မန်ချက်စတာ ယူနိုက်တက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Manchester United F.C.
Manchester United's emblem
အသင်းအမည် မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်
အခြားအမည် သရဲနီ[၁]
တည်ထောင်နှစ် ၁၈၇၈ တွင် နယူတန် ဟိသ် LYR ဘောလုံးကလပ် အဖြစ်စတင်ခဲ့သည်။
အိမ်ကွင်း အိုးထရတ်ဒ်ဖို့ဒ်
တရတ်ဒ်ဖို့ဒ်
ဂရိတ် မန်ချက်စတာ
အင်္ဂလန်
(Capacity: ၇၆၂၁၂)
ပိုင်ရှင် အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန်ပြည်ထောင်စု ဂလေဇာ မိသားစု
ဥက္ကဋ္ဌ အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန်ပြည်ထောင်စု ဂျိုအဲဂလေဇာ နှင့် အာဗရမ် ဂလေဇာ
မန်နေဂျာ စကော့တလန်နိုင်ငံ၏ အလံတော် စကော့တလန် ဆာအဲလက်စ်ဖာဂူဆန်
ကစားသည့်လိဂ် ပရီးမီးယားလိဂ်
၂၀⁠၁၀–၁၁ ပရီးမီးယားလိဂ်၊ ပထမ
ဝက်ဘ်ဆိုဒ် Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်
Soccerball current event.svg Current season
ကပ္ပတိန် ဆားဘီးယားနိုင်ငံ၏ အလံတော် ဆားဘီးယားနိုင်ငံ နီမန်ဂျာ ဗီဒစ်

မန်ချက်စတာယူနိက်တက်သည် ဂရိတ်တာမန်ချက်စတာ၊ တရတ်ဒ်ဖို့ဒ်ရှိ အိုးတရတ်ဒ်ဖို့ဒ်ဘောလုံးကွင်းကို အခြေပြုသော အင်္ဂလန် ဘောလုံးကလပ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် လူသိများ အထင်ရှားဆုံးသော ဘောလုံးကလပ်တစ်ခုဖြစ်သည်။ တကမ္ဘာလုံး၌ အားပေးသူပရိသတ်ပေါင်း သန်း ၃⁠၃၀ ကျော်မျှရှိပြီး ပရိသတ်ပေါင်းမှာ ကမ္ဘာ့လူဦးရေ၏ ၅ရာခိုင်နှုန်းမျှရှိသည်။ မန်ချက်စတာယူနိုက်တက်သည် အင်္ဂလန်ပရီးမီးယားလိဂ်ကို ၁၉⁠၉၂-ခုနှစ်တွင် စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သော အဖွဲ့ဝင်ဖြစ်ပြီး အင်္ဂလန်ဘောလုံးလောက၏ အမြင့်ဆုံး အဆင့်အတန်းတွင် ကစားနေခဲ့သည်မှာ ၁၉၇၄-၇၅ ဘောလုံးရာသီတစ်ခုမှလွဲလျှင် ၁၉၃၈ခုနှစ်ကတည်းကပင်ဖြစ်သည်။ အင်္ဂလန်ဘောလုံးလောကတွင် ကလပ်ကို ပျှမ်းမျှလာရောက်အားပေးသူ အများဆုံးအနေနှင့် ၁၉၆၄-၆၅ ခုနှစ်ကတည်းက ရှိခဲ့သည်မှာ ဘောလုံးရာသီ ၆ခုမှလွဲ၍ ဖြစ်သည်။

ကလပ်သည် အင်္ဂလန်ဘောလုံးသမိုင်းတွင် ဒုတိယမြောက် အအောင်မြင်ဆုံးကလပ်ဖြစ်ပြီး လတ်တလောအချိန်တွင် အအောင်မြင်ဆုံးကလပ်ဖြစ်သည်။ ဆာအဲလက်စ်ဖာဂူဆန် မန်နေဂျာအဖြစ်စတင်တာဝန်ယူခဲ့သည့် ၁၉၈၆ နိုဝင်ဘာလမှစ၍ နာမည်ကြီးဖလားပေါင်း ၂၀ကျော် ကို ဆွတ်ခူးခဲ့ပြီးဖြစ်သည်။ မန်ချက်စတာယူနိုက်တက်သည် ၂၀၁၁ခုနှစ်တွင် အင်္ဂလန်၏ အဆင့်မြင့်တန်း ဖလားကို ၁၉ ကြိမ်မြောက်ဆွတ်ခူးပြီး စံချိန်သစ်တင်ထားသည်။ ၁၉၆၈ ခုနှစ်တွင် အက်စ်အယ်လ် ဘင်ဖီကာ (S.L. Benfica)အသင်းကို ၄ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိပြီး ဥရောပဖလားကို ပထမဦးဆုံးဆွတ်ခူးခဲ့သော အင်္ဂလန်ဘောလုံးကလပ်ဖြစ်လာခဲ့သည်။ ၁၉⁠၉၉ ခုနှစ်တွင် ယခင်တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော ဘောလုံးကလပ်တစ်ခုတည်းမှ ဖလား ၃ခုကို တစ်ရာသီတည်းတွင် ဆွတ်ခူးခဲ့သောအောင်ပွဲတွင် ဥရောပဖလားကို ဒုတိယအကြိမ် ဆွတ်ခူးခဲ့သည်။ တတိယအကြိမ်မြောက် ဥရောပဖလားကိုမူ ၂၀⁠၀၈ ခုနှစ် ပထမဖလားရပြီး နှစ် ၄၀ ခန့်အကြာတွင် ရရှိခဲ့သည်။ မန်ချက်စတာယူနိုက်တက်သည် အက်ဖ်အေဖလား ကို အများဆုံးဆွတ်ခူးခဲ့သူစံချိန်ကို ဖလား (၁⁠၁)ခုဖြင့်တင်ထားခဲ့သည်။

၁၉⁠၉၀လွန် နှောင်းပိုင်းခုနှစ်များမှစ၍ မန်ချက်စတာယူနိုက်တက်သည် ဘောလုံးကလပ်များတွင် အမြတ်အစွန်းအများဆုံးရရှိသော ကလပ်တစ်ခုဖြစ်လာပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးဘောလုံးကလပ်များတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ အခုလက်ရှိအချိန်တွင် ၂၀⁠၀၈ ခုမေလ၌ တန်ဖိုး စတာလင်ပေါင် ၈၉၇ မီလီယံ (ယူရို ၁၃⁠၃၃ မီလီယံ ဒေါ်လာ/အမေရိကန် ၁.၈ ဘီလီယံဒေါ်လာဖြင့် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့် တန်ဖိုးအရှိဆုံး ဘောလုံးကလပ်အဖြင့် အဆင့်အတန်းသတ်မှတ်ထားသည်။ မန်ချက်စတာယူနိုက်တက်သည် ယခုအခါမရှိတော့ပြီဖြစ်သော ဥရောပဘောလုံးကလပ်များ၏ ဦးဆောင်အဖွဲ့အစည်း G-14 အဖွဲ့နှင့် ထိုအဖွဲ့ကို အစားထိုးဖွဲ့စည်းသော ဥရောပကလပ်များအသင်း(European Club Association) ကို စတင်ထည်ထောင်ခဲ့သော အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

အဲလက်စ်ဖာဂူဆန်သည် ကလပ်၏မန်နေဂျာအဖြစ် ၁၉၈၆-ခုနှစ်၊ နိုဝင်ဘာလ ၆ရက်မှ စတင်တာဝန်ယူခဲ့သည်။ ကလပ်အသင်း၏ လက်ရှိ အသင်းခေါင်းဆောင်မှာ နီမန်ဂျာ ဗီဒစ် ဖြစ်သည်။

မာတိကာ

[ပြင်​ဆင်​ရန်​] ဘဏ္ဍာရေး

အသင်းကို မူလက လန်ကက်ရှိုင်းယားနှင့် ယော့(ခ်) ရှိုင်းယား မီးရထား ကုမ္ပဏီက စတင်တည်ထောင်ပေးထားခြင်း ဖြစ်ပြီး ၁၈၉၂ ခုနှစ်တွင် အများပိုင် ကုမ္ပဏီ ဖြစ်လာသည်။ အစုတစ်စု၏ တန်ဖိုးမှာ တစ်ပေါင် (£1) ဖြစ်သည်။ ၁၉၀၂ ခုနှစ်တွင် ဒေဝါလီ ခံရမည့် အရေးမှ သူဌေး (၄) ဦးမှ ပေါင် (၅၀၀) ဖြင့် ဝယ်ယူ ပိုင်ဆိုင်ခဲ့သည်။ ထိုသူဌေး (၄) ဦးတွင် ကလပ်အသင်း၏ မန်နေဂျာ ဥက္ကဋ္ဌ ဖြစ်လာမည့် ဂျေ၊ အိတ်(ချ်) ဒေးဗီး(စ်) လည်း ပါဝင်သည်။ ၁၉၂၇ ခုနှစ်တွင် သူ ကွယ်လွန်သည့်အခါ၌ ဒေဝါလီ ခံရမည့် ဒုက္ခကို တွေ့ရပြန်လေတော့သည်။ သို့သော် ၁၉၃၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျိမ်း(စ်) ဒဗလျူ ဂစ်(ဘ်)ဆင်က ပေါင် (၂,၀⁠၀၀) ဖြင့် ကလပ်အသင်းကို ပိုင်ဆိုင်ခဲ့သည်။ နောက် (၃) နှစ်အကြာ ဂစ်(ဘ်)ဆင် ကွယ်လွန်သော်လည်း သူ့မိသားစုကပင် ကလပ်အသင်းကို ပိုင်ဆိုင်ထားသည်။

၂၀⁠၀၅-ခုနှစ်တွင် အမေရိကန်သူဌေး ဂလေဇာ မိသားစုက အသင်းကို ရာနှုန်းပြည့် ပိုင်ဆိုင်သွားသည်။

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

၁၈၇၈-ခုနှစ်တွင် မန်ချက်စတာယူနိုက်တက် အသင်းကို Newton Heath မြို့ရှိ Lancashire and Yorkshire မီးရထား ဘူတာရုံ၏ Carriage and Wagon ဌာနမှ ဝန်ထမ်းများကထူထောင်ခဲ့သည်။ မူလအစက Newton Heath LYR Football Club လို့နာမည်ပေးခဲ့သော်လည်း ၁၉၀၂-ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် မန်ချက်စတာယူနိုက်တက်ဟု တရားဝင်ပြောင်းလဲခေါ်ဆိုခဲ့သည်။

[ပြင်​ဆင်​ရန်​] ဖာဂူဆန်လက်ထက် (၁၉၈၆ မှ ယနေ့ထိ)

နည်းပြ Atkinson ထုတ်ခံရပြီး ဆာအဲလက်စ်ဖာဂူဆန်နှင့် သူ၏လက်ထောက်နည်းပြ Archie Knox တို့ ရောက်ရှိလာပြီး ထိုနှစ်တွင် အဆင့် (၁၁)ဖြစ် အဆုံးသတ်ခဲ့သည်။ ၁၉၈၇-၁၉၈၈ နှစ်တွင် ဒုတိယရရှိခဲ့သော်လည်း နောက်နှစ်တွင်မူ အဆင့် (၁၁)ဖြင့် အဆုံးသတ်ခဲ့ရသည်။ ၁၉၉၃-ခုနှစ်တွင် အမှတ်ပေးဖလားကို ၁၉၆၇-ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ၁၉၉၈-၁၉၉၉ ခုနှစ် ဘောလုံးရာသီသည် မန်ချက်စတာယူနိုက်တက်အတွက် အအောင်မြင်ဆုံးရာသီဖြစ်ခဲ့သည်။ အင်္ဂလန်ဘောလုံးသမိုင်း တစ်လျှောက်တွင် ပထမဆုံးအကြိမ် Premier League၊ FA ဖလားနှင့် Champion League ဖလားသုံးလုံး တစ်ပြိုင်တည်း ရသော အသင်းဖြစ်လာခဲ့သည်။

၂၀၁၀-၂၀၁၁ ဘောလုံးရာသီတွင် မန်ချက်စတာအသင်းသည် (၁၉)ကြိမ်မြောက် အမှတ်ပေးဖလားကို ရရှိပြီး ယခင်လစ်ဗာပူးလ် ဘောလုံးအသင်း ရယူထားခဲ့တဲ့ (၁၈)ကြိမ်မြောက် စံချိန်ကို ချိုးယူခဲ့ခြင်းဖြစ်သည်။

[ပြင်​ဆင်​ရန်​] ထောက်ခံအားပေးမှု

မန်ချက်စတာယူနိုက်တက် အသင်းသည် ကမ္ဘာပေါ်တွင် အိမ်ကွင်းပရိတ်သတ် အများဆုံးနှင့်အတူ ရေပန်းအစားအဆုံး ဘောလုံးကလပ်တစ်ခုအဖြစ် လူသိများကျော်ကြားသည်။ အားကစားဆိုင်ရာ အကြံပေး အဖွဲ့အစည်းဖြစ်တဲ့ Deloitte ၏ ခန့်မှန်းချက်အရ မန်ချက်စတာယူနိုက်တက် အသင်းအား အားပေးသူ ၇၅သန်းကျော်ရှိပြီး တစ်ခြား အဖွဲ့အစည်း ခန့်မှန်းချက်အရ သန်း ၃၃၃ ကျော်ရှိကြောင်း သိရှိရသည်။

[ပြင်​ဆင်​ရန်​] ပထမ အသင်းလူစာရင်း

As of 8 January 2012.[၂]

Note: Flags indicate national team as has been defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No. Position Player
1 စပိန် GK ဒီေဟး
3 ပြင်သစ် DF အဲဗရာ (လက်ထောက်အသင်းခေါင်းဆောင်)
4 အင်္ဂလန် DF ဖီးလ်ဂျုန်းစ်
5 အင်္ဂလန် DF ရီယိုဖာဒီနန်
6 မြောက်အိုင်ယာလန်နိုင်ငံ DF ဂျွန်နီအီဗန့်စ်
7 အင်္ဂလန် FW မိုက်ကယ်အိုဝင်
8 ဘရာဇီး MF အန်ဒါဆန်
9 ဘူဂေးရီးယားနိုင်ငံ FW ဒီမီတာ ဘာဘာတော့ဗ်
10 အင်္ဂလန် FW ဝိန်းရွန်နီ
11 ဝေလနိုင်ငံ MF ရိုင်ယန်ဂစ်
12 အင်္ဂလန် DF စမောလင်း
13 တောင်ကိုရီးယား MF ပတ်ဂျီဆန်
14 မက္ကစီကို FW ဂျာဗီယာ ဟာနန်ဒက်ဇ်
15 ဆားဘီးယား DF နီမန်ဂျာ ဗီဒစ် (အသင်းခေါင်းဆောင်)
16 အင်္ဂလန် MF မိုက်ကယ်ကာရစ်
17 ပေါ်တူကီ MF လူးဝစ်နာနီ
No. Position Player
18 အင်္ဂလန် MF အက်ရှလေယန်း
19 အင်္ဂလန် FW ဒန်နီ ဝဲလ်ဘက်ခ်
20 ဘရာဇီး DF ဖေဘီယို
21 ဘရာဇီး DF ရာဖေး
22 အင်္ဂလန် MF ပေါလ်စခိုး
23 အင်္ဂလန် MF တွမ်ကလီဗာရေး
24 စကော့တလန်နိုင်ငံ MF ဖလက်ချာ
25 အက်ကွာဒို MF ဗလင်စီယာ
30 ဘယ်လ်ဂျီယမ် DF ဒီလတ်
34 ဒိန်းမတ် GK လင်ဒီဂတ်
40 အင်္ဂလန် GK ဘင်အာမို့
42 ပြင်သစ် MF ပေါပေါ့ဘာ
48 အင်္ဂလန် FW ဝီလ်ကိင်န်း
50 အင်္ဂလန် GK ဆမ်ဂျွန်စတုန်း
51 အင်္ဂလန် DF ဖရိုင်ယာ

[ပြင်​ဆင်​ရန်​] ရည်ညွှန်းကိုးကား

  1. Manchester United Football Club. Premier League. Retrieved on 2008-03-02
  2. First Team. ManUtd.com (Manchester United). Retrieved on 9 August 2011
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်