လီဗာပူးလ် ဘောလုံးအသင်း
| အသင်းအမည် | Liverpool Football Club | |||
|---|---|---|---|---|
| အခြားအမည် | The Reds | |||
| တည်ထောင်နှစ် | ၁၈၉၂ မတ်လ ၁၅ ရက် (by John Houlding) |
|||
| အိမ်ကွင်း | Anfield (Capacity: 45,522[၁]) |
|||
| ပိုင်ရှင် | Fenway Sports Group | |||
| ဥက္ကဋ္ဌ | Tom Werner | |||
| မန်နေဂျာ | Brendan Rodgers | |||
| ကစားသည့်လိဂ် | ပရီးမီးယားလိဂ် | |||
| ၂၀၁၁–၁၂ | ပရီးမီးယားလိဂ်၊ ၇ | |||
| ဝက်ဘ်ဆိုဒ် | Club home page | |||
|
||||
လီဗာပူးလ်ကလပ်သည် အင်္ဂလိပ် ပရီးမီးယားလိဂ် အတန်းတွင်ကစားနေသော ဘောလုံးကလပ် အသင်းတစ်သင်းဖြစ်ပြီး အင်္ဂလိပ် ဘောလုံးသမိုင်းတွင် မန်ချက်စတာ ယူနိုက်တက် ပြီးလျှင် အအောင်မြင်ဆုံးအသင်းလည်းဖြစ်သည်။ အမြင့်ဆုံးအတန်းဟူ၍ သတ်မှတ်ထားသော အဆင့်တွင် ဆုဖလား ၁၈ ကြိမ်ရထားပြီး အက်ဖ်အေ(FA) ဖလားအား ၇ ကြိမ်ရထားသော အသင်းလည်းဖြစ်သည်။ ချန်ပီယံလိဂ် ဖလားအား ၅ကြိမ်ရရှိထားပြီး ယင်းသည် အင်္ဂလိပ်စံချိန်တင်ရရှိမူ့လည်းဖြစ်သည်။ လိဂ်ဖလားအားလည်း ငါးကြိမ်ရရှိထားသည်။
ကလပ်အသင်းအား ၁၈၉၂ တွင်စတင်တည်ထောင်ခဲ့ပြီး ဘေရှန်ကလေ(Bill Shankly) မန်နေဂျာ မဖြစ်မှီအထိ အောင်မြင်မူ့ အနည်းအကျဉ်းသာ ရရှိခဲ့သည်။ ရှန်ကလေလက်ထက်တွင် လိဂ်ချန်ပီယံရှစ် ခေါင်းစဉ်အောက်တွင် သုံးကြိမ်ဖလားရယူနိုင်ခဲ့ပြီး အက်ဖ်အေဖလားအား နှစ်ကြိမ်ရယူနိုင်ခဲ့သည်။ ကလပ်သမိုင်း၌ ပထမဆုံးသော ဥရောပဖလားကိုလည်း ရှန်ကလေလက်ထက် တွင် စတင်ဆွတ်ခူးနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်းသုံးဆယ်အတွင်း ဥရောပနှင့်အင်္ဂလိပ်ဘောလုံး လောကတွင် အအောင် မြင်ဆုံးအသင်းအဖြစ်ရပ်တည်နိုင်ခဲ့သည်။ ၁၉၇၇ မှ ၁၉၈၄ အတွင်း ဥရောပပြိုင်ပွဲများတွင် စုစုပေါင်း ဖလားလေးလုံးဆွတ်ခူးနိုင်ခဲ့သည်။ ၉ဝနှစ်များအတွင်းတွင် ကလပ်သည်ဖလားလက်မဲ့ဖြစ်ကာ အောင်မြင်မူ့များ မရရှိခဲ့သော်လည်း ၂၀၀၁ တွင်ဖလားများနှင့် ၂၀၀၅ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားအား အီတလီ စီးရီးအေ မှ အေစီ မီလန် ကလပ် အားအံ့အားသင့်ဖွယ်အနိုင်ယူပြီး ရယူနိုင်ခဲ့သည်။
ကလပ်အသင်း၏ မူရင်းအရောင်မှာ အနီနှင့်အဖြူ ဖြစ်သော်လည်း ၁၉၆၀ မှစတင်ကာ ဝတ်စုံတစ်ခုလုံးအား အနီရောင်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဒုတိယဦးစားပေးအရောင်အဖြစ် အနက်၊အဝါ နှင့် အဖြူတို့အားလည်း ရာသီအလိုက် အသုံးပြုသည်။
ကလပ်အသင်း၏ တံဆိပ်တွင် ကြိုးကြာနီပုံကို အဓိကထားပြီး နာမည်ပြောင်အဖြစ် ကြိုးကြာနီ များဟုလည်းခေါ်သည်။ တံဆိပ် တွင်ဆောင်ပုဒ်တစ်ခုလည်း ပါဝင်ပြီး ထိုစာတန်းမှာ You will never walk alone ဟူ၍ဖြစ်သည်။
ကလပ်ပိုင်အားကစားကွင်းမှာ အန်းဖီး(Anfield) ကစားကွင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ကစားကွင်းအသစ်ဖြစ်သော စတန်လေပတ်ခ် (Stanley Park) သို့ပြောင်းရွှေ့ရန် အစီအစဉ်များလည်းရှိသည်။
လီဗာပူးလ်အသင်းတွင် များပြားသော ပရိတ်သတ်အဖွဲ့များလည်းရှိပြီး သမိုင်းကြောင်းရှည်လျားသော အဓိကပြိုင်ဘက်များလည်း ရှိသည်။ လီဗာပူးမြို့ တစ်မြို့တည်း အခြေစိုက်ကလပ်ဖြစ်သော အဲဗာတန် ကလပ် မှာအဓိကပြိုင်ဘက်ဖြစ်၍ ၎င်းတို့နှစ်သင်း တွေ့ဆုံသော ပြိုင်ပွဲများကို မာဆေးဆိုဒ် ဒါဘီ ဟုလည်းခေါ်သည်။ အောင်မြင်မူ့ရသော ဖလားအကြိမ်အရေအတွက် ပိုများသည့် မန်ချက်စတာယူနိုက်တက် အသင်းနှင့်လည်း ပြိုင်ဆိုင်မူ့ရှိသည်။
လီဗာပူးလ်အသင်းသည် ဖေဖေါ်ဝါရီ ၂၆ရက်နေ့၊ ၂၀၁၂ခုနှစ်တွင် ကာဒစ်ဖ် အသင်းနှင့် ကာလင်းဖလားဖိုင်နယ်ကစားရာ ၂-၂ သရေကျပြီး ပင်နယ်တီတွင် ၃-၂ဖြင့်နိုင်ကာ ခြောက်နှစ်ဆက် ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
ပထမ အသင်းလူစာရင်း [ပြင်ဆင်ရန်]
- As of 1 September 2012.[၂]
Note: Flags indicate national team as has been defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
|
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||