်လက်မြေခလို့ကြွေ၊ သစ်ရွက်ခက်လည်း ရွှေအဆင်း လေတွင်ဝဲ၍ မြေသို့ခဆင်း။)
ကွမ်ညာ(Quenya)ပုံစံ Namárië အမည်ရသောကဗျာ၏ အစပိုင်းဝါကျ၊ တန်းဝေါဘာသာစကား(Tengwar)နှင့် လက်တင်အက္ခရာဖြင့်ရေးသားထားသည်။

ဝေါဟာရဗေဒပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်ခြင်းနှင့်အပြိုင် ၎င်း၏နောက်ထပ်မြတ်နိုးမှုသည် ဘာသာစကားများတည်ဆောက်ခြင်းပင်ဖြစ်လေသည်။ ထိုပညာရပ်ဆိုင်ရာလုပ်ငန်းသည် ရံခါ၌ ဘာသာစကားတည်ဆောက်မှုအပေါ် လောင်းရိပ်ကျလွှမ်းမိုးနေသဖြင့် ပညာရေးရာဖန်တီးထုတ်လုပ်ခြင်းနည်းပါးသည်ဟုဆိုလိုနိုင်သည်။ ထိုတည်ဆောက်ထားသောဘာသာစကားများအနက် "ကွမ်ညာ" (Quenya) နှင့် "ဆင်ဒါရင်" (Sindarin)သည် အဖွံ့ဖြိုးဆုံးဖြစ်၍ တော်ကီးန်၏ သီးန့်ဂန္ထဝင်စာပေအများအပြား၏ ရေသောက်မြစ်ကိုဖြစ်ပေါ်စေသောအရာများကြား ရင်းမြစ်ပိုင်းဆိုင်ရာဆက်သွယ်မှုရှိကြသည်။ တော်ကီးန်အတွက် ဘာသာစကားနှင့်သဒ္ဒါဆိုသည်မှာ ရူပအလှ၊ သောတအလှတို့ အဓိကဖြစ်ကာ "ကွမ်ညာ"သည် သောတာရုံအတွက်ရသဖြစ်စေရန် တည်ဆောက်သည်။ အက်လ်ဖ်(Elf) များအတွက် (ယခုခေတ်နှင့် နှိုင်းယှဉ်လျှင်) လက်တင်ဘာသာမျိုးအဖြစ်ရည်ရွယ်သတ်မှတ်ကာ အသံပိုင်းကို လက်တင်မှအခြေခံ၍ ပါဝင်ဖွဲ့စည်းစနစ်အချက်အလက်များမှာ ဖင်လန်၊ ဝေလ၊ အင်္ဂလိပ်နှင့် ဂရိဘာသာစကားများမှ ယူငင်သုံးစွဲထားသည်။[၁၁၇] ၁၉၄၅နှောင်းတွင် နောက်တိုးသိသာဖွယ်မှာ "အန်ဒူနိုက်" သို့ "နျူမန်နောရီးယန်"[မှတ်စု ၄] များပြောသော ဘာသာစကားလည်းဖြစ်နေသည်။ တော်ကီးန်၏ အတ္တလန်တစ်ရာဇဝင်နှင့်ဆက်နွှယ်ပြီး အနည်းငယ်နှစ်ခြိုက်သော ဂျူးဘာသာဂုဏ်အင်မျိုးရှိသည့် ဘာသာစကားတစ်ခုဖြစ်သည်။ အလယ်ပိုင်းကမ္ဘာမြေဒုတိယခေတ် အီရာရန်ဒီလ် (Eärendil)ဇာတ်လမ်းကို ၎င်း၏ဂန္ထဝင်စာပေ၌အခြေတည်စေပြီး တော်ကီးန်၏ ၂၀ရာစု တကယ့်ကမ္ဘာကို ၎င်း၏ အလယ်ပိုင်းကမ္ဘာမြေဒဏ္ဍာရီနှင့် ချိတ်ဆက်ပေးနိုင်ခဲ့သည်။

တော်ကီးန်စာအုပ်များ၏ ရေပန်းစားလူကြိုက်များလာခြင်းသည် အထူးသဖြင့် စိတ်ကူးယဉ်စာပေ၌ ဘာသာစကားအသုံးပြုခြင်းအပေါ် နည်းပင်နည်းသော်လည်း ရေရှည်အကျိုးသက်ရောက်ခဲ့သည်။ အဓိက အသုံးများသော အဘိဓာန်ကြီးများအပေါ်တွင်ပါ အကျိုးသက်ရောက်ခဲ့၏။ တော်ကီးန်၏ သီးသန့်သုံးစွဲသော စာလုံးပေါင်းများဖြစ်သည့် dwarves and dwarvish (dwarfs and dwarfishများနှင့်အတူ) [မှတ်စု ၅] "eucatastrophe" ဆိုသည့်ဝေါဟာရကိုလည်းတီထွင်ခဲ့သည်။

အနုပညာလက်ရာ[ပြင်ဆင်ရန်]

ငယ်စဉ်ကစ၍ တစ်လျှောက်လုံး ပန်းချီဆွဲလာခဲ့သဖြင့် ကျွမ်းကျင်သော ပန်းချီဆရာတစ်ဦးလည်းဖြစ်ပေသည်။[၁၁၈] ၎င်း၏အစောပိုင်းစာရေးသားခြင်းများ၌ ဇာတ်လမ်းများကိုဖွံ့ဖြိုး၊ အခြေတည်အောင်လုပ်ရာတွင် ရှုခင်းပုံများ၊ ထိုဒေသများ၏ မြေပုံများဖြင့် စာသားများကို အဖော်သဟဲပြုရေးဆွဲခဲ့သည်။ သားသမီးများကို ပြောပြပို့ပေးသော ဇာတ်လမ်းပုံပြင်များတွင်လည်း သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာရေးဆွဲသည်။ သူ့ကိုယ်တိုင်က အပျော်တမ်းပန်းချီဆရာဟုသတ်မှတ်သော်လည်း ထုတ်ဝေသူများကဤစာရေးဆရာ၏ မျက်နှာဖုံးပုံ၊ အတွင်းစာမျက်နှာပြည့် သရုပ်ဖော်ပုံ၊ မြေပုံများကိုသာ သုံးစွဲခဲ့သည်။[၁၁၉]

ကျန်ရစ်သော အမွေအနှစ်[ပြင်ဆင်ရန်]

မှီငြမ်းတင်ဆက်ခြင်းများ[ပြင်ဆင်ရန်]

၁၉၅၁ ထုတ်ဝေသူ မစ်လ်တန် ဝေါ့လ်ဒ်မန်းသို့ ပေးစာတွင် တော်ကီးန်က ဤသို့ရေးသားဖူးသည်။ ၎င်း၏ရည်ရွယ်ချက်သည် ရာဇဝင်ဒဏ္ဍာရီနှင့် အနည်းနှင့်အများဆိုသလိုပတ်သက်သော အကြောင်းအရာထု တစ်ခုဖန်တီးရန်ဖြစ်သည်။ ထိုဒဏ္ဍာရီနှင့်ပတ်သက်ပြီး လည်ပတ်ရမည့်စက်ဝန်းနယ်ပယ်သည် ခမ်းနားကြီးကျယ်ပြည့်စုံသည့် အရာတစ်ခုနှင့် ချိတ်ဆက် ရှိသင့်သည်။ သို့သော် ဇာတ်လမ်း၊ ဂီတ၊ ပန်းချီကိုဖန်တီးချင်သော လက်ပေါင်းများစွာ၊ စိတ်ပေါင်းများစွာအတွက် နယ်မြေထားပေးခဲ့သည်။[၁၂၀] အနုပညာရှင်များစွာ၏ လက်များစွာ၊ စိတ်များစွာကို တော်ကီးန်၏ဒဏ္ဍာရီများက စေ့ဆော်မှုများပေးနိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ တော်ကီးန်က ၎င်းအသက်ရှင်စဉ် ၎င်းလက်ရာများအပေါ် ထုတ်လုပ်ဖန်တီးထားသော အနုပညာရှင်အားလုံး၏ တင်ဆက်မှုပုံစံတချို့ကို အကြိုက်မတွေ့ဖြစ်သည်။ ဥပမာ ဟော့ဘစ်ဂျာမန်မူတွင် Horus Engels ၏ သရုပ်ဖော်မှုများကိုကား မကြိုက်ပေ။[၁၂၁]

အမေရိကန်ပြည်ထောင်စုတွင် တော်ကီးန်ပရိသတ်အစုအဖွဲ့ (Tolkien fandom) ပေါ်လာခြင်းကို သဘောမကျသံသယရှိ၏။ ၁၉၅၄၌ လက်စွပ်များ၏ အရှင်သခင် အမေရိကန်မူတွင် စာအုပ်အပေါ်ဖုံးအတွက် အဆိုပြုမှုများကို ဤသို့တုံ့ပြန်ပြောဆိုခဲ့သည်။

စာအုပ်အဖုံးပေါ်က စီစဉ်ထားတဲ့ဖော်ပြချက်များနဲ့ပတ်သတ်လို့ ကျေးဇူးတော့တင်ပါရဲ့။ အဲဒါကို ပြန်ပို့လိုက်ပါတယ်။ အမေရိကန်တွေက ဝေဖန်မှု၊ အမှန်ပြင်တာတွေကို ထုံးစံအတိုင်းလိုလိုလားလားလက်မခံပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့အားထုတ်မှုက အတော့်ကိုဆိုးဆိုးဝါးဝါးဖြစ်နေလို့ အဲဒါတွေပြန်ကောင်းအောင်ပြင်ဖို့ မလုပ်ချင်လုပ်ချင်နဲ့လုပ်ရအုံးမယ်ဗျာ။[၁၁၇]


ရုပ်ရှင် မှီငြမ်းတင်ဆက်ခြင်းများ[ပြင်ဆင်ရန်]

တော်ကီးန်နှင့်ပတ်သက်သော ပညာရှင် James Dunningက Tollywood ဟု စကားလုံးကိုတီထွင်သုံးစွဲခဲ့သည်။ အသံနှစ်ခုရောထွေးသုံးစွဲသည့် ဤစကားလုံးမှာ "Tolkien Hollywood" ပင်ဖြစ်၍ တော်ကီးန်ဂန္ထဝင်လက်ရာများကို ဝင်ငွေကောင်းရုပ်ရှင်အဖြစ်တင်ဆက်သော မှီငြမ်းဇာတ်ကားများကို ရည်ညွှန်းရာ၌ သုံးစွဲသည်။[၁၂၂]

ဇာတ်လမ်းမှီငြမ်းပုံဖော်တင်ဆက်ခြင်းကို လုံးဝမဆန့်ကျင်ခဲ့ခြင်းမရှိခဲ့ပါ။ ၁၉၆၈တွင် တော်ကီးန်က ဟော့ဘစ်နှင့် လက်စွပ်များ၏ အရှင်သခင် ရုပ်ရှင်၊ ပြဇာတ်၊ ရောင်းကုန်မူပိုင်ခွင့်(merchandising rights)အား United Artists သို့ရောင်းချပြီး ထိုကုမ္ပဏီက ရုပ်ရှင်ထုတ်လုပ်ခဲ့ခြင်းမရှိခဲ့ပါ။ ၁၉၇၆တွင် United Artists က မူပိုင်ခွင့်ကို Saul Zaentz Company ခွဲဖြစ်သော Tolkien Enterprises သို့ ရောင်းချသည်။


The Lord of the Rings ကို ၁၉၇၈၌ ဒါရိုက်တာ Ralph Bakshi ကရိုက်ကူးကာ ဇာတ်ညွှန်းကို Peter S. Beagle ကရေးသားခဲ့သည်။ ဇာတ်လမ်းတစ်ခုလုံး၏ ပထမတစ်ဝက်လောက်အား ခြုံငုံမိသည်။ [၁၂၃] ဟော့ဘစ်၏ ကာတွန်းပုံ အန်နီမေးရှင်းပုံစံကို Rankin/Bass က အမေရိက၌ တီဗီဇာတ်ကားအဖြစ် ၁၉၇၇တွင် ပွဲဦးထွက်ထုတ်လုပ်ခဲ့သည်။ The Return of the King (1980 film) (အန်နီမေးရှင်းကာတွန်းပုံစံ)ကို Rankin/Bass ကထုတ်လုပ်ရိုက်ကူ၍ Ralph Bakshi မရိုက်ခဲ့သော ဇာတ်လမ်းနောက်ပိုင်းဖြစ်သည်။ ၂၀၀၁ မှ ၂၀၀၃အထိ နယူးလိုင်းရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ပီတာ ဂျက်ဆန် ရိုက်ကူးသော လက်စွပ်များ၏ အရှင်သခင် ရုပ်ရှင်သုံးတွဲပင်ဖြစ်သည်။ နယူးဇီလန်နိုင်ငံတွင် ရိုက်ကူးခဲ့သည်။ ဤဇာတ်ကားများသည် ငွေကြေးအရအကျိုးမြတ်များစွာရရှိသည့်အပြင် အော်စကာ (အကယ်ဒမီ)ဆုများစွာရရှိခဲ့သည်။[၁၂၄] ၂၀၁၂မှ ၂၀၁၄အတွင်း Warner Bros နှင့် New Line Cinema တို့ပေါင်း၍ ဟော့ဘစ်ရုပ်ရှင်အတွဲအဖြစ် ဒါရိုက်တာ ပီတာ ဂျက်ဆန်ကပင် ဒါရိုက်တာ၊ ဦးဆောင်ထုတ်လုပ်သူ၊ ပူးတွဲဇာတ်ညွှန်းရေးဆရာအဖြစ်လုပ်ဆောင်ခဲ့သည်။[၁၂၅] တော်ကီးန် အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၉ မေလ ၁၀၌ ထုတ်ဝေ၍ ငယ်စဉ်ဘဝနှင့် စစ်ပွဲအဖြစ်ပျက်များကို အလေးထားတင်ဆက်ထား၏။[၁၂၆] တော်ကီးန်မိသားစုနှင့် အကျိုးဆောင်လုပ်ငန်းက ထိုရုပ်ရှင်ထုတ်လုပ်ခြင်းအပေါ် မနှစ်သက်၊ မပါဝင်၊ မည်သည့်မူပိုင်ခွင့်ပေးခြင်းမျိုး မရှိကြောင်းပြောဆိုခဲ့သည်။[၁၂၇]

ရုပ်မြင်သံကြား[ပြင်ဆင်ရန်]

၂၀၁၇ နိုဝင်ဘာ ၁၃တွင် အမက်ဇန်ကုမ္ပဏီ (Amazon) က ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြားမူပိုင်ခွင့်ကို The Lord of the Rings အတွက်ရယူနိုင်ခဲ့ကာ စာအုပ်၏ တိုက်ရိုက်မှီငြမ်းမှုမဟုတ်ဘဲ ယင်းဝတ္ထုပါအချိန်မတိုင်ခင် ဖြစ်ပျက်ခဲ့သောအခန်းသစ်များကို မိတ်ဆက်ရိုက်ကူးသွားမည်ဖြစ်သည်။[၁၂၈] စာနယ်ဇင်းရှင်းလင်းပွဲတွင် တော်ကီးန်၏ မူရင်းအရေးအသားများကို အခြေခံထားသည့် တစ်ခါမျှမရိုက်ကူးဖူးသေးသောအကြောင်းအရာများကို ရိုက်ကူးမည်ဟုပြောဆိုမှုများရှိခဲ့၏။ တော်ကီးန်အမွေအနှစ်ထိန်းသိမ်းခြင်းအဖွဲ့ (Tolkien Estate)၊ The Tolkien Trust၊ ဟာ့ပ်ပါကောလင်းစာပေတိုက် (HarperCollins)၊ နယူးလိုင်းရုပ်မြင်သံကြား (New Line Television)ရနှင့် ပူးပေါင်းကာ အမက်ဇန်ကထုတ်လုပ်သူအဖြစ်ဆောင်ရွက်မည်။[၁၂၉]

အမှတ်တရများ[ပြင်ဆင်ရန်]

တော်ကီးန်ကို ဂုဏ်ပြုသောအားဖြင့် The Tolkien Society က ၂၀၀၃ ခုမှစ၍ မတ်လ ၂၅ရက်နေ့ကို Tolkien Reading Day ဟုခေါ်တွင်ကာ ကမ္ဘာအနှံ့ကျောင်းများ၌စီစဉ်ကျင်းပပေးခဲ့ကြသည်။ [၁၃၀]

တော်လ်ကီးန်ကို အမှတ်ရသောအားဖြင့် ၎င်းနာမည်၊၎င်းဇာတ်ကောင်များ၊ ၎င်းဝတ္ထုထဲ၌ပါဝင်သောနေရာများစသည်တို့ကိုလည်း နိုင်ငံအတော်များများတွင် လမ်းနာမည်၊တောင်နာမည်၊တိရစ္ဆာန်နှင့် အပင်မျိုးစိတ်၊ တခြားအထင်ကရ ပစ္စည်းများအတွက် ပေးထားကြသည်။ ဥပမာ ကနေဒါနိုင်ငံ ကတ်ဝေါလဒါတောင်တန်းရှိတောင်သုံးလုံးအမည်ကို Mount Shadowfax, Mount Gandalf and Mount Aragorn အဖြစ်ခေါ်တွင်စေသည်။ [၁၃၁][၁၃၂] အနီးနားကတောင်ထိပ်ကိုလည်း Tolkien Peakဟု ခေါ်တွင်စေသည်။[၁၃၃] သက်ရှိမျိုးခွဲပညာရပ်နယ်ပယ်၌ အမျိုး (၈၀)ကျော်(80 taxa (genera and species) ကို ဟော့ဘစ်၊ လက်စွပ်များ၏ အရှင်သခင်နှင့် အလယ်ပိုင်းကမ္ဘာမြေဇာတ်လမ်းထဲမှ ဇာတ်ကောင်များကို အစွဲပြုပေးထားကြသည်။[၁၃၄]

မှတ်စု[ပြင်ဆင်ရန်]

  1. "အလယ်ပိုင်းကမ္ဘာမြေ"(Middle-earth) သည် နော့စ်ဒဏ္ဍာရီလာ လူသားများနေထိုင်သည့် နယ်မြေ Miðgarðr ဆိုသည့် ရှေးဟောင်း နော့စ်ဘာသာစကား၏ အန်ဂလို ဆက်ခ်ဆွန်ဘာသာစကား၏ ရင်းမြစ်တူဝေါဟာရ middangeard မှ အလယ်ခေတ်အင်္ဂလိပ် middel-erthe, middel-erd မှဆင်းသက်လာခဲ့သည်။
  2. လူးသီယန် တင်နျူးဗီယယ်လ် ['lu:θiɛ̯n ti'nu:viɛ̯l] သည် ဂျေ အာ အာ တော်ကီးန် ရေးသားသော စိတ်ကူးယဉ်နယ်မြေဖြစ်သည့် အလယ်ပိုင်းကမ္ဘာမြေမှ ဇာတ်ကောင်တစ်ဦးဖြစ်၍ The Silmarillionနှင့် အြခားလက်ရာတချို့တွင်ပါဝင်ပြီး အက်လ်ဖ်မျိုးနွယ်ဖြစ်သည်။ လက်စွပ်များ၏ အရှင်သခင်၌ အာရဂွန်က ဖရိုဒိုအား သူမအကြောင်းပြောပြဖူး၏။ [၆၇]
  3. ဘဲရန်သည် ဂျေ အာ အာ တော်ကီးန် ရေးသားသော စိတ်ကူးယဉ်နယ်မြေဖြစ်သည့် အလယ်ပိုင်းကမ္ဘာမြေမှ ဇာတ်ကောင်တစ်ဦးဖြစ်၍ The Silmarillionနှင့် အြခားလက်ရာတချို့တွင်ပါဝင်ပြီး လူသားမျိုးနွယ်ဖြစ်သည်။ အက်လ်ဖ်အနွယ်ဝင် လူးသီယန်နှင့် ချစ်ကြိုက်ခဲ့သည်။[၇၀]
  4. အာရဂွန်တို့၏ မျိုးနွယ်
  5. တော်ကီးမတိုင်ခင် အစဉ်ဆက်အားဖြင့် dwarf - dwarfs / dwarfishဟုသာပေါင်းသော်လည်း ယခုတွင်ကား တော်ကီးန်၏ စာလုံးပေါင်း dwarf - dwarves/dwarvish ကို ပို၍ တွင်ကျယ်စွာသုံးလျက်ရှိသည်

ကိုးကား[ပြင်ဆင်ရန်]

ယေဘုယျ ကိုးကားစာအုပ်များ[ပြင်ဆင်ရန်]

  • Carpenter၊ Humphrey (1977)။ Tolkien: A Biography။ New York: Ballantine Books။ ISBN 978-0-04-928037-3 (Cited as Biography.)
  • Grotta၊ Daniel (2002)။ J. R. R. Tolkien: Architect of Middle Earth: A Biography။ Running Press။ ISBN 978-0-7624-1337-9CS1 maint: ref=harv (link) - Total pages: 197
  • Carpenter၊ Humphrey; Tolkien၊ Christopher, eds. (1981)။ The Letters of J. R. R. Tolkien။ London: George Allen & Unwin။ ISBN 978-0-04-826005-5 (Cited as Letters.)

အညွှန်းများ[ပြင်ဆင်ရန်]

  1. Biography, pp. 111, 200, 266.
  2. Letters, nos. 131, 153, 154, 163.
  3. de Camp၊ L. Sprague (1976)။ Literary Swordsmen and Sorcerers: The Makers of Heroic Fantasy။ Arkham House]။ ISBN 978-0-87054-076-9 The author emphasizes the impact not only of Tolkien but also of William Morris, George MacDonald, Robert E. Howard, andE. R. Eddison.
  4. Mitchell၊ Christopher။ J. R. R. Tolkien: Father of Modern Fantasy Literature။ Veritas Forum။ 20 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2020 တွင် ပြန်စစ်ပြီး။
  5. The Oxford companion to English Literature calls him "the greatest influence within the fantasy genre. (Sixth edition, 2000, page 352. Ed. Margaret Drabble.)
  6. Clute၊ John; Grant၊ John, eds. (1999)။ The Encyclopedia of Fantasy။ St. Martin's Press။ ISBN 978-0-312-19869-5
  7. "The 50 greatest British writers since 1945"၊ The Times၊ 5 January 2008။ 
  8. Miller၊ Matthew။ "Top-Earning Dead Celebrities"၊ Forbes၊ 27 October 2009။ 
  9. Biography, p. 14.
  10. Biography, p. 24.
  11. Biography, Ch I, "Bloemfontein". At 9 Ashfield Road, King's Heath.
  12. Biography, p. 27.
  13. Biography, p. 113.
  14. Biography, p. 29.
  15. Doughan၊ David (2002)။ JRR Tolkien Biography။ 3 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2006 တွင် ပြန်စစ်ပြီး။
  16. Biography, p. 22.
  17. Biography, p. 30.
  18. Biography, pp. 24–51.
  19. Biography, p. 31.
  20. J. R. R. Tolkien Archived 29 April 2011 at the Wayback Machine., Birmingham Heritage Forum. Retrieved 27 April 2009.
  21. J. R. R. Tolkien Archived 18 May 2008 at the Wayback Machine., Archives and Heritage Service, Birmingham City Council. Updated 7 January 2009. Retrieved 28 April 2009.
  22. Saler, Michael T. (2012) As If: Modern Enchantment and the Literary Pre-History of Virtual Reality, Oxford University Press, ISBN 978-0-19-534316-8, p. 181
  23. Tolkien's Not-So-Secret Vice။ 22 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  24. Tolkien's Languages။ 24 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 February 2020 တွင် ပြန်စစ်ပြီး။
  25. Bramlett၊ Perry C. (2002)။ I Am in Fact a Hobbit: An Introduction to the Life and Works of J. R. R. Tolkien။ Mercer University Press။ p. 136။ ISBN 978-0-86554-894-7။ 15 February 2017 တွင် မူရင်းမှ မော်ကွန်းတင်ပြီး See also: Book of the Foxrook Archived 2 February 2017 at the Wayback Machine.
  26. Smith၊ Arden R. (2006)။ "Esperanto"။ in Drout၊ Michael D. C. (ed.)။ J. R. R. Tolkien Encyclopedia: Scholarship and Critical Assessment။ Routledge။ p. 172, and Book of the Foxrook Archived 2 February 2017 at the Wayback Machine.; transcription on Tolkien i Esperanto Archived 19 October 2016 at the Wayback Machine.; the text begins with "PRIVATA KODO SKAŬTA" (Private Scout Code)
  27. Biography, pp. 53–54.
  28. Tolkien and the Great War, p. 6.
  29. Letters, no. 306.
  30. ၃၀.၀ ၃၀.၁ Hammond၊ Wayne G.; Scull၊ Christina (26 February 2004)။ The Lord of the Rings JRR Tolkien Author and Illustrator။ Royal Mail Group plc (commemorative postage stamp pack)။
  31. ၃၁.၀ ၃၁.၁ ၃၁.၂ ၃၁.၃ ၃၁.၄ Letters, No. 43.
  32. Doughan၊ David (2002)။ War, Lost Tales and Academia။ 3 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2006 တွင် ပြန်စစ်ပြီး။
  33. Biography, p. 43.
  34. Biography, pp. 67–69.
  35. Biography, p. 86.
  36. Biography, pp. 77–85.
  37. London Gazette|issue=29232|page=6968|date=16 July 1915
  38. Quoted in John Garth, Tolkien and the Great War, p. 138.
  39. Garth (2003), pages 147–148.
  40. Garth (2003), p. 149.
  41. Biography, p. 93.
  42. The Lord of the Rings. Preface to the Second Edition.
  43. Garth (2003), pp. 207 et seq.
  44. Tolkien's Webley .455 service revolver was put on display in 2006 as part of a Battle of the Somme exhibition in the Imperial War Museum, London. (See SECOND LIEUTENANT J R R TOLKIEN။ Imperial War Museum။ 25 November 2018 တွင် ပြန်စစ်ပြီး။ and WEBLEY .455 MARK 6 (VI MILITARY)Imperial War Museum Collection Search။ Imperial War Museum။ 25 November 2018 တွင် ပြန်စစ်ပြီး။)
  45. Several of his service records, mostly dealing with his health problems, can be seen at the National Archives. (Officer's service record: J R R Tolkien။ National Archives။ 8 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2009 တွင် ပြန်စစ်ပြီး။)
  46. Biography, p. 98 Archived 16 November 2016 at the Wayback Machine.
  47. "London Gazette|issue=30588 |supp=y|page=3561|date=19 March 1918"
  48. Grotta 2002, p. 58
  49. London Gazette|issue=32110 |supp=y|page=10711|date=2 November 1920
  50. Gilliver၊ Peter; Marshall၊ Jeremy; Weiner၊ Edmund (2006)။ The Ring of Words: Tolkien and the OED။ OUP။
  51. Grotta၊ Daniel (28 March 2001)။ J. R. R. Tolkien Architect of Middle Earth။ Running Press။ pp. 64–။ ISBN 978-0-7624-0956-3။ 11 May 2011 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 22 August 2010 တွင် ပြန်စစ်ပြီး
  52. See The Name Nodens (1932) in the bibliographical listing. For the etymology, see Nodens#Etymology.
  53. Acocella၊ Joan (2 June 2014)။ "Slaying Monsters: Tolkien's 'Beowulf'"The New Yorker။ 30 May 2014 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 2 June 2014 တွင် ပြန်စစ်ပြီး
  54. Biography, p. 143.
  55. Tolkien: Finn and Hengest. Chiefly, p.4 in the Introduction by Alan Bliss.
  56. Tolkien: Finn and Hengest, the discussion of Eotena, passim.
  57. Kennedy၊ Michael (2001)။ Tolkien and Beowulf – Warriors of Middle-earth။ 9 May 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2020 တွင် ပြန်စစ်ပြီး။
  58. Biography, p. 133.
  59. ၅၉.၀ ၅၉.၁ ၅၉.၂ ၅၉.၃ Letters, no. 35 (see also editorial note).
  60. ၆၀.၀ ၆၀.၁ ၆၀.၂ ၆၀.၃ Hammond၊ Wayne G.; Scull၊ Christina (2006)။ The J. R. R. Tolkien Companion and Guide2။ HarperCollins။ pp. 224, 226, 232။ ISBN 978-0-618-39113-4
  61. Grotta၊ Daniel (28 March 2001)။ J. R. R. Tolkien Architect of Middle Earth။ Running Press။ pp. 110–။ ISBN 978-0-7624-0956-3။ 11 January 2014 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 22 August 2010 တွင် ပြန်စစ်ပြီး
  62. Rogerson, John. The Oxford Illustrated History of the Bible, 2001.
  63. J. R. R. Tolkien, The Father Christmas Letters (1976)
  64. Nomination Database။ Nobel Foundation။ 21 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2017 တွင် ပြန်စစ်ပြီး။
  65. London Gazette|issue=45554 |date=1 January 1972 |page=9 |supp=y
  66. Shropshire County Council (2002)။ J. R. R. Tolkien။ 2 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2020 တွင် ပြန်စစ်ပြီး။
  67. https://en.wikipedia.org/wiki/Lúthien
  68. Birzer၊ Bradley J. (13 May 2014)။ J. R. R. Tolkien's Sanctifying Myth: Understanding Middle-earth။ Open Road Media။ ISBN 978-1-4976-4891-320 November 2017 တွင် ပြန်စစ်ပြီး – via Google Books။
  69. "J. R. R. Tolkien Dead at 81; Wrote 'The Lord of the Rings'"၊ The New York Times၊ 3 September 1973။ "J. R. R. Tolkien, linguist, scholar and author of 'The Lord of the Rings', died today in Bournemouth. He was 81 years old. ..." 
  70. https://en.wikipedia.org/wiki/Beren
  71. Letters, no. 52, to Christopher Tolkien, 29 November 1943
  72. Letters, nos. 64, 131, etc.
  73. Wood, Ralph C. Biography of J. R. R. Tolkien (1892–1973). Addison, Texas; Leadership University. Updated 13 July 2002. Retrieved 28 April 2009.
  74. Tolkien, Mythopoeia (the poem), c. 1931.
  75. Carpenter၊ Humphrey (1978)။ The Inklings။ Allen & Unwin။ ISBN 978-0-00-774869-3 Lewis was brought up in the Church of Ireland.
  76. Letters, no. 83.
  77. Letters, no. 53.
  78. Letters, no. 229.
  79. Letters, no. 81.
  80. Letters, no. 102.
  81. Saguaro၊ Shelley; Thacker၊ Deborah Cogan (2013)။ "Tolkien and Trees" (PDF)။ in Hunt၊ Peter (ed.)။ J. R. R. Tolkien: New Casebook။ Palgrave Macmillan။ ISBN 978-1-137-26399-5။ 3 October 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF)
  82. Dickerson၊ Matthew; Evans၊ Jonathan (2006)။ Ents, Elves, and Eriador: The Environmental Vision of J. R. R. Tolkien။ University of Kentucky Press။ ISBN 978-0-8131-2418-6
  83. Letters, no. 1.
  84. Letters, no. 226.
  85. Anderson, Douglas A. The Annotated Hobbit, Boston, Houghton Mifflin 1988, p. 183, note 10.
  86. Anderson, Douglas A. The Annotated Hobbit, Boston, Houghton Mifflin 1988, pp. 6–7.
  87. Resnick၊ Henry (1967)။ "An Interview with Tolkien"။ Niekas။ pp. 37–47။
  88. Nelson, Dale J. (2006). "Haggard's She: Burke's Sublime in a popular romance". Mythlore (Winter–Spring). 
  89. Lobdell၊ Jared C. (2004)။ The World of the Rings: Language, Religion, and Adventure in Tolkien။ Open Court။ pp. 5–6။ ISBN 978-0-8126-9569-4
  90. Rogers၊ William N., II; Underwood၊ Michael R. (2000)။ "Gagool and Gollum: Exemplars of Degeneration in King Solomon's Mines and The Hobbit"။ in Clark၊ George; Timmons၊ Daniel (eds.)။ J. R. R. Tolkien and His Literary Resonances: Views of Middle-earth။ Westport, Conn.: Greenwood Press။ pp. 121–132။ ISBN 978-0-313-30845-1
  91. Stoddard၊ William H. (July 2003)။ Galadriel and Ayesha: Tolkienian Inspiration?။ Franson Publications။ 22 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 December 2007 တွင် ပြန်စစ်ပြီး။
  92. Letters, p. 391, footnote.
  93. As described by Christopher Tolkien in Hervarar Saga ok Heidreks Konung (Oxford University, Trinity College). B. Litt. thesis. 1953/4. [Year uncertain], The Battle of the Goths and the Huns, in: Saga-Book (University College, London, for the Viking Society for Northern Research) 14, part 3 (1955–56) Publications by and about Christopher Tolkien။ 8 March 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2005 တွင် ပြန်စစ်ပြီး။
  94. ၉၄.၀ ၉၄.၁ Day၊ David (1 February 2002)။ Tolkien's Ring။ New York: Barnes and Noble။ ISBN 978-1-58663-527-5
  95. Handwerk၊ Brian (1 March 2004)။ Lord of the Rings Inspired by an Ancient Epic။ 16 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 March 2006 တွင် ပြန်စစ်ပြီး။
  96. ၉၆.၀ ၉၆.၁ ၉၆.၂ Fimi, Dimitra (2006). "'Mad' Elves and 'elusive beauty': some Celtic strands of Tolkien's mythology". Folklore 117 (2): 156–170. doi:10.1080/00155870600707847. ISSN 1547-3155. 
  97. Fimi, Dimitra (2007). "Tolkien's Celtic" type of legends': Merging Traditions". Tolkien Studies 4: 51–71. doi:10.1353/tks.2007.0015. ISSN 1547-3155. 
  98. Bofetti၊ Jason (November 2001)။ Tolkien's Catholic Imagination။ 21 August 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 February 2020 တွင် ပြန်စစ်ပြီး။
  99. Kocher၊ Paul H. (1972)။ Master of Middle-earth: The Fiction of J. R. R. Tolkien။ Houghton Mifflin။ pp. 76–77ISBN 978-0-395-14097-0
  100. Caldecott၊ Stratford။ "The Lord & Lady of the Rings"၊ Touchstone Magazine၊ January–February 2002။ 
  101. Tolkien, J. R. R. (1963). Beowulf: The Monsters and the Critics. Oxford. pp. 10–11.
  102. Phillip၊ Norman။ "The Prevalence of Hobbits"၊ The New York Times 
  103. "Oxford Calling"၊ The New York Times၊ 5 June 1955။ 
  104. Seiler၊ Andy။ "'Rings' comes full circle"၊ USA Today၊ 16 December 2003။ 
  105. "BBC – The Big Read" Archived 31 October 2012 at the Wayback Machine.. BBC. April 2003. Retrieved 2 November 2012
  106. Cooper၊ Callista (5 December 2005)။ Epic trilogy tops favorite film poll။ ABC News။ 16 January 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2006 တွင် ပြန်စစ်ပြီး။
  107. O'Hehir၊ Andrew (4 June 2001)။ The book of the century။ 13 February 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 March 2006 တွင် ပြန်စစ်ပြီး။
  108. Diver၊ Krysia။ "A lord for Germany"၊ The Sydney Morning Herald၊ 5 October 2004။ 
  109. Flood၊ Alison။ "JRR Tolkien's Middle-earth love story to be published next year"၊ The Guardian၊ 19 October 2016။ 
  110. Helen၊ Daniel။ "The Fall of Gondolin published"၊ Tolkien Society၊ 30 August 2018။ 
  111. J. R. R. Tolkien Collection (4 March 2003)။ 2 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2009 တွင် ပြန်စစ်ပြီး။
  112. McDowell၊ Edwin။ "Middle-earth Revisited"၊ The New York Times၊ 4 September 1983။ 
  113. Katherine Turley, "Inside a Very Great Story...", The Tablet 2 June 2018, pp. 20–21.
  114. Winchester, Simon (2003). The Meaning of Everything: The Story of the Oxford English Dictionary. Oxford University Press. ISBN 0-19-860702-4; and Gilliver, Peter, Jeremy Marshall and Edmund Weiner (2006). The Ring of Words: Tolkien and the Oxford English Dictionary. Oxford University Press. ISBN 0-19-861069-6.
  115. Letters, no. 7, to the Electors of the Rawlinson and Bosworth Professorship of Anglo-Saxon, University of Oxford, 27 June 1925.
  116. Grotta, Daniel (2001). J. R. R. Tolkien: Architect of Middle Earth. Philadelphia, Running Press. ISBN 0-7624-0956-8.
  117. ၁၁၇.၀ ၁၁၇.၁ Letters, no. 144.
  118. France၊ Connexion။ The fine art of weaving a Tolkien tale။ 7 March 2018 တွင် ပြန်စစ်ပြီး။
  119. Hammond၊ Wayne G; Scull၊ Christina (1995)။ J. R. R. Tolkien: Artist and Illustrator။ Boston: Houghton Mifflin Co.။ ISBN 978-0-395-74816-9OCLC 33450124
  120. Letters, no. 131.
  121. Letters, no. 107.
  122. Tollywood and The Hobbit of the Rings, Vol. I။ Tolkienlibrary.com။ 26 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 August 2013 တွင် ပြန်စစ်ပြီး။
  123. Canby၊ Vincent။ "Film: 'The Lord of the Rings' From Ralph Bakshi"၊ The New York Times၊ 15 November 1978။ 
  124. "Rings scores Oscars clean sweep"၊ BBC News၊ 1 March 2004။ 
  125. McNary၊ Dave။ "'The Hobbit' Pics to Shoot in February"၊ Variety၊ 15 October 2010။ 
  126. Welk၊ Brian။ "J.R.R. Tolkien Biopic With Nicholas Hoult Gets Summer 2019 Release Date"၊ 17 January 2019။ 
  127. Flood၊ Alison။ "Tolkien estate disavows forthcoming film starring Nicholas Hoult"၊ The Guardian၊ 23 April 2019။ 
  128. Amazon will run a multi-season Lord of the Rings prequel TV series (13 November 2017)။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  129. Koblin၊ John။ "'Lord of the Rings' Series Coming to Amazon"၊ The New York Times၊ 13 November 2017။ 
  130. "Tolkien Reading Day" Archived 26 October 2015 at the Wayback Machine.. The Tolkien Society. Retrieved 14 May 2014
  131. Mount Gandalf။ The Province of British Columbia။ 12 December 2014 တွင် ပြန်စစ်ပြီး။
  132. Mount Shadowfax။ The Province of British Columbia။ 12 December 2014 တွင် ပြန်စစ်ပြီး။
  133. တမ်းပလိတ်:Cite bivouac
  134. Larsen 2007