သကဗဠသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

သကဗဠသိက္ခာပုဒ် (ကဗဠဝဂ်)

ဆွမ်းလုပ်ရှိတုန်း စကားပြောမှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေစဉ် စကားပြောကြကုန်၏၊ ထိုအခါကြည့်၍ မကောင်းသည့်ပြင် စကားလုံးလည်း မပီမသ ဖြစ်နေ၏၊ ထို့ကြောင့် လူတို့ ကဲ့ရဲ့ကြရကား...[၁]

“န သကဗဠေန မုခေန ဗျာဟရိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“ဆွမ်းလုပ်နှင့်တကွဖြစ်နေသော ခံတွင်းဖြင့်(ခံတွင်းထဲ၌ ဆွမ်းလုပ် ရှိနေတုန်း) စကားမပြောအံ့ဟု အလေ့ အကျင့်ကို ပြုရမည်။

မှတ်ချက်[ပြင်ဆင်ရန်]

တရားဟောသောအခါ ရှစ်ရှားသီးပိုင်း နွယ်ချိုတုံးကလေးကို ပါးစပ်ထဲ ထည့်၍ ဟောလျှင် စကားလုံး မပီမသ မဖြစ်သောကြောင့် ဟောကောင်းသကဲ့သို့ ထို့အတူ ပါးစပ်ထဲ၌ ဆွမ်းလုပ်ရှိသော်လည်း ဆွမ်းလုပ်က အနည်းအပါး သာဖြစ်၍ စကားလုံး ပီသအောင် ပြောနိုင်လျှင် အာပတ်မသင့်ဟု အဋ္ဌကထာ ဆိုသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး