ရဟောပဋိစ္ဆန္နသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—အိမ့်ရှင်မနှင့်အတူ ကွယ်ရာ၌ ထိုင်နေမှု

အမှုသည်—ရှင်ဥပနန္န


ရှင်ဥပနန္ဒနှင့် မာတုဂါမ[ပြင်ဆင်ရန်]

ရှင်ဥပနန္ဒသည် လူတုန်းက သူငယ်ချင်း ဖြစ်ဘူးသူ၏ အိမ်သို့သွား၍ အကွယ်အကာ ရှိသောကြောင့် မျက်စိ၏ ကွယ်ရာဟုဆိုရလောက်သော အရပ်ဝယ် ထိုအိမ့်ရှင်၏ ဇနီးသည်နှင့်အတူ တယောက်ချင်း ထိုင်နေလေသည်။ ထိုထိုင်နေပုံကို အိမ်ရှင်ယောက်ျားက မကြေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ရဟော ပဋိစ္ဆန္နေ အာသနေ နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။ [၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် မာတုဂါမနှင့်တကွ မျက်စိ၏ကွယ်ရာ၌ ဖုံးကွယ်အပ်သော နေရာ၌ ထိုင်နေခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။[၁]

မှတ်ချက်[ပြင်ဆင်ရန်]

ဤသိက္ခာပုဒ်အရ မာတုဂါမနှင့် တယောက်ချင်း အကွယ်အကာ ရှိသောနေရာဝယ် မနေကောင်း၊ အနီးအပါး၌ ပြောစကားကို နားလည် လောက်သော အဖေါ်ယောက်ျား (ကလေးစသူ) ပါလျှင်ကား ထိုင်ကောင်း၏။[ရဟန်းကသွား၍ ထိုင်နေခြင်းမဟုတ်ဘဲ, ရဟန်းနေရာသို့ မာတုဂါမက လာ၍ ထိုင်နေပြန်လျှင်လည်း ရဟန်းမှာအပြစ်မရှိ။][၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး