နာဇီ

ဝီကီပီးဒီးယား မှ

NAZI ဆိုသည်မှာ ဂျာမန်ဘာသာစကားဖြစ်သည့် Nationalsozialismus (အမျိုးသား ဆိုရှယ်လစ်စနစ်) အတိုချုပ်ထားခြင်းဖြစ်သည်။

အမျိုးသားဆိုရှယ်လစ်စနစ် (Nationalsocialism)[ပြင်ဆင်ရန်]

အမျိုးသားဆိုရှယ်လစ်စနစ် သည် အစွန်းရောက်သော လူတစ်စု၏ ဂျူးလူမျိုးမုန်းတီးရေး၊ ကွန်မြူနစ်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအယူဝါဒ တော်လှန်ရေး အတွက် လှုံ့ဆော်လှုပ်ရှားခဲ့သော စနစ်ကြီးတစ်ခုဖြစ်သည်။ အမျိုးသားဆိုရှယ်လစ်စနစ် (german: Nationalsozialismus) သည် ပထမကမ္ဘာစစ်ကြီးအပြီး ဂျာမဏီနိုင်ငံတွင် စတင်အမြစ်တွယ်ပေါက်ဖွားခဲ့သည်။

နာဇီတို့၏လုပ်ဆောင်မှုများ[ပြင်ဆင်ရန်]

အဒေါ့လ်ဖ် ဟစ်တလာ (Adolf Hitler) ၏ ခေါင်းဆောင်မှုအောက်တွင် ဂျာမန် အမျိုးသားဆိုရှယ်လစ် အလုပ်သမားများပါတီ (NSDAP) နှင့် သူ၏ ပါတီဝင်များသည် "တတိယပြည်ထောင်" သို့မဟုတ် "ခေါင်းဆောင်ကြီးဦးစီးသော နိုင်ငံတော်" ဟုဆိုကာ နာဇီတို့၏ "အကြွင်းမဲ့အာဏာရှင်စနစ်" ကို တည်ထောင်ခဲ့ကြသည်။ ၁၉၃၉ ခုနှစ်မှ စတင်၍ နယ်နိမိတ်ကျူးကျော်ရေး စစ်ပွဲများစွာကိုဆင်နွှဲပြီး ဒုတိယကမ္ဘာစစ်မီးစာကို စတင်လောင်ကျွမ်း စေခဲ့သည်။ နာဇီတို့၏ အုပ်ချုပ်မှုတလျောက် ဂျူးသုတ်သင်ရေးစီမံကိန်း ကို အစီအစဉ်တကျနှင့် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည်။

နာဇီတို့၏ အုပ်စိုးဗိုလ်ကျမှု သည် ၁၉၄၅ ခု မေလ ၈ ရက်နေ့တွင် ဒုတိယ ကမ္ဘာစစ်ကြီးနှင့်အတူ အပြီးသတ်ချုပ်ငြိမ်းသွားခဲ့သည်။

နာဇီလက်သစ်များ[ပြင်ဆင်ရန်]

လက်ယျာအစွန်းရောက်ဝါဒီများသည် ပါတီအဖွဲ့အစည်းမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် နာဇီတို့၏ အယူအဆ နှင့် သဘောတရားများကို ပြန်လည်အသက်သွင်းလျက်ရှိကြသည်။ နာဇီတို့၏ စည်းရုံးရေးလုပ်ငန်းစဉ်များ၊ နာဇီပါတီအဖွဲ့အစည်းများ၊ ထိုတစ်ချိန်က အသုံးပြုခဲ့သော သင်္ကေတများ၊ အမှတ်အသားများ၊ နာဇီတို့၏ နှုတ်ဆက်သည့် ဟန်များကို ယနေ့ ဂျာမဏီနိုင်ငံတွင် ရာဇဝတ်မှုတစ်ခုအနေနှင့် ဥပဒေပြု တားမြစ်ထားသည်။ ဩစတြီးယားနိုင်ငံနှင့် အခြားသော နိုင်ငံအများအပြားတွင်လည်း နာဇီစနစ်ဆိုး နောက်ထပ်တစ်ကြိမ် အသက်မဝင်စေရန် ထိုနည်းအတူ ဥပဒေပြု၍ ပိတ်ပင်တားမြစ်လျက်ရှိသည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]