တရုတ်ကန္တာရကြောင်
ပုံပန်းသွင်ပြင်
| တရုတ်ကန္တာရကြောင် (ခေါ်) တောင်ပေါ်တရုတ် ကြောင် | |
|---|---|
| Chinese mountain cat in Xining Zoo | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Mammalia |
| မျိုးစဉ်: | Carnivora |
| Suborder: | Feliformia |
| မျိုးရင်း: | Felidae |
| မျိုးရင်းသေး: | Felinae |
| မျိုးစု: | Felis |
| မျိုးစိတ်: | |
| ဒွိနာမ | |
| Felis bieti[၂][၃] Milne-Edwards, 1892 | |
| Distribution of the Chinese mountain cat, 2015[၁] | |
တရုတ်ကန္တာရကြောင် (Chinese Desert Cat) ၏ ဦးခေါင်းနှင့်ကိုယ်အရှည်မှာ ၂၈လက်မမှ ၃၄လက်မအထိ ဖြစ်ပြီး အမြီးအရှည်မှာ ၁၂လက်မမှ ၁၄လက်မအထိ ဖြစ်သည်။ အရောင်အသွေးမှာ အဝါရောင်ဖြစ်ပြီး ကျောကုန်းအရောင်ဖျော့သည်။ ကိုယ်ဘေးဘက်များသည် အ ရောင်အနည်းငယ်ပိုရင့်ပြီး ဝမ်းဗိုက်နှင့် ရင်ဘတ်တို့မူကား အရောင်အနည်းငယ်ဖျော့သည်။ မျက်နှာတွင် အစင်း ကြောင်းအနည်းငယ်နှင့် အမြီးတွင် အမည်းကွင်းများ ရှိပြီး ကိုယ်ဘေးဘက်တွင် အရောင်ဖျော့သောအစင်း ကြောင်းများ ရှိသည်။ တရုတ်ကန္တာရကြောင်များကို ၁၉ ရာစုနှစ်အကုန်တွင်မှ သိပ္ပံပညာရှင်တို့ စတင်တွေ့ရှိကြခြင်း ဖြစ်သည်။ မွန်ဂိုလီးယားနှင့် တရုတ်ပြည် ကန်စုပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့ရှိ ခြောက်သွေ့သောမြက်ခင်းပြင်များအတွင်း နေထိုင် ကျက်စားကြသည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Riordan, P. (2015). "Felis bieti". IUCN Red List of Threatened Species 2015. IUCN.
- 1 2 "A revised taxonomy of the Felidae: The final report of the Cat Classification Task Force of the IUCN Cat Specialist Group" (2017). Cat News (Special Issue 11): 15−16.
- 1 2 Wozencraft၊ W.C. (2005)။ "Felis bieti"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ p. 534။ ISBN 978-0-8018-8221-0။ OCLC 62265494။
- ↑ ကျော်ညွှန့်လွင်၏ ကြောင်ရိုင်းများ (စာပေဗိမာန်ထုတ်)
| ဤ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |