အာဖရိကကြောင်ရိုင်း

ဝီကီပီးဒီးယား မှ
အာဖရိက တောကြောင်
Parc des Felins Chat de Gordoni 28082013 2.jpg
An African wildcat at Parc des Félins
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Felinae
မျိုးစု: Felis
မျိုးစိတ်:
F. lybica
ဒွိနာမ
Felis lybica
Forster, 1780
မျိုးစိတ်ကွဲ
AfricanWildcat distribution.jpg
Distribution of the African wildcat in 2015[၁]

အာဖရိကကြောင်ရိုင်း (African Wild Cat) ၏ ဦးခေါင်းနှင့် ကိုယ်အရှည်မှာ ၁၈လက်မမှ ၂၈လက်မအထိ ဖြစ်ပြီး အမြီးအရှည်မှာ ၁၁လက်မမှ ၁၅လက်မအထိ ဖြစ်သည်။ ကိုယ်အလေးချိန် ၈ပေါင်ခန့် ရှိသည်။ အရောင်အသွေးမှာ ဥရောပကြောင်ရိုင်းနှင့် ဆင်တူသော်လည်း အမည်းစင်းများမှာ ထင်ထင်ရှားရှားမရှိချေ။ ဝမ်းဗိုက်နှင့် ရင်ဘက်တို့တွင် အဝါရောင်ရှိသည်။ နားရွက်၏နောက် ဘက်သည် နီဝါရောင် ဖြစ်သည်။ အချို့ သတ္တဗေဒပညာရှင်များက အာဖရိကကြောင်ရိုင်းကို ဥရောပကြောင်ရိုင်း နှင့် တစ်မျိုးတည်းဖြစ်သည်ဟု ယူဆကြသည်။ အာဖရိကကြောင်ရိုင်းများသည် အာဖရိကတိုက်တွင် သဲကန္တာရကြီးများနှင့် အီကွေတာသစ်တောဒေသများမှ လွဲ ပြီး ကျန်ဒေသများတွင် နေရာအနှံ့အပြား နေထိုင်ကျက်စားကြသည်။ အာရေးဗီးယားဆီးရီးယားနှင့် အိန္ဒိယနိုင်ငံတို့တွင်လည်း ၎င်းတို့ကို တွေ့ရသည်။ အာဖရိကကြောင်ရိုင်းများသည် တောပါးသောနေရာများတွင် ချုံပုတ်များ သို့မဟုတ် မြေကျင်းများအတွင်းတွင် နေ့အခါ ပုန်းအောင်းနေထိုင်ပြီး ညအချိန်ရောက်မှသာ သွားလာကျက်စားကြသည်။ မိုးသားရှိပြီး အေးမြသောနေ့ များတွင် နေ့အခါ၌လည်း သွားလာကျက်စားတတ်သည်။ အမများ၏သားလွယ်ချိန်မှာ ၅၆ရက်မှ ရက်၆၀ အထိ ဖြစ်သည်။ အိမ်ကြောင်များနှင့် မိတ်လိုက်သားပေါက်နိုင်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named iucn
  2. ကျော်ညွှန့်လွင်၏ ကြောင်ရိုင်းများ (စာပေဗိမာန်ထုတ်)