လီဆူဘာသာစကား
လီဆူ | |
---|---|
ꓡꓲ-ꓢꓴ | |
ဒေသခံ | တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ |
လူမျိုးစု | လီဆူ |
ဒေသခံ ပြောဆိုသူများ | ca. 940,000 (2000–2007)[၁] |
တရုတ်-တိဗက်နွယ်
| |
ဖရေဆာ အက္ခရာ | |
တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | Weixi Lisu Autonomous County, Nujiang Lisu Autonomous Prefecture (PRC) |
ဘာသာစကားကုဒ်များ | |
ISO 639-3 | lis |
Glottolog | lisu1250 [၂] |
လီဆူဘာသာစကား (လီဆူ: ꓡꓲ-ꓢꓴ သို့မဟုတ် ꓡꓲꓢꓴ; တရုတ်: 傈僳语; ပင်ယင်: lìsùyǔ; အင်္ဂလိပ်: Lisu language) သည် တိဗက်-ဗမာနွယ် ဘာသာစကားတစ်ခုဖြစ်ပြီး ယူနန်ပြည်နယ်( တရုတ်နိုင်ငံ အနောက်တောင်ပိုင်း)၊ မြန်မာနိုင်ငံ မြောက်ပိုင်း၊ နှင့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၏ နေရာအနည်းငယ်တို့တွင် အသုံးပြုကြသည်။
ခွဲခြားထားသော လီဆူစကားများ
[ပြင်ဆင်ရန်]လီဆူလူမျိုးများသည် စာပေမပေါ်ပေါက်မီ ရှေ့ပဝေသဏီကပင် ဘာသာစကားရှိခဲ့ကြောင်း သိရသည်။ မျိုးနွယ်စု အမည်အမျိုးမျိုး ရှိသော်လည်း စကားပြောဆိုဆက်ဆံရာတွင် တစ်ဦးနှင့် တစ်ဦး နားမလည်နိုင် လောက်အောင် ကွဲပြားခြားနားကြသည်။
လီဆူဘာသာစကားများတွင် သုံးမျိုးခွဲခြားထားပြီး မူရင်းလီဆူးစကား၊ လီဆူနောစကားနှင့် လီဆူလေမယ်စကားတို့ ဖြစ်ကြောင်းသိရသည်။ လီဆူမျိုးနွယ်ဝင် မိသားစုများသည် မူရင်းလီဆူဘာသာစကားကိုသာ ပြောကြကြောင်း သိရသည်။ လီဆူနောစကားနှင့် လီဆူလေမယ်စကားပြောများထက် လီဆူလေမယ်စကားများကို အဓိကထား သုံးစွဲခဲ့ကြကြောင်း သိရသည်။ [၃]
ဒေသန္တစကားအရ ခွဲခြားပုံများ
[ပြင်ဆင်ရန်]ဒေသန္တစကားရပ် (၁၀) မျိုးခန့် ရှိသော်လည်း နေရာဒေသအလိုက် ကွဲပြားခြားနားမှုများ ရှိကြကြောင်း သိရသည်။ တောတောင်ထူထပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ကူးလူးဆက်ဆံမှု နည်းပါးသောကြောင့် ဖြစ်သည်။[၄]
သင်္ကေတများနှင့် သတ်မှတ်ပုံ
[ပြင်ဆင်ရန်]လီဆူ တွင် စာပေမရှိသော အချိန်က သစ်ပင်များတွင် သင်္ကေတများအဖြစ် မှတ်သား အသုံးပြုခဲ့ကြကြောင်း သိရသည်။ စာပေမရှိသေးသောကြောင့် စာပေဖြင့် မှတ်တမ်းတင်နိုင်ခဲ့ခြင်း မရှိခဲ့ခြင်းဖြစ်သည်။ လီဆူးလူမျိုးများတွင် သင်္ကေတဖြင့်သာ စတင်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှစတင်ကာ သာသနာပြု အင်္ဂလိပ်လူမျိုး ဆရာကြီး ဂျေအိုဖရေဆာနှင့် ကရင်လူမျိုး ဆရာကြီး ဦးဘသော်တို့က ရောမ အက္ခရာကို အခြေပြုကာ လီဆူစာပေကို တီထွင်ခဲ့ရာတွင် လီဆူလူမျိုးအတွင်းမှ ဦးဇင်ဘာ၊ ဦးဂူအာဆီး၊ ဦးဇော်ကနားလူးနှင့် ဦးခေါ်ဘူး နှင့် ဦးငွားတာတို့က ပါဝင်ကူညီဆောင်ရွက်ခဲ့ရာမှ လီဆူဘာသာစကား စတင်ဖြစ် ပေါ်လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လီဆူစာပေတွင် လီဆူလူမျိုးများ အသုံးပြုနေပြီးဖြစ်သော ခရစ်ယန်စာပေအဖြစ်လည်းကောင်း ပညာရေး၊ လူမှုရေး၊ နယ်ပယ်များတွင် အသုံးပြုလျက်ရှိကြောင်းသိရသည်။ လီဆူအက္ခရာသည် ရောမအက္ခရာကို အခြေခံထားရာ ဗျည်းအလုံး ၄၀ ရှိကြောင်းသိရသည်။ လီဆူစကားအသုံးအနှုန်းတို့သည် ဗမာတို့၏ စာအသုံးအနှုန်းနှင့် အချို့ စကားရပ်များတွင် တူညီကြောင်းသိရသည်။
လီဆူကွန်ပျူတာစနစ်ကို ၁၉၉၂ ခုနှစ်တွင် ကရင်လူမျိုး မဟာသိပ္ပံရူပဗေဒ ကျောင်းသားနှင့် ကွန်ပျူတာပညာရှင် စောကနဲလေးမှ စတင်တီထွင်ပေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မှ ထပ်မံတီထွင်ပြန်ကြောင်း အထောက်အထားတွေ့ရှိရသည်။ ဆက်လက်ပြီး စောကနဲလေးမှ လီဆူယူနီကုတ်ကွန်ပျူတာစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။[ကိုးကားချက်လိုသည်]
ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]- ↑ လီဆူ at Ethnologue (18th ed., 2015)
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Lisu"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
- ↑ http://www.skykaren.com/2010/09/blog-post_2150.html[လင့်ခ်သေ]
- ↑ http://wapedia.mobi/my/%E1%80%9C%E1%80%AE%E1%80%86%E1%80%B0%E1%80%B8%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8[လင့်ခ်သေ]