ဗွိုင်ယေဂျာ ၂ အာကာသယာဉ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗွိုင်ယေဂျာ ၂ အာကာသယာဉ်

ဗွိုင်ယေဂျာ ၂ အာကာသယာဉ်သည် နာဆာ အဖွဲ့မှ ဗုဒ္ဓဟူးဂြိုဟ်၊ စနေဂြိုဟ်၊ ယူရေးနပ်စ်ဂြိုဟ် နှင့် နပ်ပကျွန်းဂြိုဟ်တို့ကို လေ့လာရန် အသုံးပြုသော အာကာသယာဉ် ဖြစ်သည်။ ယခုအချိန်တိုင်အောင် ယူရေးနပ်စ်ဂြိုဟ် နှင့် နပ်ပကျွန်းဂြိုဟ်တို့တိုင်အောင် သွားရောက်သော တစ်စင်းတည်းသော အာကာသယာဉ် ဖြစ်သည်။ ထို့ကြောင့် ထိုဂြိုဟ် နှစ်ခုနှင့် ဆက်စပ်သော ပံအများစုမှာ ထိုအာကာသယာဉ်မှ ပေးပို့ခဲ့သော ပုံများပင်ဖြစ်သည်။ ထိုယာဉ်သည် ညီအစ်မယာဉ် ဗွိုင်ယေဂျာ ၁ နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ ထိုအာကာသယာဉ်သည် လက်ရှိတွင် နေအဖွဲ့အစည်းမှ ဝေးရာသို့ ရွေ့လျားနေပြီး အာကာသ အတွင်းပိုင်းသို့ ဦးတည် သွားလာလျှက် ရှိသည်။

ဗွိုင်ယေဂျာ၂ အာကာသယာဉ်ကို ၁၉၇၇၊ ဩဂုတ်လ ၂၀ ရက်တွင် လွှတ်တင် ခဲ့သည်။

ဗွိုင်ယေဂျာ ၁ နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် နှစ်စင်းစလုံးတွင် ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ ပုံများ နှင့် အသံများကို ထည့်သွင်းထားသော ရွှေဓာတ်ပြား တစ်ချပ်စီ ပါရှိသည်။ ထိုဓာတ်ပြားများကို ဂြိုဟ်သားများနှင့် ဆက်သွယ်နိုင်ရန် ရည်ရွယ်၍ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။