ယူရေးနပ်စ်ဂြိုဟ်

From Wikipedia

ယူရေးနပ်စ်နှင့် သူ၏လများ

ယူရေးနပ်စ်သည် နေအဖွဲ့အစည်းအတွင်းတွင် နေမှစ၍ ၇ ခုမြောက် ဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ်သည် ဧရာမဓာတ်ငွေ့အစိုင်အခဲ(gas giant) ကြီးတစ်ခုဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် တတိယမြောက်အကြီးဆုံးဂြိုဟ်ဖြစ်သည်။ ယူရေးနပ်စ်သည် ရေခဲများ၊ ဓာတ်ငွေ့များ နှင့် သံရည်များဖြင့် ဖွဲ့စည်းထားသည်။ လေထုထဲတွင် ဟိုက်ဒရိုဂျင်၊ ဟီလီယံနှင့် မီသိန်းဓာတ်ငွေ့တို့ပါဝင်သည်။ ယူရေးနပ်စ်ဂြိုဟ်ပေါ်ရှိ အပူချိန်မှာ အနှုတ် ၁၉၇ ဒီဂရီ ဆဲလ်စီးယပ် သို့ ၇၉ ကယ်လ်ဗင် ဖြစ်သည်။ ဂြိုဟ်ရံလပေါင်း ၂၇စင်း ရှိပြီး အကြီးဆုံးလ ၅ စင်းမှာ မီရန်ဒါ(Miranda)၊ အေရီယယ်(Ariel)၊ အမ်ဘရီယယ်(Umbriel)၊ တိုက်တေးနီးယား(Titania) နှင့် အော်ဘီယွန်(Oberon) တို့ဖြစ်သည်။ ယူရေးနပ်စ်ဂြိုဟ်သည် သူ၏ ဝင်ရိုးပေါ်တွင် အလွန်ပင်တိမ်းစောင်းနေသဖြင့် ဒေါင်လိုက်လည်ပတ်နေသည့်ပမာပင် ဖြစ်သည်။

ယူရေးနပ်စ်သည် နေကိုတစ်ပတ်ပတ်နိုင်ရန်အတွက် ကမ္ဘာ၏နှစ်နှင့်တွက်လျှင် ၈၄ နှစ်မျှကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၁၇ နာရီ ၁၄ မိနစ်မျှသာ ကြာသည်။ ထို့ကြောင့် ယူရေးနပ်စ်ဂြိုလ်၏ တစ်နှစ်တွင် ၄၂၀၀၀ ရက်မျှရှိသည် ဟု တွက်ချက်ရနိုင်သည်။

ယူရေးနပ်စ်ဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့ကြားရှိ အကွာအဝေးမှာ ၁.၆ ဘီလီယံ ကီလိုမီတာဖြစ်သည်။ ယူရေးနပ်စ်ဂြိုဟ်ကို ၁၇၈၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယူရေးနပ်စ်ဂြိုဟ်တွင် ခါးပတ်(ring)ပေါင်း ၁၁ ခုရှိသော်လည်း ကမ္ဘာမှမြင်နိုင်ရန် ခဲယဥ်းသည်။


[ပြင်​ဆင်​ရန်​] သက်ဆိုင်သောဆောင်းပါးများ

Wiki letter w.svg ဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။

အ​ခြား​ဘာ​သာ​ဖြင့်​