အီလက်ထရွန်းနစ်
From Wikipedia
အီလက်ထရွန်းနစ်ဆိုသည်မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors) နှင့်(Thermionic Valves) စသောအရာများတွင် အီလက်ထရွန် သို့မဟုတ် အခြားလျှပ်ကူးဓာတ်ရှိသော အမှုန်အမွှားများ၏ ရွေ့လျားမှုကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ အီလက်ထရွန်းနစ်ဆားကစ်ပတ်လမ်းများကို ဒီဇိုင်းထုတ်ခြင်းနှင့် တည်ဆောက်ခြင်းအားဖြင့် လက်တွေ့ ပြသနာများကို ဖြေရှင်းစေခြင်းသည် အီလက်ထရွန်းနစ်အင်ဂျင်နီယာ ဘာသာရပ် ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ရုံသာမက ကွန်ပြူတာအင်ဂျင်နီယာ ဘာသာရပ်၏ ဟက်ဒ်ဝဲများ (Hardware) ဒီဇိုင်းပြုလုပ်ခြင်းနှင့်လည်း ဆက်စပ်နေသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ၄င်းတို့၏ နည်းပညာအား လေ့လာခြင်းကို ရူပဗေဒ ဘာသာရပ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့်လည်း မှတ်ယူကြသည်။
Contents |
[ပြင်ဆင်ရန်] အီလက်ထရွန်းနစ် ကိရိယာများ
အီလက်ထရွန်းနစ်ကိရိယာများအား အမျိုးမျိုးသော အလုပ်တို့ကို ပြီးမြောက်စေရန် အတွက် အသုံးပြုသည်။ အီလက်ထရွန်းနစ်ပတ်လမ်းများအား အဓိက အသုံးချသောနေရာမှာ သတင်းအချက်အလက် များကို ထိန်းချုပ်ခြင်း၊ ပုံဖော်ခြင်း၊ ဖြန့်ဝေခြင်းနှင့် လျှပ်စစ်စွမ်းအား ဖြန့်ဝေခြင်းနှင့် ပုံစံပြောင်းလဲခြင်းတို့ အတွက်ဖြစ်သည်။
[ပြင်ဆင်ရန်] အီလက်ထရွန်းနစ် စနစ်များ
အီလက်ထရွန်းနစ်စနစ်များကို လေ့လာရန် နည်းတစ်နည်းမှာ အောက်ပါအတိုင်း အပိုင်းခွဲ၍ လေ့လာရန်ဖြစ်သည်။
၁။ အဝင်လမ်း (Inputs) - အပူချိန် သို့မဟုတ် ဖိအားအစရှိသော ပြင်ပလောကမှ အချက်ပြမှုများ (Signal)ကို လျှပ်စီးလမ်း (current) သို့မဟုတ် ဗို့အား (Voltage) အချက်ပြမှုများ အဖြစ်ပြောင်းလဲပေးသော အီလက်ထရွန်းနစ် သို့မဟုတ် စက်ပိုင်းဆိုင်ရာ အာရုံခံကိရိယာများ (Sensors)
၂။ အချက်ပြမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း (Signal Processing) - အီလက်ထရွန်းနစ် ကိရိယာများကို အတူတကွ တွဲဆက်ခြင်းဖြင့် အချက်အလက်များကို ကိုင်တွင်ခြင်း၊ ဘာသာပြန်ခြင်း နှင့် ပုံစံပြောင်းလဲခြင်း
၃။ အထွက်လမ်း (Outputs) - အလိုအလျောက် အလုပ်လုပ်သော ကိရိယာများ (Actuators) သို့မဟုတ် စွမ်းအင်ပုံပြောင်းကိရိယာများ(Transducers) အပါအ၀င် လျှပ်စီးလမ်း သို့ ဗို့အားကို ပြင်ပလောက အချက်ပြမှုများ အဖြစ်ပြောင်းလဲပေးသော အခြားကိရိယာများ
ဥပမာအားဖြင့် တယ်လီဗီးရှင်းစက်ကို ကြည့်ပါ။ ၄င်း၏ အ၀င်လမ်းမှာ ဝိုင်ယာကြိုးထဲမှ ၀င်လာသော သို့မဟုတ် အင်တင်နာမှ ဖမ်းယူရရှိသော လွှင့်ထုတ်လိုက်သည့် လေလှိုင်းများ ဖြစ်သည်။ ထို လေလှိုင်းအတွင်း ရှိ အလင်းအမှောင်၊ အရောင် နှင့် အသံ အစရှိသော အချက်ပြမှုများကို တယ်လီဗီးရှင်းအတွင်းရှိ အချက်ပြမှုများကို ပုံသွင်းသော ပတ်လမ်းမှ ဆွဲထုတ်ရယူသည်။ အထွက်လမ်းရှိ ကိရိယာမှာ အီလက်ထရွန်းနစ် အချက်ပြမှုများကို ရုပ်ပုံများအဖြစ်ပြောင်းလဲပေးသော ကက်သုတ်လှိုင်းထုတ်တျုဗ် Cathode Ray Tube) နှင့် အသံအဖြစ် သံလိုက်ဓာတ်ကို အသုံးပြုကာ ပြောင်းလဲပေးသော စပီကာ တို့ ဖြစ်သည်။
[ပြင်ဆင်ရန်] အီလက်ထရွန်းနစ် စမ်းသပ်ကိရိယာများ
- အမ်မီတာ (Ammeter) - (ဥပမာ ဂါဗနိုမီတာ) လျှပ်စီးအားကို တိုင်းတာသည်။
- အုမ်းမီတာ (Ohmmeter) - (ဥပမာ ဝိစတုန်း ဘရစ်ချ်) ခုခံအားကို တိုင်းတာသည်။
- မာလ်တီမီတာ (Multimeter) - အထက်ပါအရာအားလုံးကို တိုင်းတာသည်။
- အော်ဆီလိုစကုပ် (Oscilloscope) - ခုခံအားမှအပ အချိန်နှင့်အမျှပြောင်းလဲနေသော အထက်ပါအရာအားလုံးကို တိုင်းတာသည်။
- လောဂျစ်ခွဲခြမ်းစိတ်ဖြာကိရိယာ (Logic Analyzer) - ဒီဂျစ်တယ် ပတ်လမ်းများကို စမ်းသပ်ရာတွင် အသုံးပြုသည်။
- ဖြာထွက်ရောင်ခြည်ခွဲခြမ်းစိတ်ဖြာကိရိယာ (Spectrum Analyzer)(SA) - အချက်ပြလှိုင်းများမှ ဖြာထွက်ရောင်ခြည်၏ စွမ်းအင်ကို တိုင်းတာရာတွင် အသုံးပြုသည်။
- ဗက်တာခွဲခြမ်းစိတ်ဖြာကိရိယာ (Vector Analyzer) (VA) - ဖြာထွက်ရောင်ခြည်ခွဲခြမ်းစိတ်ဖြာကိရိယာ နှင့်ပုံစံတူသည်။ သို့သော် ဗက်တာခွဲခြမ်းစိတ်ဖြာကိရိယာသည် ဒီဂျစ်တယ် အချက်ပြလှိုင်းများကို ပြန်လည်ပုံဖော်ခြင်း (Demodulation) လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်သည်။
- အီလက်ထရိုမီတာ (Electrometer) - ဓာတ်အားကို တိုင်းတာရာတွင် အသုံးပြုသည်။
- ကြိမ်နှုန်းရေတွက်စက် (Frequency Counter)- ကြိမ်နှုန်းကို တိုင်းတာရာတွင် အသုံးပြုသည်။
- (Time-Domain Reflectometer)- ရှည်လျားသော ဝိုင်ယာကြိုးများ ကောင်းမွန်မှု ရှိမရှိကို တိုင်းတာရာတွင် အသုံးပြုသည်။
[ပြင်ဆင်ရန်] အီလက်ထရွန်းနစ် အစိတ်အပိုင်းများ
[ပြင်ဆင်ရန်] အင်နာလော့ ပတ်လမ်းများ
- အင်နာလော့ ကွန်ပြူတာ (Analog Computer)
- အင်နာလော့့ မာတီပလိုင်ယာ (Analog Multipliers)
- အီလက်ထရွန်းနစ် အင်ပလီဖိုင်ယာ (Electronic Amplifiers)
- အီလက်ထရွန်းနစ် ဖစ်တာ (Electronic Filters)
- အီလက်ထရွန်းနစ် အော်ဆီလေတာ (Electronic Oscillator)
- Phase-locked ပတ်လမ်း (Phase-locked Loops)
- အီလက်ထရွန်းနစ် မစ်ဆာ (Electronic Mixers)
- ပါဝါပြောင်းလဲခြင်း (Power Conversion)
- အီလက်ထရွန်းနစ် ပါဝါဆပ်ပလိုင်း (Electronic Power Supply)
- အင်ပီးဒင့် တွဲဖက်ကိရိယာ (Impedance Matcher)
- အော်ပရေရှင်နယ် အင်ပလီဖိုင်ယာ (Operational Amplifiers)
- ကွန်ပယ်ရေတာ (Compartors)
