လျောင်းနင်ပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လျောင်းနင်ပြည်နယ်
Liaoning Province
တရုတ်ဘာသာဖြင့် : 辽宁省
ဖျင်းယင်းဖြင့် Liáoníng Shěng
အတိုကောက်အမည်: 辽/遼  (pinyin: Liáo)
Liaoning is highlighted on this map
အမည်ရင်းမြစ် 辽 liáo - လျောင်းယန်မြို့
宁 níng - နင်ယွမ်မြို့
အုပ်ချုပ်ရေးအမျိုးအစား ပြည်နယ်
မြို့တော်
(နှင့် အကြီးဆုံးမြို့)
ရှင်ယန်မြို့
ကွန်မြူနစ်ပါတီ အကြီးအကဲ ဝမ်းမင်(Wang Min - 王珉)
ပြည်နယ်အုပ်ချုပ်ရေးမှူး ချင်ကျင့်ကောင်း (Chen Zhenggao - 陈政高)
ဧရိယာ ၁၄၅,၉၀၀ စတုရန်းကီလိုမီတာ
 - လတ္တီကျု 38° 43' to 43° 29' N
 - လောင်ဂျီကျု 118° 50' to 125° 47' E
လူဦးရေ (၂၀၁၀)
 - သိပ်သည်းမှု
၄၃,၇၄၆,၃၂၃ (၁၄)
၂၈၉
ဂျီဒီပီ (၂၀၁၀)
 - လူတစ်ဦးချင်း
ယွမ်ငွေ ၁.၈၃ ထရီလီယံ ($US ၂၇၀ ဘီလီယံ) ()
CNY ၄၂၂၈၅ ()
HDI (၂၀၀၈) ၀.၈၃၅ (high) ()
ကိုးကွယ်ယုံကြည်မှုများ ဗုဒ္ဓဘာသာအစ္စလာမ်ဘာသာ
တိုင်းရင်းသားလူမျိုးများ ဟန့်လူမျိုး - 84%
မန်ချူးလူမျိုး - 13%
မွန်ဂိုလူမျိုး - 2%
ဟွေလူမျိုး - 0.6%
ကိုရီးယားလူမျိုး - 0.6%
ရှိပဲလူမျိုး - 0.3%
ဒေသသုံးဘာသာစကားများ ဟန့်၊ မန်ချူး၊ မွန်ဂို၊ ဟွေ၊ ကိုရီးယား၊ ရှိပဲ။
ခရိုင်ကြီး(Prefecture)အဆင့် ၁၄ ခု
ခရိုင်ငယ်(County)အဆင့် ၁၀၀ ခု
မြို့နယ်(Township)အဆင့်* ၁၅၁၁ ခု
ISO 3166-2 CN-21
အင်တာနက် စာမျက်နှာ
www.ln.gov.cn
Source for population and GDP data:
《中国统计年鉴—2005》 China Statistical Yearbook 2005
ISBN 7503747382
Source for nationalities data:
《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China
ISBN 7105054255
*As at December 31, 2004
TemplateDiscussionWikiProject China

About this sound Liaoning လျောင်းနင်ပြည်နယ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ တရုတ်ဘာသာစကား အတိုကောက်အားဖြင့် လျောင် ("Liao-辽") ဟု ခေါ်ဆိုပြီး ယင်းအမည်သည် ပြည်နယ်အတွင်း အလယ်တည့်တည့်မှ ဖြတ်သန်းစီးဆင်းသွားသော လျောင်မြစ် (Liao River) မှ ယူထားခြင်းဖြစ်သည်။ နင် ("宁 -Níng") ဟူသော အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်း ဖြစ်သည်။ ယနေ့ခေတ် လျောင်းနင်ပြည်နယ်ကို ၁၉၀၇ခုနှစ်တွင် ဖွင်းထျန်းပြည်နယ် (Fengtian province - 奉天) အဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၂၉ခုနှစ်တွင် လျောင်းနင်ပြည်နယ်ဟု အမည်ပြောင်းခဲ့သည်။ ဂျပန်တို့၏ ရုပ်သေးအစိုးရ ဖြစ်သော မန်ချူးကိုးနိုင်ငံ ခေတ်တွင် ယခင်အမည်ဖြစ်သော ဖွင်းထျန်းပြည်နယ်သို့ ပြန်လည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ၁၉၄၅ တွင် လျောင်းနင်ပြည်နယ်ဟု တစ်ဖန်ပြန်လည်၍ ပြောင်းလဲခေါ်ဆိုခဲ့သည်။

လျောင်းနင်ပြည်နယ်သည် တရုတ်ပြည်အရှေ့မြောက်ပိုင်း၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး ရံဖန်ရံခါ ရွှေတြိဂံဒေသ "the Golden Triangle" ဟုလည်း ခေါ်ဆိုသည်။ [၁] အဘယ်ကြောင့်ဆိုသော် ၎င်းသည် တောင်ဘက်ပိုင်းတွင် ပင်လယ်ဝါကိုရီးယားပင်လယ်အော်ပေါဟိုင်ပင်လယ် တို့ တည်ရှိပြီး၊ အရှေ့တောင်ပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းတွင် ကျိလင်ပြည်နယ်၊ အနောက်ဘက်တွင် ဟဲပေပြည်နယ်၊ အနောက်မြောက်ဘက်တွင် အတွင်းမွန်ဂိုလီးယားပြည်နယ် တို့နှင့် နယိနိမိတ်ချင်း ထိစပ်နေသောကြောင့် ဖြစ်သည်။ ယားလုမြစ် (Yalu River) သည် လျောင်းနင်ပြည်နယ်ကို မြောက်ကိုရီးယားနိုင်ငံ နှင့် ခြားထားသည်။ ယင်းမြစ်သည် တရုတ်ပိုင် တန်းတုန်းမြို့ (Dandong) နှင့် မြောက်ကိုရီးယားပိုင် စီနူဂျူးမြို့ (Sinuiju) တို့ကြားမှ ဖြတ်သန်း၍ ကိုရီးယားပင်လယ်အော် အတွင်းသို့ စီးဝင်သည်။

အလွယ်မှတ်စုများ[ပြင်​ဆင်​ရန်​]

  • ၂၀၀၆ မှ ၂၀၁၀ အတွင်း လျောင်းနင်ပြည်နယ်အတွင်း လူဦးရေ ၂သိန်းမှ ၅သိန်းကြားရှိသော မြို့ကြီး (၁၀)မြို့ နှင့် လူဦးရေ ၁သိန်းမှ ၂သိန်းကား ရှိသော မြို့ကြီး (၁၀)မြို့ ပေါ်ပေါက်လာစေရန် ကြိုးစားလျက်ရှိသည်။ [၂]
  • ၂၀၀၉ခုနှစ် တရုတ်ပြည်၏ ပြည်နယ်တစ်ခုချင်းအလိုက် ဂျီဒီပီ အရ လျောင်းနင်ပြည်နယ်သည် အဆင့်(၇) ရှိသည်။ [၃]
  • အဓိကမြို့ကြီးများမှာ ပြည်နယ်မြို့တော်ဖြစ်သော ရှင်ယန်မြို့၊ တတိယအကြီးဆုံးမြို့ဖြစ်သော အန်းရှန်းမြို့၊ ဒုတိယအကြီးဆုံးနှင့် စီးပွားရေးလျှင်မြန်စွာဖွံဖြိုးနေသော တလျန်မြို့၊ နယ်စပ်မြို့ ဖြစ်သော တန်းတုန်းမြို့ပင်ရှီးမြို့ဖူရွှင့်မြို့ နှင့် ကျင်းကျိုးမြို့ တို့ ဖြစ်ကြသည်။ [၂]

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

လျောင်းနင်သည် တရုတ်ပြည် အရှေ့မောက်ပိုင်းတွင် တည်ရှိသည်။ ကိုရီးယားဘုရင့်နိုင်ငံ ခေတ်က ကိုရီးယားတို့လက်အောက်၌လည်းကောင်း၊ ယန်နိုင်ငံ၊ ဟန့်မင်းဆက် စသည်တို့လက်အောက်တွင်လည်းကောင်း ရှိခဲ့ဖူးသည်။ [၄]

မင်မင်းဆက် ခေတ် လျောင်တုန်းတံတိုင်း (ခရမ်းရောင်)

ပေကျင်းမြို့တော်မှ မွန်ဂိုများကို မောင်းထုတ်ပြီးနောက် ၃ နှစ်အကြာ ၁၃၇၁ ခုနှစ်တွင် မင်မင်းဆက် မင်အင်ပိုင်ယာ မှ သိမ်းသွင်းအုပ်ချုပ်ခဲ့သည်။ ၁၄၄၂ ခုနှစ်တွင် မြောက်ပိုင်းမှ ဂျာချက်-မွန်ဂို တို့၏ ဘေးရန်မှ ကာကွယ်နိုင်ရန်အတွက် အနောက်မြောက်ပိုင်းတွင် တံတိုင်းကြီးကို ဆောက်လုပ်ခဲ့သည်။ ၁၄၆၇-၆၈ တွင် ကျန်းကျိုး-ဂျာချင် (မန်ချူး) တို့၏ ရန်မှ ကာကွယ်နိုင်ရန်အတွက် အရှေ့မြောက်ဒေသတွင်လည်း တံတိုင်းဆောက်ခဲ့သည်။ မဟာတံတိုင်းကြီးကဲ့သို့ ရည်ရွယ်ချက်ချင်း တူသော်လည်း လျောင်းနင်တံတိုင်းသည် ကုန်ကျစရိတ်သက်သာစွာ တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ အချို့နေရာများတွင်သာ ကျောက်တုံးကျောက်သားများဖြင့် တည်ဆောက်ထားပြီး နေရာအများစုမှာ မြေသားကိုဖို့ထားခြင်း ဖြစ်သည်။ တံတိုင်းနှစ်ဘက်လုံးတွင် ကျုံးခံထားသည်။ [၅]

ကျင်းဘုရင့်နိုင်ငံ (Jin Dynasty (1115–1234)၊ Jurchen) နှင့် ခြားထားသော မင်မင်းဆက်နှောင်းပိုင်း တံတိုင်းကြီး။

လျောင်တုန်းတံတိုင်းကို တည်ဆောက်ခဲ့သော်လည်း ၁၇ ရာစုတွင် မန်ချူး တို့၏ တိုက်ခိုက် သိမ်းပိုက်ခြင်း ခံလိုက်ရသည်။ များမကြာမီ မန်ချူးတို့သည် တစ်ပြည်လုံးကို သိမ်းပိုက်လိုက်ကြသည်။ မန်ချူးတို့သည် ၁၆၁၆-၁၆၂၁ တွင် လျောင်တုန်းတံတိုင်းအပြင်ဘက်၌ ရှင့်ကျင်းမြို့ (Xingjing) ကို တည်ထောင်လိုက်ကြသည်။ [၆] ထို့နောက် မန်ချူးတို့သည် မြို့တော်ကို တုန်းကျင်းမြို့ (ယနေ့ခေတ် လျောင်းယန်မြို့အနီး) သို့ပြောင်းရွှေ့ကြပြန်သည်။ [၇][၈] ၁၆၂၅ တွင် ယနေ့ခေတ် ရှင်ယန်မြို့အနီးရှိ ရှင်းကျင့်မြို့ (Shengjing) သို့ ထပ်မံပြောင်းရွှေ့ခဲ့ကြသည်။ ၁၆၄၄ ခုနှစ် မန်ချူးတို့သည် တရုတ်တစ်ပြည်လုံးကို သိမ်းပိုက်အုပ်ချုပ်မိသောအခါ မြို့တော်ကို ပေကျင်းမြို့ သို့ ပြောင်း ရွှေ့ခဲ့သော်လည်း ရှင်းကျင့်မြို့သည် ဒေသတွင်း အရေးပါသော မြို့တော်တစ်ခု အဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။

ချင်မင်းဆက်တက်လာခြင်းကြောင့် လျောင်းနင်ဒေသတွင် လူဦးရေ အတော်လျော့နည်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံတရုတ်တို့မှာ မန်ချူတို့၏ သတ်ဖြတ်ခြင်းခံကြရ၍လည်းကောင်း၊ မဟာတံတိုင်းကြီး၏ တောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြ၍လည်းကောင်း ဖြစ်သည်။ ထို့အပြင် မြို့ကြီးများစွာတို့ကိုလည်း မင်မင်းဆက် စစ်တပ်များက တပ်ဆုတ်ခွာရာတွင် မြေလှန်ဖျက်ဆီးခဲ့ကြသည်။ ၁၆၆၁ ခုနှစ်တွင် ဖွင်းထျန်းပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဖုယင် (Fuyin) က ဖွင်းထျန်းမြို့တော် (ရှင်ယန်) အပြင်ဘက်ရှိ အခြားမြို့တော်များ အားလုံးသည် လူမနေပဲ စွန့်ပစ်သွားသော မြို့ပျက်ကြီးများ ဖြစ်ကျန်နေခဲ့သည် ဟု ပြောဆိုခဲ့သည်။ [၉]

ချင်မင်းဆက် အစောပိုင်းကာလက လျောင်တုန်းဒေသ။ ဤမြေပုံသည် ၁၇၃၄ ခုနှစ်တွင် ပုံနှိပ်ခဲ့သည်။ ယင်းအချိန်က မြို့တော်မှာ ရှင်ယန် ဖြစ်သည်။

၁၇ ရာစု နှောင်းပိုင်းမှစ၍ ချင်းမင်းဆက်ဘုရင်များသည် မဟာတံတိုင်းကြီး၏ တောင်ဘက်ခြမ်း (အထူးသဖြင့် ရှန်းတုန်းမှ) မှ လူများကို ဖွင်းထျန်းဒေသသို့ ပြောင်းရွှေ့ရန် အားပေးခဲ့သည်။ [၁၀] ယနေ့ခေတ် ကျိလင်ပြည်နယ်၊ ဟေးလုံကျန်းပြည်နယ် စသော မန်ချူးလူမျိုး နှင့် မွန်ဂိုလူမျိုးများ နေထိုင်ရာ ဒေသများသို့ ဟန့်လူမျိုး တရုတ်များကို မဝင်ရောက်နိုင်စေရန်အတွက် Willow Palisade ဟုခေါ်သော ဆူးညောင့်အတားအဆီးများကို ၁၆၃၈ မှ ၁၆၇၂ အတွင်း တည်ဆောက်ထားခဲ့ကြသည်။ [၁၁]

နောက်ပိုင်းတွင် ချင်မင်းဆက် အစိုးရက ဖွင်းထျန်းဒေသသို့ ပြောင်းရွှေ့မှုများကို ပိတ်ပင်တားဆီးပြန်သည်။ အချို့ကို လာရင်းနေရပ်သို့ ပြန်ခိုင်းသည်။ [၁၂] သို့ရာတွင် ထိရောက်စွာဟန့်တားနိုင်ခြင်း မရှိခဲ့ပဲ ၁၆၈၃ မှ ၁၇၃၄ အတွင်း လျောင်းနင် လူဦးရေသည် နှစ်ဆပွားလာခဲ့သည်။ [၁၂]

ချင်မင်းဆက်ကာလတွင် မန်ချူးရီးယားကို ဗိုလ်ချုပ် သုံးယောက်က အုပ်ချုပ်သည်။ ယင်းတို့အနက် ရှင့်ကျင်းဒေသ ဗိုလ်ချုပ်သည် လျောင်းနင်၏ နယ်မြေအများအပြားကို အုပ်ချုပ်သည်။

၁၈၆၀ တွင် မန်ချူးအစိုးရက ဒေသတွင်းသို့ အခြေချနေထိုင်ခွင့်ကို ဖွင့်ပေးခဲ့ရာ ဟန့်လူမျိုးများ အမြောက်အမြား ဝင်ရောက် အခြေချလေသည်။

၂၀ ရာစု တွင် ယနေ့ခေတ် လျောင်းနင် ဖြစ်လာမည့် ဖွင့်ထျန်းပြည်နယ်ကို ဖွဲ့စည်းခဲ့သည်။ ၁၉၀၄-၁၉၀၅ တွင် ရုရှားဂျပန်စစ်ပွဲ ဖြစ်ပွားသောအခါ လျောင်းနင်ပြည်နယ် ဒေသအများအပြားသည် စစ်တလင်းပြင် ဖြစ်ခဲ့ရသည်။ ပို့အာသာတိုက်ပွဲ (Battle of Port Arthur) နှင့် မုကဒင်တိုက်ပွဲ (Battle of Mukden) တို့မှာ အကြီးမားဆုံး နှင့် အထင်ရှားဆုံးသော တိုက်ပွဲကြီးများ ဖြစ်ကြသည်။

၂၀ ရာစုဦး စစ်ဘုရင်ခေတ်ကာလတွင် လျောင်းနင်ကို ကျန်းဇော့လင် (Zhang Zuolin) နှင့် ကျန်းရွှယ်လျန် (Zhang Xueliang) တို့က အုပ်ချုပ်ခဲ့ကြသည်။ ၁၉၃၁ တွင် ဂျပန်တို့၏ ကျူးကျော်မှုကို ခံခဲ့ရပြီး ဂျပန်တို့၏ ရုပ်သေးအစိုးရ (puppet state) ဖြစ်သော မန်ချူးကိုးနိုင်ငံ (Manchukuo) လက်အောက်တွင် ကျရောက်သွားသည်။ ထို့နောက် တရုတ်ပြည်တွင်းစစ်ကာလအတွင်းတွင် လျောင်းနင်ဒေသတွင်းရှိ လျောင်ရှင်း (Liaoshen Campaign) တွင် အလွန်ပြင်းထန်သော တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့သည်။

တလျန်မြို့ရေအောက်ပြတိုက်

၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်သောအခါက လျောင်းနင်ပြည်နယ် ဟု အမည်မတွင်သေးပေ။ ရှင်ယန်၊ လုတ၊ အန်းရှန်း၊ ဖူရွှင့် နှင့် ပင်ရှီး စသော မြူနီစီပယ်မြို့ကြီး ၅ မြို့ နှင့်အတူ လျောင်တုန်းပြည်နယ် နှင့် လျောင်ရှီးပြည်နယ်ဟုသာ အမည်တွင်ခဲ့သည်။ ၁၉၅၄ တွင် ယင်းဒေသအားလုံးကို စုပေါင်းပြီးနောက် လျောင်းနင်ပြည်နယ်အဖြစ် သတ်မှတ်လိုက်သည်။ ၁၉၅၅ တွင် ယခင်က ရှိနေခဲ့သော ရဲဟယ် (Rehe province) ကိုပါ လျောင်းနင်ပြည်နယ်အတွင်း ထည့်သွင်းလိုက်သည်။

လျောင်းနင်သည် တရုတ်ပြည်၏ ပထမဆုံး စက်မှုဖွံ့ဖြိုးသော ပြည်နယ်များထဲတွင် ပါဝင်သည်။ အန်းရှန်းမြို့သည် တရုတ်ပြည်တွင် သံ နှင့် သံမဏိ ထုတ်လုပ်မှု အများဆုံး မြို့ ဖြစ်သည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

လျောင်းနင်ပြည်နယ်၏ အုပ်ချုပ်ရေးသည် အခြားသော ပြည်နယ်များကဲ့သို့ပင် ကွန်မြူနစ်တစ်ပါတီစနစ်အုပ်ချုပ်ရေး ဖြစ်သည်။ လျောင်းနင်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor of Liaoning - 辽宁省省长) ရာထူးသည် ပြည်နယ်အစိုးရအဖွဲ့တွင် အမြင့်ဆုံးဖြစ်သော်လည်း ပြည်နယ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (Provincial Committee Secretary - 辽宁省委书记) လောက် အာဏာမရှိပေ။ ပါတီအထွေထွေအတွင်းရေးမှူးသည် ပါတီအကြီးအကဲလည်း ဖြစ်သည်။ ၁၉၄၉ မတိုင်မီက စစ်ဘုရင်များ နှင့် ချန်ကေရှိတ်၏ ဗြူရိုကရက်အရာရှိများ အုပ်ချုပ်ခဲ့ကြသည်။ ချင်မင်းဆက်လက်ထက်က လျောင်းနင်ကို ဖွင်းထျန်းဟု ခေါ်ဆိုပြီး ဖွင်းထျန်း, ကျိလင်, ဟေးလုံကျန်း အရှေ့ဖျားပြည်နယ် ၃ ခုပေါင်းကို ဘုရင်ခံ (The Viceroy of the Three Eastern Provinces - 东三省总督) တစ်ယောက်ထား၍ အုပ်ချုပ်သည်။ လျောင်းနင်ပြည်နယ်တွင်းလည်း သီးခြား အုပ်ချုပ်ရေးမှူးတစ်ယောက် သတ်သတ် ရှိသည်။

ပထဝီဝင်[ပြင်​ဆင်​ရန်​]

လျောင်းနင်ပြည်နယ်အနောက်ခြမ်းကောင်းကင်ပုံ

ပထဝီဝင်အနေအထားအရ သုံးပိုင်းခွဲခြားနိုင်သည်။ အနောက်ဘက်ပိုင်းတွင် ကုန်မြေမြင့်ပိုင်း, အလယ်ပိုင်းတွင် လွင်ပြင်များ နှင့် အရှေ့ဘက်တွင် တောင်ကုန်းများ ရှိသည်။ အနောက်ဘက် ကုန်းမြေမြင့်ပိုင်းတွင် နူလူအာရ်ဟုတောင်တန်း (Nulu'erhu Mountains) ဖြင့် အတွင်းမွန်ဂိုလီးယားပြည်နယ်နှင့် ပိုင်းခြားထားသည်။ ဒေသတစ်ခုလုံးကို တောင်ကုန်းနိမ့်များ ဖုံးလွှမ်းလျှက်ရှိသည်။ ပြည်နယ်၏ အလယ်ပိုင်းဒေသတွင် လျောင်မြစ်, တလျောင်မြစ် နှင့် အခြား မြစ်လက်တက်များ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး အများအားဖြင့် မြေနိမ့် လွင်ပြင်များ ဖြစ်သည်။ အရှေ့ပိုင်းတွင် ချောင်ပိုင်တောင်တန်း (Changbai Mountains) နှင့် ချန်ရှန်းအမျိုးသားဥယျာဉ် (Qianshan National Park) တို့ဖြင့် ဖုံးလွှမ်းနေသည် ယင်းတောင်တန်းများသည် လျောင်တုန်းကျွန်းဆွယ် (Liaodong Peninsula) ဘက်သို့ ထိုးဆင်းသွားသည်။ ဒေသတွင်းအမြင့်ဆုံးတောင်ထွတ်အနေဖြင့် ၁၃၃၆ မီတာ မြင့်သော ဟွာပေါ်ဇီတောင်ထွတ် (Mount Huabozi) တည်ရှိသည်။ တိုက်ကြီးများမုတ်သုန်ရာသီဥတု (continental monsoon climate ) မျိုး ရရှိသည်။ တစ်နှစ်တာ ပျမ်းမျှမိုးရေချိန်မှာ ၄၄၀ မှ ၁၁၃၀ မီလီမီတာ ကြား ရရှိသည်။ နွေရာသီတွင် မိုးရွာတတ်ပြီး အခြားရာသီများတွင် ခြောက်သွေ့နေသည်။

အဓိကမြို့များ[ပြင်​ဆင်​ရန်​]

အုပ်ချုပ်ရေးခရိုင်များ[ပြင်​ဆင်​ရန်​]

လျောင်းနင်ပြည်နယ်ကို ခရိုင်ကြီး (၁၄)ခုဖြင့် ဖွဲ့စည်းထားသည်။

Map # မြို့တောင်အမည် တရုတ်စာဖြင့် ဖျင်းယင်းဖြင့် ခရိုင်အမည်
Liaoning prfc map.png
ပြည်နယ်ခွဲမြို့တော်များ
1 ရှင်ယန်မြို့ 沈阳市 Shěnyáng Shì ရှင်းဟယ်ခရိုင်
2 တလျန်မြို့ 大连市 Dàlián Shì ရှီးကန်ခရိုင်
ခရိုင်ကြီးမြို့တော်များ
3 အန်းရှန်းမြို့ 鞍山市 Ānshān Shì ထယယ်တုန်းခရိုင်
4 ပင်ရှီးမြို့ 本溪市 Běnxī Shì ဖျင်ရှန်းခရိုင်
5 ချောင်းယန်မြို့ 朝阳市 Cháoyáng Shì ရွှမ်းထာခရိုင်
6 တန်းတုန်းမြို့ 丹东市 Dāndōng Shì ကျင်းရှင်ခရိုင်
7 ဖူရွှင့်မြို့ 抚顺市 Fǔshùn Shì ရွှင်းချင်ခရိုင်
8 ဖူရှင့်မြို့ 阜新市 Fùxīn Shì ဟိုင်ကျိုးခရိုင်
9 ဟူးလူကျွန်းမြို့ 葫芦岛市 Húludǎo Shì လုံးကန်ခရိုင်
10 ကျင်းကျိုးမြို့ 锦州市 Jǐnzhōu Shì ထိုက်ဟယ်ခရိုင်
11 လျောင်းယန်မြို့ 辽阳市 Liáoyáng Shì ပိုင်းထာခရိုင်
12 ဖန်ကျင်းမြို့ 盘锦市 Pánjǐn Shì ရှင်းလုံထိုင်ခရိုင်
13 ထယယ်လင်မြို့ 铁岭市 Tiělǐng Shì ယင်းကျိုးခရိုင်
14 ယင်းခိုမြို့ 营口市 Yíngkǒu shì ကျန်းချန်ခရိုင်

အထက်ပါခရိုင်ကြီးများကို ခရိုင်ငယ် (၁၀၀) ထပ်မံစိပ်ပိုင်းသည်။ တစ်ဖန် ထပ်မံ၍ မြို့နယ်ပေါင်း (၁၅၁၁)ခု ထပ်မံ စိပ်ပိုင်းသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

လျောင်းနင်ပြည်နယ်သည် တရုတ်ပြည် အရှေ့မြောက်ပိုင်းတွင် စီးပွားရေး အင်အားအကြီးဆုံး ပြည်နယ် ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် ဂျီဒီပီ ၁.၈၃ ထရီလီယံ ယွမ် (US$ ၂၇၀ ဘီလီယံ ခန့်) ရှိသည်။ တရုတ်တစ်ပြည်လုံးတွင် ဂျီဒီပီ အဆင့်(၇) ရှိသည်။ လူတစ်ဦးချင်းအလိုက် ဂျီဒီပီမှာ ၄၁,၇၈၂ ယွမ် (US$ ၆,၁၇၂) ဖြစ်သည်။ အရှေ့မြောက်ပိုင်း ပြည်နယ် ၃ခုထဲတွင် လျောင်းနင်ပြည်နယ်သည် ဂျီဒီပီ အများဆုံး ဖြစ်သည်။ [၂]

၂၀၀၈ ခုနှစ် စာရင်းအရ လျောင်နင်ပြည်နယ်သည် ဂျီဒီပီ တိုးတက်မှု အမြင့်မားဆုံး ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ဂျီဒီပီ တိုးတက်မှုနှုန်း ၁၃.၁% ရှိသည်။ G8x8

အဓိက စက်မှုလုပ်ငန်းများမှာ ရေနံဓာတုလုပ်ငန်းများ၊ သတ္တုဗေဒလုပ်ငန်းများ၊ အီလက်ထရွန်းနစ် နှင့် ဆက်သွယ်ရေးပစ္စည်းများ၊ စက်ပစ္စည်းများ တို့ ဖြစ်ကြသည်။[၁၃] တရုတ်ပြည်တွင် သံရိုင်း နှင့် သံမဏိ အထွက်ရှိဆုံး ပြည်နယ်များ စာရင်းတွင် နံပါတ် (၃) ချိတ်သည်။ တရုတ်ပြည်အတွက် အရေးကြီးသော ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရာ အခြေစိုက်ဒေသလည်း ဖြစ်သည်။ [၂]

အကြီးစားစက်မှုလုပ်ငန်းများ ရှိသည်။ အထူးသဖြင့် ရှင်ယန် နှင့် တလျန်တို့တွင် ပေါများသည်။ အသေးစားစက်မှုလုပ်ငန်းများ အနေဖြင့် ချည်မျှင်နှင့်အထည် ရက်လုပ် ထုတ်လုပ်ခြင်းများ၊ သိုးမွေးထုတ်လုပ်ခြင်း ရှိသည်။ [၂]

၂၀၀၈ ခုနှစ်စာရင်းအရ စက်မှုလုပ်ငန်းများသည် ဂျီဒီပီ၏ ၃၄.၅% ခန့်ရှိသည်။ အနာဂတ်တွင်လည်း ရေနံဓာတုပစ္စည်း၊ သတ္တု၊ စက်ပစ္စည်း နှင့် အီလက်ထရွန်းနစ် စသော ပင်မစက်မှုလုပ်ငန်း (၄)မျိုးကို အားထားလုပ်ကိုင်မည် ဖြစ်သည်။ [၁၄]

စိုက်ပျိုးရေး[ပြင်​ဆင်​ရန်​]

အဓိက စိုက်ပျိုးရေးမှာ ပြောင်းဖူးနှံစားပြောင်း နှင့် ပဲပိစပ် တို့ ဖြစ်ကြသည်။ တလျန်ဝန်းကျင်တစ်ဝိုက်သည် တရုတ်ပြည် တစ်ပြည်လုံး၏ လေးပုံသုံးပုံမျှသော ပန်းသီး နှင့် မက်မွန်သီး စိုက်ပျိုးထုတ်လုပ်ရာ ဒေသ ဖြစ်သည်။ ဝါဂွမ်းကိုလည်း ထုတ်လုပ်ကြသည်။ သစ်သီးထွက်ရှိမှုအနေဖြင့် တလျန်နှင့် ယင်းခိုမြို့တို့မှ ပန်းသီး၊ တလျန်မှ မက်မွန်သီး၊ ကျင်းကျိုးမှ သစ်တော်သီး၊ ဟူးလူကျွန်းနှင့် စွေ့ကျုံးမှ သစ်တော်သီးအဖြူ၊ တန်းတုန်းမှ တရုတ်ဆီးသီး နှင့် ရိုးရိုးဆီးသီးတို့ ဖြစ်ကြသည်။

ဓာတ်သတ္တု[ပြင်​ဆင်​ရန်​]

လျောင်းနင်ပြည်နယ်သည် သံမင်းဂနိစ်စိန်၊ နှင့် ဘိုရွန် တို့ ထွက်သည်။ ရေနံ နှင့် သဘာဝဓာတ်ငွေ့ တို့ လည်း အများအပြား ထွက်သည်။ ကမ်းရိုးတန်းဒေသများတွင် ဆားချက်ကြသည်။

ရေနံ[ပြင်​ဆင်​ရန်​]

လျောင်းဟယ်ဒေသတွင် ကြီးမားသော ရေနံသိုက်များ တည်ရှိသည်။ [၁၅]

စက်မှုလုပ်ငန်း[ပြင်​ဆင်​ရန်​]

အရေးအကြီးဆုံး စက်မှုလုပ်ငန်းကြီးများ အခြေစိုက်ရာ ဒေသ ဖြစ်သည်။ စက်ကိရိယာများ၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ သတ္တုသန့်စင်ရေး၊ ရေနံနှင့် ဓာတုလုပ်ငန်းများ၊ ဆောက်လုပ်ရေးပစ္စည်း နှင့် ကျောက်မီးသွေးများ ထုတ်လုပ်သည်။ တလျန် ကမ်းလွန်ပင်လယ်ပြင်မှ ပင်လယ်စာများ ထွက်သည်။ အထူးသဖြင့် ပင်လယ်ခရုယောက်သွားပုစွန်ဂဏန်း၊ နှင့် ငါးအမျိုးမျိုး ထွက်သည်။

ကုန်သွယ်ရေး[ပြင်​ဆင်​ရန်​]

တလျန်၊ တန်းတုန်း နှင့် ယင်းခိုမြို့တို့သည် တရုတ်ပြည် အရှေ့မြောက်ဒေသ၏ ကူးသန်းရောင်းဝယ်ရာ တံခါးပေါက်မြို့ကြီးများ ဖြစ်ကြသည်။

စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးမှုဇုန်များ[ပြင်​ဆင်​ရန်​]

နိုင်ငံတော်အဆင့် (၁၄)ခု နှင့် ပညည်နယ်အဆင့် (၄၂)ခု စုစုပေါင်း ဖွံ့ဖြိုးရေးဇုန်ပေါင်း (၅၆)ခု ရှိသည်။ [၁၆]

  • ရှင်ယန်ရေလက်ကြားဖြတ်သိပ္ပံစက်မှုဇုန်
  • လျောင်းနင်၊ရှင်ယန်ပို့ကုန်ထုတ်လုပ်ရေးဇုန်
  • ရှင်ယန်စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးရေးဇုန်
  • ရှင်ယန်အဆင့်မြင့် စက်မှုနည်းပညာဖွံ့ဖြိုးရေးဇုန်
  • အန်းရှန်းအဆင့်မြင့်စက်မှုနည်းပညာဖွံ့ဖြိုးရေးဇုန်
  • တလျန်စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးရေးဇုန်
  • တလျန်ပို့ကုန်ထုတ်လုပ်ရေးဇုန်
  • တလျန်လွတ်လပ်ကုန်သွယ်ဇုန်
  • တလျန်အဆင့်မြင့်စက်မှုနည်းပညာဖွံ့ဖြိုးရေးဇုန်
  • တန်းတုန်းနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်
  • ယင်းခိုစီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးရေးဇုန်

ဒေသဖွံ့ဖြိုးရေးစီမံချက်များ[ပြင်​ဆင်​ရန်​]

လျောင်းနင်ဗဟိုချက်ဒေသ (ရှင်ယန်မြို့ပြဒေသ)[ပြင်​ဆင်​ရန်​]

မြို့ပြအများစုသည် လျောင်းနင်ပြည်နယ်၏ ဗဟိုပိုင်းတွင် စုနေသည်။ ရှင်ယန်မြို့တော်သည် လူဦးရေ ၄ သန်းကျော် ရှိသော မြို့ကြီး ဖြစ်သည်။ ရှင်ယန်မှ ကီလိုမီတာ ၁၅၀ ပတ်လည်အတွင်းတွင် လူဦးရေ ၁.၃ သန်းကျော်စီရှိသော အန်းရှန်းမြို့ နှင့် ဖူရွှင့်မြို့၊ ၁.၁ သန်းကျော်ရှိသော ယင်းခိုမြို့၊ ၀.၉၅ သန်းကျော် ရှိသော ပင်ရှီးမြို့၊ ၀.၇ သန်း ရှိသော လျောင်းယန်မြို့ နှင့် ၀.၄ သန်းကျော် ရှိသော ထယယ်လင်မြို့ တို့ ရှိကြသည်။ ၂၀၁၀ ခုနှစ်၊ ဧပြီလတွင် တရုတ်အစိုးရမှ ရှင်ယန်မြို့ပြဒေသဖွံ့ဖြိုးရေးအတွက် စီမံချက်ကို ခွင့်ပြုခဲ့သည်။ ယင်းစီမံချက်အရ စက်မှုဖွံ့ဖြိုးရေး၊ အထက်ပါ မြို့တော်ကြီး ရှစ်ခုကို ပေါင်းစည်းရေး၊ ကျေးလက်နှင့် မြို့ပြကို ပေါင်းစည်းရေး နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရေးတို့ ဖြစ်ကြသည်။ [၁၇]

လျောင်းနင်ကမ်းရိုးတန်းဒေသစီးပွားရေးခါးပတ်[ပြင်​ဆင်​ရန်​]

၂၀၀၅ ခုနှစ်တွင် လျောင်းနင်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး လီခဲ့ချောင် (Li Keqiang) (ယခု ပေါ်လစ်ဗျူရိုအဖွဲ့ဝင် - ဒုတိယဝန်ကြီးချုပ်) ဖွံ့ဖြိုးရေး စီမံချက်ကို စတင်ခဲ့သည်။ ၂၀၀၆ ခုနှစ်မှ စ၍ လျောင်းနင်ကမ်းရိုးတန်းဒေသတစ်ခုလုံး ဖွံ့ဖြိုးရေးကို စတင်ခဲ့သည်။ ပင်မစီးပွားရေးဖွံ့ဖြိုးရေးဧရိယာ (၅)ခု သတ်မှတ်ခဲ့သည်။

  • ချောင်ရှင့်ကျွန်းဆိပ်ကမ်းစက်မှုဇုန် (Changxing Island Harbor Industrial Zone)၊ တလျန်မြို့။
  • ယင်းခိုကမ်းရိုးတန်းစက်မှုအခြေစိုက်ဇုန် (Yingkou Coastal Industrial Base)
  • လျောင်ရှီး ကျင်းကျိုးပင်လယ်အော် စီးပွားရေးဇုန် (Liaoxi Jinzhou Bay Coastal Economic Zone)
  • တန်းတုန်းစက်မှုဇုန်။
  • ကျွမ်းဟယ် ဟွားယွမ်ခို စက်မှုဇုန် (Zhuanghe Huayuankou Industrial Zone)။

အထက်ပါ ဇုန် ၅ ခုသည် ဧရိယာ ၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ကီလိုမီတာ ၁၄၃၃ ရှည်လျားသော ကမ်းရိုးတန်း တစ်လျှောက်ရှိ ဇုန်များကို ဆက်သွယ်ရေးရန်အတွက် အဝေးပြေးလမ်းမများကိုလည်း ဖောက်လုပ်ခဲ့သည်။

လူဦးရေနှင့်လူမျိုးများ[ပြင်​ဆင်​ရန်​]

လူဦးရေအများစုမှာ ဟန့်လူမျိုး များ ဖြစ်ကြသည်။ မန်ချူး၊ မွန်ဂို၊ ဟွေ၊ ကိုရီးယား နှင့် ရှိပဲ လူမျိုးတို့လည်း နေထိုင်ကြသည်။

လျောင်းနင်ပြည်နယ်တိုင်းရင်းသားလူမျိုးများ၊ ၂၀၀၀ ခုနှစ် သန်းခေါင်စာရင်း
လူမျိုး လူဦးရေ ရာခိုင်နှုန်း
ဟန့်လူမျိုး 35,105,991 83.94%
မန်ချူးလူမျိုး 5,385,287 12.88%
မွန်ဂိုလူမျိုး 669,972 1.60%
ဟွေလူမျိုး 264,407 0.632%
ကိုရီးယားလူမျိုး 241,052 0.576%
ရှိပဲလူမျိုး 132,615 0.317%

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

'လျောင်းနင်ပြည်နယ်၏ ယည်ကျေးမှုသည် မန်ချူးရီးယားယည်ကျေးမှု ရောယှက်နေသည်။ ပထမဆုံး ငှက်မွေးပါဒိုင်နိုဆော ဖြစ်သော ဆိုင်နိုဆောရော့တာရစ်ကို ၁၉၉၆ တွင် ဖွင့်လှစ်ပြသခဲ့သည်။

ခရီးသွားလုပ်ငန်း[ပြင်​ဆင်​ရန်​]

Chongzheng Hall in the Mukden Palace.

မုကဒင်နန်းတော် (Mukden Palace) သည် ချင်မင်းဆက်ခေတ် (Qing Dynasty) က ဘုရင်များ တရုတ်တစ်ပြည်လုံးကို မအုပ်စိုးနိုင်မီ မြို့တော်ကို ပေကျင်းမြို့ သို့ မပြောင်းရွှေ့မီ က အုပ်ချုပ်ရာ နန်းတော် ဖြစ်ခဲ့သည်။ ပေကျင်းရှိ နန်းတော်လောက် မကြီးမားသော်လည်း ယူနက်စကို (UNESCO) မှ ပေကျင်းနန်းတော်၏ လက်ခွဲ ကမ္ဘာ့အမွေအနှစ်နေရာ (World Heritage Site) တစ်နေရာ အဖြစ် သတ်မှတ်ထားသည်။ ထို့ပြင် ရှေးခေတ် ဧကရာဇ် ၃ ပါး၏ အုတ်ဂူများသည်လည်း လျောင်းနင်ပြည်နယ်အတွင်းတွင် တွေ့ရသည်။ ယင်းတို့ကိုလည်း ယူနက်စကို (UNESCO) မှ ကမ္ဘာ့အမွေအနှစ်နေရာ (World Heritage Site) တစ်နေရာ အဖြစ် သတ်မှတ်ထားသည်။ ဟွမ်းရင်မန်ချူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ငယ် (Huanren Manchu autonomous county) အတွင်းရှိ ဝူနုတောင်တန်းမြို့တော် (Wunu Mountain City) ကိုလည်း ယူနက်စကို (UNESCO) မှ ကမ္ဘာ့အမွေအနှစ်နေရာ (World Heritage Site) တစ်နေရာ အဖြစ် သတ်မှတ်ထားသည်။ အန်းရှန်းမြို့တွင် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဗုဒ္ဓ ဆင်းတုတော်ကြီး တည်ရှိသည်။ ရှေးမြို့တော် ဖြစ်ခဲ့သော လျောင်းယန်မြို့တွင် ယွမ်မင်းဆက် (Yuan Dynasty) ခေတ်က ဘုရားဖြူ (White Pagoda - Baita) ကဲ့သို့သော သမိုင်းဝင် နေရာ မြောက်မြားစွာရှိသည်။ တလျန်မြို့တွင် သာယာလှပသော အပန်းဖြေကမ်းခြေများ၊ ပင်လယ်အစားအစာများ၊ ရုရှား နှင့် ဂျပန် ယဉ်ကျေးမှု အဆောက်အဦးများ တည်ရှိသောကြောင့် ကမ္ဘာလှည့်ခရီးသည်များ အသွားရောက်ဆုံးနေရာ ဖြစ်သည်။ ပိကျားတောင်ကျွန်း (Bijia Mountain) မှာ ဒီရေကျချိန်တွင် တရုတ်ကုန်းမကြီးနှင့် တစ်ဆက်တည်း ဖြစ်သွားလေ့ရှိသော ထူးဆန်းစိတ်ဝင်စားဖွယ် နေရာတစ်ခု ဖြစ်သည်။

ပညာရေး[ပြင်​ဆင်​ရန်​]

တက္ကသိုလ်ကောလိပ်များ[ပြင်​ဆင်​ရန်​]

ပညာရေးဝန်ကြီးဌာနလက်အောက်မှတက္ကသိုလ်များ:

အခြားသောအမျိုးသာအဖွဲ့အစည်းများလက်အောက်မှတက္ကသိုလ်များ:

ပြည်နယ်အစိုးရလက်အောက်မှတက္ကသိုလ်များ:

ကျောက်ဖြစ်ရုပ်ကြွင်း[ပြင်​ဆင်​ရန်​]

ကမ္ဘာ့ ရှေးအကျဆုံးသော ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ နေရာများ တွေ့ရှိရသည်။ ငှက်မွေးငှက်တောင်ရှိပြီး အသားစားဒိုင်နိုဆော ဖြစ်သည့် ဆိုင်နိုဆောရော့တာရစ် (Sinosauropteryx) တွေ့ရှိရသည်။ အစောဆုံး ပန်းပွင့်ချက်တိုင်ပါနို့တိုက်သတ္တဝါသားပိုက်မျိုးနွယ် နှင့် ငှက်များ ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း တွေ့ရသည်။

ဆက်စပ်ကြည့်ရှုရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Liaoning Travel Guide: Map, History, Sightseeing, Ethnic Minority, Climate. Retrieved on 2010-03-14
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ Dezan Shira & Associates. Dezan Shira & Associates (2009). Retrieved on 2009-02-08
  3. China Liaoning Business Guide. Retrieved on 2010-08-12
  4. 先秦辽阳地区部族问题初探
  5. Edmonds, Richard Louis (1985). Northern Frontiers of Qing China and Tokugawa Japan: A Comparative Study of Frontier Policy. University of Chicago, Department of Geography; Research Paper No. 213, 38–40. ISBN 0-89065-118-3. 
  6. Xingjing
  7. Dongjing
  8. Edmonds (1985), p. 113
  9. Edmonds (1985), p. 74
  10. Edmonds (1985), pp. 74-75
  11. Edmonds (1985), pp. 58-61
  12. ၁၂.၀ ၁၂.၁ Edmonds (1985), p. 76
  13. http://thechinaperspective.com/topics/province/liaoning-province/
  14. China Briefing Business Reports. Asia Briefing (2009). Retrieved on 2009-02-08
  15. http://thechinaperspective.com/topics/province/liaoning-province/
  16. China Liaoning Business Guide
  17. China Liaoning Business Guide

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]