အာဆင်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အာဆင်နယ်
Arsenal crest
အသင်းအမည် အာဆင်နယ် ဘောလုံးကလပ်
အခြားအမည် The Gunners
တည်ထောင်နှစ် ဒိုင်ယယ် စကွဲယား အဖြစ် ၁၈၈၆ မှစ၍
အိမ်ကွင်း အဲမရိတ်ကစားကွင်း
(Capacity: 60,355[၁])
ဥက္ကဋ္ဌ ယူနိုက်တက်ကင်းဒမ်း၏ အလံတော် ယူနိုက်တက်ကင်းဒမ်း Peter Hill-Wood
မန်နေဂျာ ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ် အာဆင်ဝင်းဂါး
ကစားသည့်လိဂ် ပရီးမီးယားလိဂ်
2007–08 Premier League, 3rd
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်
Soccerball current event.svg Current season

အာဆင်နယ် ဘောလုံးကလပ် (Arsenal Football Club) ကို The Gunners ဟုလည်းခေါ်ဝေါ်ကြပြီး လန်ဒန်မြောက်ပိုင်း ဟော်လိုဝေး(Holloway, North London) တွင် အခြေစိုက်သော အင်္ဂလိပ်ကြေးစားဘောလုံးကလပ်တစ်ခုဖြစ်သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် ပါဝင်ကစားသော အသင်းတစ်သင်းဖြစ်ပြီး အင်္ဂလိပ်ဘောလုံးလောကတွင် အအောင်မြင်ဆုံးဘောလုံးကလပ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပထမတန်း နှင့် ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်မျှရရှိခဲ့ဖူးပြီး အက်ဖ်အေဖလားကို ၁၀ ကြိမ်မျှရရှိခဲ့ဖူးသည်။

အာဆင်နယ်ကို ၁၈၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော်လည်း ပထမဆုံး အရေးပါသော ဆုတံဆိပ်ကို ၁၉၃၀ နှစ်များတွင် မှရရှိခဲ့ပြီး လိဂ် ချန်ပီယံ ၅ ခါဖြစ်ခဲ့ကာ အက်ဖ်အေဖလား ၂ ခုရရှိခဲ့သည်။ စစ်ပြီးခေတ်၏ ဆုတ်ယုတ်သော နှစ်များအပြီးတွင် သူတို့သည် ၂၀ရာစုအတွင်း ဖလား ၂ခုတစ်ပြိုင်တည်းရသော ဒုတိယမြောက် ကလပ်အဖြစ် ၁၉၇၀-၇၁ တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။ လွန်ခဲ့ပြီးသော အနှစ် ၂၀ အတွင်း အာဆင်နယ်သည် အင်္ဂလိပ်ဘောလုံးလောက၏ အအောင်မြင်ဆုံး ကလပ်များတွင်တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ဆုဖလား ၂ခုရခြင်း နောက်ထပ် ၂ကြိမ်၊ ၂၀၀၃-၂၀၀၄ ပရီးမီးယားလိဂ် ချန်ပီယံ ကို ရှုံးပွဲမရှိရရှိခြင်း နှင့် ၂၀၀၅-၀၆ တွင် လန်ဒန်ရှိကလပ်များထဲမှ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်၏ ဖိုင်နယ်ပွဲကို ပထမဆုံးတက်ရောက်နိုင်သော အသင်းစသည့် မှတ်တမ်းများကို တင်ခဲ့သည်။

ကလပ်၏ အရောင်မှာ ပုံမှန်အားဖြင့် အနီနှင့် အဖြူဖြစ်သော်လည်း ဤအရောင်များမှာ သမိုင်းကြောင်းတလျှောက် ပြောင်းလဲလာခြင်းဖြစ်သည်။ ထို့အတူပင် ကလပ်၏ တည်နေရာကိုလည်း အချိန်နှင့်အမျှ ရွှေ့ပြောင်းလာခဲ့သည်။ ပထမဆုံးအနေဖြင့် လန်ဒန် အရှေ့တောင်ပိုင်း ဝူးလ်ဝစ်ချ်(Woolwich) တွင်စတင်တည်ထောင်ခဲ့သော်လည်း ၁၉၁၃ ခုနှစ်တွင် မြောက်ဖက်ပိုင်းသို့ ရွှေ့ပြောင်းပြီး ဟိုက်ဘူရီ(Highbury) ရှိ အာဆင်နယ် အားကစားရုံသို့ ရွှေ့ပြောင်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သူတို့၏ လက်ရှိ နေရာဖြစ်သော ဟောလိုဝေး(Emirates) အနီးရှိ အဲမရိတ် အားကစားရုံသို့ ရွှေ့ပြောင်းခဲ့သည်။

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။

[ပြင်​ဆင်​ရန်​] ရည်ညွှန်းကိုးကား

  1. Statement of Accounts and Annual Report 2006/2007. Arsenal Holdings plc (May 2007). Retrieved on 2007-12-19

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်