လီဆူးဘာသာစကား
မာတိကာ |
ခွဲခြားထားသော လီဆူးစကားများ [ပြင်ဆင်ရန်]
လီဆူးလူမျိုးများသည် စာပေမပေါ်ပေါက်မီ ရှေ့ပဝေသဏီကပင် ဘာသာစကားရှိခဲ့ကြောင်း သိရသည်။ မျိုးနွယ်စု အမည်အမျိုးမျိုး ရှိသော်လည်း စကားပြောဆိုဆက်ဆံရာတွင် တစ်ဦးနှင့် တစ်ဦး နားမလည်နိုင် လောက်အောင် ကွဲပြားခြားနားကြသည်။
လီဆူးဘာသာစကားများတွင် သုံးမျိုးခွဲခြားထားပြီး မူရင်းလီဆူးစကား၊ လီဆူးနောစကားနှင့် လီဆူးလေမယ်စကားတို့ ဖြစ်ကြောင်းသိရသည်။ လီဆူးမျိုးနွယ်ဝင် မိသားစုများသည် မူရင်းလီဆူးဘာသာစကားကိုသာ ပြောကြကြောင်း သိရသည်။ လီဆူးနောစကားနှင့် လီဆူးလေမယ်စကား ပြောများထက် လီဆူးလေမယ်စကားများကို အဓိကထား သုံးစွဲခဲ့ကြကြောင်း သိရသည်။ [၂]
ဒေသန္တစကားအရ ခွဲခြားပုံများ [ပြင်ဆင်ရန်]
ဒေသန္တစကားရပ် (၁၀) မျိုးခန့် ရှိသော်လည်း နေရာဒေသအလိုက် ကွဲပြားခြားနားမှုများ ရှိကြကြောင်း သိရသည်။ တောတောင်ထူထပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်၊ ကူးလူးဆက်ဆံမှု နည်းပါးသောကြောင့် ဖြစ်သည်။ [၃]
သင်္ကေတများနှင့် သတ်မှတ်ပုံ [ပြင်ဆင်ရန်]
လီဆူးတွင် စာပေမရှိသော အချိန်က သစ်ပင်များတွင် သင်္ကေတများအဖြစ် မှတ်သား အသုံးပြုခဲ့ကြကြောင်း သိရသည်။ စာပေမရှိသေးသော ကြောင့် စာပေဖြင့် မှတ်တမ်းတင်နိုင်ခဲ့ခြင်း မရှိခဲ့ခြင်းဖြစ်သည်။ လီဆူးလူမျိုးများတွင် သင်္ကေတဖြင့်သာ စတင်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှစတင်ကာ သာသနာပြု အင်္ဂလိပ်လူမျိုး ဆရာကြီး ဂျေအိုဖရေဆာနှင့် ကရင်လူမျိုး ဆရာကြီး ဦးဘသော်တို့က ရောမ အက္ခရာကို အခြေပြုကာ လီဆူးစာပေကို တီထွင်ခဲ့ရာတွင် လီဆူးလူမျိုးအတွင်းမှ ဦးဇင်ဘာ၊ ဦးဂူအားစူး၊ ဦးဇော်ကနားလူးနှင့် ဦးခေါ်ဘူး နှင့် ဦးငွာတာတို့က ပါဝင်ကူညီဆောင်ရွက်ခဲ့ရာမှ လီဆူးဘာသာစကား စတင်ဖြစ် ပေါ်လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လီဆူးစာပေတွင် လီဆူးလူမျိုးများ အသုံးပြုနေပြီးဖြစ်သော ခရစ်ယန်စာပေအဖြစ်လည်းကောင်း ပညာရေး၊ လူမှုရေး၊ နယ်ပယ်များတွင် အသုံးပြုလျက်ရှိကြောင်းသိရသည်။ လီဆူးအက္ခရာသည် ရောမအက္ခရာကို အခြေခံထားရာ ဗျည်းအလုံး ၄၀ ရှိကြောင်းသိရသည်။ လီဆူးစကားအသုံးအနှုန်းတို့သည် ဗမာတို့၏ စားအသုံးအနှုန်းနှင့် အချို့ စကားရပ်များတွင် တူညီကြောင်းသိရသည်။