သဲကြောင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
သဲကြောင်

(အင်္ဂလိပ်: Sand cat)

Persian sand CAT.jpg
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Felis
မျိုးစိတ်:
F. margarita[၁]
ဒွိနာမ
Felis margarita[၁]
Loche, 1858
Subspecies

F. m. margarita Loche, 1858
F. m. thinobia (Ognev, 1927)

SandCat distribution.jpg
Distribution of the sand cat in 2016[၂]
Synonyms[၁]

သဲကြောင် (Sand Cat) ၏ ဦးခေါင်းနှင့်ကိုယ်အရှည်မှာ ၁၆လက်မမှ ၂၃လက်မ ဖြစ်ပြီး အမြီးအရှည်မှာ ၁၀ လက်မမှ ၁၄လက်မ ဖြစ်သည်။ အရောင်အသွေးမှာ ညိုဝါရောင် သို့မဟုတ် ခဲညိုရောင် ဖြစ်သည်။ ကိုယ်ပေါ်တွင် အမည်းစင်းအနည်းငယ်ရှိပြီး နားရွက်များ၏နောက်ဘက်တွင် အမည်းကွက်တစ်ခုစီ ရှိသည်။ အမြီးဖျားတွင် အမည်းကွင်းသုံးခုရှိပြီး နောက် ဆုံးကွင်းသည် အမြီးဖျားအစွန်းတွင် ရှိသည်။ နားရွက်များမှာ အရွယ်အစားကြီးပြီး တစ်ခုနှင့်တစ်ခု ဝေးသဖြင့် ဦး ခေါင်း၏ဘေးဘက်များတွင် ပေါက်နေသကဲ့သို့ ရှိသည်။

သဲကြောင်များကို အာဖရိကတိုက်မြောက်ပိုင်းရှိ သဲကန္တာရများ၊ အာရေးဗီးယားအရှေ့အလယ်ပိုင်းဒေသအချို့ နှင့် အာရှအလယ်ပိုင်းနိုင်ငံများတွင် တွေ့ရသည်။ သဲကြောင်များသည် နေ့အခါ ချုံပုတ်များအောက်တွင် သဲကျင်းများတူးပြီး ပုန်းအောင်းနေထိုင်လေ့ရှိသည်။ သဲ ကြောင်များ၏ခြေရာကို တွေ့ရခဲသော်လည်း ခြေရာများတွင် အမွေးရာများခံနေသဖြင့် အခြားကြောင်ခြေရာများ နှင့် အလွယ်တကူ ခွဲခြားသိနိုင်သည်။ ရှဉ့်တောယုန်ဂျာဘိုးကြွက် စသည့် တိရစ္ဆာန်ငယ်များကို ဖမ်းယူစားသောက်သည်။ ဧပြီလတွင် သားပေါက် လေ့ ရှိသည်။ တစ်ကြိမ်လျှင် သားငယ်လေးကောင် ပေါက်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Wozencraft၊ W.C. (2005)။ "Species Felis margarita"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (3rd ed.)။ Johns Hopkins University Press။ p. 536။ ISBN 978-0-8018-8221-0OCLC 62265494
  2. ၂.၀ ၂.၁ Sliwa, A. (2016). "Felis margarita". IUCN Red List of Threatened Species 2016. IUCN. 
  3. ကျော်ညွှန့်လွင်၏ ကြောင်ရိုင်းများ (စာပေဗိမာန်ထုတ်)