ငါး

From Wikipedia

ငါး
ငါးမန်းပြာ
Carp
ဘာရာကူဒါ

ငါး သည် ရေတွင် နေထိုင်သော တိရိစ္ဆာန်တစ်မျိုးဖြစ်ပြီး လေထုထဲရှိ အောက်ဆီဂျင်အစား ရေထဲမှ အောက်ဆီဂျင်ကို ပါးဟက်(ရေထဲတွင် အသက်ရှူနိုင်သော အင်္ဂါတစ်မျိုး) များကို သုံး၍ ရှူလေ့ရှိသည်။ ငါးအမျိုးအစားအမြောက်အများရှိသည်။ ငါးများတွင် ပုံမှန်အားဖြင့် အကြေးခွံ နှင့် ဆူးတောင်များ ရှိတတ်သည်။ ရေကန်များ မြစ်ချောင်းများတွင် နေထိုင်သော ရေချိုငါးများ ရှိသကဲ့သို့ သမုဒ္ဒရာ ဆားငန်ရေတွင် နေထိုင်သော ပင်လယ်ငါးများလည်း ရှိသည်။ အချို့သော ငါးများသည် ၁ စင်တီမီတာ အရှည်ပင်မရှိပေ။ အကြီးဆုံးငါးမှာ ဝေလငါးမန်း (whale shark) ဖြစ်ပြီး ၁၅ မီတာရှည်ကာ ၁၅ တန်လေးသည်။

[ပြင်​ဆင်​ရန်​] လူနှင့်ငါးများ

လူတို့သည် ငါးအမျိုးမျိုးကို စားသုံးကြသည်။ လူတို့အများဆုံး စားသုံးလေ့ရှိကြသော ငါးများမှာ carp၊ cod၊ ဟဲရင်းငါး (herring)၊ perch၊ ငါးသေတ္တာငါး (sardines)၊ sturgeon၊ တီလားပီးယား (tilapia)၊ trout၊ tuna နှင့် အခြားငါးအမျိုးမျိုးတို့ဖြစ်ကြသည်။ အချို့သောသူတို့သည် ငါးကို အလှမွေးတိရိစ္ဆာန်အဖြစ်မွေးကြသည်။ အလှမွေးငါးများတွင် ရွှေငါး(Goldfish) နှင့် တိုက်ငါး(Siamese Fighting Fish) တို့မှာ ထင်ရှားသည်။ တစ်ခါတစ်ရံတွင် လူတို့က ငါးများကို အများသုံးကန်များတွင် အလှ နှင့် စိတ်နှလုံးအေးချမ်းစရာ အဖြစ် မွေးမြူကြသည်။


အ​ခြား​ဘာ​သာ​ဖြင့်​