အဲလက်စ်ဖာဂူဆန်

From Wikipedia

ဆာ အဲလက်စ် ဖာဂူဆန်
ဆာ အဲလက်စ် ဖာဂူဆန်
ကိုယ်ရေးအချက်အလက်များ
အမည်အပြည့်အစုံ အဲလက်စ်ဇန်းဒါး ချက်ပ်မင်းန် ဖာဂူဆန်
မွေးသက္ကရာဇ် ဒီဇင်ဘာ ၃၁ရက်၊ ၁၉၄၁
မွေးရပ်ဇာတိ    ဂလက်စဂို, စကော့တလန်
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိကလပ် မန်ချက်စတာ ယူနိုက်တက် (မန်နေဂျာ)
ကြေးစားကလပ်များ1
ခုနှစ် ကလပ် App (Gls)*
1957–1960
1960–1964
1964–1967
1967–1969
1969–1973
1973–1974
Queen's Park
St. Johnstone
Dunfermline Athletic
Rangers
Falkirk
Ayr United
Total
032 0(11)
037 0(19)
088 0(66)
041 0(25)
106 0(37)
024 00(9)
327 (167)   
အုပ်ချုပ်ခဲ့သော ကလပ်အသင်းများ
1974
1974–1978
1978–1986
1985–1986
1986–
East Stirlingshire
St. Mirren
အဘာဒင်း
စကော့တလန် အမျိုးသားအသင်း
မန်ချက်စတာ ယူနိုက်တက်

1 Senior club appearances and goals
counted for the domestic league only.
* Appearances (Goals)

ဆာ အဲလက်စ်ဇန်းဒါး ချက်ပ်မင်းန် (အဲလက်စ်) ဖာဂူဆန် CBE သည် ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ဂလက်စဂိုမြို့ ဂိုဗန်(Govan, Glasgow) တွင်မွေးဖွားခဲ့သည်။ သူသည် စကော့ ဘောလုံးမန်နေဂျာတစ်ဦးဖြစ်ပြီး ဘောလုံသမားဟောင်းတစ်ဦးလည်းဖြစ်သည်။ ယခုလက်ရှိတွင် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို အုပ်ချုပ်နေပြီး ၁၉၈၆ ခုနှစ်ကတည်း စတင်အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ကမ္ဘာ့ ဘောလုံးသမိုင်းတွင် အကောင်းဆုံးမန်နေဂျာတစ်ယောက်ဖြစ်သည် ဟုဆိုနိုင်သည်။ သူသည် အင်္ဂလိပ်ဘောလုံးသမိုင်းတွင် အခြားမန်နေဂျာများထက် ဆုတံဆိပ်များကို ပိုမိုဆွတ်ခူးရယူနိုင်ခဲ့သူဖြစ်သည်။ မန်ချက်စတာယူနိုက်တက် အသင်းတွင် ၂၁ နှစ်ကြာမျှ အုပ်ချုပ်ခဲ့သဖြင့် အသင်း၏ သမိုင်းကြောင်းတွင် ဆာမတ် ဘတ်စ်ဘီ(Sir Matt Busby) ပြီးလျှင် ဒုတိယမြောက် သက်တမ်းအရှည်ဆုံး အုပ်ချုပ်ခဲ့သူလည်းဖြစ်သည်။ ယခုလက်ရှိ အင်္ဂလိပ်ဘောလုံးလောကတွင် သက်တမ်းအကြာရှည်ဆုံး မန်နေဂျာတစ်ဦးလည်းဖြစ်သည်။ ဆုပေါင်းမြောက်များစွာကို ရရှိခဲ့ပြီး ဗြိတိသျှဘောလုံးသမိုင်းတွင် တစ်နှစ်တာအတွင်း အကောင်းဆုံးမန်နေဂျာဆု (Manager of the Year) ကို အကြိမ်အများဆုံးရရှိခဲ့ခြင်း အပါအဝင် စံချိန်မြောက်များစွာကို တင်ထားသူဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် အဲလိဇဘက် ၂ ဘုရင်မကြီးမှ နိုက် အဖြစ်သူကောင်းပြုခဲ့သည်။

Wiki letter w.svg ဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။