နက်ပကျွန်းဂြိုဟ်
| ဒီဆောင်းပါးရဲ့ တစ်စိတ်တစ်ဒေသ သို့ တစ်ခုလုံးကို ဘာသာပြန်ဖို့လိုအပ်နေပါတယ်။ သင်က ကူညီဘာသာပြန် ရေးသားပေးခြင်းဖြင့် ဝီကီပိဒိယကို ကူညီပေးပါ။ |
နက်ပကျွန်းဂြိုလ်(Neptune) သည် နေအဖွဲ့အစည်းအတွင်း၌ ၈ ခုမြောက်နှင့် နေမှအဝေးဆုံးဂြိုလ်ဖြစ်သည်။ နက်ပကျွန်းသည် ဓာတ်ငွေ့အမြောက်အများနှင့် ဖွဲ့စည်းထားသော ဂြိုလ်ဖြစ်ပြီး မြင်နိုင်ရန်ခက်ခဲသော ခါးပတ်ကွင်း ၄ ခုရှိသည်။ နေအဖွဲ့အစည်းအတွင် စတုတ္ထမြောက်အကြီးဆုံးနှင့် တတိယမြောက်အလေးဆုံးဂြိုလ်ဖြစ်သည်။ ကမ္ဘာထက် ၁၇ဆမျှပိုလေးပြီး ယူရေးနပ်ဂြိုလ်ထက်အနည်းငယ်မျှပိုလေးသည်။ နက်ပကျွန်းဂြိုလ်သည် ရောမနတ်ဘုရား ပိုဆီဒွန် (Poseidon) ကို အကြောင်းပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီး သူ၏ အာကာသဆိုင်ရာ သင်္ကေတမှာ
ဖြစ်သည်။
နက်ပကျွန်းဂြိုလ်၏လေထု (ဂြိုလ်၏အပေါ်တွင်လွှင့်မျောနေသော ဓာတ်ငွေ့အလွှာ) မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ နှင့် ဟီလီယံဓာတ်ငွေ့တို့ဖြင့် ဖွဲ့စည်းထားပြီး မီသိန်းဓာတ်အနည်းငယ်မျှပါဝင်သည်။ ထို့ကြောင့် ဂြိုလ်၏အရောင်မှာ အပြာရောင်ဖြစ်နေသည်။ နက်ပကျွန်းဂြိုလ်၏ အပြာရောင်မှာ မီသိန်းဓာတ်ငွေ့ ဆတူမျှပါရှိသော ယူရေးနပ်ဂြိုလ်၏အပြာရောင်ထက် များစွာပို၍တောက်ပသည်။ ထို့ကြောင့် နက်ပကျွန်းဂြိုလ် အပြာရောင်တောက်ပခြင်းမှာ အခြားအကြောင်းများလည်း ရှိနိုင်သည်။[၁] နက်ပကျွန်းဂြိုလ်၏ မျက်နှာပြင်ပေါ်တွင် တိုက်ခတ်သော လေမှာ နေအဖွဲ့အစည်း အတွင်းရှိ အခြားဂြိုလ်များနှင့် နှိုင်းယှဉ်လျှင် အပြင်းထန်ဆုံးဖြစ်ပြီး အမြန်ဆုံးအနေနှင့် တစ်နာရီလျှင် ၂၁၀၀ ကီလိုမီတာနှုန်း (မိုင် ၁၃၀၀ နှုန်း) အထိတိုက်ခတ်သည် ဟု တိုင်းတာရရှိသည်။[၂]
နက်ပကျွန်းဂြိုလ်ကို အာကာသပညာရှင်များ ဖြစ်သော အာဘိန်လီဗဲရီယာ(Urbain Le Verrier) နှင့် ဂျွန်ကော့ရှ်အဒမ်(John Couch Adams) တို့က ရှာဖွေတွေ့ရှိခဲ့ခြင့်းဖြစ်ပြီး ၂ ဦးစလုံးမှာ ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ပြုခံခဲ့ရသည်။ ထိုဂြိုလ်မှာ တယ်လီစကုပ်ကို သုံး၍ ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ပဲ သင်္ချာနည်းဖြင့်တွက်ချက်မှုကြောင့် ရှာဖွေတွေ့ရှိခဲ့သော ပထမဆုံးဂြိုလ်ဖြစ်သည်။
ယူရေးနပ်ဂြိုဟ်၏ သူ၏နေပတ်လမ်းကြောင်းအတွင်း ထူးခြားသော ရွေ့လျားမှုများကြောင့် အာကာသပညာရှင်များသည် ဂြိုဟ်အသစ်ကို ရှာဖွေစေခဲ့သည်။ နက်ပကျွန်းဂြိုဟ်ကို Voyager 2 အာကာသယာဉ်တစ်စင်းက သာ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ရက်တွင် ရောက်ရှိခဲ့သေးသည်။ တစ်ခါတုန်းကနတ်ပကျွန်းမှာအလွန်ကြီးမားတဲ့မုန်တိုင်း"မဟာမှောင်မဲသောအစက်"ဟုလူသိတဲ့မုန်တိုင်းကိုအာကာသယာဥ်Voyager2က၁၉၈၉ခုနှစ်မှာတွေ့ခဲ့သည်။. However, the dark spot was not seen in 1994, and new spots were found since then. It is not known why the dark spot disappeared. However, NASA suggested for a future spacecraft to orbit and learn more about Neptune. The spacecraft was to be shared between the Jet Propulsion Laboratory (JPL) and the California Institute of Technology.[၃]
ကိုးကားချက်များ [ပြင်ဆင်ရန်]
- ↑ "Neptune overview," Solar System Exploration, NASA.
- ↑ Suomi, V. E.; Limaye, S. S.; Johnson, D. R. (1991). "High winds of Neptune - A possible mechanism". Science 251: 929–932.
- ↑ T. R. Spilker and A. P. Ingersoll (November 9, 2004). Outstanding Science in the Neptune System From an Aerocaptured Vision Mission. 36th DPS Meeting, Session 14 Future Missions.
See also [ပြင်ဆင်ရန်]
Other websites [ပြင်ဆင်ရန်]
Dictionary definitions from Wiktionary
Textbooks from Wikibooks
Quotations from Wikiquote
Source texts from Wikisource
Images and media from Commons
News stories from Wikinews
- NASA's Neptune fact sheet
- Neptune Profile by NASA's Solar System Exploration
- MPC's List Of Neptune Trojans
- Planets - Neptune A kid's guide to Neptune.
- Neptune and global warming
Future missions to Neptune
- Popular Science article
- Universe Today
- Scientific American Magazine (December 2004 Issue) The Case of the Pilfered Planet
|
|||||||||||||||||