ကြောင်နံ့သာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ကြောင်နံ့သာ
(Small Indian Civet)
Small Indian Civet, Silchar, Assam, India.jpg
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှ ကြောင်နံ့သာတစ်ကောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Viverridae
မျိုးရင်းသေး: Viverrinae
မျိုးစု: Viverricula
Hodgson, 1838
မျိုးစိတ်:
V. indica
ဒွိနာမ
Viverricula indica
မျိုးစိတ်ခွဲ
Small Indian Civet area.png
ကြောင်နံ့သာများ နေထိုင်ကျက်စားရာဒေသများပြမြေပုံ
(အစိမ်းရောင် - ရှင်သန်တည်ရှိဆဲ,
ပန်းရောင် - ရှင်သန်တည်ရှိမှုဖြစ်နိုင်သော)

ကြောင်နံ့သာ (Small Indian Civet) သည် တောင်အာရှ နှင့် အရှေ့တောင်အာရှတို့၏ ဒေသရင်း နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ ကြောင်နံ့သာသည် ကြောင်ကတိုးကြောင်ဝံပိုက်ကြောင်မြင်းတို့ကဲ့သို့ ၎င်းတို့အား"ကြောင်" ဟူသော စာလုံးထည့်၍ ခေါ်လေ့ရှိကြသော်လည်း ကြောင်အမှန်စင်စစ်မဟုတ်ကြဘဲ ကြောင်နှင့်အသွင်တူ တိရစ္ဆာန်များသာဖြစ်သည်။ သို့ပါသော်လည်း ၎င်းတိရစ္ဆာန်မျိုးရင်းအားလုံးသည် ကြောင်မျိုးရင်းနှင့်အတူ နို့တိုက်သတ္တဝါမျိုးစဉ်အောက်တွင်ရှိသော ဇီဝမျိုးတူတိရစ္ဆာန်အုပ်စု (တက်ဆွန်) ဖြစ်သည့် ကြောင်အသွင်ရှိတိရစ္ဆာန်များ မျိုးစဉ်ငယ်ထဲတွင် ပါဝင်ကြသည်။

ကြောင်နံ့သာများသည် ဒေသရင်းနယ်မြေများတွင် နေရာအနှံ့တွေ့ရှိရခြင်း၊ စိုက်ပျိုးမြေများ၌လည်း သဟဇာတဖြစ်အောင် နေထိုင်နိုင်ခြင်း၊ ဦးရေပမာဏ ပေါများစွာရှိနေခြင်း၊ မူလကျက်စားရာနယ်မြေအပြင် အရန်စားကျက်နေရာ မြေလွတ်မြေရိုင်းများစွာ ကျန်ရှိသေးခြင်းကြောင့် IUCN အနီရောင်စာရင်းတွင် အန္တရာယ်ကျရောက်ခြင်းမရှိနိုင် အဆင့် အမျိုးအစားအဖြစ် သတ်မှတ်ထားသည်။

ကြောင်နံ့သာများသည် မျိုးစိတ်ပုံစံတစ်ခုတည်း ဆင်းသက်သော မျိုးစု ဖြစ်သည်။[၂]

သွင်ပြင်ပုံစံများ[ပြင်ဆင်ရန်]

ကြောင်နံ့သာသည် ညအချိန် အမဲလိုက်သော ညဉ့်သားရဲငယ်ဖြစ်သည်။

ကြောင်နံ့သာများတွင် အရောင်အားဖြင့် အညိုဖျော့၊ အညိုရောင်၊ အဝါရောင် စသည့်အရောင်များဖြင့် အမွေးကြမ်းများရှိပြီး များသောအားဖြင့် နောက်ကျောတွင် အရှည်လိုက် အနက်ရောင် သို့မဟုတ် အညိုရောင်စင်းကြောင်းများရှိပြီး ဘေးနှစ်ဖက်တွင် အလျားလိုက် အစက်အပြောက်များရှိသည်။ အများအားဖြင့် နောက်ကျောတွင် အစင်းငါးခု (သို့) ခြောက်ခုရှိပြီး ဘေးတစ်ဖက်စီတွင် အစက်လေးငါးတန်းရှိသည်။ အချို့တွင် ကွဲပြားသောပုံစံ အစင်းကြောင်းများနှင့် အစက်အပြောက်များရှိကြပြီး၊ ကျောရိုးတလျောက် အစင်းကြောင်းများပုံစံ ဖြစ်သကဲ့သို့ ရှိနေကြသည်။ ယေဘူယျအားဖြင့် နားအနောက်မှ ပခုံးအထိ အမဲစင်းနှစ်စင်းရှိပြီး ရှေ့သုံးပုံတစ်ပုံသည် လည်ချောင်းအနားမှ ဖြတ်လျက်တတ်သည်။ ဝမ်းဗိုက်အောက်သည် အညိုရောင် သို့မဟုတ် မီးခိုးရောင်ဖြစ်သည်။ နားရွက်သည် တိုတိုနှင့် ဝိုင်းဝိုင်းနေပြီး နားတစ်ဖက်စီ၏နောက်တွင် မှုန်ဝါးသော အမှတ်အသားတစ်ခုရှိပြီး မျက်လုံးတစ်ခုစီ၏ရှေ့တွင် တစ်ခုစီရှိသည်။ ခြေထောက်များသည် အညိုရောင် သို့မဟုတ် အနက်ရောင်ရှိတတ်သည်။ အမြီးတွင် အနက်ရောင်နှင့် အဖြူရောင် အကွင်းများပါရှိပြီး အရောင်တစ်ခုစီတွင် ခုနစ်မှ ကိုးခုအထိရှိတတ်သည်။ ကြောင်နံ့သာများသည် ခန္ဓာကိုယ်အရှည် ၂၁–၂၃ လက်မ (၅၃–၅၈ စင်တီမီတာ)ထိရှိပြီး အမြီးမှာ ၁၅–၁၇ လက်မ (၃၈–၄၃ စင်တီမီတာ)ထိရှိသည်။

နေထိုင်ကျက်စားရာနှင့် တွေ့ရှိရာဒေသများ[ပြင်ဆင်ရန်]

ကြောင်နံ့သာများသည် အိန္ဒိယမြန်မာထိုင်းလာအိုကမ္ဘောဒီးယားဗီယက်နမ်တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းထိုင်ဝမ်နှင့် သီရိလင်္ကာနိုင်ငံများတွင် အများဆုံး တွေ့ရှိရသည်။ ဘူတန်ဘင်္ဂလားဒေ့ရှ်မလေးရှားကျွန်းဆယ်ဂျာဗားနှင့် ဘာလီ စသည့် သမိုင်းမှတ်တမ်းဝင်ခဲ့သည့် နေရာများတွင်မူ လက်တလော တွေ့ရှိရမှုမှတ်တမ်းများ မရရှိသေးပါ။ စင်္ကာပူနိုင်ငံ၌ လက်တလောတွေ့ရှိရမှု ကွဲကွဲပြားပြား သိရှိရခြင်းမရှိသေးပါ။

အစာအဖြစ်စားလေ့ရှိသောအရာများ[ပြင်ဆင်ရန်]

ကြောင်နံ့သာများသည် ကြွက်များ ၊ လယ်ကြွက်ကြီးများ ၊ ငှက်များ၊ မြွေများသစ်သီးများအမြစ်များ နှင့် အကောင်သေများကို စားလေ့ရှိကြသည်။[၃] လူသားများ မွေးမြူထားသောတိရစ္ဆာန်ငယ်များကိုလည်း ဝင်ရောက်တိုက်ခိုက် အမဲလိုက်တတ်ကြောင်း မှတ်တမ်းအချို့ကိုလည်း တင်ထားခဲ့ဖူးကြောင်း သိရှိရသည်။[၄][၅]

ထိန်းသိမ်းစောင့်ရှောက်ရေး[ပြင်ဆင်ရန်]

ကြောင်နံ့သာ (Viverricula indica) သည် CITES III နောက်ဆက်တွဲတွင် ဖော်ပြထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကြောင်နံ့သာများအား ၁၉၉၄ ခုနှစ်မှစ၍ တောရိုင်း အက်ဥပဒေဖြင့် ပြဋ္ဌာန်း၍ လုံးဝကာကွယ်ထား၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Choudhury, A. (2015). "Viverricula indica". IUCN Red List of Threatened Species 2015. IUCN. 
  2. Blanford၊ W. T. (1888)။ "Genus Viverricula Hodgson"The Fauna of British India, including Ceylon and Burma. Mammalia။ London: Taylor and Francis။ pp. 100–101။
  3. Lekalul, B. and McNeely, J. A. (1977).
  4. "Small carnivores and their threats in Hlawga Wildlife Park, Myanmar" (2005). Small Carnivore Conservation (33): 6–13.  Archived 2015-01-29 at the Wayback Machine.
  5. "Niche differentiation between Common Palm Civet Paradoxurus hermaphroditus and Small Indian Civet Viverricula indica in regenerating degraded forest, Myanmar" (2007). Small Carnivore Conservation (36): 30–34.