ကြယ်တံခွန်
From Wikipedia
ကြယ်တံခွန် နေအဖွဲ့အစည်းအတွင်းမှ သေးငယ်သော အရာဝတ္ထုများဖြစ်ပြီး နေကိုလှည့်ပတ်လျှက်ရှိသည်။ နေနှင့် နီးလာသည်နှင့်အမျှ နေရောင်ခြည်လေ (solar wind) ၏သက်ရောက်မှု့ကြောင့် တောက်ပသော အမြီးထွက်ပေါ်လာသည်။
Contents |
[ပြင်ဆင်ရန်] ကြယ်တံခွန်မျာ၏ အစိတ်အပိုင်း ၃ ပိုင်း
၁။ ဝတ်ဆံပိုင်း (nucleus) ၂။ ကိုမာ/ဦးခေါင်းပိုင်း (coma) ၃။ အမြီးပိုင်း (tail) တို့ဖြစ်ပါသည်။
[ပြင်ဆင်ရန်] ဝတ်ဆံပိုင်း (nucleus)
ဝတ်ဆံပိုင်း (nucleus) သည် ရေခဲနှင့်ဖုန်မှုန့်များရောနှောနေခြင်းဖြစ်သည်။ အရွယ်အစားမှာ အချင်းမိုင်အနည်းငယ်မျှသာရှိတက်သည်။ အများအားဖြင့် ၁၀ကီလိုမီတာ (၆ မိုင်) ခန့်သာ ရှိတက်ပါသည်။ ဤအပိုင်းသည် အေးလွန်းသဖြင့် အဆိုင်အခဲဖြစ်နေသော အမာခံ ကျောက်တုံးကျောက်ခဲ အပိုင်းဖြစ်သည်။ အထူးသဖြင့် ရေခိုးရေငွေ့များ၊ မီသိန်း၊ မီသိုင်းစိုင်ယင်နိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ အမိုးနီးယား မြူမှုန်များ၊ ဖုန့်မှုန့်များ နှင့် အခြားဟိုက်ဒရိုကာဗွန်များ စုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။
[ပြင်ဆင်ရန်] ကိုမာ/ဦးခေါင်းပိုင်း (coma)
ကြယ်တံခွန်များသည် နေနှင့်နီးလာသည်နှင့်အမျှ ဝတ်ဆံအပိုင်း မှဓါတ်ငွေ့များက လေထုသဖွယ် ဖြစ်ပေါ်လာသည်။ ၎င်းအပိုင်းကို ကိုမာ (coma) ဟုခေါ်သည်။ ကိုမာအပိုင်းသည် ၈၀၀၀၀ ကီလိုမီတာ (မိုင် ၅၀၀၀၀) ခန့်လောက်ထိရှိတက်ပြီး ဝတ်ဆံပိုင်း(nucleus)ကို တိမ်တိုက်များသဖွယ် ဖုံးအုပ်ထားသည်။ ကိုမာအပိုင်းသည် နေနှင့်အနီးဆုံးအချိန်တွင် အကြီးဆုံးတွေ့မြင်ရပြီး နေနှင့်ဝေးလေ အချင်းငယ်သွားလေဖြစ်သည်။
[ပြင်ဆင်ရန်] အမြီးပိုင်း (tail)
ကြယ်တံခွန်များသည် နေနှင့်နီးလာသည်နှင့်အမျှ နေရောင်ခြည်လေ (solar wind) အားသက်ရောက်မှု့ကို ပိုမိုခံလာရပြီး ကိုမာမှ ဓါတ်ငွေ့များနှင့် ဖုန်မှုန့်များ သည် နောက်တွင်အမြီးသဏ္ဌာန် တန်း၍ထွက်ပေါ်လာသည်။ ကြယ်တံများ၏ အမြီးပိုင်းသည် နေနှင့်ဆန့်ကျင်ဘက် ကို အမြဲတစေတန်းလျှက်ရှိကြသည်။ နေ၏ အနီးနားသို့ ရောက်လာသည်နှင့် အမျှ နေမှထုတ်လွှသော ခရမ်းလွန်ရောင်ခြည်းများနှင့် ကြယ်တံခွန်မှ ဓါတ်ငွေ့အမှုန်များ တိုက်ရိုက်ထိတွေ့ကြသဖြင့် ကြယ်တံခွန်တို့၏အရောင်သည် ပို၍တောက်ပလာသည်။ အမြီးသည်လည်း ပို၍ရှည်လျားလာသည်။ ကြယ်တံခွန်တစ်လုံးတွင်း အမြီး ၂ ပါရှိသည်။ ဖုန်မှုန့် အမြီး နှင့် အိုင်ယွန်းအမြီး တို့ဖြစ်သည်။
[ပြင်ဆင်ရန်] အကိုးအကား
ကြယ်တံခွန်။ ရေးသူ-နေမျိုးထွန်း။ မြဝတ်ရည်စာပေ။ ရန်ကုန်။ The Usborne Book of Astronomy & Space.
