မန်ချက်စတာ စီးတီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မန်ချက်စတာစီးတီး
A crest depicting a shield with a eagle behind it. ON the shield is a picture of a ship, the initials M.C.F.C. and three diagonal stripes. Below the shield is a ribbon with the motto "Superbia in Proelia". Above the eagle are three stars.
အသင်းအမည် Manchester City Football Club
အခြားအမည် The Citizens, The Blues, City
တည်ထောင်နှစ် ၁၈၈၀
as St Mark's (West Gorton)
အိမ်ကွင်း City of Manchester Stadium
(Capacity: 47,726[၁])
ပိုင်ရှင် Sheikh Mansour bin Zayed Al Nahyan
ဥက္ကဋ္ဌ Khaldoon Al Mubarak
မန်နေဂျာ Roberto Mancini
ကစားသည့်လိဂ် ပရီးမီးယားလိဂ်
2009–10 Premier League, 5th
ဝက်ဘ်ဆိုဒ် Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
တတိယ အရောင်
Soccerball current event.svg Current season

မန်ချက်စတာ စီးတီး ဘောလုံးကလပ်သည် အင်္ဂလိပ် ပရီးမီးယားလိဂ်တွင် ကစားသော ဘောလုံးကလပ် တစ်ခုဖြစ်ပြီး မန်ချက်စတာမြို့ ကစားကွင်းတွင် အခြေစိုက်သော အသင်းဖြစ်သည်။ ၁၈၈၀ ခုနှစ်တွင် စိန့်မတ်ခ် (ဝက်စ် ဂေါ်တွန်) (St. Mark's (West Gorton)) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် အာ့ဒ်ဝစ်ခ် အသင်း (Ardwick Association) အမည် ဖြစ်လာကာ ၁၈၉၄ ခုနှစ်တွင်မှ လက်ရှိ အမည်သို့ ပြောင်းလဲခဲ့သည်။

ကလပ်၏ အအောင်မြင်ဆုံး အချိန်ကာလများမှာ ၁၉၆၀ ခုနှစ်များ နှောင်းပိုင်း နှင့် ၁၉၇၀ နှစ်များ အစောပိုင်းတို့ ဖြစ်ပြီး ထိုအချိန်များတွင် သူတို့သည် လိဂ် ချန်ပီယံရှစ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို ရရှိခဲ့သည်။ ထိုအချိန်က အသင်းအုပ်ချုပ်သူများမှာ ဂျိုးမာဆာနှင့် မယ်လ်ကွန် အယ်လစ်ဆန် တို့ဖြစ်ပြီး နာမည်ကျော် ကစားသမားများမှာ ကောလင်းဘဲလ်၊ မိုက်ခ် ဆမ်းမားဘီး နှင့် ဖရန်စစ် လီး တို့ ဖြစ်ကြသည်။

၁၉၇၆ ခုနှစ် လိဂ်ဖလား ရရှိပြီးသည့် နောက်ပိုင်းတွင် ကလပ် အနေနှင့် နာမည်ကျော် ဖလား တစ်ခုမှ မရရှိတော့ပေ။ ၁၈၈၀ ခုနှစ် ကလပ် စတင်တည်ထောင်သည့် အချိန်မှစ၍ ဖလားမရသည့် နှစ် အကြာရှည်ဆုံး ကာလပင် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များတွင် ၃ နှစ်အတွင်း နှစ်ကြိမ်မျှ အောက်တန်း ဆင်းရပြီး ၁၉၉၈-၉၉ ခုနှစ်တွင် ၁၃၁ ခုနှစ် ကလပ် သမိုင်းကာလ အတွင်း ပထမဆုံး နှင့် တစ်ကြိမ်တည်းသော အကြိမ်အဖြစ် တတိယတန်းတွင် ကစားခဲ့ရသည်။ ထိုအချိန်မှစ၍ ကလပ်၏ ခြေစွမ်းပြန်တက်လာခဲ့ပြီး သူတို့၏ သမိုင်းကြောင်းတွင် တောက်ပခဲ့သော အချိန်ကာလများ တွင် ရှိခဲ့သော ခြေစွမ်းကဲ့သို့ ပြန်ဖြစ်လာခဲ့သည်။

[ပြင်​ဆင်​ရန်​] ကိုးကား

  1. Stadium History. Manchester City Football Club. Archived from the original on 8 February 2008။ Retrieved on 21 October 2009
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်