ကော့ကော့ကြောင်

ဝီကီပီးဒီးယား မှ
ကော့ကော့ကြောင်
(အင်္ဂလိပ်: Kodkod[၁])
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Leopardus
မျိုးစိတ်:
L. guigna
ဒွိနာမ
Leopardus guigna
(Molina, 1782)[၃]
မျိုးစိတ်ခွဲများ
  • L. g. guigna (Molina, 1782)
  • L. g. tigrillo (Schinz, 1844)
Distribution of the Guigna, 2015[၂]
Synonyms
  • Oncifelis guigna

ကော့ကော့ကြောင် (အင်္ဂလိပ်: Kodkod) ၏ သိပ္ပံအမည်မှာ လီယိုပါဒတ် ဂွစ်နာ ဖြစ်သည်။ အမေရိကတိုက်တွင် တွေ့ရသောကြောင်မျိုးရင်းဝင်များအနက် အရွယ်အစား အသေးငယ်ဆုံး ဖြစ်သည်။ ချီလီနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် လည်းကောင်း၊ ယင်းနှင့်တဆက်တစပ်တည်းရှိသော အာဂျင်တီးနားနိုင်ငံရှိ ဒေသများတွင်လည်းကောင်း တွေ့ရသည်။ [၄]

သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]

ဦးခေါင်းနှင့်ကိုယ်အရှည်မှာ ၁၆လက်မမှ ၂၁လက်မ အထိ ဖြစ်ပြီး အမြီးအရှည်မှာ ၇လက်မမှ ၉လက်မအထိ ဖြစ် သည်။ အရောင်အသွေးမှာ အညိုဖျော့ဖြစ်ပြီး အညိုရင့်ရောင် အစက်အပြောက်များ ကိုယ်ပေါ်တွင် အတန်း လိုက် တည်ရှိသည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းတွင် အဖြူရောင်သမ်းသည်။ အမြီးတွင် အမည်းကွင်းများ ရှိ သည်။[၅]

ပျံ့နှံ့ကျက်စားပုံ[ပြင်ဆင်ရန်]

ကော့ကော့ကြောင်များကို တောင်အမေရိကတိုက်ချီလီနိုင်ငံရှိ အင်ဒီးတောင်တန်း၏ သမပိုင်းမိုးသစ်တောများတွင် တွေ့ရသည်။ အောက်ခြေတွင် ဝါးပင်များ ပေါက်ရောက်နေသောတောအုပ်များတွင် အဓိက တွေ့ရသည်။ အာဂျင်တီးနားနိုင်ငံတွင်လည်း ယင်းတို့ကို တွေ့ရသည်။[၆]

အလေ့စရိုက်[ပြင်ဆင်ရန်]

သစ်ပင်တက်ကျွမ်းကျင်သော်လည်း မြေပေါ်တွင် အနေများသည်။ မြေကြွက်နှင့် ငှက်များ ကို ဖမ်းယူစားသောက်တတ်သည်။ လူတို့မွေးမြူသော ကြက်များကိုလည်း ဝင်ရောက်ဆွဲတတ်ပြီး ကြက်ဆွဲရန် တစ်ကောင်တည်းမလာဘဲ အုပ်စုလိုက်လာလေ့ရှိသည်ဟု ဆိုသည်။ တိရစ္ဆာန်ဥယျာဉ်များတွင် ကော့ကော့ ကြောင်၏ အရှည်ဆုံးသက်တမ်းမှာ ၁၁နှစ်ကျော် ဖြစ်သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Wozencraft၊ W.C. (2005)။ "ကာနီဗိုရာ မျိုးစဉ်"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ p. 538။ ISBN 978-0-8018-8221-0OCLC 62265494
  2. ၂.၀ ၂.၁ Napolitano, C. (2015). "Leopardus guigna". IUCN Red List of Threatened Species 2015. IUCN. 
  3. Wozencraft၊ W.C. (2005)။ "Species Leopardus guigna"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ p. 538။ ISBN 978-0-8018-8221-0OCLC 62265494
  4. Napolitano, C.; Gálvez, N.; Bennett, M.; Acosta-Jamett, G. & Sanderson, J. (2015). "Leopardus guigna". The IUCN Red List of Threatened Species. IUCN. 2015: e.T15311A50657245. doi:10.2305/IUCN.UK.2015-2.RLTS.T15311A50657245.en. Retrieved 14 January 2018.
  5. ကျော်ညွှန့်လွင်၏ ကြောင်ရိုင်းများ (စာပေဗိမာန်ထုတ်)
  6. Nowell, K., Jackson, P. (1996) Kodkod Archived 2008-11-12 at the Wayback Machine. In: Wild Cats: status survey and conservation action plan. IUCN/SSC Cat Specialist Group, Gland, Switzerland.
  7. ကျော်ညွှန့်လွင်၏ ကြောင်ရိုင်းများ (စာပေဗိမာန်ထုတ်)