အန္တောရဋ္ဌသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—မိမိတိုင်းပြည်အတွင်းရွံရှားဖွယ်ဟု သမုတ်အပ်၍ဘေးရန်လည်းရှိသော အရပ်၌ အဖေါ်ကုန်သည်များ မပါဘဲ ဒေသစာရီလှည့်မှု။
အမှုသည်—ဘိက္ခုနီအများ။ [၁]
ထိုသို့ဒေသစာရီ လှည့်ကြသော ဘိက္ခုနီတို့ကို သေသောက်ကြူးတို့က ဖျက်ဆီးလိုက်ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်[ပြင်ဆင်ရန်]
ယာ ပန ဘိက္ခုနီ အန္တောရဋ္ဌေ သာသင်္ကသမ္မတေ သပ္ပဋိဘယေ အသတ္ထိကာ စာရိကံ စရေယျ, ပါစိတ္တိယံ။
မြန်မာပြန်[ပြင်ဆင်ရန်]
မိမိတို့နေရာတိုင်းပြည်အတွင်းဝယ် ရွံရှားဖွယ်ဟု သမုတ်အပ်သော ဘေးရန်လည်းရှိသော အရပ်၌ အဖေါ် ကုန်သည်များ မပါဘဲ ဒေသစာရီ လှည့်လည်သွားလာသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
ကိုးကား[ပြင်ဆင်ရန်]
- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။