ဒဏ္ဍာရီ

ဝီကီပီးဒီးယား မှ

ဒဏ္ဍာရီ (အင်္ဂလိပ်: myth) သည် ရိုးရာအစဉ်လာယုံကြည်မှု အမျိုးအစားဖြစ်၍ ပြောရိုးစဉ်ဆက်ရှိသော ဇာတ်လမ်းများ (သို့) ပုံပြင်များပါဝင်သည်။ အခြေတကျတည်ရှိပြီးဖြစ်သော ဇာတ်လမ်းပုံပြင်များ (သို့) ဇာစ်မြစ် ဒဏ္ဍာရီများကဲ့သို့သော အကြောင်းအရာများသည် လူမှုအဖွဲ့အစည်းတစ်ရပ်၌ အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်သည်။ ဒဏ္ဍာရီများတွင်ပါဝင်သော ဇာတ်ကောင်များမှာ နတ်များ (gods)၊ နတ်နှင့်လူ ပေါင်းဖက်မှုမှ ဆင်းသက်လာကြသော နတ်လူများ (demigod - နတ်တစ်ပိုင်း လူတစ်ပိုင်း) (သို့) လူစွမ်းအားရှင်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။[၁][၂][၃] ရံဖန်ရံခါ၌ တစ်စုံတစ်ဦးသည် တစ်ခုခု၊ တစ်ဖွဲ့ဖွဲ့၏ ခေါင်းဆောင်များပင်ဖြစ်လင့်ကစား ပုံမှန်နေ့စဉ်လှုပ်ရှားကြသော လူသားများနှင့်ပတ်သက်သော ဇာတ်လမ်းပုံပြင်များကို ဒဏ္ဍာရီနှင့်မတူသော ရာဇဝင်ပုံပြင် (legend) များထဲ့သို့ ထည့်သွင်းကြသည်။

ဒဏ္ဍာရီများကို အုပ်ချုပ်သူများ၊ ဘာသာရေးခေါင်းဆောင်များက မကြာခဏဆိုသလို မှန်ကန်ကြောင်းထောက်ခံအတည်ပြုကြကာ ထိုဒဏ္ဍာရီများသည် ဘာသာတရား၊ ယုံကြည်သက်ဝင်မှုများနှင့် နီးနီးကပ်ကပ် ပတ်သက်ဆက်နွယ်ကြသည်။[၁] တစ်ကယ်တမ်းအနေဖြင့် လူမှုအဖွဲ့အစည်းများစွာသည် ၎င်းတို့၏ ဒဏ္ဍာရီများ၊ ရာဇဝင်များ၊ သမိုင်း စသည်တို့ကို အုပ်စုများဖွဲ့ ခွဲခြားကြ၍ အဆိုပါ ဒဏ္ဍာရီများ၊ ရာဇဝင်များကို အလွန်ဝေးကွာသော အတိတ်တစ်ချိန်မှ မှန်ကန်သောအကြောင်းအရာများဖြစ်ကြသည်ဟု ယူဆကြ၏။[၁][၂][၄][၅] အထူးသဖြင့် ဒဏ္ဍာရီများဖန်တီးခြင်းသည် ရှေးကမ္ဘာဦးကာလများ၌ ဖြစ်ပေါ်ခဲ့ကြသည်။[၁][၆][၇] အခြားဒဏ္ဍာရီများကလည်း စံနမူနာများ၊ ဓလေ့ထုံးတမ်းများ၊ တားမြစ်ချက်များ မည်သို့မည်ပုံအခြေတည်၍ မှန်ကန်ကြသည်ဟု ရှင်းလင်းပြသကြသည်။[၁][၇] ဒဏ္ဍာရီပြောရိုးစဉ်များနှင့် ရိုးရာဓလေ့ကျင့်ဝတ်များအကြား ရှုပ်ထွေးသော ဆက်နွယ်မှုများလည်းရှိကြသည်။

ဒဏ္ဍာရီအကြောင်းလေ့လာမှုများသည် ခေတ်ဟောင်းသမိုင်းရာဇဝင်များ၌ စတင်ခဲ့ကြသည်။ ယူဟီးမရ(စ်) (Euhemerus)၊ ပလေးတိုး၊ ဆဲလ်လ(စ်)ရှပ်စ် (Sallustius) တို့၏ ဂရိဒဏ္ဍာရီနှင့်ပတ်သက်သည့် ပြိင်ဘက် အမျိုးအစားများကို အေဒီသုံးရာစုနှစ်ခန့်ကပေါ်ထွန်းခဲ့သော ပလေးတိုးဝါဒပညာရှင်လက်သစ်များက ဖော်ထုတ်ခဲ့ကြပြီး အေဒီ ၁၄-၁၆ရာစုခေတ် ဒဏ္ဍာရီရေးသားပြုစုသူများက ပြန်လည်ဆန်းသစ်ထုတ်ဖော်ခဲ့ကြသည်။ ယနေ့ခေတ်တွင် ဒဏ္ဍာရီလေ့လာမှုကို မနုဿဗေဒ၊ စိတ်ပညာ၊ ဝေါဟာရဗေဒ နှင့် ရိုးရာစဉ်ဆက်ပုံပြင်လေ့လာမှုအပါအဝင် ပညာရပ်ဆိုင်ရာနယ်ပယ်အမျိုးမျိုး၌ လေ့လာကြသည်။[၈] မစ်သောလာဂျီ (mythology) ဝေါဟာရကို ဒဏ္ဍာရီလေ့လာခြင်း (သို့) ဒဏ္ဍာရီထုထည်ကြီးများမှ အကြောင်းအရာတစ်ခုခုကို လေ့လာခြင်းဟု သုံးနှုန်းကြသည်။ ထိုသို့ ဒဏ္ဍာရီကြီးများအား ပညာရပ်ပိုင်းနှိုင်းယှဉ်လေ့လာခြင်းကို နှိုင်းယှဉ်ဒဏ္ဍာရီလေ့လာခြင်း (comparative mythology)အဖြစ်သိရှိကြသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များ[ပြင်ဆင်ရန်]

အားသူးရီးယန်း ဒဏ္ဍာရီ၌ ရဲရင့်မှုအပိုင်းနှင့်ပတ်သက်သော ဇာတ်လမ်းကဗျာများ (၁၈၇၇)

Myth ဆိုသည့် ဒဏ္ဍာရီ[ပြင်ဆင်ရန်]

အင်္ဂလိပ်ဝေါဟာရ myth ၏ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ပညာရှင်များကြား အတိုင်းအတာတစ်ခုထိကွဲပြားကြသည်။ ဖင်လန်ရိုးရာစဉ်ဆက်ပုံပြင်လေ့လာသူ(folklorist) လောင်းရီဟွန်ကို (Lauri Honko) က ကျယ်ပြန့်စွာညွှန်းဆိုသော အဓိပ္ပာယ်ဖွင့်ဆိုခြင်းကို တင်ပြသည်။

မစ်သ်-myth (ဒဏ္ဍာရီ)ဆိုသည်မှာ နတ်ဘုရားများ၊ ကမ္ဘာဦးအစနှင့်ပတ်သက်သော ဘာသာရေးရာဖြစ်စဉ်အကြောင်း၊ အခြေခံကျသောအဖြစ်သနစ်များ၊ နတ်ဘုရားတို့၏ စံပြလုပ်ရပ်များ၊ ထိုလုပ်ရပ်များ၏ အကျိုးအဖြစ် ဤကမ္ဘာလောကကြီးတည်ရှိနေမှု၊ ထိုဩကာသလောကအတွင်းရှိ အရာရာ၊ နတ်ဘုရားတို့၏ အမိန့်အာဏာများနှင့်တကွ လောကအတွင်းရှိ သဘာဝတရား၊ ယဉ်ကျေးမှုများကို ဖန်ဆင်းတည်ဆောက်မှုများဖြစ်သည်။ ဒဏ္ဍာရီ (myth)သည် လူမှုအဖွဲ့အစည်း၏ ဘာသာရေးတန်ဖိုးများ၊ စံနမူနာထုံးတမ်းဓလေ့များကို ဖော်ပြကာ အတုယူဆောင်ရွက်ရမည့် ကိုယ်ကျင့်အပြုအမူနှင့်ဆက်စပ်သော ပုံစံကို ထောက်ပံ့ပေးသည်၊ ရိုးရာဓလေ့များ၏ လက်တွေ့ဆန်သော အစွန်းဆုံအခြေနေများနှင့်အတူ အကျိုးသက်ရောက်မှုကို မှန်ကန်ကြောင်းထင်ရှားစေသည်၊ ဘာသာရေးယုံကြည်ကိုးကွယ်မှု၏ မွန်မြတ်သန့်စဉ်မှုကို တည်ထောင်ပေးသည်။[၉]

အခြားနယ်ပယ်အတွင်းရှိ ပညာရှင်များက ဤ myth ဆိုသောဝေါဟာရကို အမျိုးမျိုးအထွေထွေ နည်းလမ်းများဖြင့် သုံးစွဲကြသည်။[၁၀][၁၁][၁၂] ကျယ်ကျယ်ပြန့်ပြန့်အဓိပ္ပာယ်မျိုးဖြင့် ထိုစကားလုံးသည် ရိုးရာစဉ်ဆက်ပြောဆိုကြသော ပုံပြင်ဇာတ်လမ်းများ[၁၃][၁၄][၁၅] လတ်တလောရေပန်းစားနေသော မမှန်ကန်သည့်အကြောင်းအရာများ (popular misconception)၊ စိတ်ကူးယဉ်ဖြစ်တည်မှု (imaginary entity) စသည်တို့ကို ရည်ညွှန်းနိုင်၏။[၁၆]

သို့သော်လည်း တစ်ဖက်တွင် ဒဏ္ဍာရီ နှင့် အခြားရိုးရာစဉ်ဆက်ပုံပြင်များ၏ အမျိုးအစားပုံစံတို့သည် တစ်ခုနှင့်တစ်ခု နယ်ပယ်တူညီမှုရှိနိုင်သော်လည်း ဒဏ္ဍာရီသည် သမိုင်စဉ်ဆက်လက်ခံခဲ့သော ရာဇဝင်ပုံပြင်(legend) နှင့် ရိုးရာပုံပြင်များ (folktale) အမျိုးအစားများနှင့် မတူဘဲကွဲပြားကြသည်ဟု မကြာခဏဆိုသလိုယူဆတွေးထင်ကြသည်။ အကြောင်းမှာ ဤနှစ်ခုကို မြင့်မြတ်သော ဇာတ်လမ်းပုံပြင်များဟူ၍ တွေးမြင်ယူဆခြင်းမရှိသောကြောင့်ပင်ဖြစ်၏။[၁၇][၁၈] အချို့သော ရိုးရာပုံပြင်အမျိုးစားများ ဥပမာအနေဖြင့် နတ်သား နတ်သမီးပုံပြင်များ(fairy stories)အား မည်သူမျှမှန်ကန်သည်ဟု မယူဆကြပါ။ ဤသို့ဖြင့် ထိုသို့သော ပုံပြင်များကို ဒဏ္ဍာရီနှင့် ကွာဝေးစွာရှုမြင်ယူဆနိုင်ကြသည်။ [၁၉][၂၀][၂၁] အများအားဖြင့် ဒဏ္ဍာရီ၌ အဓိကဇာတ်ကောင်များသည် နတ်ဘုရား၊ နတ်လူများ သို့ စွမ်းအားရှင်လူပုဂ္ဂိုလ်များဖြစ်ကြပြီး[၁][၂][၃] ရာဇဝင်ပုံပြင်များက လူသားများကို အဓိကဇာတ်ဆောင်အဖြစ် ခင်းကျင်းပုံဖော်ကြသည်။[၁] မည်သို့ပင်ဆိုစေကာမူ အစ်လိယ(ဒ်)ကဗျာရှည် (Iliad)၊ အော့ဒစ်ဆီကဗျာရှည် (Odyssey)၊ အစ်နီးယစ်ဒ်ကဗျာရှည် (Aeneid) တို့တွင်ကဲ့သို့ များစွာသော ချွင်းချက်များ၊ ပေါင်းစပ်မှုများ တည်ရှိနေကြသည်။[၂၂][၂၃] ထို့အပြင် ယဉ်ကျေးမှုများအကြား ပုံပြင်များ ပျံ့နှံ့လာသောအခါ (သို့) ယုံကြည်မှုများပြောင်းလဲသွားသည့်အခါ ဒဏ္ဍာရီများကို ရိုးရာစဉ်ဆက်ပုံပြင်များအဖြစ် ယူဆလာကြကာ ထိုပုံပြင်များထဲရှိ တန်ခိုးစွမ်းအားရှိဇာတ်ကောင်များကို လူသားများ၊ လူနှင့်တူသောပုဂ္ဂိုလ်များ ဥပမာ... လူထွားကြီးများ (သို့) လူ့ဘီလူးကြီးများ (giants)၊ အက်လ်ဖ်များ (elves)၊ နတ်သူငယ်ကလေးများ (faerie) အဖြစ်ပြန်လည်ပုံဖော်တင်ဆက်ကြသည်။ [၂][၂၄][၂၅] ဆန့်ကျင်ဘက်အနေဖြင့် သမိုင်းနှင့် စာပေဆိုင်ရာ အကြောင်းအရာများသည် ဒဏ္ဍာရီဆန်သော အရည်အသွေးများကို ဖြည်းဖြည်းခြင်း ရယူကြသည်။ ဥပမာ ဗြိတိန်အလယ်ခေတ်စာပေ (Matter of Britain) ဖြစ်သော အားသာဘုရင် နှင့် ဘုရင့်စားပွဲဝိုင်းအကြောင်းအရာ စသည်တို့နှင့်[၂၆] ပြင်သစ်စာပေ ဒဏ္ဍာရီကြောင်းရာများသည် ၅-၈ရာစုများမှ သမိုင်းဝင်အဖြစ်ပျက်များကို ခပ်လှမ်းလှမ်းသဘော ရယူထားဟန်တူသည်။ နောက်ပိုင်းနှစ်များတွင် ဒဏ္ဍာရီပုံစံများဖြစ်လာခဲ့ကြ၏။

အရပ်သုံးစကားအဖြစ် ဒဏ္ဍာရီ ဟူသော စကားလုံးကို အချက်လက်ပိုင်းအခြေခံအကြောင်းအရင်းမရှိသော လူအများစွဲမြဲလက်ခံထားကြသည့် ယုံကြည်မှု (သို့) မမှန်ကန်သော ဇာတ်လမ်းများနှင့် ပတ်သက်၍ သုံးစွဲကြသည်။[၂၇] ဤအသုံးအနှုန်းသည် အခြားသောယဉ်ကျေးမှုများနှင့် ပတ်သက်ပြီး ဘာသာရေးဆိုင်ရာဒဏ္ဍာရီနှင့် ယုံကြည်မှုများကို မမှန်ကန်ဟု တံဆိပ်ကပ်ခြင်းမှ ပေါ်ပေါက်လာကာ[၂၈] ရံခါ၌ ဤအသုံးအနှုန်းသည် အထင်သေးရှုတ်ချသည့်သဘောဆောင်လျက် ရှိသည်။[၂၉] သို့ရာတွင် ရိုးရာပုံပြင်လေ့လာသူများနှင့် တက္ကသိုလ်ပညာနယ်ပယ်မှ ပညာရှင်များက မနုဿဗေဒကဲ့သို့သော ဆီလျှော်ရာနယ်ပယ်များတွင် သုံးနှုန်းကြသောအခါ ဤဝေါဟာရ၌ ဇာတ်လမ်းပုံပြင်တစ်ခုသည် မှန်ကန်သည် (သို့) မမှန်ကန်ပါဟူ၍ သွယ်ဝိုက်ညွှန်းဆိုမှုနောက်ဆက်တွဲအဓိပ္ပာယ်မပါရှိချေ။[၃၀]

Mythology ဆိုသည့် ဒဏ္ဍာရီ[ပြင်ဆင်ရန်]

လက်ရှိအသုံးပြုမှု၌ မစ်သောလာဂျီ (mythology) ဝေါဟာရသည် လူ့အဖွဲ့တစ်ခုနှင့်ပတ်သက်၍ စုစည်းရွေးချယ်ထားသော ဒဏ္ဍာရီများကို ဆိုလိုသည်။ သို့သော် ထိုသို့သော ဒဏ္ဍာရီများအားလေ့လာခြင်းဟူ၍လည်း အဓိပ္ပာယ်သက်ရောက်နိုင်သည်။[၃၁] ဥပမာ ဂရိဒဏ္ဍာရီရောမဒဏ္ဍာရီ နှင့် ဟစ်တိုင်း ဒဏ္ဍာရီ (Hittite) တို့အားလုံးသည် ထိုလူ့အဖွဲ့ ယဉ်ကျေးမှုများကြား ပြန်လည်ပြောဆိုကြသော ဒဏ္ဍာရီထုထည်ကြီးတစ်ရပ်ကို ဖော်ပြ၏။ ရိုးရာပြောဆိုပုံပြင်လေ့လာသူ အလန် ဒန့်စ် (Alan Dundes) က ကမ္ဘာလောကကြီးနှင့် လူ့လောကတစ်ရပ် ယနေ့ခေတ်အခြေအနေသို့ မည်သို့မည်ပုံဖြစ်ပေါ်တိုးတက်လာခဲ့သည်ကိုရှင်းလင်းပြသသော အလေးအမြတ်ထားအပ်သည့်(မြင့်မြတ်သည့်) ဇာတ်လမ်းပုံပြင်(sacred narrative) များကို ဒဏ္ဍာရီဟူ၍ ဖွင့်ဆိုသည်။ ဒန့်စ် ကပင်ဆက်လက်၍ မြင့်မြတ်သည့်ဇာတ်လမ်းအကြောင်းရာ(sacred narrative) များသည် လူမှုအဖွဲ့အစည်းတစ်ခု၏ လူမှုရေးရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျင့်ထုံးများ၊ စံစနစ်များကို တိတိကျကျဖော်ပြထားသည်၊ ဩကာသလောက၏ ရှုထောင့်အမြင်များကို ရှင်းလင်းပြသသည်။ ထိုသို့ဖြင့် ယဉ်ကျေးမှုတစ်ရပ်နှင့်ပတ်သက်၍ အခြေခံကျသော လောကအမြင်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် အကျိုးရှိသင့်တော်သည့် ဇာတ်လမ်းတစ်ခုကို မြင့်မြတ်သည့်ဇာတ်လမ်းအကြောင်းရာ ဟုအမျိုးအစားခွဲခြားခဲ့သည်။ [၃၂] မနုဿဗေဒပညာရှင် ဘရုစ် လင်ကန် (Bruce Lincoln) က ဒဏ္ဍာရီသည် ဇာတ်လမ်းသဏ္ဌာန်ရှိသော အတွေးအမြင်စနစ်ဟု ဖွင့်ဆိုသတ်မှတ်သည်။[၃၃]

mythography ဆိုသည့် ဒဏ္ဍာရီ[ပြင်ဆင်ရန်]

ဒဏ္ဍာရီများအား ပြုစုခြင်း (သို့) (အနုပညာဖြင့်တင်ဆက်)ဖော်ပြခြင်းဟူသည့်ဝေါဟာရကို မစ်သောဂရာဖီ (mythography) အဖြစ်အသိများ၍ ဤအသုံးအနှုန်းကို ပညာရပ်ပိုင်းဆိုင်ရာအနေဖြင့် ဒဏ္ဍာရီများအားစုပေါင်းခြင်း (သို့မဟုတ် ရှုပ်ထွေးသည့်အနေအထားဖြင့် ဒဏ္ဍာရီများအား ယေဘုယျသဘောလေ့လာခြင်း) ဟူ၍သုံးနှုံးနိုင်သည်။[၃၄] ဂန္ထဝင်ရိုးရာ၌ ဒဏ္ဍာရီ အဓိကပြုစုသူများတွင် အိုဗစ်ဒ် (Ovid) (ဘီစီ ၄၃-၁၇/၁၈)ပါဝင်ပြီး ၎င်း၏ ဒဏ္ဍာရီများနှင့်ပတ်သက်ပြီး ပြောဆိုခြင်းသည် ယနေ့ခေတ်အထိ ခိုင်ခိုင်ခန့်ခန့်လွှမ်းမိုးနိုင်ခဲ့လေသည်။ နောက်တစ်ဦးမှာ ၅-၆ရာစုက လက်တင်စာရေးဆရာ ဖေးဘီးယ(စ်) ပလန်းရှီယိတ် ဖာလ်ဂျန်းရှီယက်စ် (Fabius Planciades Fulgentius) ဖြစ်၍ ၎င်း၏ စုစည်းထားသော ဒဏ္ဍာရီများနှင့် ထိုအမျိုးမျိုးထွေပြားသောဒဏ္ဍာရီများမှ ကိုယ်ကျင့်တရားဆိုင်ရာ ဘာသာပြန်ဆိုချက်များကိုပေးသည်။ အမည်မသိရဘဲ အလယ်ခေတ် ဗာတစ်ကန်မှ(Vatican) ဒဏ္ဍာရီပြုစုသူများသည် အလယ်ခေတ်အကုန်ပိုင်းထိ ဆက်လက်လွှမ်းမိုးခဲ့သည့် ဂန္ထဝင်ဒဏ္ဍာရီ (ဂရိ၊ရောမ) များကိုပြုစုခဲ့ကြ ဖော်ထုတ်ခဲ့ကြပြီး ခေတ်ဆန်းချိန်မှ ပညာရှင် Natalis Comes ၏ ဒဏ္ဍာရီ ဆယ်အုပ် (ten-book Mythologiae) သည် ဥရောပခေတ်ဆန်းချိန်နှောင်းပိုင်း ဂန္ထဝင်ဒဏ္ဍာရီအတွက် စံစနစ်ရင်းမြစ်များဖြစ်လာခဲ့သည်။[၃၅] အခြားထင်ရှားသော ဒဏ္ဍာရီပြုစုသူများတွင် ၁၃ရာစု၌ အက်ဒါစကားပြေ (Prose Edda) ၏ လက်ရာရှင် စနော်ရီ စတားလဆန် (Snorri Sturluson) ဖြစ်ပြီး ထိုစကားပြေသည် အလယ်ခေတ်များမှစ၍ ယခုထိ အဓိကရှင်သန်လျက် ရှိသော နော့စ်ဒဏ္ဍာရီ၏ ယေဘုယျဖော်ပြချက် (စစ်ဆေးလေ့လာနိုင်မှု) တစ်ခုဖြစ်သည်။

Mythos ဆိုသည့် ဒဏ္ဍာရီ[ပြင်ဆင်ရန်]

ဒဏ္ဍာရီ (myth) ကိုအထင်သေးရှုတ်ချသော အဓိပ္ပာယ်မျိုးဖြင့် ရံခါ၌ သုံးစွဲလေ့ရှိသောကြောင့် အချို့သောပညာရှင်များသည် မစ်သ် အစား (အသံထွက်- မိုင်းသော့စ် သို့ မစ်သော့စ် သို့ မိသော့စ်)[၃၆] mythos ဆိုသည့် ဝေါဟာရကို ရွေးချယ်ခဲ့ကြသည်။[၃၂] သို့သော်လည်း မိုင်းသော့စ်သည် ယခုအခါ၌ ဇာတ်လမ်းဖြစ်ရပ်တစ်ခုအနေဖြင့် အရစ်တိုတယ်လက်ရာ အဓိပ္ပာယ်မျိုးဖြင့် ရည်ညွှန်းကြသည် (သို့) အချင်းချင်းဆက်နွယ်သော ဒဏ္ဍာရီ သို့ ပုံပြင်များ ကိုလည်းရည်ညွှန်းကြသည်။ အထူးသဖြင့် ဘာသာရေးဆိုင်ရာ (သို့) ယဉ်ကျေးမှုဆိုင်ရာ ရိုးရာအစဉ်အဆက်သဘောပါသည့် အကြောင်းအရာများကို ပို၍ ရည်ညွှန်းသည်။[၃၇] တစ်ခါတစ်ရံတွင် H. P. Lovecraft ၏ ကမ္ဘာဖန်တီးခြင်းကဲ့သို့သော ခေတ်ပေါ် စိတ်ကူးယဉ်ဒဏ္ဍာရီများအတွက်လည်း ဤဝေါဟာရကိုသုံးစွဲကြသည်။

Mythopoeia ဆိုသည့် ဒဏ္ဍာရီ[ပြင်ဆင်ရန်]

ဒဏ္ဍာရီအား တရည်တရွယ်ဖန်တီးခြင်းကို အခြားသူများကြား၌ ဂျေ အာ အာ တော်ကီးန်က ဤဝေါဟာရ (mythopoeia - မစ်သ်သာ/သို ပီးယား) ကိုသုံးစွဲခဲ့သည်။[၃၈][၃၉] နာဇီဝါဒသမား Alfred Rosenberg ကလည်း ဆိုးဆိုးရွားရွား ဤဝေါဟာရကို သူ့နည်းသူ့ဟန်ဖြင့် ညွှန်းဆိုခဲ့ပြန်သည်။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

အိုဒစ်ဆီးယတ်စ်ကို အကြီးအကျယ်စိတ်ခံစားသွားစေသော ဒစ်မောဒက(စ်)သီဆိုသည့် သီချင်း။ ပန်းချီဆရာ ဖရန်ရှက်စကို ဟေးယက်ဇ်၏ ပုံ (၁၈၁၃-၁၅)

မစ်သ် (ဒဏ္ဍာရီ) ဆိုသည့်စကားလုံးသည် ရှေးဟောင်းဂရိ μῦθος [mȳthos] မှဆင်းသက်လာကာ အဓိပ္ပာယ်မှာ စကား၊ ဇာတ်လမ်း၊ စိတ်ကူးယဉ်ဇာတ်လမ်း၊ ဒဏ္ဍာရီ၊ ဇာတ်ကွက် ဖြစ်သည်။ အင်္ဂလိပ်ဘာသာပုံစံဖြင့် ဤဂရိစကားလုံးကို အင်္ဂလိပ်ဘာသာစကားတွင် (၁၉)ရာစုအစောပိုင်းတွင်သုံးစွဲခဲ့သည် (အခြားဥရောပဘာသာစကားများ၌လည်း ပြုပြင်သုံးစွဲကောင်းသုံးနိုင်)။ ပညာရပ်ဆိုင်ရာနယ်ပယ်၌ စံအားဖြင့် သဘာဝလွန်စွမ်းအားများပါရှိသော ရိုးရာပုံပြင်တစ်ပုဒ်အတွက် ဘောင်ကျဉ်မြောင်းစွာသုံးပြီး ထိုပုံပြင်သည် ရှင်းလင်းချက်တစ်ရပ်၊ အကြောင်းဇာစ်မြစ် (သို့ ) တရားမျှတခြင်းများ ပါဝင်သည်။ မည်သည့်အတွက်ဟုဆိုလျှင် လူမှုအဖွဲ့စည်းတစ်ရပ်၏ အစောပိုင်းသမိုင်း၊ ဘာသာရေးယုံကြည်ချက်တစ်ခု၊ ဓလေ့ထုံးတမ်း သို့ သဘာဝဖြစ်ရပ်တစ်ခု အတွက်ဖြစ်သည်။[၄၀]

အပြန်အလှန်အားဖြင့် ရှေးဟောင်းဂရိ μυθολογία [mythología] (အဓိပ္ပာယ် - ပုံပြင်၊ အစဉ်အလာစကားများ၊ ရာဇဝင်ပုံပြင်၊ ပုံပြင်ပြောခြင်းများ) သည် mȳthos ကိုနောက်ဆက်စကားလုံး 'λογία [-logia] ("လေ့လာခြင်း/ပညာရပ်") ပေါင်းခြင်းဖြစ်ကာ ဆွတ်ပျံ့ကြည်နူးဖွယ်အချစ်ဇာတ်လမ်း၊ စိတ်ကူးယဉ်ဇာတ်လမ်း၊ ဇာတ်လမ်းပုံပြင်ပြောဆိုခြင်းဟု အနက်ရသည်။[၄၁] ထိုနည်းတူစွာ ပလေးတိုးက mythología စကားလုံးကို စိတ်ကူးယဉ်ဇာတ်လမ်း၊ ပုံပြောခြင်း အတွက် ယေဘုယျဝေါဟာရအဖြစ် သုံးစွဲခဲ့သည်။ ထိုဂရိဝေါဟာရ mythología ကို လက်တင်ဘာသာစကားက ချေးငှားယူသည်။ ထိုစကားလုံးသည် လက်တင်စာရေးဆရာ ဖာလ်ဂျန်းရှ(စ်)၏ ငါးရာစုက Mythologiæ စာအုပ်၏ ခေါင်းစဉ်ဖြစ်၍ ဂရိနှင့် ရောမ နတ်ဘုရား ဇာတ်လမ်းပုံပြင်များ၏ အသေးစိတ်ရှင်းလင်းချက်ကို ညွှန်းဆိုသည်။ ယခုအခါတွင် ထိုဂရိ၊ ရောမနတ်ဘုရားဇာတ်လမ်းများကို ဂန္ထဝင်ဒဏ္ဍာရီ (classical mythology) ဟူ၍ ခေါ်ဝေါ်ကြသည်။ ဖာလ်ဂျန်းရှ(စ်)၏ Mythologiæ သည် ထိုအကြောင်းအရာများကို ဖြစ်ရပ်မှန်ပုံစံဖြင့် ကိုင်တွယ်ခြင်းမျိုးမဟုတ်ဘဲ အနက်ထုတ်ဖော်ရန်လိုအပ်သော ခိုင်းနှိုင်းတင်စားချက်များအဖြစ် ထိုအကြောင်းအရာကို တိကျရှင်းလင်းပြတ်သားစွာ ကိုင်တွယ်သည်။[၄၂]

ထိုလက်တင်စကားလုံးကိုပင် အလယ်ခေတ်ပြင်သစ်ဘာသာစကားက mythologie အဖြစ်ချေးယူသုံးစွဲသည်။ ပြင်သစ်မှ လာသည်ဖြစ်စေ လက်တင်မှ လာသည်ဖြစ်စေ "mythology" ဟူသောစကားလုံးကို အင်္ဂလိပ်က ယူငင်သုံးစွဲ၍ ဒဏ္ဍာရီတစ်ခု (သို့) ဒဏ္ဍာရီများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဖော်ပြမှု၊ တိရစ္ဆာန်ပုံပြင်များ (fables) အားအနက်ထုတ်ဖော်ခြင်း (သို့) ထိုသို့သောအကြောင်းရာများကို ရှင်းလင်းဖော်ပြသောစာအုပ် စသည့်အဓိပ္ပာယ်ရသည်။ ခိုင်မာသွာရှိသည့် သက်သေမှာ ထိုစကားလုံးကို (၁၄၂၅)က ဂျွန် လစ်ဒ်ဂိတ်ရေးသည့် ထရွိုင်စာအုပ် ပင်ဖြစ်သည်။[၄၃][၄၅][၄၆]

လစ်ဒ်ဂိတ်လက်ထက်မှ ၁၇-၁၈ရာစုအထိ မစ်သောလာဂျီ ကို အမှန်မဟုတ်ဟု နားလည်ထားသော စာရိတ္တပိုင်းဆိုင်ရာ တိရစ္ဆာန်ပုံပြင်ခိုင်းနှိုင်းမှုတစ်ခု (သို့) ခရစ်ယာန်ပုံဆောင်ဝတ္ထု (သို့) ရိုးရာပုံပြင်များအစု ဟုဆိုလိုရန် သုံးစွဲခဲ့သည်။[၄၃][၄၈] နောက်ဆုံးတွင် ကမ္ဘာအနှံ့၌ တစ်ဆူထက်များသော ဘုရားဝါဒရှိ ယဉ်ကျေးမှုများကြား ရိုးရာပုံပြင်များနှင့်ပတ်သက်သော အကြောင်းအရာများကို ရည်ညွှန်းရန် သုံးစွဲလာကြသည်။[၄၃]

ထို့ကြောင့် mythology စကားလုံးသည် အင်္ဂလိပ်ဘာသာစကားသို့ "myth" မတိုင်မီကပင် ဝင်ရောက်လာခဲ့သည်။ ဂျွန်ဆင်၏ အဘိဓာန်၌ ဖွင့်ဆိုမည့်ခေါင်းစဉ်စကားလုံးတွင် မစ်သောလာဂျီ သာပါပြီး မစ်သ် မပါဝင်ချေ။[၅၁] တစ်ကယ်တမ်းတွင် ဂရိထံမှ ငှားယူသုံးစွဲသော mythos[၅၃] (အများကိန်း- mythoi) နှင့် လက်တင်စကားလုံး mythus[၅၅] (အများကိန်း- mythi) နှစ်ခုလုံးသည် ၁၈၃၀ခုနှစ် myth စကားလုံးစတင်သုံးစွဲချိန်မတိုင်မီကပင် အင်္ဂလိပ်ဘာသာစကားတွင် ပါဝင်ခဲ့ကြသည်။[၅၈]

ရှေးဟောင်းဂရိဘာသာစကားဖြင့် အဓိပ္ပာယ်များ[ပြင်ဆင်ရန်]

μῦθος (mythos) ဝေါဟာရသည် ဟိုးမား၏ လက်ရာများနှင့် ထိုခေတ်က အခြားကဗျာဆရာများ၏ လက်ရာများတွင် ပါဝင်ခဲ့သည်။[၅၉] ဤလက်ရာများ၌ ဤစကားလုံး၏ အချို့သောအဓိပ္ပာယ်များမှာ တစ်ဦးနှင့်တစ်ဦးစကားပြောဆိုခြင်း၊ ဇာတ်လမ်း၊ စကား၊ ပုံပြင် (story or tale) နှင့် စကားလုံး တို့ဖြစ်ကြသည်။ ဤစကားလုံးသည် အမှန် (သို့) အမှား ဇာတ်လမ်းနှစ်ခုကြားမှ သိသာရှင်းလင်းသောကွာခြားမှုကိုကား ထောက်ပံ့မပေးနိုင်ပါ။[၅၉] ရှေးဂရိပြဇာတ်နှင့်ဆက်စပ်၍ mythos သည် ဒဏ္ဍာရီ၊ ဇာတ်လမ်း၊ ဇာတ်ကွက် နှင့် ပြဇာတ်၏ ဇာတ်အိမ်ကို ဆိုလိုသည်။[၆၀]

ဒဏ္ဍာရီများအား အနက်ဖော်ထုတ်ခြင်း[ပြင်ဆင်ရန်]

ဒဏ္ဍာရီနှိုင်းယှဉ်လေ့လာမှု[ပြင်ဆင်ရန်]

ဒဏ္ဍာရီနှိုင်းယှဉ်လေ့လာမှုသည် အမျိုးမျိုးသော ယဉ်ကျေးမှုများမှ ဒဏ္ဍာရီများကို စနစ်တကျနှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။ များစွာသောယဉ်ကျေးမှုများ၏ဒဏ္ဍာရီများတွင် တူညီနေသော အဓိကအခြေခံကြောင်းတရားကို ရှာဖွေရန်လည်း ဤပညာရပ်က ကြိုးပမ်းသည်။ အချို့သောအခြေအနေများ၌ ဒဏ္ဍာရီနှိုင်းယှဉ်လေ့လာသူများသည် တသီးတခြားဖြစ်နေသော ဒဏ္ဍာရီများကြား တူညီမှုများရှိသည်ဆိုသည့်အချက်ကို အသုံးပြု၍ ထိုဒဏ္ဍာရီများ၌ တူညီသောရင်းမြစ်တစ်ခုရှိကြသည်ဟုလည်း ပြောဆိုကြသည်။ ဤရင်းမြစ်သည် ဒဏ္ဍာရီများကို စေ့ဆော်ကောင်းစေ့ဆော်နိုင်မည် (သို့) ယဉ်ကျေးမှုတစ်ခုချင်းစီ၏ဒဏ္ဍာရီများသို့ ကွဲပြားစေခဲ့သည့် ရှေးအကျဆုံးတူညီသောဒဏ္ဍာရီတစ်ခုကို ထောက်ပံ့ကောင်းထောက်ပံ့နိုင်မည်။[၆၁]

လူမှုရေးရာရှုထောင့်နှင့် ရှင်သန်စေသောယန္တယား[ပြင်ဆင်ရန်]

ဒဏ္ဍာရီများသည် လူမှုအဖွဲ့အစည်းနှင့် လူမှုအကျင့်စရိုက်တို့ကို ပုံဖော်သည်၊ ပုံသွင်းသည်ဟု သုံးသပ်မှတ်ချက်ပြုသူအများအပြားက ဤသို့ညွှန်းဆိုကြသည်။ မီးယာချီးယဲ အက်လီယေးဒ် (Mircea Eliade) ကဒဏ္ဍာရီ၏အရေးပါဆုံးလုပ်ဆောင်ချက်များအနက် တစ်ခုမှာ အမူအကျင့်ပုံစံများ တည်ထောင်ရန်ဖြစ်သည်[၆၂][၆၃] ပြီးလျှင် ဒဏ္ဍာရီများသည် ဘာသာရေးအတွေ့အကြုံတစ်ခုကို ထောက်ပံ့ပေးရန်ဖြစ်နိုင်သည်ဟုညွှန်းဆိုပြောကြားခဲ့သည်။ ဒဏ္ဍာရီများကို ပြောခြင်း သို့ ဖော်ပြခြင်းဖြင့် အစဉ်အဆက်ရှိသောလူမှုအဖွဲ့အစည်းများမှ သူများသည် ကိုယ်တိုင် ပစ္စက္ခမှကင်းကွာသွား၍ ဒဏ္ဍရီခေတ်သို့ ပြန်ရောက်သွားကြသဖြင့် အံ့ချီးဖွယ်ရာကောင်းခြင်းနှင့် ပို၍ နီးကပ် နီးစပ်သွားကြသည်။[၄][၆၃][၆၄]

ဟွန်ကိုက ရဲရဲတင်းတင်းခိုင်ခိုင်မာမာဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်သည် ဒဏ္ဍာရီခေတ်အခြေအနေများကို ပြန်လည်မွေးဖွားရန်ကြိုးပမ်းခြင်းအလို့ငှာ ဒဏ္ဍာရီတစ်ခုကို ပြန်လည်ကျင့်သုံးလုပ်ဆောင်ကြသည်။ ဥပမာ လက်ရှိခေတ်၌ တစ်ဦးဦးကို ကုသရန် ကမ္ဘာဦးအစကာလက နတ်ဘုရားတစ်ပါးလုပ်ဆောင်ခဲ့သော ကုသခြင်းမျိုးကို ပြန်လည်ဖော်ဆောင်ကောင်းဖော်ဆောင်နိုင်သည်။[၉] ထိုနည်းတူစွာ ဘားတ်(Barthes)က ခေတ်သစ်ယဉ်ကျေးမှုသည် ဘာသာရေးနှင့်သက်ဆိုင်သော အတွေ့အကြုံတစ်ခုကို စူးစမ်းရှာဖွေကြသည်ဟုဆိုသည်။ လူသား၏ကိုယ်ကျင့်တရားကို အဓိပ္ပာယ်ဖွင့်သတ်မှတ်သည်မှာ သိပ္ပံပညာ၏ အလုပ်မဟုတ်သဖြင့် ဘာသာရေးနှင့်ဆိုင်သောအဖြစ်အပျက်အတွေ့အကြုံတစ်ခုသည် နားလည်ထားသော ကိုယ်ကျင့်တရားဆိုင်ရာအတိတ်နှင့် ဆက်စပ်ရန်ကြိုးပမ်းမှုဖြစ်သည်။ ထိုဖော်ပြသောအတိတ်သည် နည်းပညာထွန်းကားသော ပစ္စုပန်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းကဲ့သို့ ကွဲပြားကြသည်။[၆၅]

အိန္ဒိယလူမျိုး ဒဏ္ဍာရီပညာရှင် ပတ္တနိုက်(Pattanaik) က ဒဏ္ဍာရီသည် လူသားများ၏ပုဂ္ဂလဓိဋ္ဌာန်ကျသော အမှန်တရားတစ်ခုအဖြစ်၍ ထိုအမှန်တရားသည် ဓလေ့ထုံးတမ်း၊ အမှတ်သညာ၊ ဇာတ်လမ်းပုံပြင်များမှတစ်ဆင့် ဆက်သွယ်ထားခြင်းဖြစ်သည်ဟု သတ်မှတ်ဖွင့်ဆိုသည်။ ၎င်းကဆက်လက်ပြောသည်မှာ "မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အမှန်တရားမဟုတ်သော စိတ်ကူးယဉ်ဇာတ်လမ်းများနှင့် လူတိုင်း၏အမှန်တရားအား ရှာဖွေရန်အားထုတ်သည့်သမိုင်းပညာရပ် စသည်တို့နှင့်မတူဘဲ ဒဏ္ဍာရီသည် တစ်စုံတစ်ဦး၏ အမှန်တရားဖြစ်ပေသည်။"[၆၆]

ယူဟီးမရဝါဒ[ပြင်ဆင်ရန်]

သီအိုရီတစ်ခုက အခိုင်အမာပြောသည်မှာ ဒဏ္ဍာရီများသည် သမိုင်းဖြစ်ရပ်များအား လိုရာစွဲ၍ဖော်ပြထားချက်အကြောင်းများဖြစ်သည်။[၆၇][၆၈] ဤသီအိုရီအရဆိုလျှင် ပုံပြင်ပြောသူများသည် ၎င်းတို့ပြောသော ဇာတ်ကြောင်းထဲမှ ပါဝင်ဇာတ်ကောင်များသည် နတ်ဘုရားသဏ္ဌာန်အနေအထားရသည့်တိုင်အောင် သမိုင်းဆိုင်ရာအကြောင်းအရာများကို ထပ်ခါတလဲလဲပြင်ဆင်ချဲ့ထွင်ကြသည်။[၆၇][၆၈] ဥပမာအားဖြင့် လေနတ်ဘုရား အီးယလ(စ်) (Aeolus) ၏ဒဏ္ဍာရီသည် သင်္ဘောရွက်သုံးတတ်စေရန်၊ လေတိုက်ခတ်မှုများကို အနက်သဘောထုတ်ဖော်တတ်ရန် ပြည်သူများအားသင်ကြားပေးခဲ့သော ဘုရင်တစ်ပါးအကြောင်း သမိုင်းအချက်အလက်တစ်ခုမှ ပေါ်ထွက်လာနိုင်ချေရှိခဲ့သည်။[၆၇] ဟစ်ရောဒတပ်စ် (Herodotus) (ဘီစီ ငါးရာစု) နှင့် ပရောဒီက(စ်) (Prodicus) တို့သည်လည်း ထိုသို့ပင်ပြောဆိုခဲ့ကြသည်။[၆၈] ဤသီအိုရီကို ယူဟီးမရဝါဒ (euhemerism) ဟုခေါ်တွင်၍ ဒဏ္ဍာရီပညာရှင် ယူဟီးမရ(စ်) (ဘီစီ ၃၂၀) ကိုအစွဲပြုပေးထားခြင်းဖြစ်ပြီး ထိုသူက ဂရိနတ်ဘုရားများသည် လူသားတို့၏ရာဇဝင်ပုံပြင်များမှ ဖြစ်ပေါ်တိုးတက်လာခဲ့သည်ဟု ဆိုခဲ့သည်။[၆၈][၆၉]

ခိုင်းနှိုင်းတင်စားမှု[ပြင်ဆင်ရန်]

အချို့သော သီအိုရီများက ဒဏ္ဍာရီများသည် သဘာဝအတိုင်းဖြစ်သော ဖြစ်ရပ်များအတွက် ခိုင်းနှိုင်းတင်စားမှုများမှ စတင်ခဲ့သည်ဟု အဆိုပြုသည်။ ဆိုလိုမှုမှာ- အပေါလို သည်နေကိုကိုယ်စားပြု၍ ပိုဆိုက်ဒန် သည်ရေကိုကိုယ်စားပြုမှု စသဖြင့် ဖြစ်သည်။[၆၈] အခြားသီအိုရီတစ်ခုအရ ဒဏ္ဍာရီများသည် ဒဿနပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အယူအဆခိုင်းနှိုင်းချက်များမှ ပေါ်လာသည်။ ဆိုလိုသည်မှာ- အသီးနာ သည် အသိဉာဏ်နှင့်ပြည့်စုံသော တရားမျှတခြင်းကို ကိုယ်စားပြုကာ အဲဖရာဒိုက်တီ (Aphrodite) သည် ဆန္ဒကို သရုပ်ဖော်သည်... စသဖြင့်ဖြစ်၏။[၆၈] မက်ခ်စ် မွတ်လာ (မြူလာ) (Max Müller) ကလည်း ထိုခိုင်းနှိုင်းမှု သီအိုရီကို ထောက်ခံသည်။ မွတ်လာ ယုံကြည်သည်မှာ ဒဏ္ဍာရီများသည် သဘာဝတရားခိုင်းနှိုင်းဖော်ပြချက်များအဖြစ် စတင်ခဲ့၍ စာပေရေးရာအရ ဖြည်းဖြည်းခြင်း ဘာသာပြန်ဆိုခဲ့ကြသည်။ ဥပမာ ပင်လယ်ပြင်၏ ကြမ်းတမ်းမှုကို ကဗျာဆန်ဆန်ဖော်ကျူးမှုအား စာပေထဲသို့သွင်းယူခဲ့ကြပြီး ထိုပင်လယ်ပြင်ကို ဒေါသမာန်ဟုန်ပြင်းသည့် နတ်ဘုရားတစ်ပါးအနေဖြင့် တွေးမြင်ယူဆကြသည်။[၇၀]

လူ့အသွင်ခိုင်းနှိုင်းတင်စားခြင်း[ပြင်ဆင်ရန်]

ဒဏ္ဍာရီများသည် သက်မဲ့အရာများ၊ ခွန်အား စွမ်းအားများကို လူ့အသွင်သဘော ခိုင်းနှိုင်းတင်စားခြင်းမှ ပေါက်ဖွားလာကြသည်ဟု အချို့သော တွေးခေါ်သူတို့ကဆိုကြသည်။ ထိုသူတို့ပြောဆိုမှုများအရ ရှေးဦးသူတို့သည် လေ၊ မီးစသည့် သဘာဝဖြစ်စဉ်များကို ကိုးကွယ်ကြ၍ တဖြည်းဖြည်းခြင်း အံ့တုအာခံလာကြသည်။[၇၁] ဥပမာတစ်ရပ်မှာ ဤသီအိုရီသဘောအရ ရှေးဦးလူတို့သည် ဟိုအရာ သည်အရာများကို သက်မဲ့ပစ္စည်းအဖြစ်မဟုတ်တော့ဘဲ နတ်ဘုရားများအဖြစ် ရှုမြင်လာသည့် အနေအထားရှိလာကြသည်။[၇၂] ထို့ကြောင့် ၎င်းတို့သည် ဒဏ္ဍာရီများကို ဖြစ်စေကြရင်း သဘာဝဖြစ်ရပ်များကို နတ်ဘုရားများ၏ လုပ်ဆောင်မှုအဖြစ် ဖော်ပြခဲ့ကြသည်။[၇၃]

ဒဏ္ဍာရီ-ဓလေ့ထုံးတမ်း သီအိုရီ[ပြင်ဆင်ရန်]

ဒဏ္ဍာရီ-ဓလေ့ထုံးတမ်း သီအိုရီအရ ဒဏ္ဍာရီသည် ဓလေ့ထုံးတမ်းနှင့် ချိတ်ဆက်လျက် ရှိသည်။[၇၄] အစွန်းရောက်ဆုံးပုံစံဖြင့် ထိုသီအိုရီသဘောတရားက ဓလေ့ထုံးတမ်းများကို ရှင်းလင်းပြသခြင်းအလို့ငှာ ဒဏ္ဍာရီများပေါ်ပေါက်လာကြသည်ဟု အခိုင်အမာဆိုသည်။[၇၅] ထိုအခိုင်အမာပြောဆိုမှုကို ပထမဆုံးတင်ပြသည့်သူမှာ ဝီလျမ် ရောဘတ်ဆန် စမစ်သ်ဖြစ်ကာ[၇၆] လူအများသည် ဒဏ္ဍာရီများနှင့်သက်ဆိုင်ခြင်းမရှိသည့် အကြောင်းပြချက်များအတွက် ရိုးရာဓလေ့ထုံးတမ်းများကို စတင်လုပ်ဆောင်ခဲ့ကြသည်ဟု ပြောကြားသည်။ ရိုးရာဓလေ့တစ်ခုအတွက် မူလအကြောင်းကို မေ့သွားကြ၍ ဒဏ္ဍာရီတစ်ခုကိုတီထွင်ကာ ကျေနပ်စေရန်ဖြေရှင်းကြသည် ပြီးနောက် ထိုဒဏ္ဍာရီတွင်ဖော်ပြထားသည့် အဖြစ်အပျက်များကို ရိုးရာဓလေ့ထုံးတမ်းက အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်ကြသည်။[၇၇] ဂျိမ်းစ်ဖရေးဇာက လူသယးများသည် မှော်ဆန်သောဓလေ့ထုံးတမ်းများမှ ယုံကြည်မှုနှင့်အတူ စတင်စွန့်စားလုပ်ကိုင်ကြ၍ နောက်ပိုင်းတွင် ထိုမှော်ဆန်မှုကို အယုံအကြည်ပျက်ယွင်းကြကာ နတ်ဘုရားများအ​ကြောင်းဒဏ္ဍာရီများကို တီထွင်ဖန်ဆင်းကြသည်။ ထိုနတ်ဘုရားများကို ကျေနပ်စေရန်ရည်ရွယ်ထားသည့် ဘာသာရေးထုံးတမ်းများအဖြစ် ထိုရိုးရာဓလေ့များကို ပြန်လလည်အနက်ထုတ်ဖော်ကြသည်။[၇၈]

အဆင့်မြင့်ပညာရပ်လေ့လာမှု သမိုင်း[ပြင်ဆင်ရန်]

သမိုင်းအရ ဒဏ္ဍာရီလေ့လာမှုအတွက် အရေးပါသော ချဉ်းကပ်လုပ်ဆောင်မှုများကို လုပ်ဆောင်ကြသူများတွင် ဂန်ဘတ်တီစတာ ဗီးကို (Giambattista Vico)၊ ဖရီးဒရစ်ခ်စ် ဝစ်လ်ဟမ်း ဂျိုးဇက် ရှက်လင် (Friedrich Wilhelm Joseph Schelling)၊ ရှိလာ(Schiller)၊ ကားလ်ယွန်း (Carl Jung)၊ ဖရွိက် (Freud)၊ လက်ဗီ-ဘရုဟီလ် (Lévy-Bruhl)၊ နော့သ်ရော့ပ် ဖရိုင်း (Northrop Frye)၊ လက်ဗီ-စထရောက် (Lévi-Strauss)၊ ဆိုဗီယက်အသိုင်းအဝိုင်းနှင့် ဒဏ္ဍာရီနှင့်ရိုးရာဓလေ့အသိုင်းအဝိုင်း တို့ပါဝင်ကြသည်။[၇၉](မှတ်ချက် - အသိုင်းအဝိုင်းဆိုရာ၌ ဒဏ္ဍာရီများကို အာရုံစိုက်ကာ တစိုက်မတ်မတ်ရေးသားနေသော စာရေးဆရာပညာရှင်အသိုင်းအဝိုင်းကိုဆိုလိုသည်။)

ရှေးဟောင်းဂရိ[ပြင်ဆင်ရန်]

ဘာဘီလုံနှင့် အဆီးရီးယား ဒဏ္ဍာရီ ရာဇဝင်များ (၁၉၁၆)

​ ဒဏ္ဍာရီအား အရေးပါသောအနက်ထုတ်ဖော်ပြန်ဆိုခြင်းသည် ဆိုခရေးတီးဇ်အချိန်မတိုင်ခင်ကပင် စတင်ခဲ့ကြသည်။[၈၀] ယူဟီးမရ(စ်)သည် ခေတ်သစ်မတိုင်ခင် အရေးကြီးဆုံးဒဏ္ဍာရီပညာရှင်များအနက်တစ်ဦးဖြစ်သည်။ ၎င်းက ဒဏ္ဍာရီများကို အရှိသမိုင်းအဖြစ်အပျက်များအား လိုရာဆွဲ၍ဖော်ပြထားသော အကြောင်းအရာများဟု ဘာသာပြန်ဆိုသည်။ ထပ်ခါတလဲပြောဆိုကြသဖြင့် ပုံပျက်သွားသော အကြောင်းများဖြစ်သည်။ ဆလရှပ်စ် (Sallustius)[၈၁] ကဒဏ္ဍာရီများကို ကဏ္ဍငါးခုခွဲခြားခဲ့သည်။ ဘာသာရေးယုံကြည်မှု၊ ရူပဗေဒ (သဘာဝဥပဒေသများနှင့်ဆိုင်သော)၊ နတ်ဘုရားကိုးကွယ်မှု (ဝိဉာဉ်ပိုင်းနှင့်သက်ဆိုင်သော)၊ ရုပ်ဝတ္ထုပိုင်း နှင့် အရောအနှောသဘောပိုင်း တို့ဖြစ်ကြ၏။ အရောအနှောသဘောပိုင်းသည် ဆိုခဲ့ပြီးသောသော ကဏ္ဍထဲမှ နှစ်ခု သို့ ထိုထက်ပိုသောကဏ္ဍများအချင်းချင်းတုံ့ပြန်ချိတ်ဆက်နေသော ဒဏ္ဍာရီများဖြစ်၍ မူလအစ၌ပင် သုံးစွဲခဲ့ကြသည့် အပိုင်းဖြစ်သည်။

ပလေးတိုးက ပြည်သူ့သမ္မတနိုင်ငံတော်(the Republic) ၌ ပညာရေးအကြောင်းဆွေးနွေးသောအခါ ကဗျာဟန်ဖြင့်ရေးသားထားသော ဒဏ္ဍာရီများကို လူသိရှင်ကြားရှုတ်ချသည်။ ပညာမတတ်သူများသည် ထိုနတ်ဘုရား၊ သူရဲကောင်းများနှင့်ပတ်သက်သော ဇာတ်လမ်းပုံပြင်များကို တိုက်ရိုက်အမှန်ဟုယူဆသွားနိုင်သည်ဟူသော အကြောင်းတရားပေါ်တွင် ၎င်းကဝေဖန်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပလေးတိုးသည်လည်း ၎င်း၏အရေးအသားအနှံ့အပြား၌ ဒဏ္ဍာရီများအပေါ် ထပ်တလဲလဲ ညွှန်းဆိုမှုများပြုခဲ့သည်။ အလယ်ခေတ်ပလေးတိုးဝါဒ(Middle Platonism)၊ ခေတ်သစ်ပလေးတိုးဝါဒ(neoplatonism) ဟုခေါ်တွင်သော သိသာသောခေတ်များတွင် ထိုပလေးတိုးဝါဒဖြစ်ပေါ်တိုးတက်ခဲ့သဖြင့် ပလူးတာ့ခ် (Plutarch)၊ ပေါဖစ်ရီ (Porphyry)၊ အိုလန်းပီယာဒေါရပ်စ် (Olympiodorus)၊ ဒမဲရှပ်စ် (Damascius) ကဲ့သို့သော စာရေးဆရာများက ရိုးရာဒဏ္ဍာရီ၊ အောဖစ်(Orphic) ဒဏ္ဍာရီများနှင့်ပတ်သက်ပြီး အရေးကြီးသော အနက်ထုတ်ဖော်ပြန်ဆိုခြင်းများကို ရှင်းလင်းတိကျစွာ ရေးသားခဲ့ကြသည်။[၈၂]

ဒဏ္ဍာရီဆိုင်ရာ အဓိကအကြောင်းများကို စာပေနယ်၌ တရည်တရွယ် အသုံးချခဲ့ကြရာ၌ ဟိုးမားမှ စတင်ခဲ့သည်။ အကျိုးဆက်စာပေလက်ရာသည် ကျူးပစ်နှင့် ဆိုက်ခီ ချစ်ဇာတ်လမ်း (Cupid and Psyche) ဒဏ္ဍာရီထု၏ အပိုင်းဖြစ်လာခြင်းမရှိဘဲ ဒဏ္ဍာရီနောက်ခံအကြောင်းကိုသာ သီးသန့်အားဖြင့်ရည်ညွှန်းနိုင်သည်။ အထူးသဖြင့် အလယ်ခေတ် ချစ်ဇာတ်လမ်းများသည် ဒဏ္ဍာရီမှ စာပေသို့ပြောင်းလဲခြင်းဖြစ်စဉ်နှင့် သက်ဆိုင်ပတ်သက်သည်။ အစောပိုင်းအဆိုပြုထားသည့်အတိုင်း ယူဟီးမရဝါဒသည် ဒဏ္ဍာရီအရည်အသွေးများစိမ့်ဝင်နေသော ထိုဇာတ်လမ်းများကို လက်တွေ့ဆန်သောအခြေအနေသို့ ပို့ဆောင်ပေးပြီး ဒဏ္ဍာရီများကို ဆီလျှော်စေသောအကြောင်းပြမှုကို ရည်ညွှန်းပါသည်။ ဤအချက်၏နမူနာတစ်ခုသည် ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာတရားဆိုင်ရာနမူနာ ပုံစံပြောင်းလဲခြင်းနောက်ကို လိုက်ပါခဲ့ပေလိမ့်မည်။ (သိသာစွာဖြင့် ခရစ်ယာန်ဘာသာခံယူခြင်း/ပြောင်းလဲခြင်း(Christianization)ပြီးနောက် ဗာဟီရဝါဒ (အဓိကကိုးကွယ်သောဘာသာမဟုတ်သည့် အယူဝါဒ) ခရစ်ယာန်မဟုတ်သော ဗဟုနာထဝါဒ ဒဏ္ဍာရီကို ပြန်လည်အနက်ဖွင့်ဆိုခဲ့ကြသည်။)

ဥရောပ၏ ခေတ်ဆန်းချိန်ကာလ[ပြင်ဆင်ရန်]

The ancient Roman poet Ovid, in his "The Metamorphoses," told the story of the nymph Io who was seduced by Jupiter, the king of the gods. When his wife Juno became jealous, Jupiter transformed Io into a heifer to protect her. This panel relates the second half of the story. In the upper left, Jupiter emerges from clouds to order Mercury to rescue Io. In the lower left, Mercury guides his herd to the spot where Io is guarded by the hundred-eyed Argus. In the upper center, Mercury, disguised as a shepherd, lulls Argus to sleep and beheads him. Juno then takes Argus's eyes to ornament the tail feathers of her peacock and sends the Furies to pursue Io, who flees to the Nile River. At last, Jupiter prevails on his wife to cease tormenting the nymph, who, upon resuming her natural form, escapes to the forest and ultimately becomes the Egyptian goddess Isis
ဘားတလိုမယ်ယို ဒီ ဂျိုးဗန်၏ သရုပ်ဖော်ပုံရှည်တွင် အသွင်ပြောင်းလဲခြင်းနှင့်ပတ်သက်သော ဒုတိယပိုင်းကို ဆက်စပ်ဖော်ပြထား၏။ ဝဲဘက်အပေါ်တွင် ဂျူပီတာနတ်မင်းသည် တိမ်တိုက်မှ ပေါ်ထွက်လာပြီး မာကျူရီနတ်မင်းအား သစ်ပင် (သို့) မြစ်စောင့်နတ်သမီး အိုင်းယို (Io)ကိုကယ်ဆယ်စေရန်ခိုင်းခြင်း။[၈၃][၈၄]

ဗဟုနာထဝါဒ (ဘုရားတစ်ဆူထက်ပိုသောကိုးကွယ်မှု) ဒဏ္ဍာရီသည် (၁၆)ရာစုတွင်ပေါ်ပေါက်လာသော အစောပိုင်း ဒဏ္ဍာရီလက်ရာများနှင့်အတူ ဥရောပတိုက်ခေတ်ဆန်းချိန်ကာလ၌ ပြန်လည်သက်ဝင်လာခဲ့သည်။ ထိုအထဲ၌ပါရှိသည့်တစ်ခုမှာ ဘာသာရေးဆိုင်ရာဒဏ္ဍာရီ (Theologia Mythologica) (၁၉၅၃) စာအုပ်ဖြစ်သည်။

(၁၉) ရာစု[ပြင်ဆင်ရန်]

ပထမဆုံးခေတ်ပေါ် အနောက်တိုင်း ပညာရပ်ဆိုင်ရာ ဒဏ္ဍာရီသဘောတရားများသည် (၁၉)ရာစုဒုတိယတစ်ဝက်၌ပေါ်ပေါက်လာခဲ့သည်။[၈၀] တစ်ချိန်တည်းတွင်ပင် myth စကားလုံးကို ဥရောပဘာသာစကားများ၌ မွေးစားသုံးစွဲခဲ့ကြသည်။[၄၀] ဥရောပတိုက်၏ ရှေးဟောင်းအတိတ်ကို စတင်စိတ်ဝင်စားမှုနှင့် မျိုးချစ်ဝါဒ( romantic nationalism) နှင့်ပတ်သက်သော ဒေသဆိုင်ရာယဉ်ကျေးမှုများက တစ်ပိုင်းတစ်စအားဖြင့် လှုံ့ဆော်ပေးနိုင်ခဲ့၍ ဂျက်ကာ့ဘ်(ဂျေးကာ့ဘ်) ဂရင်မ် (Jacob Grimm) (၁၇၈၅-၁၈၆၃)က ထိုဒေသဆိုင်ရာယဉ်ကျေးမှုများကို အကျဉ်းဖော်ပြခဲ့သည်။ ဤမျိုးချစ်ဝါဒလှုပ်ရှားမှုအရွေ့သည် ဥရောပသားပညာတတ်များကို ထိုဂန္ထဝင်ဒဏ္ဍာရီများကိုသာမက နော့စ်၊ ဖင်လန် အစရှိသည့် ဒဏ္ဍာရီများကိုလည်း စွဲဆောင်နိုင်ခဲ့သည်။ အနောက်တိုင်းသီအိုရီများကို ဥရောပသားများ၏ ကြိုးပမ်းအားထုတ်မှုများက တစ်စိတ်တစ်ပိုင်းတွန်းအားပေးနိုင်ခဲ့ကြ၍ သူတစ်ပါးနိုင်ငံများကို သိမ်းပိုက်ထိန်းချုပ်ခြင်းမှတစ်ဆင့် ၎င်းတို့ကြုံတွေ့ရသော ထိုယဉ်ကျေးမှု၊ ပုံပြင်များ၊ ဘာသာရေးများကို နားလည်ရန်နှင့် ထိန်းချုပ်ရန်တို့ဖြစ်သည်။ ထိုတွေ့ကြုံမှုများ၌ သက္ကတ ဝေဒ (Sanskrit Rigveda - ဓမ္မတေးများ)၊ ဆူးမား ဂစ်ဂါမက်ရှ် ကဗျာရှည်(Sumerian Epic of Gilgamesh) ကဲ့သို့သော ရှေးဟောင်းစာသားများ၊ လက်ရှိပါးစပ်ပြောဇာတ်လမ်းများဖြစ်သည့် အမေရိကတိုက်၏ မူရင်းနေထိုင်သူများ၏ ဒဏ္ဍာရီများ (သို့) ရိုးရာအာဖရိက ဘာသာရေးမျးတွင်ရှိသော ဇာတ်လမ်းပုံပြင်များ စသည်တို့ပါဝင်သည်။ [၈၅]

(၁၉)ရာစု ပညာရှင်များ၏ ဉာဏပိုင်းဆိုင်ရာဆက်စပ်အခြေအနေများကို ဆင့်ကဲဖြစ်စဉ်နှင့်ပတ်သက်သော ပေါ်ထွက်လာသည့်စိတ်ကူးများက နက်နဲစွာပုံဖော်ပုံသွင်းခဲ့ကြသည်။ ထိုစိတ်ကူးအကြံများ၌ပါရှိသည်မှာ များစွာသော ဥရောပအာရှဘာသာစကားများ၊ ဖြစ်နိုင်ချေရှိသည့်နောက်တစ်ခုမှာ ဇာတ်လမ်းပုံပြင်များ အားလုံးသည် ယခုပျောက်ဆုံးသွားပြီဖြစ်သော ရှေးဦးဘာသာစကားတစ်ခု အိန္ဒိယ-ဥရောပဘာသာစကား (Indo-European language) မှဆင်းသက်လာခဲ့ကြ၍ ထိုဘာသာစကားကြီးကို ကွဲထွက်လာခဲ့ကြသော ဆိုင်ရာဘာသာစကားများအားနှိုင်းယှဉ်လေ့လာခြင်းမှတစ်ဆင့် ကျိုးသင့်ကြောင်းသင့် ပြန်လည်တည်ဆောက်နိုင်သည်ဟူသော အသိအမှတ်ပြုခြင်းပါဝင်သည်။ ယဉ်ကျေးမှုများသည် တူညီသောမူကွဲများအဖြစ် ပေါ်ထွက်လာနိုင်ကောင်းလာနိုင်သည် ဆိုသည့်စိတ်ကူးကိုလည်း ထည့်သွင်းခဲ့ကြသည်။[၈၅] ယေဘုယျအားဖြင့် ၁၉ရာစု သီအိုရီများက ဒဏ္ဍာရီကို ကျရှုံးခဲ့ရသော (သို့) ပကတိဖြစ်သော ယုံကြည်မှုဆိုင်ရာအတွေးများအဖြစ် ကန့်သတ်ထားကာ တစ်ဖြောင့်တည်းလူမှုရေးဖြစ်ပေါ်တိုးတက်လာမှု သီအိုရီ (unilineal) ကန့်သတ်ဘောင်အတွင်း ခေတ်ပေါ်သိပ္ပံပညာ၏ ရှေးဦးကျသောပြိုင်ဘက်အဖြစ် ဘာသာပြန်ဆိုကြသည်။ ထိုကန့်သတ်ဘောင်က စဉ်းစားဖော်ပြသည်မှာ လူသားများ၏ ယဉ်ကျေးမှုများသည် မတူညီသောနှုန်းများဖြင့် ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်ခြင်း၏ အဖြောင့်လမ်းကြောင်း၌ သွားလာကြသည်။[၈၆]

၁၉ရာစုနှောင်းပိုင်း၏ လွှမ်းမိုးနိုင်သည့် ဒဏ္ဍာရီဆိုင်ရာသီအိုရီတစ်ခုမှာ သဘာဝတရားဒဏ္ဍာရီ (nature mythology) ဖြစ်ပြီး အဦးဆုံး ထောက်ခံသူများမှာ မက်ခ်စ် မွတ်လာ၊ အက်ဒ်ဝပ် ဘားနက် တိုင်လာ (Edward Burnett Tylor)တို့ဖြစ်ကြ၏။ ထိုသီအိုရီက ရှေးဦးသူတို့သည် သဘာဝကမ္ဘာ(ဩကာသလောက) နှင့် မူလအားဖြင့် ဆက်နွယ်ပတ်သက်ကြသည် ဟုတင်ပြကြ၍ ဝိတိုရိယခေတ် ဥရောပသားများသဘောမခွေ့သည့် ဒဏ္ဍာရီများ(ဥပမာ ကာမဆက်ဆံခြင်း၊ သွေးသားရင်းချာ ကာမဆက်ယှက်မှု(incest)၊ လူသားစားခြင်း(cannibalism) ..) စသည်တို့ကို စိုက်ပျိုးရေးတွင် မျိုးအောင်ကြီးထွားခြင်းကဲ့သို့သော သဘာဝဖြစ်စဉ်များအတွက် ခိုင်းနှိုင်းတင်စားချက်များအဖြစ် အနက်သဘောထုတ်ကြသည်။[၈၇] ပုဂ္ဂိုလ်ရေးမဆန်သည့် သဘာဝဥပဒေများ (သဘာဝတရား၊ လူမှုရေးရာအခြေအနေစသည်)ကို မဖော်ထုတ်နိုင်ခဲ့ကြသဖြင့် ရှေးဦးလူသားများသည် လှုပ်ရှားမှုမရှိသောသက်မဲ့အရာများကို သက်ရှိများနှင့် တင်စာခြင်းဖြင့် သဘာဝဖြစ်ရပ်ဖြစ်စဉ်များကို ရှင်းပြရန်ကြိုးစားခဲ့ကြ၏။ ထိုမှ နတ်ဘုရားကိုးကွယ်မှုဝါဒ (animism) ပေါ်ပေါက်လာခဲ့ရသည်။ တိုင်လာ အရဆိုလျှင် လူ့အတွေးတို့သည် ဒဏ္ဍာရီလာစိတ်ကူးများမှစတင်၍ တဖြည်ဖြည်းဖြည်းခြင်း သိပ္ပံနည်းကျ စိတ်ကူးများအဖြစ် အဆင့်ပေါင်းများစွာကျော်ဖြတ်၍ ဖြစ်ပေါ်လာခဲ့ကြသည်။[၈၈] မွတ်လာက ဒဏ္ဍာရီသည် ဘာသာစကားမှ ပေါ်ထွက်လာခဲ့သည်ဟု သုံးသပ်ကာ ဒဏ္ဍာရီကို ဘာသာစကား၏ရောဂါ ဟူ၍ပင်ခေါ်ဝေါ်ခဲ့သည်။ ဒဏ္ဍာရီများသည် ရှေးခေတ်ဘာသာစကားများ၌ စိတ္တဇနာမ်များ၊ ကျား/မ လိင် (ဝေါဟာရ)မရှိသဖြင့် ပေါ်ထွက်ခဲ့သည်ဟုလည်း ခန့်မှန်းတွက်ချက်ခဲ့သည်။ ထိုကဲ့သို့သောဘာသာစကားများ၌ မရှိမဖြစ်လိုအပ်သည့် ပြောဆိုခြင်းဆိုင်ရာ နတ်ဘုရားတင်စားခိုင်းနှုင်းမှုကို အဆုံး၌ စာပေအရမှတ်ယူခဲ့ကြသဖြင့် သဘာဝဖြစ်စဉ်များသည် သက်ရှိပုဂ္ဂိုလ်များ (သို့) နတ်ဘုရားများ ဖြစ်သည်ဆိုသောစိတ်ကူးကို ဖြစ်စေခဲ့သည်။[၇၀] ၁၉ရာစုပညာရှင်တို့သာမက ပညာရှင်အားလုံးက ဤစိတ်ကူးအားလက်ခံသည်တော့မဟုတ်ပါ။ လက်ဗီ-ဘရုဟီလ် ရှေးဦးကာလစိတ်နေသဘောထားမှာ လူ့စိတ်မနော၏ အခြေအနေတစ်ရပ်ဖြစ်ကာ သမိုင်းဆိုင်ရာဖြစ်ပေါ်တိုးတက်လာခြင်း၌ အဆင့်တစ်ခုမဟုတ်ကြောင်း အခိုင်အမာဆိုသည်။ [၈၉] မကြာသေးမီကပြုလုပ်သော ပညာရပ်ပိုင်းလေ့လာမှုတစ်ခုက ဒဏ္ဍာရီများကိုလည်ပတ်စေသည့်လူများကြား၌ သဘာဝတရားဒဏ္ဍာရီ အနက်ဖော်ထုတ်ပြန်ဆိုခြင်းအတွက် အခြေခံကြသောသက်သေအထောက်အထားကင်းမဲ့သည်ဟု မှတ်ချက်ပြုရင်း ထိုလေ့လာမှုကလည်း ထိုနည်းတူစွာပင် သဘာဝတရားဒဏ္ဍာရီ၏ အဓိကအရေးပါသော စိတ်ကူးစိတ်သန်းများကို ပစ်ပယ်သည်။[၉၀][၉၁]

ဂျိမ်းစ် ဂျော့ ဖရေးဇာက ဒဏ္ဍာရီအား မှော်ဆန်သောဓလေ့ထုံးတမ်းများ(magical rituals)ကို မှားယွင်ပြန်ဆိုမိကြသောအရာအဖြစ် ရှုမြင်သည်။ ထိုဓလေ့ထုံးတမ်းများကိုယ်တိုင်မှာ သဘာဝဥပဒေသနှင့်ပတ်သက်၍ မှားယွင်းသောစိတ်ကူးကိုအခြေခံထားသည်။ ဆိုလိုခြင်းမှာ ထိုစိတ်ကူးကား ဒဏ္ဍာရီနှင့်ဓလေ့ထုံးတမ်း(myth and ritual)တွေးခေါ်မှုပုံစံ၏ အဓိကအချက်အချာဖြစ်သည်။[၉၂] လူသားများက ပုဂ္ဂိုလ်ရေးမဆန်သောမှော်ဆန်ဆန်ဥပဒေများကို အခြေမြစ်မရှိသည့်ယုံကြည်မှုတစ်ခုဖြင့်စတင်ခဲ့ကြသည်ဟု ဖရေးဇာက ပြောသည်။ ထိုဥပဒေများကိုသုံးရာတွင် လက်တွေ့ဘဝ၌ အလုပ်မဖြစ်ကြသည်ကို သိမြင်နားလည်သောအခါ သဘာဝကျသောဥပဒေသအပေါ် ၎င်းတို့၏ယုံကြည်မှုများအားစွန့်လွှတ်ခဲ့ကြပြီး သဘာဝကိုထိန်းချုပ်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ နတ်ဘုရားများအယူအဆကို အားပေးအားမြောက်ပြုလာကြသည်။ သို့အတွက်ကြောင့်ပင် ဘာသာရေးဆန်သော ဒဏ္ဍာရီများပေါ်ပေါက်လာကြ၏။ လူသားများက ဒဏ္ဍာရီဆန်သောဖြစ်ရပ်များအား ပြန်လည်လုပ်ဆောင်မှုအဖြစ် ဖော်ထုတ်ပြန်ဆိုကြရင်း ဟိုးရှေးယခင်က မှော်ဆန်သောဓလေ့ထုံးတမ်းများကို အလေ့အထဖြစ်စေရန်ထပ်ခါတလဲလဲပြုမူဆောင်ရွက်ခြင်းဖြင့်ဆက်လက်လုပ်ဆောင်ကြသည်။ အဆုံးတွင် လူသားများသိရှိလာသည်မှာ သဘာဝတရားသည် သဘာဝဥပဒေကို လိုက်နာသည်၊ နောက် ဆက်လက်ရှာဖွေတွေ့ရှိသည်မှာ သိပ္ပံပညာမှတစ်ဆင့် ထိုမှန်ကန်သော သဘာဝတရားများပင်ဖြစ်၏။ ဤနေရာ၌ လူသားများက မှော်ဆန်ခြင်း... နောက် ဘာသာတရားမှတစ်ဆင့် သိပ္ပံပညာသို့ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် သိပ္ပံပညာက ဒဏ္ဍာရီအား ပျောက်ကွယ်သွားစေတော့သည်။[၇၈]

ဒဏ္ဍာရီဆန်သောအတွေးကို ခေတ်သစ်သိပ္ပံပညာအတွေးနှင့် ယှဉ်ပြိုင်အသုံးချစေခြင်းဖြင့် ဤကဲ့သို့သော သီအိုရီများက ခေတ်သစ်လူသားများကို ဒဏ္ဍာရီများအား စွန့်လွှတ်ပစ်ပယ်ရမည်ဟု သွယ်ဝိုက်ပြောဆိုကြသည်ဟု ဆက်ဂါလ် (Segal )က ရဲတင်းစွာဆိုခဲ့သည်။[၉၃]

(၂၀) ရာစု[ပြင်ဆင်ရန်]

ဂပ်စ်စတာ့ဗ် မောရိုး၏ ၁၈၆၈ ပရာမီးသီးယပ်စ် ပန်းချီသရုပ်ဖော်ပုံ၊ ဂရိကဗျာဆရာ ဟီးဆီးယ်စ်ဒပ်(Hesiodus) (ဖြစ်နိုင်ခြေရှိသော နောက်တစ်ဦးမှာ ဂရိအလွမ်းဇာတ်များရေးသူ အီးစကစ်လ(စ်) (Aeschylus)) ၏ဒဏ္ဍာရီ၌ ပရိုမီးသီးယပ်စ် (Prometheus - ပရာမီးသီးယပ်စ်) ကို လူသားများအား မီးပေးသည့်အတွက် ချည်နှောင်၍ အပြစ်ပေးခြင်း။

အစောပိုင်း (၂၀)ရာစု၌ ဖရွိုက် (Sigmund Freud) ဦးဆောင်သည့် ဒဏ္ဍာရီကို စိတ်ပိုင်းဆိုင်ရာ စိစစ်သုံးသပ်၍ အနက်ပြန်ဆိုခြင်းကို ဖွံ့ဖြိုးစေသော အဓိကလုပ်ဆောင်မှုများကို မြင်တွေ့နိုင်သည်။ ဖရွိုက်ကို ဂန္ထဝင်ဒဏ္ဍာရီက စေ့ဆော်ပေးနိုင်ကာ အီးဒီးပါ့စ် လိင်စိတ်မူမမှန်မှု (ရှုပ်ထွေးမှု) (Oedipus complex) အယူအဆကို ၁၈၉၉ခုနှစ်ထွက် အိပ်မက်များကို အနက်ထုတ်ဖော်ခြင်း စာအုပ်၌ စတင်ချဲ့ထွင်ဖွံ့ဖြိုးစေခဲ့သည်။ ကားလ်ယွန်း (Carl Jung) ကလည်း ထိုနည်းတူစွာ ကမ္ဘာ့ဒဏ္ဍာရီများနောက်ကွယ်က စိတ်ပညာကို နားလည်ရန်ကြိုးစားခဲ့သည်။ ဂျွန်ပြောဆိုသည်မှာ လူသားများသည် မွေးရာပါမသိစိတ် စိတ်အင်အားအချို့ကို မျှဝေသုံးစွဲကြသည်။ ထိုအချက်ကို ပကတိစိတ်အခံပုံစံ (archetypes) ဟုခေါ်ဝေါ်သည်။ မတူညီသောယဉ်ကျေးမှုများအကြားက တူညီမှုများသည် ဤတစ်သတ်မတ်တည်းရှိသောပကတိစိတ်အခံတည်ရှိမှုကို ဖော်ထုတ်ပေးသည်ဟု ၎င်းကယုံကြည်သည်။[၉၄]

(၂၀)ရာစုအလယ်တွင် လက်ဗီ-စထရောက် ဦးဆောင်ခဲ့သော ဒဏ္ဍာရီနှင့်ပတ်သက်သည့် structuralist theory (လူတို့၏ ယဉ်ကျေးမှု၊ အပြုအမူ၊သိမြင်နားလည်မှု၊အတွေ့အကြုံစသည်တို့ကို သုံးသပ်စိစစ် အနက်ထုတ်ဖော်လေ့လာသောပညာရပ်) ၏အရေးပါသောဖွံ့ဖြိုးမှုတစ်ရပ်ရှိလာခဲ့သည်။ ဒဏ္ဍာရီများသည် စိတ်၌ဖြစ်လေ့ရှိသောပုံစံများကို ရောင်ပြန်ဟပ်နိုင်ပြီး ထိုပုံစံများကို မသိစိတ်ခံစားချက်၊ စေ့ဆော်ချက်များထက် ဆန့်ကျင်ဘက်စုံတွဲများ (အကောင်း/အဆိုး၊ ကြင်နာ/ရက်စက်...) အဖြစ်ပို၍ အနက်ယူပြန်ဆိုခဲ့သည်ဟု စထရောက်က ပြောကြားခဲ့သည်။[၉၅] ထိုစဉ်အတွင်း မဲလင်းနော့ဖ်စကီ (Bronislaw Malinowski)က အရှိကမ္ဘာတွင် ဒဏ္ဍာရီတို့၏လူမှုရေးဆောင်ရွက်ချက်များအပေါ်အလေးထားသော ဒဏ္ဍာရီနှင့်ပတ်သက်သည့်စိစစ်လေ့လာမှုများကို တိုးတက်ချဲ့ထွင်ခဲ့သည်။ ဇာစ်မြစ်ဒဏ္ဍာရီကဲ့သို့သော အကြောင်းအရာများသည် လူမှုအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဆိုင်ရာစံစနစ်ပုံစံများအတွက် ဒဏ္ဍာရီဆိုင်ရာပြဋ္ဌာန်းချက်များကို ထောက်ပံ့ပေးနိုင်သည်ဆိုသော စိတ်ကူးကို ဆက်စပ်တင်ပြခဲ့သည်။[၉၆] ဆက်နွယ်ဖွဲ့စည်းမှုကိုလေ့လာခြင်းခေတ် (Structuralist Era) (အကြမ်းဖျဉ်း ၁၉၆၀ မှ ၁၉၈၀နှစ်များ) ပြီးနောက် အဓိကကျသော မနုဿဗေဒ၊ လူမှုဗေဒဆိုင်ရာ ချဉ်းကပ်မှုလေ့လာမှုများက ဒဏ္ဍာရီကို ယဉ်ကျေးမှု၊ သမိုင်း၊ အတွေးမြင်စနစ်များကဲ့သို့ အနက်ထုတ်ဖော်ပြန်ဆိုနိုင်သော၊ ခွဲခြမ်းစိတ်ဖြာနိုင်သော၊ လေ့လာနိုင်သော ဇာတ်လမ်းပုံပြင်ပုံစံတစ်ခုအဖြစ် အလွန်အမင်းဆက်ဆံကိုင်တွယ်ခဲ့ကြသည်။ အခြားနည်းအားဖြင့် ဒဏ္ဍာရီဆိုသည်မှာ အာဏာ၊ နိုင်ငံရေးတည်ဆောက်မှုများ၊ နိုင်ငံရေး-စီးပွားရေး စိတ်ပါဝင်စားမှုများနှင့်သက်ဆိုင်သည့် ဇာတ်လမ်းပုံပြင်များကို နားလည်ခြင်း၊ ပြောဆိုခြင်း ပုံစံတစ်ရပ်ဖြစ်၏။ ဤချဉ်းကပ်လေ့လာမှုများသည် ဂျိုးဇက် ကမ်းဘဲလ် (Joseph Campbell) နှင့် အီးလီယိတ် (Eliade) တို့လို လေ့လာချဉ်းကပ်မှုပုံစံများနှင့် ဆန့်ကျင်လျက် ရှိသည်။ ထိုနှစ်ဦးတို့က ဒဏ္ဍာရီသည် ယဉ်ကျေးမှုဆိုင်ရာအသေးစိတ်အချက်အလက်များထက်ပိုကာ ဒဏ္ဍာရီ၌ မြင့်မြတ်သည့် အဓိပ္ပာယ်များနှင့်ပတ်သက်သော မရှိမဖြစ်လိုအပ်သည့်ပုံစံတချို့ ပါဝင်သည်ဟူသော အယူအဆကို စွဲကိုင်ကြသည်။ အထူးသဖြင့် ဒဏ္ဍာရီကို ကွဲပြားသောလူမှုသိပ္ပံဘာသာရပ်များမှ သမိုင်းနှင့်စပ်လျဉ်း၍လေ့လာခဲ့ကြသည်။ သမိုင်းသည် အချက်လက်တိကျမှန်ကန်ကာ ဒဏ္ဍာရီသည် ဆန့်ကျင်ဘက်အနေအထားရှိသည်ဟူသောအယူအဆမျိုးဖြင့် ထိုသမိုင်းပညာရပ်ရော ဒဏ္ဍာရီပါ ကွာခြားလှသည်မဟုတ်ဟူသည့်ယူဆချက်ကို ထိုလေ့လာမှုများကမျှဝေလက်ခံကြသည်။

၁၉၅၀နှစ်များတွင် ဘားတ် (Barthes) ၎င်း၏စာအုပ် ဒဏ္ဍာရီများ (Mythologies) ၌ ဒဏ္ဍာရီဖန်တီးခြင်းဖြစ်စဉ်နှင့် ခေတ်သစ်ဒဏ္ဍာရီများကို စစ်ဆေးထားသော ဆောင်းပါးအများအပြားကို ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်သည် ဆက်နွယ်ဖွဲ့စည်းမှုကိုလေ့လာခြင်းခေတ်အပြီး (Post-structuralism) ၌ ပေါ်ထွက်လာသော ဒဏ္ဍာရီချဉ်းကပ်လေ့လာမှု၏ အစောပိုင်းလက်ရာအဖြစ်ရပ်တည်ခဲ့သည့် စာအုပ်လည်းဖြစ်သည်။ ဤသို့ဒဏ္ဍာရီချဉ်းကပ်လေ့လာမှုက ခေတ်သစ်ကမ္ဘာနှင့် ခေတ်ပေါ်ယဉ်ကျေးမှုများ၌ ဒဏ္ဍာရီ၏တည်ရှိမှုကို အသိအမှတ်ပြုသည်။[၉၇]

(၂၀)ရာစု၌ အနောက်တိုင်းယဉ်ကျေးမှုများတွင် လောကီသဘောတရား (ဘာသာရေးလွှမ်းမိုးမှုမပါရှိခြင်း) လျှင်လျင်မြန်မြန်ဖွံ့ဖြိုးလာခဲ့သည်။ ဤသည်ကပင် အနောက်တိုင်းပညာရှင်များကို အေဘရာဟမ်းမစ်ဘာသာတရားများ၌ပါရှိသော ဇာတ်လမ်းများအား စိစစ်ဝေဖန်ပိုင်းခြားစေချင်ခဲ့သည်။ ဘာသာရေးလေ့လာသူဖြစ်သည့် ဘွတ်လ်မန် (Rudolf Bultmann)က ခေတ်သစ်ခရစ်ယာန်အယူသည် ဒဏ္ဍာရီဆန်သည့်အရည်အသွေများဖယ်ရှားဖို့လိုအပ်သည်ဟု ပြောဆိုခဲ့သည်။[၉၈] အခြားဘာသာရေးပညာရှင်များက အေဘရာဟမ်းမစ်ဘာသာတရားများပါဇာတ်လမ်းများ၏ ဒဏ္ဍာရီဆန်သောအဆင့်အတန်းသည် ၎င်းတို့အရေးပါမှု၏သဘာဝကျသောပုံသဏ္ဌာန်ဖြစ်သည်ဆိုသောအယူအဆကို စွဲကိုင်ခဲ့ကြသည်။[၉၃] ခရစ်ယာန်ဘာသာရေးပညာရှင် ဟိုင်ယာစ် (Conrad Hyers) ကဤသို့ရေးသားခဲ့၏။

... ယနေ့ခေတ်ဒဏ္ဍာရီတွင် အကောင်းမဆန်သော အနက်အဓိပ္ပာယ်များရှိလာခဲ့ရသည်။ ဤသည်မှာ ဘာသာတရား(စာသား) ၌ပါရှိသော ဒဏ္ဍာရီ၏အနက်အဓိပ္ပာယ်နှင့် ဆန့်ကျင်လျက် ရှိသည်။ ဘာသာရေးကျမ်းစာတွင် ဒဏ္ဍာရီများသည် အန္တိမအမှန်တရား၏ဇာတ်လမ်းပုံဆောင် ပို့ဆောင်ပေးသည့်အရာဖြစ်သည်။ ထိုဇာတ်လမ်းဒဏ္ဍာရီများဖြင့် လူအများသည် ၎င်းတို့ဘဝအား လည်ပတ်လှုပ်ရှား အဓိပ္ပာယ်ပြန်ဆိုကြသည်။ ၎င်းတို့ဘဝ၌ ရည်ရွယ်ချက်၊ တန်ဖိုး တို့ကိုလည်းတွေ့ရှိကြသည်။ ဒဏ္ဍာရီများက တစ်စုံတစ်ယောက်အား ဖြစ်တည်ခြင်း၊ စွမ်းအား၊ အမှန်တရားတို့၏ အခြေခံကြသောအရင်းမြစ်များဖြစ်သည့် မြင့်မြတ်သော အရှိတရားများ(လက်တွေ့ဘဝ)နှင့် ထိတွေ့စေသည်။ ဒဏ္ဍာရီများကို အမှား၏ဆန့်ကျင်ဘက်အဖြစ်မြင်ရုံသာမက လူတစ်စုတစ်ဖွဲ့တို့၏ ပုံမှန်နေ့စဉ် ဟိုဟိုသည်သည်ပြောဆိုကြသော၊ ဖျော်ဖြေနိုင်ရန်အလို့ငှာပြောဆိုကြသော ဇာတ်လမ်းပုံပြင်များနှင့်မတူကွဲပြားသည်ဟူ၍လည်း ရှုမြင်ကြသည်။ ဒဏ္ဍာရီများသည် လျှို့ဝှက်ဆန်းကျယ်မှုများက မည်သည်ကြောင့် လျှို့ဝှက်ဆန်းကျယ်မှုဖြစ်ခြင်း၊ ဖြစ်လာခြင်းနှင့်ပတ်သက်သော အဖြေကိုလည်းပေးတတ်၏။ လျှို့ဝှက်ဆန်းကျယ်မှုသည် လျှို့ဝှက်ပုန်းကွယ်သည့် သဘောရှိသဖြင့် ထိုအချက်များကို ဇာတ်လမ်းပုံပြင်နှင့် ဓလေ့ထုံးတမ်းတို့မှတစ်ဆင့် ဖော်ထုတ်ပြသပေးသည်။ ဒဏ္ဍာရီများသည် သာမန်အမှန်တရားကိုသာမက အစွန်းဆုံသောအမှန်တရား(ပရမတ္ထသစ္စာ) နှင့်ပါဆက်နွယ်ပတ်သက်လျက် ရှိသည်။[၉၉]

(၂၁) ရာစု[ပြင်ဆင်ရန်]

(၁၉)ရာစု သုတေသနများက ဇာတ်လမ်းပုံပြင်မှတ်တမ်းများ၊ ပြောရိုးစဉ်လာပုံပြင်များကို တစ်ပိုင်းတစ်စပျောက်ဆုံးသွားသော ဒဏ္ဍာရီများ၏ မပြည့်စုံသောအပိုင်းများအဖြစ် ရှုမြင်ခဲ့ကြသည်။ (၂၀)ရာစု၌ပေါ်ပေါက်လာသော ဆက်နွယ်ဖွဲ့စည်းမှုဆိုင်ရာ လုပ်ဆောင်မှုများ(structuralist work ) က ဒဏ္ဍာရီတစ်ခု၏ကွဲပြားသောမူများ၌ ငုတ်လျှိုးနေသောပုံစံ၊ ဖွဲ့စည်တည်ဆောက်ပုံများကို ခွဲခြားပြသရန်ကြိုးပမ်းခဲ့ကြသည်။ ထိုရာစုနှစ်ခုလုံး၌ ပညာရှင်များက ပို၍ပြည့်စုံသော (သို့) ငုတ်လျှိုးနေသော ဒဏ္ဍာရီပုံစံများဟုထင်ထားသောအရာများကို ပြန်လည်တည်ဆောက်ရန် ရင်းမြစ်များပေါင်းစပ်ဖို့အနေအထားများရှိခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ နှစ်ဆယ်ရာစုနှောင်းပိုင်းမှစတင်၍ ပို့စ်မော်ဒန်လွှမ်းမိုးမှုခံရသော သုတေသနပညာရှင်များသည် ဖော်ပြထားသောဒဏ္ဍာရီတစ်ခု၏ ဖြစ်ပျက်ပုံတစ်ခု၌ သူ့ကိုယ်ပိုင်ယဉ်ကျေးမှုအရေးပါခြင်းနှင့် အဓိပ္ပာယ်တစ်ရပ်ရှိသည်ဟု ငြင်းခုံဆွေးနွေးကြသည်။ ဒဏ္ဍာရီများသည် တစ်ချိန်ကပြီးပြည့်စုံသောပုံစံမှ အဆင်နိမ့်ကျသောကိုယ်စားပြုခြင်းထက်စာလျှင် ၎င်းတို့သည် ပင်ကိုအားဖြင့် ပျော့ပျောင်းလွယ် ပြောင်းလွဲကွဲထွက်လွယ်နိုင်သည်ဟုလည်း ပြောဆိုခဲ့ကြသည်။[၁၀၀] အကျိုးဆက်အားဖြင့် ဒဏ္ဍာရီတစ်ခု၌ မူရင်းပုံစံကဲ့သို့သောအရာမရှိ။ ဤအရွေ့၏ အထင်ရှားဆုံးဥပမာတစ်ခုမှာ အေ ကေ ရာမားနွတ်ဂျန်၏ ဆောင်းပါးဖြစ်သော ရာမယဏ သုံးရာ (Three Hundred Ramayanas) ပင်ဖြစ်သည်။[၁၀၁]

အလားတူစွာပင် ပညာရှင်များက ဒဏ္ဍာရီအတွက် အခြားကြားခံဆက်သွယ်ပေးသည့်ပုံစံ ဥပမာ အမြင်ပိုင်းပုံဖော်သည့်အနုပညာ (သို့) ရှုခင်းမြင်ကွင်း နှင့် နေရာအမည်ပေးခြင်းတို့သည်လည်း အရေးပါအရာရောက်သည်ဟု ပြောဆိုဆွေးနွေးကြလျှက် ဒဏ္ဍာရီအတွက် ကြားခံအဖြစ် စာသားသက်သက်သာ အရေးပါသည်ဟူသော တစ်ခေတ်တစ်ခါက ဦးစားပေးမှုအခြေအနေကိုလည်း စောဒကတက်ခဲ့ကြသည်။[၁၀၂]

ခေတ်သစ် ဒဏ္ဍာရီ[ပြင်ဆင်ရန်]

၁၉၂၉ ဘယ်ဂျီယံငွေစက္ကူ၊ ထို၌ ဆီးယားရီးဇ်နတ်ဘုရားမ (ဂရိ-ဒစ်မီးတာ)၊ နက်ပ်ကျူးန်နတ်ဘုရား (ဂရိ-ပိုဆိုက်ဒန်) နှင့် မြွေနှစ်ကောင်ရစ်ခွေပတ်ထားသော ကဒျူးစီးယပ်စ်တောင်ဝှေး

ခေတ်သစ်လူမှုအဖွဲ့အစည်းတွင် ဒဏ္ဍာရီကို စုစည်းထားသောပုံပြင်ဇာတ်လမ်းအစုအဝေးဟုသတ်မှတ်ကြသည်။ ယဉ်ကျေးမှုလေ့လာခြင်းနယ်ပယ်ရှိပညာရှင်များက ဒဏ္ဍာရီသည် ခေတ်သစ်အကျယ်တဝံ့ဖော်ပြရေးသားချက်များဆီသို့ မည်သို့မည်ပုံကိုက်ညီပုံဖော်ခဲ့ကြသလဲဆိုသည်နှင့်ပတ်သတ်ပြီး သုတေသနများပြုကြသည်။ ဒဏ္ဍာရီနှင့်ပတ်သက်သောဖော်ပြချက်များသည် ဒစ်ဂျစ်တယ်ကြားခံမှတဆင့် ပို၍ကျယ်ကျယ်ပြန့်ပြန့် လူထုဆီသို့ အရင်ကထက် ပိုရောက်ရှိခဲ့ကြသည်။ အမျိုးမျိုးသော ဒဏ္ဍာရီများသည် ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ ဗီဒီယိုဂိမ်းစ်များ၌ ပေါ်ထွက်လာခဲ့ကြသည်။[၁၀၃]

ဒဏ္ဍာရီကို အစဉ်အဆက်သဘောအနေအထားအရ နှုတ်ဖြင့်သာ သေးကွေးသည့်ပုံစံဖြင့် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသော်လည်း ရုပ်ရှင်လုပ်ငန်းများက ရုပ်ရှင်ထုတ်လုပ်သူများကို ဒဏ္ဍာရီအား ကြီးမားများပြားသည့်ပရိသတ်ဆီသို့ ရုပ်ရှင်မှတစ်ဆင့် သယ်ဆောင်ခွင့်ပြုနိုင်စေခဲ့သည်။[၁၀၄] ကားလ်ဂျွန်၏ စိတ်ပိုင်းဆိုင်ရာဒဏ္ဍာရီများတွင် လူမှုအဖွဲ့အစည်းတစ်ရပ် (သို့) ယဉ်ကျေးမှုတစ်ရပ်၏ ပန်းတိုင်၊ ကြောက်ရွံ့မှု၊ ရည်မှန်းချက်၊ အိပ်မက်များနှင့် ပတ်သက်သည့် ဖော်ပြချက်များပါရှိသည်။[၁၀၅]

ခေတ်ပေါ်အမြင်ပိုင်းဆိုင်ရာ ဇာတ်လမ်းပုံပြင်ပြောဆိုခြင်း၏အခြေခံသည် ဒဏ္ဍာရီနှင့်ပတ်သက်သောဓလေ့ရိုးရာ၌ အမြစ်တွယ်၍ဆောင်ရွက်လုပ်ကိုင်ကြသည်။ များစွာသော ခေတ်ပြိုင်ရုပ်ရှင်များသည်ရှေးဟောင်းဒဏ္ဍာရီများအပေါ်တွင် အခြေခံလျှက် ဇာတ်လမ်းများတည်ဆောက်ကြသည်။ ဝေါ့လ်ဒစ်စနီကုမ္ပဏီသည် ရိုးရာကလေးဘဝအသားပေးဒဏ္ဍာရီများကို ပြန်လည်တီထွင်ခြင်း၌ ယဉ်ကျေးမှုလေ့လာသူပညာရှင်များအကြား ကျော်ကြားလှသည်။[၁၀၆] အခြားသောရုပ်ရှင်များသည် ဒစ်စနီရိုးရာဇာတ်လမ်းပုံပြင်များကဲ့သို့ မထင်ရှားမသိသာသော်လည်း ထိုများပြားသောရုပ်ရှင်များ၏ ဇာတ်လမ်းများသည်လည်း ဒဏ္ဍာရီအပေါ် အကြမ်းဖျဉ်းတည်ဆောက်မှု၌ အခြေခံကြသည်။ ဒဏ္ဍာရီဟန်ပုံစံများ ဥပမာအားဖြင့် နည်းပညာ၏ဖျက်ဆီးမှုကို သတိပေးသောပုံပြင်များ၊ နတ်ဘုရားများကြားက တိုက်ပွဲများ၊ ဖန်တီးခြင်းပုံပြင်များ စသည်တို့သည် များမကြာခဏဆိုသလို အဓိကရုပ်ရှင်များ၏ အကြောင်းအရာများဖြစ်ကြ၏။ ထိုရုပ်ရှင်များကို cyberpunk ခေါ် သိပ္ပံခေတ်လွန်အက်ရှင် ရုပ်ရှင်များ၊ စိတ်ကူးယဉ်ဒရာမာ နှင့် ကမ္ဘာပျက်ခြင်းအကြောင်းဖော်ပြသောဇာတ်လမ်း စသည်တို့၏တင်ဆက်မှုဟန် အသွင်အပြင်အောက်၌ ဖန်တီးကြသည်။[၁၀၇]

(၂၁)ရာစု ရုပ်ရှင်များဖြစ်သော တိုက်တန်များတိုက်ပွဲ (Clash of the Titans - 2010 film)၊ နတ်မျိုးနွယ်များ (Immortals - 2011 film) နှင့် သော်နတ်ဘုရား (Thor) တို့သည် ခေတ်သစ်ဇာတ်လမ်းဇာတ်ကွက်ကို မူဘောင်ထားကာ ရိုးရာဒဏ္ဍာရီများကို ဖော်ထုတ်တူးဆွထားသော ခေတ်သစ်လမ်းကြောင်းရုပ်ရှင်များဖြစ်ကြသည်။ စာရေးဆရာများသည် ၎င်းတို့စာအုပ်များအတွက် ဒဏ္ဍာရီကိုအသုံးချလျက် ရှိရာ Rick Riordan ၏ ပါစီဂျက်ဆန်နှင့်အိုလင်ပီယန်နတ်ဘုရားများ (Percy Jackson and the Olympians) ဇာတ်လမ်းတွဲသည် ခေတ်သစ်ကမ္ဘာ၌အခြေခံကာ ဂရိနတ်ဘုရား (၁၂)ပါး ကိုရှင်းရှင်းလင်းလင်းပြသသည်။[၁၀၈]

ကိုးကားအညွှန်းများ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ Bascom 1965, p. 9.
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ "myths", A Dictionary of English Folklore
  3. ၃.၀ ၃.၁ Doniger O'Flaherty၊ Wendy (1975)။ Hindu Myths။ Penguin။ p. 19။ ISBN 978-0-14-044306-6I think it can be well argued as a matter of principle that, just as 'biography is about chaps', so mythology is about gods.
  4. ၄.၀ ၄.၁ Eliade 1998, p. 23.
  5. Pettazzoni 1984, p. 102.
  6. Dundes 1984, p. 1.
  7. ၇.၀ ၇.၁ Eliade 1998, p. 6.
  8. Von Franz, M. L. (2017)။ The interpretation of fairy tales: Revised edition။ London: Shambhala Publications။
  9. ၉.၀ ၉.၁ Honko၊ Lauri (1984)။ "The Problem of Defining Myth"။ in Dundes၊ Alan (ed.)။ Sacred Narrative: Readings in the Theory of MythUniversity of California Press။ p. 49။ Cite uses deprecated parameter |editorlink= (အကူအညီ)
  10. Dundes 1984, p. 147.
  11. Doty 2004, pp. 11–12.
  12. Segal 2015, p. 5.
  13. Kirk 1984, p. 57.
  14. Kirk 1973, p. 74.
  15. Apollodorus 1976, p. 3.
  16. "myth"။ Merriam-Webster's Collegiate Dictionary (10th ed.)။ Springfield, Massachusetts: Merriam-Webster, Inc။ 1993။ p. 770
  17. Salamon၊ Hagar; Goldberg၊ Harvey E. (2012)။ "Myth-Ritual-Symbol"။ in Bendix၊ Regina F.; Hasan-Rokem၊ Galit (eds.)။ A Companion to FolkloreWiley-Blackwell။ p. 125။
  18. Bascom 1965, p. 7.
  19. Bascom 1965, pp. 9, 17.
  20. Eliade 1998, pp. 10–11.
  21. Pettazzoni 1984, pp. 99–101.
  22. Kirk 1973, pp. 22, 32.
  23. Kirk 1984, p. 55.
  24. Doty 2004, p. 114.
  25. Bascom 1965, p. 13.
  26. "romance | literature and performance" (in en)၊ Encyclopædia Britannica 
  27. "myth, n., §2" OED Online, Oxford University Press, June 2018, www.oed.com/view/Entry/124670. Accessed 23 August 2018.
  28. Eliade, Myths, Dreams and Mysteries, 1967, pp. 23, 162.
  29. Howells၊ Richard (1999)။ The Myth of the Titanic။ Macmillan။ ISBN 978-0-312-22148-5
  30. Winzeler, Robert L. (2012) Anthropology and Religion: What We Know, Think, and Question Rowman & Littlefield, pp. 105–106.
  31. Kirk 1973, p. 8.
  32. ၃၂.၀ ၃၂.၁ "Science as Epic? Can the modern evolutionary cosmology be a mythic story for our time?" (March 1998). Science & Spirit 9 (1). “The word 'myth' is popularly understood to mean idle fancy, fiction, or falsehood; but there is another meaning of the word in academic discourse .... Using the original Greek term mythos is perhaps a better way to distinguish this more positive and all-encompassing definition of the word.” 
  33. Lincoln, Bruce (2006). "An Early Moment in the Discourse of "Terrorism": Reflections on a Tale from Marco Polo". Comparative Studies in Society and History 48 (2): 242–259. doi:10.1017/s0010417506000107. “More precisely, mythic discourse deals in master categories that have multiple referents: levels of the cosmos, terrestrial geographies, plant and animal species, logical categories, and the like. Their plots serve to organize the relations among these categories and to justify a hierarchy among them, establishing the rightness (or at least the necessity) of a world in which heaven is above earth, the lion the king of beasts, the cooked more pleasing than the raw.” 
  34. "mythography, n." OED Online, Oxford University Press, July 2018, https://www.oed.com/view/Entry/124691. Accessed 12 September 2018.
  35. Jane Chance, Medieval Mythography, 2 vols (Gainesville, 1994–2000).
  36. Oxford English Dictionary
  37. Oxford English Dictionary, 3rd ed. "mythos, n." Oxford University Press (Oxford), 2003.
  38. "mythopoeia, n." OED Online, Oxford University Press, July 2018. Accessed 12 September 2018.
  39. See Mythopoeia (poem); cf. J. R. R. Tolkien, Tree and Leaf; Mythopoeia; The Homecoming of Beorhtnoth Beorhthelm's Son (London: HarperCollins, 2001) [first published 1964] ISBN 978-0-00-710504-5.
  40. ၄၀.၀ ၄၀.၁ "myth, n.", "mythos, n." OED Online, Oxford University Press, July 2018. Accessed 12 September 2018.
  41. Oxford English Dictionary, 1st ed. "-logy, comb. form". Oxford University Press (Oxford), 1903.
  42. Fulgentius၊ Fabius Planciades (1971)။ Fulgentius the Mythographer။ Ohio State University Press။ ISBN 978-0-8142-0162-6
  43. ၄၃.၀ ၄၃.၁ ၄၃.၂ Oxford English Dictionary, 3rd ed. "mythology, n." 2003. Accessed 20 Aug 2014.
  44. Lydgate, John. Troyyes Book, Vol. II, ll. 2487. (in Middle English) Reprinted in Henry Bergen's Lydgate's Troy Book, Vol. I, p. 216. Kegan Paul, Trench, Trübner, & Co. (London), 1906. Accessed 20 Aug 2014.
  45. "...I [ Paris ] was ravisched in-to paradys.
    "And Þus Þis god [sc. Mercury], diuers of liknes,
    "More wonderful Þan I can expresse,
    "Schewed hym silf in his appearance,
    "Liche as he is discriued in Fulgence,
    "In Þe book of his methologies..."[၄၄]
  46. "mythology". Online Etymology Dictionary
  47. Browne, Thomas. Pseudodoxia Epidemica: or, Enquiries into Many Received Tenets and Commonly Presumed Truths, Vol. I, Ch. VIII. Edward Dod (London), 1646. Reprinted 1672.
  48. All which [sc. John Mandevil's support of Ctesias's claims] may still be received in some acceptions of morality, and to a pregnant invention, may afford commendable mythologie; but in a natural and proper exposition, it containeth impossibilities, and things inconsistent with truth.[၄၇]
  49. Johnson, Samuel. "Mythology" in A Dictionary of the English Language: in which the Words are Deduced from their Originals, and Illustrated in their Different Significations by Examples from the Best Writers to which are Prefixed a History of the Language and an English Grammar, p. 1345. W. Strahan (London), 1755.
  50. Johnson, Samuel. A Dictionary of the English Language, p. 1345. W. Strahan (London), 1755. Accessed 20 Aug 2014.
  51. Johnson's Dictionary, for example, has entries for mythology,[၄၉] mythologist, mythologize, mythological, and mythologically [၅၀]
  52. Shuckford, Samuel. The Creation and Fall of Man. A Supplemental Discourse to the Preface of the First Volume of the Sacred and Profane History of the World Connected, pp. xx–xxi. J. & R. Tonson & S. Draper (London), 1753. Accessed 20 Aug 2014.
  53. "That Mythology came in upon this Alteration of their [Egyptians' Theology, is obviouſly evident: for the mingling the Hiſtory of theſe Men when Mortals, with what came to be aſcribed to them when Gods, would naturally occaſion it. And of this Sort we generally find the Mythoi told of them..."[၅၂]
  54. Coleridge, Samuel Taylor. "On the Prometheus of Æschylus: An Essay, preparatory to a series of disquisitions respecting the Egyptian, in connection with the sacerdotal, theology, and in contrast with the mysteries of ancient Greece." Royal Society of Literature (London), 18 May 1825. Reprinted in Coleridge၊ Henry Nelson (1836)။ The Literary Remains of Samuel Taylor Coleridge: Shakespeare, with introductory matter on poetry, the drama, and the stage. Notes on Ben Jonson; Beaumont and Fletcher; On the Prometheus of Æschylus [and others။ W. Pickering။ pp. 335–။
  55. "Long before the entire separation of metaphysics from poetry, that is, while yet poesy, in all its several species of verse, music, statuary, &c. continued mythic;—while yet poetry remained the union of the sensuous and the philosophic mind;—the efficient presence of the latter in the synthesis of the two, had manifested itself in the sublime mythus περὶ γενέσεως τοῦ νοῦ ἐν ἀνθρωποῖς concerning the genesis, or birth of the νοῦς or reason in man."[၅၄]
  56. Abraham of Hekel (1651)။ "Historia Arabum(History of the Arabs)"Chronicon orientale, nunc primum Latinitate donatum ab Abrahamo Ecchellensi Syro Maronita e Libano, linguarum Syriacae, ... cui accessit eiusdem Supplementum historiae orientalis (The Oriental Chronicles။ e Typographia regia။ pp. 175–။ (in လက်တင်) Translated in paraphrase in Blackwell၊ Thomas (1748)။ "Letter Seventeenth"Letters Concerning Mythology။ printed in the year။ pp. 269–။
  57. Anonymous review of Upham၊ Edward (1829)။ The History and Doctrine of Budhism: Popularly Illustrated: with Notices of the Kappooism, Or Demon Worship, and of the Bali, Or Planetary Incantations, of Ceylon။ R. Ackermann။ In the Westminster Review, No. XXIII, Art. III, p. 44. Rob't Heward (London), 1829. Accessed 20 Aug 2014.
  58. "According to the rabbi Moses Ben Maimon, Enos, discoursing on the splendor of the heavenly bodies, insisted that, since God had thus exalted them above the other parts of creation, it was but reasonable that we should praise, extol, and honour them. The consequence of this exhortation, says the rabbi, was the building of temples to the stars, and the establishment of idolatry throughout the world. By the Arabian divines however, the imputation is laid upon the patriarch Abraham; who, they say, on coming out from the dark cave in which he had been brought up, was so astonished at the sight of the stars, that he worshipped Hesperus, the Moon, and the Sun successively as they rose.[၅၆] These two stories are good illustrations of the origin of myths, by means of which, even the most natural sentiment is traced to its cause in the circumstances of fabulous history.[၅၇]
  59. ၅၉.၀ ၅၉.၁ Anderson (2004), p. 61
  60. Wiles (2000), pp. 5–6
  61. Littleton 1973, p. 32.
  62. Eliade 1998, p. 8.
  63. ၆၃.၀ ၆၃.၁ Honko 1984, p. 51.
  64. Eliade 1998, p. 19.
  65. Barthes 1972.
  66. Pattanaik၊ Devdutt (14 September 2015)။ Why I Insist On Calling Myself A Mythologist။ 24 July 2016 တွင် ပြန်စစ်ပြီး။
  67. ၆၇.၀ ၆၇.၁ ၆၇.၂ Bulfinch 2004, p. 194.
  68. ၆၈.၀ ၆၈.၁ ၆၈.၂ ၆၈.၃ ၆၈.၄ ၆၈.၅ Honko 1984, p. 45.
  69. "Euhemerism", The Concise Oxford Dictionary of World Religions
  70. ၇၀.၀ ၇၀.၁ Segal 2015, p. 20.
  71. Bulfinch 2004, p. 195.
  72. Frankfort et al. 2013, p. 4.
  73. Frankfort et al. 2013, p. 15.
  74. Segal 2015, p. 61.
  75. Graf 1996, p. 40.
  76. Meletinsky 2014, pp. 19–20.
  77. Segal 2015, p. 63.
  78. ၇၈.၀ ၇၈.၁ Frazer 1913, p. 711.
  79. Guy Lanoue, Foreword to Meletinsky, p. viii.
  80. ၈၀.၀ ၈၀.၁ Segal 2015, p. 1.
  81. On the Gods and the World, ch. 5, See Collected Writings on the Gods and the World, The Prometheus Trust, Frome, 1995
  82. Perhaps the most extended passage of philosophic interpretation of myth is to be found in the fifth and sixth essays of Proclus’ Commentary on the Republic (to be found in The Works of Plato I, trans. Thomas Taylor, The Prometheus Trust, Frome, 1996); Porphyry’s analysis of the Homeric Cave of the Nymphs is another important work in this area (Select Works of Porphyry, Thomas Taylor The Prometheus Trust, Frome, 1994). See the external links below for a full English translation.
  83. The Myth of Io.The Walters Art Museum
  84. For more information on this panel, please see Zeri catalogue number 64, pp. 100–101
  85. ၈၅.၀ ၈၅.၁ Tom Shippey, 'A Revolution Reconsidered: Mythography and Mythology in the Nineteenth Century', in The Shadow-Walkers: Jacob Grimm’s Mythology of the Monstrous, ed. by Tom Shippey, Medieval and Renaissance Texts and Studies, 291/Arizona Studies in the Middle Ages and the Renaissance, 14 (Tempe, AZ: Arizon Center for Medieval and Renaissance Studies, 2005), pp. 1–28 (esp. pp. 4–13).
  86. Segal 2015, pp. 3–4.
  87. John McKinnell, Meeting the Other in Norse Myth and Legend (Cambridge: Brewer, 2005), pp. 14-15.
  88. Segal 2015, p. 4.
  89. Mâche၊ Francois-Bernard (1992)။ Music, Myth and Nature, or The Dolphins of Arion။ p. 8။ ISBN 978-3-7186-5321-8
  90. Richard M. Dorson, 'The Eclipse of Solar Mythology', in Myth: A Symposium, ed. by Thomas A. Sebeok (Bloomington: Indiana University Press, 1955), 25–63.
  91. John McKinnell, Meeting the Other in Norse Myth and Legend (Cambridge: Brewer, 2005), pp. 14–15.
  92. Segal 2015, pp. 67–68.
  93. ၉၃.၀ ၉၃.၁ Segal 2015, p. 3.
  94. Boeree.
  95. Segal 2015, p. 113.
  96. Harvey Birenbaum, Myth and Mind (Lanham, MD: University Press of America, 1988), pp. 152–153.
  97. Barthes၊ Roland (1972)။ Mythologies။ Hill and Wang။ ISBN 978-0-09-997220-4
  98. Rudolf Bultmann, Jesus Christ and Mythology (New York: Scribner, 1958).
  99. Hyers 1984, p. 107.
  100. E.g. John McKinnell, Both One and Many: Essays on Change and Variety in Late Norse Heathenism, Philologia: saggi, ricerche, edizioni a cura bi Teresa Pàroli, 1 (Rome, 1994).
  101. A. K. Ramanujan, "Three Hundred Rāmāyaṇas: Five Examples and Three Thoughts on Translation", in Many Rāmāyaṇas: The Diversity of a Narrative Tradition in South Asia, ed. by Paula Richman (Berkeley: University of California Press, 1991), pp. 22–48; reprinted in A. K. Ramanujan, The Collected Essays of A. K. Ramanujan (Oxford: Oxford University Press, 2004), pp. 131–60, ISBN 978-0-19-566896-4.
  102. E.g. Ken Dowden, The Uses of Greek Mythology (London: Routledge, 1992).
  103. Ostenson၊ Jonathan (2013)။ Exploring the Boundaries of Narrative: Video Games in the English Classroom။ 13 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  104. Singer၊ Irving (2008)။ Cinematic Mythmaking: Philosophy in Film။ MIT Press။ pp. 3–6။
  105. Indick, William (November 18, 2004). "Classical Heroes in Modern Movies: Mythological Patterns of the Superhero". Journal of Media Psychology. 
  106. Koven၊ Michael (2003)။ Folklore Studies and Popular Film and Television: A Necessary Critical Survey။ University of Illinois Press။ pp. 176–195။
  107. Corner 1999, pp. 47–59.
  108. Mead၊ Rebecca။ "The Percy Jackson Problem"၊ The New Yorker၊ 2014-10-22။ 

ယေဘုယျကိုးကားမှုများ[ပြင်ဆင်ရန်]