ဒိုင်နိုဆော
| Dinosaurs | ||||||
|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||
|
||||||
ဒိုင်နိုဆောဆိုသည်မှာ အာခိုဆော အမျိုးအစား တွားသွားသတ္တဝါတစ်မျိုးဖြစ်ပြီး မီဆိုဇိုးရစ် ကာလအတွင်းက ကုန်းပေါ်တွင် အများအပြားရှိသော သတ္တဝါမျိုးလည်း ဖြစ်သည်။
ဒိုင်နိုဆောဆိုသော စကားလုံးမှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ရာ ပုတ်သင်ညို (terrible lizard) ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်လူမျိုး ဇီဝဗေဒ ပညာရှင် ရစ်ချက်အိုဝင်က ၁၈၄၂ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။
ဒိုင်နိုဆောများကို လွန်ခဲ့သော နှစ်သန်းပေါင်း ၂၃၀ ခန့် အားပါး ထရိုင်ဆစ်ခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများတွင် တွေ့ရှိရသည်။ ဂျူရက်ဆစ်ခေတ် အစောပိုင်းတွင် သူတို့သည် ကုန်းမြေပေါ်ရှိ ဒေသအများစုတွင် လွှမ်းမိုးလာခဲ့သည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆၅သန်းခန့်အထိ ရှိလာခဲ့ကြပြီး ရုတ်တရက် မျိုးတုံးပျောက်ကွယ် သွားခဲ့ကြသည်။
ငှက်များသည် သာရိုပေါ့ ဒိုင်နိုဆောများမှ ဆင်းသက်လာကြပြီး ကုန်းမြေပေါ်ရှိ ဒိုင်နိုဆောအားလုံးမှာ မျိုးတုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဒိုင်နိုဆောများသည် ဘူမိဗေဒ သက် တမ်းအရ Triassic Period (ထရိုင်ယဆစ် ယုဂ်)အတွင်း လွန်ခဲ့သောနှစ်သန်းပေါင်း ၂၂၅ သန်းက ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ကြခြင်း ဖြစ် သည်။ အချို့သော သတ္တဝါများသည် ကြက် တစ်ကောင်၏ အရွယ်အစားခန့်သာ ရှိကြ၏။ အချို့သော သတ္တဝါများကမူ ကမ္ဘာပေါ်၌ ရှိခဲ့ ဖူးသော အရွယ်အစား အကြီးဆုံး သတ္တဝါများ ဖြစ်ခဲ့ကြ၏။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ် တွင် Jurassic Period (ဂျူရက်ဆစ် ယုဂ်) တစ်လျှောက်လုံးနှင့် Cretaceous Period (ခရီးတေးရှတ်ယုဂ်)ကုန်ဆုံးသည်အထိ လှည့် လည်သွားလာနေခဲ့ကြ၏။ ထရိုင်ယဆစ်ယုဂ်၊ ဂျူရက်ဆစ်ယုဂ်နှင့် ခရီးတေးရှတ်ယုဂ်တို့ကို တွားသွားသတ္တဝါများခေတ် ဟု သတ်မှတ် ထားကြ၏။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ်(၁၀)၊ ၂၀၀၆-ခုနှစ်၊ ဇန္နဝါရီလ