မန်ချူးကိုးနိုင်ငံ

ဝီကီပီးဒီးယား မှ
(မန်ချူး မှ ပြန်ညွှန်းထားသည်)
တရုတ်နိုင်ငံရှိဒေသ အတွက် မန်ချူးရီးယား ကို ကြည့်ပါ။
မန်ချူးရီးယားနိုင်ငံတော်
State of Manchuria
(၁၉၃၂–၁၉၃၄)
滿洲國

(မဟာ)မန်ချူးရီးယား ဧကရာဇ်နိုင်ငံတော်
Empire of (Great) Manchuria
(၁၉၃၄–၁၉၄၅)
(大)滿洲帝國

နိုင်ငံတော် သီချင်း: မန်ချူးကိုးနိုင်ငံ၏ နိုင်ငံတော်သီချင်း
(၁၉၃၃–၁၉၄၂ မူ)

(၁၉၄၂–၁၉၄၅ မူ)
မန်ချူးကိုး၏ တည်နေရာ
လက်ရှိအခြေအနေဂျပန်အင်ပါယာရုပ်သေးတိုင်းပြည်
မြို့တော်ရှင်ကျင်း (၉ သြဂုတ် ၁၉၄၅ အထိ)
တုန်းဟွာ
အကြီးဆုံးမြို့ဟာရ်ပင်း
ရုံးသုံး ဘာသာစကားများဂျပန်ဘာသာစကား
မန်ချူးရီးယန်း[မှတ်စု ၁]
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ
Demonymမန်ချူး
အစိုးရအကြွင်းမဲ့ စစ်အာဏာရှင်စနစ်လက်အောက်ခံ တစ်ပါတီ စည်းမျဉ်းခံဘုရင်စနစ်
• အမှုဆောင်ချုပ်
ပုရီ (၁၉၃၂–၁၉၃၄)
• ဧကရာဇ်
ပုရီ (၁၉၃၄–၁၉၄၅)
• ဝန်ကြီးချုပ်
ဥပဒေပြုလွှတ်တော်ဥပဒေပြုကောင်စီ
ဖြစ်ရပ်များ
၁၈ စက်တင်ဘာ ၁၉၃၁
• အရှေ့မြောက်မဟာအုပ်ချုပ်ရေးကောင်စီကြီး
၁၆ ဖေဖော်ဝါရီ ၁၉၃၂
• တည်ထောင်
၁ မတ် ၁၉၃၂
• ရေးဟေပြည်နယ် သိမ်းပိုက်ခြင်း
၄ မတ် ၁၉၃၃
• ဧကရာဇ်နိုင်ငံအဖြစ်ကြေညာ
၁ မတ် ၁၉၃၄
• GEACPS အဖွဲ့ဝင်ဖြစ်လာ
၃၀ နိုဝင်ဘာ ၁၉၄၀
၉ သြဂုတ် ၁၉၄၅
• ပြိုကွဲခြင်း
၁၅ သြဂုတ် ၁၉၄၅
ငွေကြေးတရုတ်ရွှေယူနစ်
မန်ချူးကိုး ယွမ်ငွေ

မန်ချူးကိုးနိုင်ငံ (အင်္ဂလိပ်: Manchukuo)၊ တရားဝင်အားဖြင့် ၁၉၃၄ ခုနှစ်အထိ မန်ချူးရီးယားနိုင်ငံတော်၊ ၁၉၄၅ ခုနှစ်အထိ (မဟာ)မန်ချူးရီးယား ဧကရာဇ်နိုင်ငံတော်သည် မန်ချူးရီးယားဒေသအခြေစိုက် ဂျပန်အင်ပါယာရုပ်သေးနိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၃၂ မှ ၁၉၄၅ ခုနှစ်များအတွင်း တည်ရှိခဲ့သည်။ ဂျပန်တို့က မန်ချူးရီးယားကို ကျူးကျော်သိမ်းပိုက်ပြီးနောက် ၁၉၃၂ တွင် သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုမှု နည်းပါးသောနိုင်ငံလည်းဖြစ်သည်။

နိုင်ငံ၏ဧရိယာသည် ချင်းမင်းဆက်၏ ဧကရာဇ်များအပါအဝင် မန်ချူးလူမျိုးတို့၏ ဌာနေမြေဖြစ်သည်။ ၁၉၃၁ တွင် ဂျပန်တို့သည် မုခ်ဒန်းဖြစ်ရပ်အပြီးတွင် ထိုဒေသကိုသိမ်းပိုက်ခဲ့သည်။ တစ်နှစ်အကြာတွင် ဂျပန်အလိုတော်ရိ အစိုးရတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး နောက်ဆုံးချင်းဧကရာဇ်ပုရီအား အမည်ခံခေါင်းဆောင်နှင့် နောက်ပိုင်းတွင်ဧကရာဇ်အဖြစ် ခန့်အပ်ခဲ့သည်။[၂] ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် မန်ချူးကိုးအစိုးရသည် ၁၉၄၅ ခုနှစ်တွင် ပျက်ပြားခဲ့သည်။ မန်ချူးကိုးပိုင်နယ်မြေများကို ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ဆိုဗီယက်တို့က ကျူးကျော်သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံထံပြန်လည်ပေးအပ်ခဲ့သည်။[၃]

မန်ချူးနိုင်ငံဟုဆိုသော်လည်း မန်ချူးတို့သည် လူနည်းစုမျှသာဖြစ်ခဲ့ရပြီး အများစုမှာဟန်တရုတ်လူမျိုးများသာဖြစ်သည်။

နိုင်ငံရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မန်ချူးကိုးနိုင်ငံ၏ နိုင်ငံရေး

နိုင်ငံ့ခေါင်းဆောင်[ပြင်ဆင်ရန်]

မန်ချူးကိုးနိုင်ငံ၏ ဧကရာဇ်
大滿洲帝國皇帝  (တရုတ်)
Imperial
ဧကရာဇ်အလံတော်
ဧကရာဇ်ပုရီ
အသေးစိတ်များ
အခေါ်အဝေါ်His Imperial Majesty
ပထမဆုံးဘုရင်ခန့်ဒေ
နောက်ဆုံးဘုရင်ခန့်ဒေ
ဖွဲ့စည်းပုံ၁ မတ် ၁၉၃၄
စွန့်လွှတ်၁၅ သြဂုတ် ၁၉၄၅
စံအိမ်ဧကရာဇ်နန်းတော်ရှင်ကျင်း
မန်ချူးကိုး ၁၉၃၂–၁၉၄၅
ဘွဲ့အမည်နှင့် သက္ကရာဇ်များ နန်းသက် ကာလအမည် (年號) နှင့် ယင်းတို့၏ သက်ဆိုင်ရာရက်စွဲများ
အိုက်ရှင်းကျွဲလျိုး ပုရီ
(愛新覺羅溥儀Àixīnjuéluó Pǔyì)
၇ ဖေဖော်ဝါရီ ၁၉၀၆

၁၇ အောက်တို ဘာ ၁၉၆၇
၁၈ ဖေဖော်ဝါရီ ၁၉၃၂

၁၅ သြဂုတ် ၁၉၄၅
(၁၃ နှစ်၊ ၁၇၈ ရက်)
ဒါတုန်း (大同Dàtóng)
၁၈ ဖေဖော်ဝါရီ ၁၉၃၂

၂၈ ဖေဖော်ဝါရီ ၁၉၃၄
ခန့်ဒေ (康德Kāngdé)
၁ မတ် ၁၉၃၄

၁၅ သြဂုတ် ၁၉၄၅

ဝန်ကြီးချုပ်[ပြင်ဆင်ရန်]

စဉ် ဓာတ်ပုံ အမည်
(မွေးဖွား–ကွယ်လွန်)
တာဝန်သက်တမ်း ပါတီ
တာဝန်ထမ်းဆောင် တာဝန်ပြီးဆုံး တာဝန်သက်တမ်း
ကျန်းရှောင်းရှူ
(၁၈၆၀–၁၉၃၈)
၉ မတ် ၁၉၃၂ ၂၁ မေ ၁၉၃၅ ၃ နှစ်၊ ၇၃ ရက် ကွန်ကောဒီးယားအသင်းအဖွဲ့
ကျန်ကျင်းဟွေး
(၁၈၇၁–၁၉၅၉)
၂၁ မေ ၁၉၃၅ ၁၅ သြဂုတ် ၁၉၄၅ ၁၀ နှစ်၊ ၈၆ ရက် ကွန်ကောဒီးယားအသင်းအဖွဲ့

သံတမန်ရေးရာ အသိအမှတ်ပြုမှု[ပြင်ဆင်ရန်]

မန်ချူးကိုးနိုင်ငံကို အသိအမှတ်ပြုသောနိုင်ငံများ
  မန်ချူးကိုး
  ဂျပန်မှသိမ်းပိုက်ထားသောနယ်မြေများ သို့မဟုတ် ဂျပန်သြဇာခံအစိုးရများလက်အောက်ရှိ နယ်မြေများ
  ဂျာမနီမှသိမ်းပိုက်ထားသောနယ်မြေများ သို့မဟုတ် ဂျာမနီသြဇာခံအစိုးရများလက်အောက်ရှိ နယ်မြေများ
  အသိအမှတ်ပြုသောနိုင်ငံများ

တရုတ်နိုင်ငံသည် မန်ချူကိုးနိုင်ငံကို အသိအမှတ်မပြုသော်လည်း ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် ဆက်ဆံရေးကို ထူထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးမှ လစ်တွန်အစီရင်ခံစာကို ထုတ်ဝေခဲ့ပြီး မန်ချူးရီးယားသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကြေငြာခဲ့ရာ ဂျပန်နိုင်ငံသည် ၎င်း၏အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ မန်ချူးရီးယားပြဿနာကြောင့် အမေရိကန်နိုင်ငံသည် စစ်ပွဲအကြောင်းကြောင့် ပေါ်ပေါက်လာသည့်နိုင်ငံများကို အသိအမှတ်မပြုရန်အတွက် စတင်မ်ဆင်၏အဆို (Stimson Doctrine) ကို ချမှတ်ခဲ့သည်။[၄]

အဖွဲ့ချုပ်၏ချဉ်းကပ်မှုကြားမှ ဤနိုင်ငံသစ်ကို အယ်ဆာဗေဒို (၃ မတ် ၁၉၃၄)၊ ဒိုမီနီကန်သမ္မတနိုင်ငံ (၁၉၃၄)၊ ကော်စတာရီကာ (၂၃ စက်တင်ဘာ ၁၉၃၄)၊ အီတလီ (၂၉ နိုဝင်ဘာ ၁၉၃၇)၊ စပိန် (၂ ဒီဇင်ဘာ ၁၉၃၇)၊ ဂျာမနီ (၁၂ မေ ၁၉၃၈) နှင့် ဟန်ဂေရီ (၉ ဇန်နဝါရီ ၁၉၃၉) နိုင်ငံများက အသီးသီးအသိအမှတ်ပြုခဲ့ကြသည်။ ဆိုဗီယက်နိုင်ငံသည် ၁၉၃၅ မတ် ၂၃ တွင် အသိအမှတ်ပြုသော်လည်း တရားဝင်အသိအမှတ်ပြုမှု မဟုတ်ခဲ့ပေ။[၅][၆] သို့သော် ၁၉၄၁ ဧပြီ ၁၃ ရက်နေ့တွင် ဆိုဗီယက်–ဂျပန် ကြားနေရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ဆိုဗီယက်ယူနီယံ၏အိမ်နီးချင်း မွန်ဂိုလီးယားပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုပါက မန်ချူးကိုးနိုင်ငံကို အသိအမှတ်ပြုမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။[၇] ဗာတီကန်စီးတီးသည် မန်ချူးကိုးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသည်ဟု ယုံကြည်ကြသည်။ သို့သော် ဗာတီကန်စီးတီးအနေဖြင့် မန်ချူးကိုးနိုင်ငံသို့ ကက်သလစ်မစ်ရှင်များ စေလွှတ်မှုသာရှိခဲ့သည်။[၈] ၁၉၄၀ ခုနှစ်များတွင် ဂျပန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သော်လည်း ဂျပန်နှင့်အီတလီနိုင်ငံတို့၏ မန်ချူးကိုးနိုင်ငံနှင့် ဝမ်ကျင်းဝေအစိုးရတို့ကို အသိအမှတ်ပြုရေးဖိအားများကို ငြင်းဆန်ခဲ့သည်။[၉]

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက်တွင် ဂျာမနီ၏လက်အောက်၌ရှိကြသော စလိုဗက်ကီးယား (၁ ဇွန် ၁၉၄၀)၊ ဗစ်ချီ ပြင်သစ်နိုင်ငံ (၁၂ ဇူလိုင် ၁၉၄၀)၊ ရိုမေးနီးယား (၁ ဒီဇင်ဘာ ၁၉၄၀)၊ ဘူလ်ဂေးရီးယား (၁၀ မေ ၁၉၄၁)၊ ဖင်လန် (၁၇ ဇူလိုင် ၁၉၄၁)[၁၀]ဒိန်းမတ် (သြဂုတ် ၁၉၄၁)၊ ခရိုအေးရှား (၂ သြဂုတ် ၁၉၄၁) နိုင်ငံများနှင့် ဂျပန်၏လက်အောက်၌ရှိကြသော ဝမ်ကျင်းဝေတရုတ်သမ္မတနိုင်ငံ၏ ပြန်လည်ဖွဲ့စည်းထားသော အမျိုးသားအစိုးရ (၃၀ နိုဝင်ဘာ ၁၉၄၀)၊ ထိုင်း (၅ သြဂုတ် ၁၉၄၁) နှင့် ဖိလစ်ပိုင် (၁၉၄၃) နိုင်ငံများက အသိအမှတ်ပြုခဲ့ကြသည်။

မှတ်စု[ပြင်ဆင်ရန်]

  1. တရုတ်ဘာသာစကားကိုပင် "မန်ချူးရီးယန်း" ဟုခေါ်ဆိုခဲ့သည်။[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. 張守祥 (2011). "「満洲国」における言語接触 : 新資料に見られる言語接触の実態" (in ja). 人文 (10): 52-53(p.51-68). 学習院大学. ISSN 1881-7920. 
  2. Encyclopædia Britannica article on Manchukuo Archived 21 December 2007 at the Wayback Machine.
  3. C. Peter Chen။ Manchurian Strategic Offensive Operation | World War II DatabaseWorld War II Database။ 4 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 September 2015 တွင် ပြန်စစ်ပြီး။
  4. Stimson Doctrine, 1932United States Department of State။ 10 December 2016 တွင် ပြန်စစ်ပြီး။
  5. Nish၊ Ian Hill (2002)၊ Japanese foreign policy in the interwar period၊ Westport, CT: Praeger၊ p. 95၊ ISBN 0-275-94791-2
  6. Turns, David. "Stimson Doctrine of Non-Recognition: Its Historical Genesis and Influence on Contemporary International Law, The." Chinese J. Int'l L. 2 (2003): 123.
  7. Kotkin၊ Stephen (2000)၊ Mongolia in the Twentieth Century: Landlocked Cosmopolitan၊ Routledge၊ p. 123၊ ISBN 0765605368
  8. Valente, Gianni။ Vatican-Manchukuo, mea culpas are not necessary။ 30giorni။ 3 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 February 2013 တွင် ပြန်စစ်ပြီး။
  9. Pollard၊ John (2014)၊ The Papacy in the Age of Totalitarianism၊ Oxford University Press၊ p. 329ISBN 978-0199208562
  10. Suomen diplomaattiset suhteet ulkovaltoihin 1918–1996။ Ulkoasiainministeriön julkaisuja (ဖင်လန်ဘာသာစကားဖြင့်)။ Helsinki: Ministry for Foreign Affairs of Finland။ 1997။ p. 139။ ISBN 951-724-118-6