အက်ဒါ စကားပြေ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အက်ဒါ စကားပြေ (အင်္ဂလိပ်: Prose Edda) ကို အက်ဒါ အငယ်စနော်ရီ အက်ဒါ အဖြစ်လည်းသိရှိကြ၍ သမိုင်းကြောင်းအရ ရိုးရှင်းစွာဖြင့် အက်ဒါ ဟူ၍သုံးနှုံးနိုင်သော ဤစကားပြေသည် (၁၃)ရာစုအစောပိုင်းအတွင်း အိုက်စလန်၌ ရေးဖွဲ့ခဲ့သော ရှေးဟောင်းနော့စ် စာပေလက်ရာတစ်ခုဖြစ်သည်။ ဤစာပေလက်ရာကို အေဒီ (၁၂၂၀) ဝန်းကျင်ခန့်က အိုက်စလန် ပညာရှင်၊ ဥပဒေပြု/ထိန်းသိမ်းသူ (လွှတ်တော်သဘာပတိကဲ့သို့)၊ သမိုင်းပညာရှင် စနော်ရီ စတားလဆန်က ရေးဖွဲ့ (သို့) အနည်းဆုံး စုတုပြုခဲ့သည်ဟုယူဆကြသည်။ နော့စ်ဒဏ္ဍာရီနှင့်ပတ်သက်၍ ခေတ်သစ်အသိပညာဗဟုသုတအတွက် အပြည့်စုံဆုံး၊ အသေးစိတ်အကျဆုံးအဖြစ် မှတ်ယူနိုင်သည်။

ရေလွှမ်းမိုးမှုကြီးတစ်ခုဖြစ်ပြီးနောက် ဤရိုးရာဘာသာကိုးကွယ်မှု ဖြစ်ပေါ်လာပုံ၊ ကမ္ဘာလောကနှင့် လူသားတို့အား ဖန်ဆင်းပုံများကို ဖော်ပြထားသော ခရစ်ယာန်သဘော နိဒါန်းဖြင့် အစပျိုးထားသည်။[၁] ထို့နောက် နော့စ်စကြာဝဋ္ဌာသဘောတရား အခန်း၊ နော့စ်နတ်ဘုရားများနှင့် ဒဏ္ဍာရီများပါရှိသည်။[၂] ထို့နောက်ဆက်လက်လာသည်မှာ ထင်ရှားသော စာအုပ်သုံးအုပ်ဖြစ်ကာ ၎င်းတို့မှာ : Gylfaginning (အနီးစပ်ဆုံး စကားလုံး ၂၀,၀၀၀) ၊ Skáldskaparmál (အနီးစပ်ဆုံး စကားလုံး ၅၀,၀၀၀) ၊ Háttatal (အနီးစပ်ဆုံး စကားလုံး ၂၀,၀၀၀) တို့ဖြစ်ကြသည်။ (၁၃)ရာစု ခန့်မှ (၁၆)ရာစုခန့်ထိ လက်ရေးမူ ခုနှစ်ခုသည်လည်း အမှီအခိုကင်းသော စာပေဆိုင်ရာ တန်ဖိုးတစ်ခုဖြစ်သည်။ စနော်ရီသည် ၎င်းစုစည်းထားမှုများကို ပြဋ္ဌာန်းစာအုပ်ပြုရန်စီစဉ်ခဲ့၏ ။ အိုက်စလန် ကဗျာဆရာများ၊ စာဖတ်သူများကို အသံတူစ ကဗျာပါဒများ၏ နူးညံ့သိမ်မွေ့မှုကို နားလည်တတ်စေရန်နှင့် စကောလ်ဒစ်ကဗျာများတွင် သုံးနှုံန်းသည့် အက္ခရာများပေါင်းစပ်၍ ခိုင်းနှိုင်းတင်စားသည့် ပေါင်းစပ်စကားလုံးများစွာ၏ နောက်ကွယ်အနက်ကို နားလည်စေရန်တို့ဖြစ်သည်။

အက်ဒါ စကားပြေ ကို ရိုးရိုးရှင်းရှင်း မူလသဘောအရ အက်ဒါ ဟုရည်ညွှန်းခဲ့သော်လည်း နောက်ပိုင်း၌ ရက်ဂျီးယက်စ် လက်ရေးမူစာအုပ် (Codex Regius])ကို များစွာအခြေခံသည့် အက်ဒါ ကဗျာလင်္ကာ အစုအဝေးနှင့် ကွဲပြားစေရန် ခေတ်သစ်အစုအဝေးသဘောအဖြစ် အက်ဒါ စကားပြေဟုခေါင်းစဉ်တပ် ခေါ်ဝေါ်ခဲ့ကြသည်။ ရက်ဂျီးရက်စ် လက်ရေးမူသည် )၁၃)ရာစုခန့်က အက်ဒါ စကားပြေ ပြီးနောက် ဖွဲ့ခဲ့သော စာစုလည်းဖြစ်သည်။[၃] ထိုအချိန်၌ အက်ဒါ (စကားပြေ) မူများက်ု အိုက်စလန်၌ ကောင်းစွာသိရှိနေပြီးဖြစ်သည်။ သို့သော် ပညာရှင်များက စနော်ရီသည် ၎င်းစကားပြေတွင် ကိုးကားပြုထားသော ကဗျာများပါဝင်သည့် အက်ဒါ အကြီး (ပိုစောသောအက်ဒါ) ရှိခဲ့သည်ဟု ယူဆခန့်မှန်းကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. John Lindow (17 October 2002). Norse Mythology: A Guide to Gods, Heroes, Rituals, and Beliefs. Oxford University Press, 18–. ISBN 978-0-19-983969-8 
  2. The Macmillan Encyclopedia (Rev. ed.), London: Macmillan, 1983, p. 395 
  3. တမ်းပလိတ်:Harvcoltxt