ချုံချင့်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
(ထိပ်မှ စ၍ ) ယူကျောင် မြင်ကွင်း ၊ ရထား၊ ချောင်တျောင်မန် တံတား

ချုံချင့်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၏ ပြည်နယ်အဆင့်ရှိသော မြူနီစီပယ်အုပ်ချုပ်ရေး မြို့တော် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ချုံကင်းမြို့သည် တရုတ်နိုင်ငံအနောက်ပိုင်း ဆီချွမ်ပြည်နယ် တွင် ရှိ၍ ရှေးနှစ်ပေါင်း ၄ဝဝဝ ကျော်ကပင် ပေါ်ထွန်းခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည်။ ဘီစီ ၂၂ ရာစုနှစ်ခန့်က တရုတ် ပြည် ဆီယာမင်းဆက်မှ ယူဘုရင်၏ မိဖုရားကြီးမှာ ထိုဒေသ တွင် မွေးဖွားခဲ့သည်ဟု အဆိုရှိသည်။ ဘီစီ ၂၂ဝ နှစ်က တရုတ်ပြည့်ရှင် ရှီဝှန်းတီဘုရင်သည် ချုံကင်းမြို့ကို သိမ်းပိုက်၍ တရုတ်ပြည်မထဲသို့ ထည့်သွင်းခဲ့သည်။

ဤမြို့မှာ ယန်ဆီမြစ်နှင့် ကိယလင်မြစ်တို့ တွေ့ဆုံရာ ကျောက်ဆောင်ကျွန်းဆွယ်ပေါ်တွင် တည်ရှိသည်။ ထိုမြစ်များမှာ တရုတ်နိုင်ငံအနောက်ပိုင်းကို အလယ်ပိုင်းနှင့်၄င်း၊ ပင်လယ် ဆိပ်ကမ်းမြို့များနှင့်၄င်း ဆက်သွယ်ပေးရာ သဘာဝတံခါးဝဟု ဆိုနိုင်သော မြို့ကြီးတစ်ခု ဖြစ်သည့်ပြင် ယူနန်ပြည်နယ် မြောက်ပိုင်းနှင့် တိဗက်နိုင်ငံ အရှေ့ပိုင်းတို့မှ ကုန်စည်များ စုဝေးထုတ်နုတ် ဖလှယ်ရာ ဗဟိုအချက်အခြာ မြို့တစ်မြို့လည်း ဖြစ်သည်။ ၁၈၉ဝ ပြည့်နှစ်တွင် တရုတ်ပြည်နှင့် အနောက်နိုင်ငံ တစ်ချို့တို့ ချုပ်ဆိုသော ပီကင်းစာချုပ်အရ ချုံကင်းမြို့ကို နိုင်ငံခြားသားများ နေထိုင်ရောင်းဝယ်ခွင့်ရှိသော စာချုပ်ပါ မြစ်ကြောင်းသင်္ဘောဆိပ်မြို့အဖြစ်ဖြင့် ကြေညာခဲ့သည်။ ၁၉၄၃ ခုနှစ်တွင်မှ ထိုအခွင့်အရေးပေးရခြင်း ရပ်စဲသွားလေသည်။ မြို့ပတ်ပတ်လည်ကို ၅ မိုင်ရှည်လျားသော ကျောက်တံတိုင်း ကြီးဖြင့် ကာရံထားလေသည်။ ထိုတံတိုင်းကြီးတွင် မြို့တံခါး ၉ ပေါက် ဖောက်ထားသည်။ ချုံကင်းမြို့၏ ရာသီဥတုမှာ သာယာ ခြင်းမရှိသည့်အပြင် ကျန်းမာရေးနှင့်လည်း မညီညွတ်ချေ။ မြို့ပတ်ဝန်းကျင်အရပ်မှ လက်ဖက်၊ ဆန်စပါးနှင့် ပိုးခြည် များ ထွက်သည်။ တောင်ပေါ်ဒေသများမှ သိုးမွေးနှင့် သားရေ များ ရရှိသည်။မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးတွင် ကတ္တူကြီး များနှင့် မီးသင်္ဘောငယ်များကို အသုံးပြုကြသည်။

ရုံးသုံးဝေါဟာရ၌ ချုံကင်းမြို့ကို ပါဆီအင်ဟု ခေါ်သည်။ ချုံကင်းမြို့တွင် ၁၉၂၃ ခုနှစ်မှစ၍ မျူနီစီပယ်အဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ တရုတ်ဂျပန် စစ်အတွင်းက တရုတ်နိုင်ငံမြို့တော် နန်းကင်းမြို့မှာ ဂျပန်များလက်သို့ ကျဆုံးသွားရာ ၁၉၃၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံမြို့တော်ကို ချုံကင်းမြို့သို့ ပြောင်း ရွေ့လာခဲ့သည်။ ၁၉၃၆ ခုမှ ၁၉၃၈ ခုနှစ်အတွင်း ဖောက်လုပ် ပြီးစီးခဲ့သော တရုတ်မြန်မာလမ်းမကြီးမှာ ချုံကင်းမြို့မှ ကွန်မင်း မြို့ကို ဖြတ်၍ မြန်မာနိုင်ငံနှင့် ဆက်သွယ်ထားသော မော်တော် ကားလမ်းမကြီး ဖြစ်သည်။ ဤလမ်းမကြီးမှ တရုတ်နိုင်ငံသို့ စစ်သုံးပစ္စည်း အမြောက်အမြားကို တင်ပို့ခဲ့သည်။

၁၉၄ဝ ပြည့်နှစ်တွင် ချုံကင်းမြို့တော်ကို အရံမြို့တော် အဖြစ် ကြေညာပြီးနောက် ခရိုင် ၄ ခုကို မျူနီစီပယ်နယ်နိမိတ် အတွင်းသို့ နောက်ထပ်ထည့်သွင်းခဲ့သည်။ ထိုသို့ တိုးချဲ့ပြီး နောက် ချုံကင်းမြို့မှာ စတုရန်းမိုင်ပေါင်း ၁၁၆ မိုင်ခန့် ကျယ် ဝန်းလာသည်။ ၁၉၃၈ ခုမှ ၁၉၄၁ ခုနှစ်အတွင်း ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံရသဖြင့် မြို့အနိမ့်ပိုင်းရပ်ကွက်မှာ ယိုယွင်းပျက်စီးခဲ့သည်။ ဤမြို့တွင် ၁၉၃၉ ခုနှစ်က လူဦးရေ ၅၅ဝဝဝဝ မျှသာ ရှိခဲ့ရာ ၁၉၄၂ ခုနှစ်ရောက်သောအခါ လူဦး ရေ ၁ဝဝဝဝဝဝ ကျော်မျှအထိ တိုးတက်နေထိုင်လာခဲ့ကြသည်။ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ ၁၉၄၆ ခုနှစ် မေလသို့ ရောက် သောအခါ၊ ချန်ကေရှိတ်သည် တရုတ်နိုင်ငံ၏ မြို့တော်ကို ချုံကင်းမြို့မှ နန်းကင်းမြို့သို့ ပြောင်းလိုက်သည်။ [၁]

ပထဝီဝင်အနေအထားနှင့်ရာသီဥတု[ပြင်​ဆင်​ရန်​]

အုပ်ချုပ်ရေး[ပြင်​ဆင်​ရန်​]

စီးပွားရေး[ပြင်​ဆင်​ရန်​]

လူဦးရေနှင့်လူမျိုးများ[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ခရီးသွားလုပ်ငန်း[ပြင်​ဆင်​ရန်​]

သယ်ယူပို့ဆောင်ရေးလုပ်ငန်း[ပြင်​ဆင်​ရန်​]

ခရီးသွားလုပ်ငန်း[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)