စနေဂြိုဟ်
ဆက်တန် (စနေဂြိုဟ်) သည် နေမှခြောက်ခုမြောက်ဂြိုဟ် တစ်ခုဖြစ်ပြီး အစိုင်အခဲများထက် ဓါတ်ငွေ့ များဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။ ဆက်တန်သည် နေအဖွဲ့အစည်းထဲတွင် ဂျူပီတာဂြိုဟ်ပြီးလျှင် ဒုတိယမြောက်အကြီးဆုံးဂြိုလ် ဖြစ်သည်။ ဆက်တန် (Saturn) ဟူသော နာမည်မှာ ရောမနတ်ဘုရား ဆက်တန်နတ်မှ ဆင်းသက်လာပြီး ဂရိနတ်ဘုရား ကရိုနိုစ် (Chronos)နှင့် အတူတူပင်ဖြစ်သည်။ ဆက်တန်ဂြိုလ်၏ သင်္ကေတမှာ ♄ ဖြစ်ပြီး ဆက်တန် နတ်တံစဉ်ပုံမှ ယူထားခြင်း ဖြစ်သည်။[၁][၂]
ဆက်တန်ဂြိုလ်တွင် ကျောက်ခဲ များ၊အမှုန် များ ပါဝင်သော ကြီးမားသော ရေခဲပတ်လမ်းကြောင်းကြီးများ ပါဝင်သည်။ ၎င်းတို့ထဲမှ ၅၉လုံးမှာ လများဖြစ်ပြီး နောက်ထပ်၃လုံးမှာ ၂၀၀၇ခုနှစ်ထိ အတည်ပြုမစစ်ဆေး ရသေးပါ။ ၎င်းတို့ထဲမှ အကြီးဆုံး တိုက်တန် ဟူသော အစိတ်အပိုင်းသည်ပင် ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီဂြိုဟ်) ထက် ကြီးမားသည်။
စနေဂြိုဟ်။ ။ စနေဂြိုဟ်သည် နက္ခတ္တဗေဒအရ ဆက်တန်ဂြိုဟ်ဖြစ်သည်။ နေစကြဝဠာတွင် ထိုဂြိုဟ်သည် ဂျူပီတာ(ကြာသပတေးဂြိုဟ်) မှလွဲလျှင် အကြီးဆုံးဂြိုဟ်ဖြစ်သည်။ ဆက်တန်ဂြိုဟ်၏ မျက်နှာ ပြင်သည် ကမ္ဘာမြေမျက်နှာပြင်ထက် အဆပေါင်း ၈ဝ ခန့်ကြီး သည်။ ဆက်တန်ဂြိုဟ်တွင် ကွင်းများ ပါရှိသဖြင့် အလွန် ထူးဆန်း အံ့ဩဖွယ်ကောင်းသည်။ ဆက်တန်ဂြိုဟ်လုံး၏အချင်း မှာ မိုက်ပေါင်း ၇၃ဝဝဝ ရှိ၍ အကြီး ဆုံးကွင်း၏ အချင်းမှာ မိုင်ပေါင်း ၁၇ဝဝဝဝ ရှိသည်။ ဆက်တန်ဂြိုဟ်သည် ကမ္ဘာ ဂြိုဟ်၏ ၈ ပုံ ၁ ပုံခန့်လောက်သာ သိပ်သည်း၏။ အကယ်၍ ထိုဂြိုဟ်ကို ရေထဲ၌ချ၍ရလျှင် ပေါလောပေါ်နေမည်ဖြစ်သည်။ ဆက်တန်ဂြိုဟ်ပေါ်၌ သက်ရှိတို့ မနေနိုင်ကြချေ။ အဘယ် ကြောင့်ဆိုသော် ထိုဂြိုဟ်၏အပူချိန်သည် ဖာရင်ဟိုက်စကေး တွင် သုညဒီဂရီအောက် ၂၅ဝ လောက်ရှိသည်။ ယင်းကို ပတ် ထားသော လေထု၌လည်း သက်ရှိတို့ အသက်ရှင်နိုင်အောင် လုံလောက်သော အောက်ဆီဂျင် မပါရှိချေ။
ဆက်တန်ဂြိုဟ်သည် နေနှင့်ကမ္ဘာတို့မှ အလွန်ဝေးကွာသည်။ နေမှ မိုင်ပေါင်း ၈၈၆ သန်းဝေး၍ ကမ္ဘာမှ မိုင်သန်းပေါင်း ၇၅ဝ ဝေးကွာသည်။ ထိုဂြိုဟ်သည် နေကို တစ်ပတ်လှည့်ပတ် ရန် ၂၉ ၁/၂ နှစ်ခန့် ကြာသည်။ ဆက်တန်ဂြိုဟ်၌ တစ်နှစ် သည် ကမ္ဘာဂြိုဟ်၌ ၂၉ ၁/၂ နှစ်နှင့် ညီမျှသည်။ ဆက်တန် ဂြိုဟ်သည် တစ်ရက်သည် ၁ဝ ၁/၄ နာရီခန့်သာရှိသည်။ ဆက်တန်ဂြိုဟ်၌ ကွင်းပါရှိသည်ကို ခရစ် ၁၆၁ဝ ပြည့်နှစ် ကပင် သိပ္ပံပညာရှိ ဂယ်လီလေအိုက မြင်ခဲ့သည်။ ယခုတွင် ဆက်တန်ဂြိုဟ်၌ ကွင်းသုံးကွင်း ပါရှိကြောင်း သိကြရပြီ။ ထိုကွင်းတို့သည် အလွန်သေးငယ်သော မြူမှုန်တို့ဖြင့် ပြည့် လျက် ရှိသည်။ ထိုမြူမှုန်တို့ကား ဆက်တန်ဂြိုဟ်ကို အလွန် မြန်သော အလျင်နှင့် လှည့်ပတ်နေကြသည်။ ဆက်တန်ဂြိုဟ်၌ အရံဂြိုဟ် ၉ လုံး ခြံရံလျက်ရှိသည်။
မြန်မာကျမ်းဂန်အရ စနေဂြိုဟ်သည် ဂြိုဟ်ကြီး ၉ လုံး တွင် ၇ ခုမြောက် ဂြိုဟ် ဖြစ်သည်။ လှေသင်းအတွင်းဝန် စီရင် သော ဝေါဟာရလိနတ္ထဒီပနီတွင် စနေဂြိုဟ်ကို မှန်ပြောင်းဖြင့် ကြည့်၍ မြင်ရသေည်ကို ဤသို့ မှတ်သားထားသည်။ 'ထိုစနေ ကြယ် ဗိမာန်ကား ၁င်္ဝ ခန့်ကြီးသည်။အလယ်တွင် ပတ္တမြားလုံး သဏ္ဌာန် ရှိသည်။ အနားမှာ ဖြူစင်လှသောပိတ် ရစ်သကဲ့သို့ ဖွေးဖွေးပြင်ပြင် မြင်သည်။ လက်ဝဲလက်ယာ ၂ ဖက်တွင် မည်းသောအဆင်းနှင့် တွင်းအပေါက်ကဲ့သို့ ထင်မြင်သည်။ အနီးအပါးတွင် အရံကြယ် ၅ လုံးရှိသည်။ အလုံးအဝန်းမဟုတ်၊ ကြက်ဥသဏ္ဌာန်ခပ်လျားလျား ထင်သည်။'
စနေဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ်၏ ၇ ရက်မြောက် သောနေ့ကို စနေနေ့ဟုခေါ်သည်။ မြန်မာကျမ်းဂန်အရ ကဆုန်၊ တော်သလင်း၊ ပြာသိုလများတွင် စနေနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက် များဟူ၍ မှတ်ယူကြသည်။
စနေဂြိုဟ်နတ်မင်း စီးသော ဂြိုဟ်ကောင်မှာ နဂါးမင်း ဖြစ် သည်။ 'နောက်တောင် စနေ၊ နဂါးမြွေ၊ မှတ်လေဆယ်နှစ်ရ' ဟူသော ဂြိုဟ်လင်္ကာအရ စနေဂြိုဟ်သက်မှာ ၁ဝ နှစ်၊ တည် နေရာအရပ်မှာ အနောက်တောင်အရပ်ဖြစ်သည်။ ဗေဒင်အခေါ် အားဖြင့် စနေဂြိုဟ်ကို သောရိဟု ခေါ်၏။ မြန်မာအက္ခရာအား ဖြင့် ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ တ၊ ထ၊ ဒ၊ ဓ၊ န ဟူသော ဋဝဂ်နှင့် တဝဂ် အက္ခရာများကို စနေနံအက္ခရာများဟုခေါ်သည်။[၃]
[ပြင်ဆင်ရန်] ကိုးကား
- ↑ Sailormoon Terms and Information. Robin (1996). Retrieved on July 5, 2007.
- ↑ Crystal, Ellie. Saturn Mythology. Crystalinks.com. Retrieved on February 28, 2007.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
[ပြင်ဆင်ရန်] References
[ပြင်ဆင်ရန်] Other websites
Dictionary definitions from Wiktionary
Textbooks from Wikibooks
Quotations from Wikiquote
Source texts from Wikisource
Images and media from Commons
News stories from Wikinews
- Saturn at Space Wiki
- Saturn at ESA/Hubble
- Saturn Profile by NASA's Solar System Exploration
- Saturn - About Space
- NASA's Saturn fact sheet
- NASA's Cassini mission to Saturn
- Change of seasons on Saturn
- Theoretical description of the rings of Saturn
- Saturn Research News
- A Trip Into Space Description and photos of Saturn
- Planets - Saturn A kid's guide to Saturn.
- A WAV file of radio emissions from Saturn
- NASA's Cassini Images of Hexagon on Saturn
|
|||||||||||||||||