တရုတ်ကန္တာရကြောင်

ဝီကီပီးဒီးယား မှ
တရုတ်ကန္တာရကြောင် (ခေါ်) တောင်ပေါ်တရုတ် ကြောင်
Chinese mountain cat in Xining Zoo
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Felis
မျိုးစိတ်:
F. bieti[၁][၂]
ဒွိနာမ
Felis bieti[၁][၂]
Distribution of the Chinese mountain cat, 2015[၃]

တရုတ်ကန္တာရကြောင် (Chinese Desert Cat) ၏ ဦးခေါင်းနှင့်ကိုယ်အရှည်မှာ ၂၈လက်မမှ ၃၄လက်မအထိ ဖြစ်ပြီး အမြီးအရှည်မှာ ၁၂လက်မမှ ၁၄လက်မအထိ ဖြစ်သည်။ အရောင်အသွေးမှာ အဝါရောင်ဖြစ်ပြီး ကျောကုန်းအရောင်ဖျော့သည်။ ကိုယ်ဘေးဘက်များသည် အ ရောင်အနည်းငယ်ပိုရင့်ပြီး ဝမ်းဗိုက်နှင့် ရင်ဘတ်တို့မူကား အရောင်အနည်းငယ်ဖျော့သည်။ မျက်နှာတွင် အစင်း ကြောင်းအနည်းငယ်နှင့် အမြီးတွင် အမည်းကွင်းများ ရှိပြီး ကိုယ်ဘေးဘက်တွင် အရောင်ဖျော့သောအစင်း ကြောင်းများ ရှိသည်။ တရုတ်ကန္တာရကြောင်များကို ၁၉ ရာစုနှစ်အကုန်တွင်မှ သိပ္ပံပညာရှင်တို့ စတင်တွေ့ရှိကြခြင်း ဖြစ်သည်။ မွန်ဂိုလီးယားနှင့် တရုတ်ပြည် ကန်စုပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့ရှိ ခြောက်သွေ့သောမြက်ခင်းပြင်များအတွင်း နေထိုင် ကျက်စားကြသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. "A revised taxonomy of the Felidae: The final report of the Cat Classification Task Force of the IUCN Cat Specialist Group" (2017). Cat News (Special Issue 11): 15−16. 
  2. Wozencraft၊ W.C. (2005)။ "Felis bieti"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ p. 534။ ISBN 978-0-8018-8221-0OCLC 62265494
  3. ၃.၀ ၃.၁ Riordan, P. (2015). "Felis bieti". IUCN Red List of Threatened Species 2015. IUCN. 
  4. ကျော်ညွှန့်လွင်၏ ကြောင်ရိုင်းများ (စာပေဗိမာန်ထုတ်)