ပရီးမီးယားလိဂ်
Wikipedia မှ
| နိုင်ငံများ | အင်္ဂလန် |
|---|---|
| စတင်သည့်ခုနှစ် | ဖေဖော်ဝါရီ ၂၀၊ ၁၉၉၂ |
| အဆင့် | 1 |
| ဒေသတွင်းဖလား | အက်ဖ်အေဖလား |
| လိဂ်ချန်ပီယံ ဖလား | ချန်ပီယံလိဂ် ယူရိုပါလိဂ် |
| လက်ရှိချန်ပီယံဆု | မန်ချက်စတာ ယူနိုက်တက် |
| ချန်ပီယံအများဆုံး | မန်ချက်စတာ ယူနိုက်တက် (ပရီးမီးယားလိဂ် ၁၂ ကြိမ်၊ ပထမတန်း ၇ကြိမ်။) |
| တီဗွီ ပါတနာ | Sky Sports, ESPN |
| အင်တာနက်စာမျက်နှာ | premierleague.com |
| လက်ရှိရာသီ | ၂၀၁၀-၁၁ ပရီးမီးယားလိဂ် |
ပရီးမီးယားလိဂ်သည် အင်္ဂလိပ် ကြေးစားဘောလုံး ကလပ်အသင်းများ၏ ဘောလုံးအဖွဲ့ချုပ်ဖြစ်သည်။ ၎င်းသည်လည်း ယူကေ၏ အဓိကကျသော ဘောလုံးပြိုင်ပွဲ တစ်ရပ်ဖြစ်ပြီး ကလပ်အသင်း ၂၀ ပါဝင်ယှဉ်ပြိုင်သည်။ ရာသီပွဲများတွင် စုစုပေါင်း ၃၈ ပွဲ ကန်ပြီး ဩဂုတ်လမှ နောက်တစ်နှစ် မေလအထိ ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲ အများစုကို စနေနှင့် တနင်္ဂနွေနေ့များတွင် ကန်လေ့ရှိပြီး ရံဖန်ရံခါ ကြားနေ့ ညနေပိုင်းတွင်လည်း ကျင်းပတတ်သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပရီးမီးယားရှစ်ပ်ဟု လူသိများပြီး လက်ရှိတွင် ဘာကလေစ်ဘဏ်မှ စပွန်ဆာပြုလုပ်သောကြောင့် ဘာကလေစ် ပရီးမီးယားလိဂ်ဟု ခေါ်သည်။ လက်ရှိ ချန်ပီယံမှာ အင်္ဂလန်၏ အအောင်မြင်ဆုံး အသင်းဖြစ်သော မန်ချက်စတာ ယူနိုက်တက် ဖြစ်သည်။